HTML အကြောင်းလေ့လာခြင်း(၁)
ဦးဦးမှော်ဆရာမေးထဲကရတာပါအပို င်းလိုက်ရသလောက်တင်ပေးပါ့မယ်
html ကိုအခြေခံကနေစလေ့လာနေသူများအတွ က်ပါ။
HTML အကြောင်းများလေ့လာခြင်း(၁)
HTML ဆိုတာဘာလဲ ?
ကဲ ဒီမေးခွန်းကပဲ စလိုက်ပါမယ်။
HTML ဆိုတာဘာလဲ။ HTML ဆိုတာ (HyperTextMarkupLanguage) ကိုခေါ်တာပါ။
ဘာလုပ်တဲ့ language လဲဆိုတော့ webpage တွေရေးသားတဲ့ language ပဲဖြစ်ပါတယ်။
တချို့တွေကပြောကြတယ် HTML ဆိုတာ programming language လားတဲ့။ မဟုတ်ပါဘူး။
HTML ဆိုတာ programming language မဟုတ်ပါဘူး။ နာမည်မှာကိုပဲ ပါပြီးသားပါ။ markup language သာဖြစ်ပါတယ်။
ဒါဆိုရင်တော့ မေးစရာတစ်ခုပေါ်လာပြန်ပြီ။ markup language ဆိုတာဘာလဲပေါ့။
ကျွန်တော်တို့ HTML ကိုရေးကြပါတယ်။ ဒီလိုပေါ့ <body> ။ အဲလိုမျိုးလေးရေးကြပါတယ်။
ဟုတ်ပြီ။ အဲဒီမှာ body ဆိုတာတော့ english language ပဲဖြစ်ပါတယ်(ဆရာကြီးလုပ်တယ်လို့
မထင်စေချင်ဘူး
)။
အဲဒီ body ကိုပဲ < နဲ့ > ကြားထဲ ထည့်လိုက်တဲ့အခါမှာ tag ဆိုတာဖြစ်သွားပါတယ်။ ( < နဲ့ > )ကို angle brackets လို့ခေါ်ပါတယ်။ အဲဒီ tag တွေကို markup tags တွေလို့ခေါ်ပါတယ်။
အဲဒီ markup tags တွေကို အသုံးပြုပြီး ရေးသားတဲ့ language ဖြစ်တာကြောင့် markup language လို့ခေါ်ပါတယ်။
ဟုတ်ပြီ ။ အဲဒီ HTML tag တွေဟာ အစုံလိုက်အစုံလိုက် လာပါတယ်။
ဥပမာ-ဒီလိုပေါ့ <body> </body>
အဲဒီမှာ <body> ကို start tag လို့ခေါ်ပါတယ်။ အစပထမဆုံး tag ပေါ့နော်။
နောက်က </body> ကို end tag လို့ခေါ်ပါတယ်။ အဆုံး tag ပေါ့နော်။
အဲဒီ start tag နဲ့ end tag ကိုပဲ opening tag နဲ့ closing tag လို့လဲခေါ်ပါသေးတယ်။
ဟုတ်ပြီ။ ဒါဆိုရင် web page တွေရေးတဲ့အခါမှာ HTML tag တွေကို အသုံးပြုပြီး ရေးသားရတယ်ဆိုတာ
သိလောက်ပြီပေါ့။
web page တွေရေးတဲ့အခါမှာ HTML tag တွေတင်မကဘဲ plain text တွေကိုလည်း အသုံးပြုကြပါတယ်။
ဘယ်လိုလည်းဆိုတော့ HTML tag ထဲမှာမထည့်ဘဲ အပြင်မှာရေးသားထားတဲ့ ဟာတွေပေါ့။
ထပ်ရှင်းရင် opening tag နဲ့ closing tag ထဲမထည့်ထားတဲ့ စာသားတွေကိုခေါ်တာပါ။
web page တွေကို နောက်တစ်မျိုး HTML Documents တွေလို့လည်းခေါ်ပါသေးတယ်။
ဒါတော့ရှင်းပါတယ် HTML နဲ့ရေးသားထားတာကြောင့် HTML document လို့ခေါ်တာပါ။
ဟုတ်ပြီ။ အဲလို HTML နဲ့ရေးသားထားတဲ့ HTML document တွေကို ဘယ်လိုကြည့်မလဲ။ HTML document ဆိုတာ web page ပဲဖြစ်တာကြောင့် ကျွန်တော်တို့တွေ web browser တွေနဲ့ကြည့်နိုင်ပါတယ်။ဘယ်လိုဟာ မျိုးလဲဆိုတော့
internet explorer နဲ့ firefox လိုမျိုးပေါ့။ အဲဒီ web browser တွေဟာ
HTML document တွေကို web page တွေအနေနဲ့ဖော်ပြပေးပါတယ်။ဒါေ ပမယ့်
HTML tag တွေကိုတော့ မဖော်ပြပေးပါဘူး။ ဒီ web page မှာပါဝင်တဲ့
အကြောင်းအရာတွေကို interpret လုပ်ဖို့သာ ဒီ tag
တွေကိုအသုံးပြုတာဖြစ်ပါတယ်။
<html> နဲ့ </html> ကြားမှာရှိတာတွေကို web page အနေနဲ့ဖော်ပြပါတယ်။
<body> နဲ့ </body> ကြားမှာရှိတာတွေကို web page မှာပါဝင်တဲ့အကြောင်းအရာတွေအနေနဲ့  ဖော်ပြပါတယ်။
<title> နဲ့ </title> ကြားမှာရှိတာတွေကိုတော့ web page ရဲ့ခေါင်းစဉ်အနေနဲ့ဖော်ပြပေးပါ တယ်။
ဒီနေ့တော့ ဒီလောက်နဲ့ပဲရပ်ထားရအောင်။ နောက်ကျရင် HTML အကြောင်း ထပ်ပြောပါဦးမယ်။

အဲဒီ body ကိုပဲ < နဲ့ > ကြားထဲ ထည့်လိုက်တဲ့အခါမှာ tag ဆိုတာဖြစ်သွားပါတယ်။ ( < နဲ့ > )ကို angle brackets လို့ခေါ်ပါတယ်။ အဲဒီ tag တွေကို markup tags တွေလို့ခေါ်ပါတယ်။
အဲဒီ markup tags တွေကို အသုံးပြုပြီး ရေးသားတဲ့ language ဖြစ်တာကြောင့် markup language လို့ခေါ်ပါတယ်။
ဟုတ်ပြီ ။ အဲဒီ HTML tag တွေဟာ အစုံလိုက်အစုံလိုက် လာပါတယ်။
ဥပမာ-ဒီလိုပေါ့ <body> </body>
အဲဒီမှာ <body> ကို start tag လို့ခေါ်ပါတယ်။ အစပထမဆုံး tag ပေါ့နော်။
နောက်က </body> ကို end tag လို့ခေါ်ပါတယ်။ အဆုံး tag ပေါ့နော်။
အဲဒီ start tag နဲ့ end tag ကိုပဲ opening tag နဲ့ closing tag လို့လဲခေါ်ပါသေးတယ်။
ဟုတ်ပြီ။ ဒါဆိုရင် web page တွေရေးတဲ့အခါမှာ HTML tag တွေကို အသုံးပြုပြီး ရေးသားရတယ်ဆိုတာ
သိလောက်ပြီပေါ့။
web page တွေရေးတဲ့အခါမှာ HTML tag တွေတင်မကဘဲ plain text တွေကိုလည်း အသုံးပြုကြပါတယ်။
ဘယ်လိုလည်းဆိုတော့ HTML tag ထဲမှာမထည့်ဘဲ အပြင်မှာရေးသားထားတဲ့ ဟာတွေပေါ့။
ထပ်ရှင်းရင် opening tag နဲ့ closing tag ထဲမထည့်ထားတဲ့ စာသားတွေကိုခေါ်တာပါ။
web page တွေကို နောက်တစ်မျိုး HTML Documents တွေလို့လည်းခေါ်ပါသေးတယ်။
ဒါတော့ရှင်းပါတယ် HTML နဲ့ရေးသားထားတာကြောင့် HTML document လို့ခေါ်တာပါ။
ဟုတ်ပြီ။ အဲလို HTML နဲ့ရေးသားထားတဲ့ HTML document တွေကို ဘယ်လိုကြည့်မလဲ။ HTML document ဆိုတာ web page ပဲဖြစ်တာကြောင့် ကျွန်တော်တို့တွေ web browser တွေနဲ့ကြည့်နိုင်ပါတယ်။ဘယ်လိုဟာ
<html> နဲ့ </html> ကြားမှာရှိတာတွေကို web page အနေနဲ့ဖော်ပြပါတယ်။
<body> နဲ့ </body> ကြားမှာရှိတာတွေကို web page မှာပါဝင်တဲ့အကြောင်းအရာတွေအနေနဲ
<title> နဲ့ </title> ကြားမှာရှိတာတွေကိုတော့ web page ရဲ့ခေါင်းစဉ်အနေနဲ့ဖော်ပြပေးပါ
ဒီနေ့တော့ ဒီလောက်နဲ့ပဲရပ်ထားရအောင်။ နောက်ကျရင် HTML အကြောင်း ထပ်ပြောပါဦးမယ်။
HTML အကြောင်းလေ့လာခြင်း(၂)
ဦးဦးမှော်ဆရာမေးထဲကနေပိုလိုရတာပါ။ပြန်လည်မျှဝေချင်းပါ
စတင်လေ့လာနေသူများအတွက်ပါ။
HTML ကိုရေးဖို့အတွက် ဘာလိုအပ်သလဲ?
HTML ကိုရေးဖို့အတွက်တော့ ထူးထူးခြားခြား ဘာမှမလိုပါဘူး။ အခုဒီမှာပြောပြမှာကတော့ HTML ကို plain text editor (ဥပမာ-Notepad ) လိုမျိုးမှာ ရေးသားပုံမျိုးကို ဖော်ပြသွားမှာဖြစ်ပါတယ်။
ဒါဟာ HTML ကိုလေ့လာဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်

။
ဒါပေမယ့် အချို့သော web developer တွေကတော့ HTML editor တွေကို သုံးလေ့ရှိပါတယ်။ဥပမာ-FrontPage နဲ့ Dreamweaver လိုမျိုး editor တွေကိုသုံးကြပါတယ်။ဒါဟာ HTML coding တွေကို လေ့လာရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် အဲဒီ editor တွေဟာ ကိုယ်က coding မှားရေးပေမယ့်လည်း သူက auto ပြန်ထည့်ပေးပါတယ်။ အဲဒါတွေကြောင့် ကိုယ့်ရဲ့အမှားအယွင်းတွေကို မတွေ့နိုင်တော့ပါဘူး။
ဒါကြောင့် ပထမဦးဆုံးလေ့လာမယ့်သူတွေအတွက်ေ တာ့ notepad မှာရေးသားပြီး လေ့လာစေချင်ပါတယ်။
HTML ကိုစရေးမယ်ဆိုရင် HTML element တွေကိုလည်း သိထားသင့်ပါတယ်။ HTML element ဆိုလို့ ထူးထူးခြားခြားမထင်ပါနဲ့။
<body></body> အဲဒါမျိုး opening tag နဲ့ closing tag တစ်စုံကို HTML element လို့ခေါ်ပါတယ်။အဲဒီ opening tag နဲ့ closing tag ကြားထဲမှာ ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာတွေ ထည့်ရပါတယ်။
ဒါပေမယ့် တချို့သော element တွေဟာ အကြောင်းအရာ ထည့်လို့မရတာတွေရှိပါတယ်။ ဥပမာ-<br> လိုဟာမျိုးဆိုရင် ဘာမှအကြောင်းအရာမပါပါဘူး။ အဲဒါမျိုးဆိုရင် opening tag မှာပဲ closing tag ကိုထည့်ပေးရပါတယ်။ဥပမာ- </br>
HTML ကိုစတင်လေ့လာသူများအတွက်တော့ ဒါတွေကို သိသေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ သိပ်ပြီးတော့လည်း ဦးနှောက်ထဲ သိပ်မမှတ်ထားပါနဲ့ဦး။ လုပ်ရင်းလုပ်ရင်းနဲ့ နားလည်သွားပါလိမ့်မယ်။
HTML document တစ်ခုမှာ အဲလို HTML element တွေအများကြီးပါပါတယ်။
ဥပမာတစ်ခုအနေနဲ့ ကျွန်တော်ရေးပြပါမယ်။
<html>
<body>
<p>This is the content of page.</p>
</body>
</html>
အပေါ်မှာ ရေးထားတဲ့ ကုတ်တွေမှာ HTML element ဘယ်နှစ်ခုပါလဲ ကြည့်ရအောင်။
<html> နဲ့စထားပါတယ် အောက်ဆုံးမှာ </html> နဲ့ပိတ်ထားပါတယ်။ ဒါကတစ်ခု။
<body> နဲ့စထားပါတယ် ပြီးတော့ </body> နဲ့ပိတ်ထားပါတယ်။ ဒါကတစ်ခု။
<p> နဲ့စပြီး </p> နဲ့ဆုံးထားပါတယ်။ ဒါကတစ်ခု။
စုစုပေါင်း HTML element သုံးခုပါပါတယ်။
ဟုတ်ပြီ။ <p> element မှာပါဝင်တဲ့ အကြောင်းအရာ ( content ) တွေကဘာဖြစ်မလဲ။
This is the content of page. ဆိုတာက <p> element မှာပါဝင်တဲ့ content ပဲဖြစ်ပါတယ်။ ဒါကြောင့် <p> နဲ့ </p> ကြားထဲမှာထည့်ထားတာဖြစ်ပါတယ်။( NOTE - </p> ကို slash p လို့ခေါ်ပါတယ်)
<body> နဲ့ </body> ကြားမှာရှိတဲ့ content ကဘာလဲ။ <p>This is the content of page.</p> ပဲဖြစ်ပါတယ်။
<html> နဲ့ </html> ကြားမှာရှိတဲ့ content ကကောဘာတွေဖြစ်မလဲ။
<body>
<p>This is the content of page.</p>
</body>
အဲဒါဆိုရင် HTML element အကြောင်းကို သိလောက်ပါပြီ။
တစ်ခုသိထားရမှာက HTML tag တွေဟာ case sensitive မဖြစ်ပါဘူး။ဘယ်လိုလဲဆိုရင်
<p> ဆိုပြီး small letter နဲ့ရေးနိုင်သလို <P> ဆိုပြီးတော့လည်း capital letter(uppercase letter) နဲ့လည်းရေးလို့ရပါတယ်။
website အများစုကတော့ uppercase နဲ့ရေးလေ့ရှိပါတယ်။
ဒါပေမယ့် အခုလေ့လာတဲ့အခါမှာတော့ lowercase နဲ့ပဲလေ့လာကြရအောင်။
ဘာကြောင့်လည်းဆိုရင် World Wide Web Consortium (W3C) က HTML 4 မှာ lowercase tags တွေကိုပဲ recommend လုပ်ထားသာကြောင့်ပါ။ ပြောရရင် HTML4 မှာ uppercase မရပါဘူး။ နောက်ထပ်အသစ်အသစ် ထပ်ထွက်လာမယ့် (X)HTML တွေမှာလည်း lowercase ကိုပဲ ရည်ညွန်းထားပါတယ်။
ဒါကြောင့် အခုကတည်း lowercase ကိုပဲ ရေးတတ်အောင် လေ့ကျင့်ထားကြရအောင်။
တစ်ခုပြောချင်တာက အခုလောလောဆယ် HTML ရေးဖို့ထက်ကို HTML term တွေကို နားလည်အောင် လုပ်ထားစေချင်တယ်။ ဒါမှ တကယ်ရေးတဲ့ အခါမှာ HTML element လို့ပြောလိုက်ရင် သိနေရပါမယ်။
နောက်ထပ်လာပါဦးမယ်
:) :p
ဒါပေမယ့် အချို့သော web developer တွေကတော့ HTML editor တွေကို သုံးလေ့ရှိပါတယ်။ဥပမာ-FrontPage နဲ့ Dreamweaver လိုမျိုး editor တွေကိုသုံးကြပါတယ်။ဒါဟာ HTML coding တွေကို လေ့လာရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် အဲဒီ editor တွေဟာ ကိုယ်က coding မှားရေးပေမယ့်လည်း သူက auto ပြန်ထည့်ပေးပါတယ်။ အဲဒါတွေကြောင့် ကိုယ့်ရဲ့အမှားအယွင်းတွေကို မတွေ့နိုင်တော့ပါဘူး။
ဒါကြောင့် ပထမဦးဆုံးလေ့လာမယ့်သူတွေအတွက်ေ
HTML ကိုစရေးမယ်ဆိုရင် HTML element တွေကိုလည်း သိထားသင့်ပါတယ်။ HTML element ဆိုလို့ ထူးထူးခြားခြားမထင်ပါနဲ့။
<body></body> အဲဒါမျိုး opening tag နဲ့ closing tag တစ်စုံကို HTML element လို့ခေါ်ပါတယ်။အဲဒီ opening tag နဲ့ closing tag ကြားထဲမှာ ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာတွေ ထည့်ရပါတယ်။
ဒါပေမယ့် တချို့သော element တွေဟာ အကြောင်းအရာ ထည့်လို့မရတာတွေရှိပါတယ်။ ဥပမာ-<br> လိုဟာမျိုးဆိုရင် ဘာမှအကြောင်းအရာမပါပါဘူး။ အဲဒါမျိုးဆိုရင် opening tag မှာပဲ closing tag ကိုထည့်ပေးရပါတယ်။ဥပမာ- </br>
HTML ကိုစတင်လေ့လာသူများအတွက်တော့ ဒါတွေကို သိသေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ သိပ်ပြီးတော့လည်း ဦးနှောက်ထဲ သိပ်မမှတ်ထားပါနဲ့ဦး။ လုပ်ရင်းလုပ်ရင်းနဲ့ နားလည်သွားပါလိမ့်မယ်။
HTML document တစ်ခုမှာ အဲလို HTML element တွေအများကြီးပါပါတယ်။
ဥပမာတစ်ခုအနေနဲ့ ကျွန်တော်ရေးပြပါမယ်။
<html>
<body>
<p>This is the content of page.</p>
</body>
</html>
အပေါ်မှာ ရေးထားတဲ့ ကုတ်တွေမှာ HTML element ဘယ်နှစ်ခုပါလဲ ကြည့်ရအောင်။
<html> နဲ့စထားပါတယ် အောက်ဆုံးမှာ </html> နဲ့ပိတ်ထားပါတယ်။ ဒါကတစ်ခု။
<body> နဲ့စထားပါတယ် ပြီးတော့ </body> နဲ့ပိတ်ထားပါတယ်။ ဒါကတစ်ခု။
<p> နဲ့စပြီး </p> နဲ့ဆုံးထားပါတယ်။ ဒါကတစ်ခု။
စုစုပေါင်း HTML element သုံးခုပါပါတယ်။
ဟုတ်ပြီ။ <p> element မှာပါဝင်တဲ့ အကြောင်းအရာ ( content ) တွေကဘာဖြစ်မလဲ။
This is the content of page. ဆိုတာက <p> element မှာပါဝင်တဲ့ content ပဲဖြစ်ပါတယ်။ ဒါကြောင့် <p> နဲ့ </p> ကြားထဲမှာထည့်ထားတာဖြစ်ပါတယ်။(
<body> နဲ့ </body> ကြားမှာရှိတဲ့ content ကဘာလဲ။ <p>This is the content of page.</p> ပဲဖြစ်ပါတယ်။
<html> နဲ့ </html> ကြားမှာရှိတဲ့ content ကကောဘာတွေဖြစ်မလဲ။
<body>
<p>This is the content of page.</p>
</body>
အဲဒါဆိုရင် HTML element အကြောင်းကို သိလောက်ပါပြီ။
တစ်ခုသိထားရမှာက HTML tag တွေဟာ case sensitive မဖြစ်ပါဘူး။ဘယ်လိုလဲဆိုရင်
<p> ဆိုပြီး small letter နဲ့ရေးနိုင်သလို <P> ဆိုပြီးတော့လည်း capital letter(uppercase letter) နဲ့လည်းရေးလို့ရပါတယ်။
website အများစုကတော့ uppercase နဲ့ရေးလေ့ရှိပါတယ်။
ဒါပေမယ့် အခုလေ့လာတဲ့အခါမှာတော့ lowercase နဲ့ပဲလေ့လာကြရအောင်။
ဘာကြောင့်လည်းဆိုရင် World Wide Web Consortium (W3C) က HTML 4 မှာ lowercase tags တွေကိုပဲ recommend လုပ်ထားသာကြောင့်ပါ။ ပြောရရင် HTML4 မှာ uppercase မရပါဘူး။ နောက်ထပ်အသစ်အသစ် ထပ်ထွက်လာမယ့် (X)HTML တွေမှာလည်း lowercase ကိုပဲ ရည်ညွန်းထားပါတယ်။
ဒါကြောင့် အခုကတည်း lowercase ကိုပဲ ရေးတတ်အောင် လေ့ကျင့်ထားကြရအောင်။
တစ်ခုပြောချင်တာက အခုလောလောဆယ် HTML ရေးဖို့ထက်ကို HTML term တွေကို နားလည်အောင် လုပ်ထားစေချင်တယ်။ ဒါမှ တကယ်ရေးတဲ့ အခါမှာ HTML element လို့ပြောလိုက်ရင် သိနေရပါမယ်။
နောက်ထပ်လာပါဦးမယ်
:) :p
HTML အကြောင်းလေ့လာခြင်း(၃)
HTML စတင်ရေးသားခြင်း
HTML ကိုစတင်ရေးသားတော့မယ်ဆိုရင် အရင်ဆုံး အပိုင်းသုံးပိုင်းကို မှတ်ထားရပါမယ်။
အောက်မှာ ကျွန်တော် ပုံစံလေးပြထားပါတယ်။
<html>
<head>
<title></title>
</head>
<body>
</body>
</html>
အဲဒီပုံစံအတိုင်း ရေးရမှာဖြစ်ပါတယ်။
HTML document ဖြစ်တဲ့အတွက်ကြောင့် <html> နဲ့စရပါတယ်။ <head> နဲ့ </head> ကြားမှာ title ဆိုတာလေးရှိပါတယ်။ အဲဒါက ဘယ်လိုလဲဆိုရင် ကိုယ်ဖော်ပြချင်တဲ့ webpage ရဲ့ခေါင်းစဉ်ပါ။ဥပမာတစ်ခုကြည့်
ပါ။
<html>
<head>
<title>MyanmarNetwork</title>
</head>
<body>
</body>
</html>
အပေါ်ကကုတ်လေးကို Notepad မှာရေးပြီး save လုပ်လိုက်ပါ။
save တဲ့အခါမှာ သတိပြုရမှာက extension မှာ .htm (သို့) .html ဖြင့် save ရမှာဖြစ်ပါတယ်။ အဲဒါဘယ်လိုကွာသွားလည်းဆိုတော့ တချို့သော browser တွေဟာ extension သုံးလုံးကို effect ဖြစ်တာရှိသလို တချို့ကလည်း လေးလုံးလုံး effect ဖြစ်ပါတယ်။ .htm ဖြစ်ဖြစ် .html ဖြစ်ဖြစ် အတူတူပါပဲ။
filename နေရာတော့ ကိုယ်ပေးချင်တာပေးလိုက်ပါ။
အဲဒီ .htm (သို့) .html နဲ့ဆုံးထားတဲ့ file လေးကိုသွားဖွင့်ကြည့်လိုက်ပါ။

အဲလိုလေး ပေါ်နေပါတယ်။
အဲဒါက <title> နဲ့ </title> ကြားထည့်တာပါ။
<head> နဲ့ </head> ကြားမှာ <title> တင်မကဘဲ တခြားဟာတွေလည်း ထည့်နိုင်ပါသေးတယ်။
အဲဒါတော့ နောက်မှပြောပါမယ်။
<body> ထဲမှာတော့ webpage မှာပေါ်ချင်တဲ့ အကြောင်းအရာတွေ(content) ဖော်ပြရမှာဖြစ်ပါတယ်။
အောက်မှာ ဥပမာကြည့်ပါ။
<html>
<head>
<title>MyanmarNetwork</title>
</head>
<body>
Welcome to MyanmarNetwork
</body>
</html>
အဲဒါလေးကို save ကြည့်လိုက်ပါ။
ဒါက body မှာဖော်ပြတာပါ။အဲဒါက <title> နဲ့ </title> ကြားထည့်တာပါ။
<head> နဲ့ </head> ကြားမှာ <title> တင်မကဘဲ တခြားဟာတွေလည်း ထည့်နိုင်ပါသေးတယ်။
အဲဒါတော့ နောက်မှပြောပါမယ်။
<body> ထဲမှာတော့ webpage မှာပေါ်ချင်တဲ့ အကြောင်းအရာတွေ(content) ဖော်ပြရမှာဖြစ်ပါတယ်။
အောက်မှာ ဥပမာကြည့်ပါ။
<html>
<head>
<title>MyanmarNetwork</title>
</head>
<body>
Welcome to MyanmarNetwork
</body>
</html>
အဲဒါလေးကို save ကြည့်လိုက်ပါ။

နောက်ဆုံးမှာတော့ </html> နဲ့ပိတ်ရမှာဖြစ်ပါတယ်။
HTML အခြေခံရေးပုံလေးပါ။ ဒါပေမယ့် ဒီအပိုင်းမှာ DOCTYPE ဖော်ပြတာကို ချန်ထားခဲ့ပါတယ် နောက်ပိုင်းမှပြောပြပါ့မယ်။
အဲဒီ <body> ထဲမှာ tag တွေအများကြီးဖော်ပြမှာဖြစ်ပါတယ်
။
ဒီနေ့တော့ ဒီလောက်ပါပဲ
ဆက်ရန်ရှိသေးသည်....
ဒီနေ့တော့ ဒီလောက်ပါပဲ
ဆက်ရန်ရှိသေးသည်....