Top 4 Android Apps To Turn Your SmartPhone Into Hacking Machine
-
ဒီနေ့တော့
Andorid Hacking Tools တွေအကြောင်း နည်းနည်းပြောရအောင်ပါ Android Hacking
Tools
များစွာရှိတဲ့အနက် လူကြိုက်အများဆုံးနဲ့ နာမည်အကျော်ဆုံး
စွမ်းဆောင်ရည်အမြင့်မားဆုံး Hacking Tools
လေးခုကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်
Spo of app
ဒီ app လေးက fake caller ID လုပ်လို့ ရတဲ့ app လေးပါ။ Fake ဆိုတဲ့
အတိုင်းကိုယ့်ကို မသိရတော့ဘူးပေါ့။ ဘာတွေလုပ်လို့ရလဲဆိုရင် Social
engineering မှာ အတော်အသုံးဝင်ပါတယ်။ သူများprivacy ကို
ခိုးချင်တာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိပေးမခံချင်တာပဲဖြစ်ဖြစ်
အသုံးပြုလို့ရပါတယ်။ Apple က တော့ ဒါမျိုတွေကို လက်မခံတဲ့အတွက် သူ့App
store မှာ မတွေ့ရဘူး။ ဒါပေမယ့် google ကတော့ Open ဆိုတော့ သူ့ဆီမှာလိုတဲ့ဟာ
အကုန်ရပါတယ်။အဲ့ app ကို ၂၀၀၉ ခုနှစ် ကထုတ်လိုက်သော The Truth in Caller
ID Act ဥပဒေနဲ့ငြိနေလို့ ပိတ်ခံထားရပါတယ်။ Android store မှာ မရှိတော့ပေမဲ့
offline ဒေါင်းလို့ရနိုင်ပါသေးတယ်။
FaceNiff
အဲ့ app ကို အသုံးပြုမည်ဆိုပါက Android 2.1နှင့်အထက်ရှိရမည် ဖြစ်ပြီး
Root လုပ်ပြီးသားဖြစ်ရပါလိမ့်မယ်။ သူက Firesheep လို sniffer app
ပဲဖြစ်ပါတယ်။ Wifi ချိတ်ထားရုံဖြင့် network အတွင်းမှာ sniff နဲ့ intercept
web seesion profile စသည့် အလုပ်တွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။ သူက
firesheep ထက် အသုံးပြုရလွယ်သလို EAP အသုံးပြုထားတဲ့ Wifi ကလွဲပြီး
Open/WEP/WPA-PSK/ WPA2-PSK တိုတွင် အလုပ်လုပ်ပါတယ်။သူအလုပ်မလုပ်တာက victim
က SSL အသုံးပြုနေရင် မလုပ်ပါဘူး။ ဒီ appကို အသုံးပြုပြီး FB hack
တဲ့လူများလည်းရှိတယ်လို့ကြားဖူးပါသည်။
Download Link : http://www.mediafire.com/?ulpd242wvdp8153
Penetrate Pro
ဒီ app ကလဲ root လုပ်ဖိုလိုပါတယ်။ သူကတော့ wifi hacking tool တစ်ခုပါ။
သူ့ကို install လုပ်မယ်ဆိုရင် ဖုန်းထဲမှာရှိတဲ့ anti-virus ကို
သတိထားရပါလိမ့်မယ်။ anti-virus ကsecurity-related tool. ဖြစ်တဲ့အတွက် alert
ပေးခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ penetrate က ဖုန်းက ဘာမှ ဒုက္ခ မပေးပါဘူး။သူဟာ
paid version ဖြစ်ပါတယ်။တရားဝင်ဝယ်မယ်ဆိုရင်တော့ (€1.99)
လောက်ပေးရပါလိမ့်မယ်။ free version ဆိုရင်တော့ dictionary words
တွေနဲ့စစ်မှာဖြစ်ပြီး paid version ဆိုပါက 3G network ကနေစစ်ပေးမယ့်
features တွေမှာဖြစ်မှာတယ်။ဒါတင်မက တစ်ခြား features
တွေလဲပါနိုင်ပါသေးတယ်။တကယ်ကောင်းတဲ့ app ဟု မှတ်ချက်ပေးခြင်းခံထားရပါတယ်။
ANTI –Android Network Toolkit
ANTI ဟာ network အတွင်းမှာ vuln တွေကို စစ်တဲ့ WiFi scanning tools
တစ်ခုပါပဲ. Security Admins တွေ မရှိမဖြစ်tools တစ်ခုဖြစ်ပါတယ်။ DoS
attacks နဲ့ အခြားသော attacks တွေကို စစ်လို့ရပါတယ်။ သူက paid version
တစ်ခုဖြစ်ပါတယ်။ အသုံးပြုဖူးသူတစ်ဦး ရဲ့ အတွေ့အကြုံကို
တစ်ဆင့်ခံဖောက်သည်ချပါရစေ ။
Working with ANTI
စပြီးအသုံးပြုမယ်ဆိုတာနဲ့ username နဲ့ password ထည့်ပြီး login ဝင်ရပါမယ်။
ဝင်ပြီးပြီးချင်းမှာ တွင် tool purchase option တွေ upgrade မြှင့်နိုင်တာတွေ pops up message တက်လာပါလိမ့်မယ်။
နောက် local network targets တွေကိုပြပါလိမ့်မယ်။
ဖုန်းနဲ့ Wifi ချိတ်လိုက်ပြီဆိုတာနဲ့ local network ကို automatically map လုပ်ပေးပါတယ်။
သူ့ကို unsecure နဲ့ Open network ကို ချိတ်လို့ရတယ်လို့ဆိုပါတယ်။
Subnet information တင်မက network အတွင်းမှာရှိတဲ့ host တွေကို icon တွေနဲ့ပြပေးပါတယ်။
ဥပမာ window 7 laptop ဆို window icon လေးနဲ့ပေါ့။ android ဆိုရင် Droid bot logo လေးနဲ့ ပြပါတယ်။ ဘာ os မှန်းဆိုတာ ချက်ချင်းသိနိုင်ပါတယ် detail သိပ်ဖတ်စရာမလိုဘူးဆိုတဲ့သဘောပေါ့။
အဲ့ screen ကနေပြီးတော့ additional networks ကို အလွယ်တကူထည့်လို့ရပါတယ်။
ပြီးတော့ screen အောက်က wifi logo ကနေ Wlans တွေရဲ့ proxy တွေကို လဲ သိနိုင်ပါတယ်။ ANTI က wireless network ကိုပါ Discover လုပ်နိုင်ပါသည်။
Local target secreen မှာ network အတွင်းမှာ ရှိတဲ့ Target တွေကိုတွေ့နိုင်ပြီး ANTIက Intrusive scan
လုပ်ဖို့ တောင်းဆိုပါလိမ့်မယ်။ အဲ့ Scan အတွင်းမှာ open ports တွေနဲ့ Vuln တွေကို စစ်ပေးပါတယ်။ ဖြစ်နိုင်တဲ့ IP addresses ၂၅၆ ခု ကို ၁၁.၀၇ စက္ကန့်အတွင်းမှာစစ်နိုင်ပါတယ်.
User တွေက password cracker တွေသုံးပြီး host တွေကို crack လုပ်နေတာကိုလဲတွေ့နိုင်ပါတယ်။ ANTI tools ဟာ Sever admin တွေနဲ့ Network adminတွေ အတွက်မရှိမဖြစ်tools တစ်ခုပါ။