ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ကျနော်အကြိုက်ဆုံး Kaspersky Rescue Disk 10

USB Drive နဲ့ Boot တင်ချင်တဲ့ သူများအတွက်တော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ CD/DVD Drive မပါတဲ့ သူများအတွက် အဆင်ပြေအောင်လို့ပါ..။ အရင်ဆုံး အောက်က အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်တော့ နည်းနည်းကြီးပါတယ်..။ 237 MB ရှိပါတယ်..။ For USB Device (325 KB)
http://www.mediafire.com/?qumy2nb3r9jbv2 ihttp://ifile.it/wp7e2za/rescue2usb_www.lwinminbo.blogspot.com.rar http://min.us/mBkaGnowi မူရင်းလင့်(378KB)
Iso image of Kaspersky Rescue Disk 10 Free Download (237 MB)
http://minus.com/mbazLXB2N2
Kespersky Rescue Disk 10(မူရင်းလင့်)
USB ထဲထည့်ဖို့ ဆိုရင် (325kb) ရှိတဲ့ ကောင်လေးကို ဒေါင်းယူပြီး ဖွင့်လိုက်ပါ.. အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။ Browse နေရာကနေ ဒေါင်းထားပြီးသား Kaspersky Rescue Disk 10 ISO ဖိုင်ကို ရွေးပေးပါ..။ 2 နေရာကတော့ USB ရှိတဲ့နေရာကို ညွှန်ပေးလိုက်ပါ..။ ပြီးရင် Start ကိုကလစ်လိုက်ပါ..


မိမိတို့စက်ကို ဗိုင်းရပ်သတ်တော့မယ်ဆိုရင် Kaspersky Rescue Disk 10 CD (OR) USB ကို ကွန်ပျူတာမှာ ထည့်လိုက်ပါ.. ပြီးရင်တော့ စက်ကို Restart ချပြီ... လက်ပ်တော့ပ်တွေမှာဆိုရင် F2 or F12 , Desktop PC တွေမှာ ဆိုရင် Del or ESC or F11 ကိုဆက်တိုက်နှိပ်ထားလိုက်ပါ...။ Boot Menu ထဲကို ရောက်သွားပါလိမ့်မယ်.


Boot ထဲကိုရောက်သွားရင် CD/DVD or USB ကိုရွေးပြီး F10 နဲ့ Enter ခေါက်ပေးလိုက်ပါ...။ အောက်ကပုံ အတိုင်းပေါ်လာရင် ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ...

ဒီနေရာတွေမှာ အပေါ်အောက် မျှားနဲ့ ရွေးပေးပြီး Enter ခေါက်သွားလိုက်ပါ.




ဗိုင်းရပ်စ်သတ်လို့ပြီးရင်တော့ စက်ကို Restart ချပြီး အခွေ သို့မဟုတ် USB ကို ဆွဲထုတ်လိုက်ပါ..။ Restart ချလို့ မရရင် စက်ရဲ့ ပါဝါကို ဖိပိတ်လိုက်ပါ...။
ဒီလောက်ဆိုရင်တော့ အားလုံးပဲ လုပ်တတ်ကိုင်တတ်လိမ့်မယ်လို့ ထင်ပါတယ်..
လွင်မင်းဗိုလ် နည်းပညာမှကူယူမျှဝေသည်။