Friday, 13 July 2012


ဘမ်းထားတဲ့ ဆိုဒ်တွေကို ခွကျော်ခုံတက်နည်းလေး (software downloadလုပ် စရာမလို)

HTTP proxy ကို ယူသုံးတာ firefox မှာဆိုရင် firefox logo> Options>Options ကိုသွား။



ပြီးရင် Advanced>Network>Setting... ကိုနှိပ်လိုက်။ အဟဲ ရှုပ်ကုန်ပြီလား။







Manual Proxy Setting ကို နှိပ်ပြီးတော့ HTTP Proxy နဲ့ Port ကို ထည့်ပေးလိုက် ပြီးရင် Use this proxy server for all protocols ကို select ပေး။ ပြီးရင် OK ကို နှိပ်လိုက် (၂)ခေါက်နှိပ်ရမှာနော်။  
အဲပြီးရင် ban ခံထားရတဲ့ website ကိုဝင်ကြည့် ရပြီလားလို့ မရရင်လည်း ကျနော့်ကို အသိပေးအုံး။  

အဲတချို့စက်တွေမှာကျတော့ Firefox logo မရှိဘဲ file, edit, etc... စတာတွေပေါ်တတ်တယ် အဲလို ဆိုရင်တော့ Tools>Options ကိုသွားလိုက်ရုံပဲ။ ကျန်တာကတော့ အတူတူနဲ့ အနူနူပဲ။ 

HTTP Proxy နဲ့ Ports စာရင်းကို တော့http://proxy-list.org/en/index.php ကနေ ပိုက်ဆံ $ 0 ပေးဆောင်ပြီးရယူနိုင်ပါတယ် ခင်ဗျာ။   
ဆိုဒ်က ဖြည့်ခိုင်းတဲ့ စာလေးကိုတော့ မမေ့သင့်ဘူးနော်။


အဲ မေ့တော့မလို့
ကြုံတုံး HTTP Proxy အကြောင်းလေးနည်းနည်းရှင်းပြလိုက်အုံးမယ်။ ကျနော်ပေးတဲ့ဆိုဒ်မှာ ဆိုရင် HTTP Proxy က ၃ မျိုးရှိတဲ့
1: Transparent (Transp.) အင်တာနက် Connection ကို နည်းနည်းလေးမြန်ပေးတယ်။ ဘမ်းထားတဲ့ ဆိုဒ်တွေကို ကျော်ကြည့်လို့ရတယ်။ (တချို့ဟာတွေကိုတော့ Proxy ကိုယ်တိုင်က ပြန်ပိတ်ထားတယ်။ အဲဒါတွေက များသောအားဖြင့် Mature Content တွေနဲ့ Controversy Sites တွေပဲ။)
ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ဘယ်proxy ကနေသုံးနေလည်းဆိုတာကို ကိုယ်ဝင်တဲ့ ဆိုဒ်တွေကနေသိနိုင်တယ်။ ဆိုတော့ အလွယ်တကူ အပိတ်ခံရနိုင်တယ်။ ဖြစ်နိုင်ချေ ၇၀% လောက်ရှိတယ်


2: Anonymous (Anon.) ဒီကောင်ကတော့ လိုင်းကို နည်းနည်းနှေးစေတယ်။ သူက လည်းဘမ်းထားတဲ့ ဆိုဒ်တွေကို ကျော်ကြည့်လို့ရတယ်။  (အပေါ်ကလိုပဲ Mature Content တွေနဲ့ Controversy Sites တွေ ကို ပိတ်ထားတတ် တယ်) ဒါပေမယ့် အားသာချက်က ကိုယ့် Proxy ကိုမသိနိုင်ဘူး။ ဒါပေမယ့် ကိုယ် Proxy သုံးနေတယ်ဆိုတာကိုတော့ သိနိုင်တယ်။ ပိတ်တာတော့ ခံရနိုင်တယ်။ ဖြစ်နိုင်ချေ ၃၀%လောက်ရှိတယ်။ *Proxy ကို detect လုပ်ဖို့ အချိန်ပေးရမှာဆိုတော့ တော်ရုံနဲ့ တော့ ISP တွေခေါင်းစားမခံကြဘူး။* 

3: Elite ဒါကတော့ ဘမ်းထားတဲ့ ဆိုဒ်တွေကို ကျော်ပေးရုံတင်မဟုတ်ဘူး။ ကိုယ့်ရဲ့ Proxy ကိုရော  ကိုယ် Proxy သုံးနေတယ်ဆိုတာကိုပါ တကောင်တမြီးမှ မသိနိုင်ဘူး။ (Exception for experienced technicians) အဲဒီ့တော့ ပိတ်တာခံရဖို့ ဖြစ်နိုင်ချေက 8-5% လောက်ပဲရှိတယ်။ အဲ Mature Content တွေနဲ့ Controversy Sites တွေ ကတော့ ပုံမှန်အတိုင်းပဲပေါ့။ သူ့ရဲ့ အဓိက အားနည်းချက်က အင်တာနက်ကို သိသိသာသာ လေးကွေးထုံထိုင်း နှေးပြီးတော့ အိပဲ့အိပဲ့ ဖြစ်သွားစေတာပဲ။  

ကိုယ်တင်မယ့် အကြောင်းအရာ၊ ကိုယ့်လုံခြုံရေး၊ ကိုယ့်အင်တာနက်အခြေအနေကို လိုက်ပြီး ဒီ ၃ ခုထဲက ရွေးသုံးပေါ့။ 
ကျနော့် အကြိုက်ဆုံးပြောပါဆိုရင်တော့ anonymous ကိုပဲ သုံးရတာမဆိုးဘူး။

အဲ အတွေ့အကြုံကိုလဲပြောပြအုံးမယ် Proxy အသုံးကောင်းလို့ google ကနေ hacker ဆိုပြီး အဘမ်းခံရဘူးတယ်။
ပြီးတော့ သုံးလိုက်တဲ့ proxy က ပြင်သစ်ကဖြစ်နေတော့ နောက်တနေ့ gmail ထဲပြန်ဝင်တော့ အီးမေးလ်ကို ပြင်သစ်က hacker အုပ်စုက hack လုပ်သွားပါတယ်ဆိုပြီး survey ဖြေခိုင်းတာ ကိုယ့်အီးမေးလ်ထဲကိုယ်ဝင်ဖို့ နာရီဝက်လောက် တိုင်ပတ်ဖူးတယ်။