Php အခြေခံ-1
Phpဆိုတာ PHP:hypertext preprocessorရဲ့ အတိုကောက်ပါ။ Php ဟာ server side scripting language တခုဖြစ်ပါတယ်။server တခုအတွင်းမှာ အသုံးပြုရပြီး server နဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပါ တယ်။javascript လို client side scripting language ဟာ server တာဝန်ကို မထမ်းဆောင်နိုင်ပါဘူး။ဆိုလိုတာက databaseကိုချိတ်ဆက်အသုံးပြုဖို့၊server ထဲမှာရှိနေ တဲ့ file တွေကိုခေါ်ယူသုံးစွဲဖို့၊web page ကနေပြီး server ထံသို့ data တွေပို့ဆောင်ဖို့ စတဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့ server side scripting language တခုခုကို သုံးရပါတယ်။
php ဟာ အခုအတော်များများသုံးစွဲ လာတဲ့ server side script တခုပဲဖြစ်ပါတယ်။cross-platform ဖြစ်တာကြောင့် window,linux စသဖြင့်သုံးနိုင် သလို html အတွင်းမှာ embed လုပ်ပြီးဖြစ်စေ၊php အတွင်းမှာပဲ html ကို embed လုပ်ပြီးဖြစ်စေ သုံးစွဲနိုင်ခြင်း၊ web နဲ့ ပတ်သတ်သမျှ အကုန်လုပ်နိုင်သလို မြန်လဲမြန်ပါတယ်။SSI ဆိုတဲ့ server side include ကြောင့်လဲ dynamic webpage တွေကို အလွယ်တကူဖန်တီးနိုင်ပါတယ်။ နောက်ပြီး free ဖြစ်တာကြောင့် source code တွေကို ကြိုက်သလို edit လုပ်ပြီးသုံးစွဲနိုင်တယ်။အခက်အခဲရှိလာရင်လဲ web ပေါ်မှာအခုအခါ php နဲ့ပတ်သတ် သမျှ အလွယ်တကူရှာဖွေမေးမြန်းနိုင်ပြီ။
built-in function တွေအများကြီးရှိတဲ့အတွက် လိုသလို လုပ်ဆောင် နိုင်ပါတယ်။အားသာချက်တွေက ပြောရင် အများကြီးပါ။ဒီတော့ ယနေ့ ပေါ်ပြူလာဖြစ်လာတဲ့ php ကိုလေ့လာကြည့်ကြမယ်။Php ကိုလေ့လာဖို့ အတွက် HTML နဲ့ javascript ကိုပထမဆုံးလေ့လာထားသင့်တယ်လို့ကျနော်ထင်ပါတယ်။ဒါ ဆိုရင် php ကိုလေ့လာ တဲ့အခါမှာ လွယ်ကူစေပါလိမ့်မယ်။
php code တွေကို notepad မှာရေးသားပြီး .php format နဲ့ save ရပါမယ်။ဒါဆိုရင် php ဖိုင်ဖြစ်သွားပါပြီ။ ဒါပေမယ့် html file တခုလို double click နှိပ်ပြီး run လိုက်ရုံနဲ့ browser မှာပေါ်လာမှာမဟုတ်ပါဘူး။php file တခုကို run ချင်တယ်ဆိုရင် php support လုပ်တဲ့server တခုရှိရပါတယ်။web ပေါ်မှာလုပ်မယ်ဆိုလဲ php support လုပ်တဲ့ web server ဖြစ်ရပါမယ်။
စတင်လေ့ကျင့်မှာဆိုတော့ local မှာပဲ လေ့ကျင့်သင့်ပါတယ်။ဒါကြောင့် မိမိစက်မှာ php support လုပ်တဲ့ server software ကို install လုပ်ထားရပါမယ်။ ကျနော်အကြံပေးရရင်တော့ wamp server ကတော်တော် ကောင်းပါ တယ်။www.wampserver.com မှာ အခမဲ့ရယူနိုင်ပါတယ်။
Install လုပ်ပြီးသွားရင် c အောက်မှာ wamp ဆိုတဲ့ folder တခုကိုတွေ့ပါလိမ့်မယ်။အဲဒီထဲဝင်လိုက်ရင် www ဆိုတဲ့ folder ကိုတွေ့ပါအုံးမယ်။အဲဒီ folder ထဲမှာ မိမိ php ဖိုင်တွေကိုထားရမှာဖြစ်ပါတယ်။ဥပမာ ။ ။ test.php ဆိုပါတော့ဗျာ။
မိမိစက်က wamp server icon လေးကို double click နဲ့ဖွင့်ပြီး run ထားလိုက်ပါ။ပြီးရင် browser ကိုဖွင့်ပြီး address ဘားမှာ http://localhost/test.php လို့ရိုက်လိုက်ရင် မိမိလုပ်ထားတဲ့ php page ကိုတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ဒါကတော့ သင်ခန်းစာတွေကိုလေ့ကျင့်ဖို့ php ဖိုင်ကို ဘယ်လို run ရမလဲဆိုတာပါပဲ။
Php ကိုလေ့လာဖို့အတွက် အခြေခံအချက်လေးတွေကို လေ့လာကြရအောင်။Php code တွေကို <?php နဲ့ ?> နှစ်ခုကြားမှာရေးသားရမှာဖြစ်ပါတယ်။တကယ်တော့ php ဖိုင်ဆိုတာက သာမန်အားဖြင့်ပြောရရင် html tag တွေပါဝင်ဖွဲ့စည်းထားတဲ့ ဖိုင်တခုပါပဲ။
<html>
<head>
<title>my test php</title>
</head>
<body>
<?php
echo “this is my first testing”;
?>
</body>
</html>
အထက်က code တွေကို notepad ထဲမှာရေးပြီး .php format နဲ့ save လိုက်ရင် php file တခုဖြစ်သွားပါပြီ။ အထက်က code မှာပါတဲ့ echo ဆိုတာက php မှာ output ထုတ်ဖို့ပါ။ php မှာ output ထုတ်ချင်ရင် အဓိကအားဖြင့် statement နှစ်ခုကို သုံးပါတယ်။တခုက echo ပါ။နောက်တခုက print ပါ။
<?php
print “this is my first testing”;
?>
နောက်တချက်မှတ်ထားဖို့က statement တခုပြီးတိုင်း semi-comma (;)ကိုအသုံးပြုပေးရပါမယ်။ အဲဒါကျန် နေခဲ့ရင် အဲဒီ line က error တက်ပါလိမ့်မယ်။နောက်တခုက notepad ကို save တဲ့ အခါ html ဖိုင်အဖြစ် save လို့မရပါဘူး။အဲလို save လိုက်ရင် php code တွေဟာ အလုပ်လုပ်တော့မှာမဟုတ်ပါဘူး။ .php format နဲ့ save ပေးရမှာဖြစ်ပါတယ်။
Programmer တယောက်အနေနဲ့ မိမိ code တွေကို ဘာအတွက်သုံးတယ်ဆိုတာ မှတ်မိဖို့ဖြစ်စေ၊ user ကို instruction တခုခုပေးချင်လို့ဖြစ်စေ code တွေထဲမှာ comment ကိုအသုံးပြုရပါတယ်။php အတွက် comment line ကတော့ ……
Single line comment အတွက်ဆိုရင် // ကိုသုံးရပြီး…..
Double line comment အတွက်ဆိုရင် /* နဲ့ */ ကြားမှာရေးသားကြရပါမယ်။
<?php
//this is single line comment
/* this is double line comment */
?>
Php ကို အခုလေ့လာနေသူဟာ javascript ကိုလေ့လာပြီးပြီလို့ကျနော် ယူဆတဲ့အတွက် အချို့အကြောင်းအရာတွေကို ကျနော် အသေးစိတ်ရေးသားမှာမဟုတ်တော့ပါဘူး။ comment က တစ်လိုင်းပဲဆိုရင် single ကိုသုံးပြီး တစ်လိုင်းထက်ပိုနေရင် double ကိုသုံးရမယ်ဆိုတာလောက်တော့ သိထားပြီးဖြစ်နေရပါမယ်။
Javascript နဲ့ php ဟာ အယူအဆ အတော်များများတူညီနေပါတယ်။ client နဲ့ server side သာကွဲနေတာပါ။ဒါကြောင့် javascript ကို အရင်လေ့လာပြီးမှ php ကိုလေ့လာသင့်ပါတယ်။

Php အခြေခံ-2
Php မှာပဲဖြစ်ဖြစ်၊ javascript မှာပဲဖြစ်ဖြစ် ဘယ် programming မှာဖြစ်စေ အရေးကြီးတဲ့ အရာတခုကတော့ variable တွေပါပဲ။
အထည်ဆိုင်တခုထဲမှာ အထည်တွေအရောင်အသွေးမျိုးစုံရှိနေပါတယ်။ကျနော်တို့ကသာမန်အားဖြင့် ဆိုရင် အထည်ဆိုင်ထဲမှာ အထည်စုစုပေါင်း 1000 ရှိတယ်လို့မှတ်ထားချင်ရင် ……
အထည်စုစုပေါင်း=1000
ဒီလိုမှတ်ထားရပါမယ်။ဒါကတော့ variable ရဲ့သဘောပါပဲ။ အထည်စုစုပေါင်းဆိုတာ variable name ဖြစ်ပြီး 1000 ဆိုတာကတော့ variable value ဖြစ်ပါတယ်။အဲဒီမှာမှ အဝါရောင်ဘယ်နှစ်ထည်၊အနီ ရောင်ဘယ်နှစ်ထည်စသဖြင့် သတ်မှတ်နိုင်ပါသေးတယ်။ ဒါဆိုရင် နောက်ကိုယ်လိုအပ်တဲ့အခါ အလွယ်တကူပဲ ကြည့်ရှုပြီး အသုံးပြုနိုင်ပါတယ်။
ဒါကြောင့် variable ဆိုတာ data တွေကို storage လုပ်ထားပြီး လိုအပ်တဲ့အခါမှာ ပြန်လည်ခေါ်ယူသုံး စွဲဖို့ အတွက်လို့ မှတ်ထားရပါမယ်။
ကျနော်တို့ကျောင်းတုန်းကလဲ သင်္ချာမှာ variable တွေကိုသင်ခဲ့ကြရပြီးပါပြီ။ကိန်းရှင်တွေလို့မြန်မာလို ခေါ်ပါတယ်။
X,y,z စတာတွေဟာ variable တွေပါ။သူတို့ဟာ ဒီအတိုင်းဆိုရင် တန်ဖိုးမရှိသေးပါဘူး။ဒါပေမယ့် သူတို့ကို တန်ဖိုးသတ်မှတ်ပေးလို့ရသလို သတ်မှတ်ထားတဲ့ တန်ဖိုးတွေဟာလဲ လိုအပ်ချက် အပေါ် မူတည်ပြီး အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် ကိန်းရှင်တွေလို့ခေါ်ရတာပါ။
x=5,y=5
အခုဆိုရင် xနဲ့y မှာ 5 ဆိုတဲ့ တန်ဖိုးရှိသွားပါပြီ။variable တွေကို တန်ဖိုးသတ်မှတ်ဖို့အတွက် = sign ကိုသုံးရပါတယ်။
Z=x+y
အခုဆိုရင် z ရဲ့တန်ဖိုးက xနဲ့y ပေါင်းခြင်းနဲ့ ညီမျှတယ်လို့ ဆိုလိုတာပါ။သဘောကတော့ z=10 ပါပဲ။ဒါပေမယ့် x နဲ့ y ရဲ့ တန်ဖိုးက 6 ဆိုရင် zတန်ဖိုးက 12 ဖြစ်သွားမှာပါ။ဒါကြောင့် ကိန်းရှင်တွေလို့ ခေါ်တာပါ။
PHP မှာ variable တွေကို declare လုပ်ရင် ရှေ့ကနေ $ sign ခံပြီး ကြေငြာပေးရပါတယ်။
$name= “phyo”;
$age=29;
Variable name တွေဟာ case-sensitive ဖြစ်ပါတယ်။$name နဲ့ $Name မတူပါဘူး။နောက်ပြီး variable name တွေဟာ ဂဏန်းနဲ့စလို့မရပါဘူး။spaceလဲမခြားရပါဘူး space အစား underscore ကိုသုံးစွဲရပါမယ်။$my_name အဲလိုရပါတယ်။
$1name= “phyo”; ဒါဆိုရင်မှားပါတယ်။
နောက်တချက်က variable value တွေဟာstring ဆိုရင် double quote ( “ ” )နှစ်ခုကြားမှာရေးရပြီး ဂဏန်းဆိုရင်တော့ ဘာမှထည့်စရာမလိုပါဘူး။ အထက်မှာပြခဲ့တဲ့အတိုင်း phyo ဆိုတာကို double quote နှစ်ခုနဲ့ရေးရပြီး $age ရဲ့ value ဖြစ်တဲ့ 29 ကိုတော့ ဒီအတိုင်းပဲရေးထားတယ်ဆိုတာတွေ့မှာပါ။
Variable တခုကိုကြေငြာပြီးတိုင်း semi-comma( ; ) နဲ့အဆုံးသတ်ပေးရပါမယ်။အဲဒါကျန်နေခဲ့ရင် error တက်မှာဖြစ်ပါတယ်။
$name ရဲ့ value က phyo ဖြစ်ပါတယ်။ အဲနောက်မှာတော့ $firstname ရဲ့ value ကို $name ရဲ့ အမည်ကိုပဲပေးလိုက်ပါတယ်။ name ဆိုပြီးတော့လေ။ဒီသဘောကတော့ $firstname နဲ့ $name တို့တူတယ်လို့ သတ်မှတ်လိုက်တာပါ။ output ကို $$firstname ဆိုပြီး $firstname ကို dynamic variable အဖြစ် သုံးလိုက်ပါတယ်။ သူက $name နဲ့ associate ဖြစ်နေတော့ သူ့တန်ဖိုး ထွက်လာတာပါ။အခုထိရှင်းမှာမဟုတ်သေး ပါဘူး။ထပ်ရှင်းပါ့မယ်။
$name= “phyo”;
နောက် $$firstname= “wai” ဆိုပြီး သတ်မှတ်လိုက်တယ်။ $name ရဲ့ တန်ဖိုးကိုပြောင်းလဲသတ်မှတ်ချင်လို့။ ဒါဟာ dynamic variable ရဲ့သဘောပါပဲ။သေချာနားလည်အောင်လေ့လာကြပါ။အသုံးတော့နည်းပါတယ်။ဗဟုသုတအဖြစ်တော့ လေ့လာထားရပါမယ်။
အခုဆိုရင် variable ဆိုတာဘာလဲဆိုတာ သိကြပါပြီ။ဒါပေမယ့် variable ဟာ သူ့ချည်းသက်သက်သုံး လို့အဆင်မပြေပါဘူး။သူနဲ့ တွဲသုံးဖို့ operator တွေကိုသိထားရပါမယ်။ဆိုလိုတာက variable တခုနဲ့ တခု ပေါင်းစပ်ဖို့ဆိုရင် + operator ကိုသုံးရမှာဖြစ်သလို variable တွေ နှုတ်ဖို့ဆိုရင် - operator ကို သုံးစွဲကြရမှာဖြစ်ပါတယ်။ဒီတော့ အခု operators တွေအကြောင်းကို လေ့လာကြရအောင်။
အထည်ဆိုင်တခုထဲမှာ အထည်တွေအရောင်အသွေးမျိုးစုံရှိနေပါတယ်။ကျနော်တို့ကသာမန်အားဖြင့် ဆိုရင် အထည်ဆိုင်ထဲမှာ အထည်စုစုပေါင်း 1000 ရှိတယ်လို့မှတ်ထားချင်ရင် ……
အထည်စုစုပေါင်း=1000
ဒီလိုမှတ်ထားရပါမယ်။ဒါကတော့ variable ရဲ့သဘောပါပဲ။ အထည်စုစုပေါင်းဆိုတာ variable name ဖြစ်ပြီး 1000 ဆိုတာကတော့ variable value ဖြစ်ပါတယ်။အဲဒီမှာမှ အဝါရောင်ဘယ်နှစ်ထည်၊အနီ ရောင်ဘယ်နှစ်ထည်စသဖြင့် သတ်မှတ်နိုင်ပါသေးတယ်။ ဒါဆိုရင် နောက်ကိုယ်လိုအပ်တဲ့အခါ အလွယ်တကူပဲ ကြည့်ရှုပြီး အသုံးပြုနိုင်ပါတယ်။
ဒါကြောင့် variable ဆိုတာ data တွေကို storage လုပ်ထားပြီး လိုအပ်တဲ့အခါမှာ ပြန်လည်ခေါ်ယူသုံး စွဲဖို့ အတွက်လို့ မှတ်ထားရပါမယ်။
ကျနော်တို့ကျောင်းတုန်းကလဲ သင်္ချာမှာ variable တွေကိုသင်ခဲ့ကြရပြီးပါပြီ။ကိန်းရှင်တွေလို့မြန်မာလို ခေါ်ပါတယ်။
X,y,z စတာတွေဟာ variable တွေပါ။သူတို့ဟာ ဒီအတိုင်းဆိုရင် တန်ဖိုးမရှိသေးပါဘူး။ဒါပေမယ့် သူတို့ကို တန်ဖိုးသတ်မှတ်ပေးလို့ရသလို သတ်မှတ်ထားတဲ့ တန်ဖိုးတွေဟာလဲ လိုအပ်ချက် အပေါ် မူတည်ပြီး အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် ကိန်းရှင်တွေလို့ခေါ်ရတာပါ။
x=5,y=5
အခုဆိုရင် xနဲ့y မှာ 5 ဆိုတဲ့ တန်ဖိုးရှိသွားပါပြီ။variable တွေကို တန်ဖိုးသတ်မှတ်ဖို့အတွက် = sign ကိုသုံးရပါတယ်။
Z=x+y
အခုဆိုရင် z ရဲ့တန်ဖိုးက xနဲ့y ပေါင်းခြင်းနဲ့ ညီမျှတယ်လို့ ဆိုလိုတာပါ။သဘောကတော့ z=10 ပါပဲ။ဒါပေမယ့် x နဲ့ y ရဲ့ တန်ဖိုးက 6 ဆိုရင် zတန်ဖိုးက 12 ဖြစ်သွားမှာပါ။ဒါကြောင့် ကိန်းရှင်တွေလို့ ခေါ်တာပါ။
PHP မှာ variable တွေကို declare လုပ်ရင် ရှေ့ကနေ $ sign ခံပြီး ကြေငြာပေးရပါတယ်။
$name= “phyo”;
$age=29;
Variable name တွေဟာ case-sensitive ဖြစ်ပါတယ်။$name နဲ့ $Name မတူပါဘူး။နောက်ပြီး variable name တွေဟာ ဂဏန်းနဲ့စလို့မရပါဘူး။spaceလဲမခြားရပါဘူး space အစား underscore ကိုသုံးစွဲရပါမယ်။$my_name အဲလိုရပါတယ်။
$1name= “phyo”; ဒါဆိုရင်မှားပါတယ်။
နောက်တချက်က variable value တွေဟာstring ဆိုရင် double quote ( “ ” )နှစ်ခုကြားမှာရေးရပြီး ဂဏန်းဆိုရင်တော့ ဘာမှထည့်စရာမလိုပါဘူး။ အထက်မှာပြခဲ့တဲ့အတိုင်း phyo ဆိုတာကို double quote နှစ်ခုနဲ့ရေးရပြီး $age ရဲ့ value ဖြစ်တဲ့ 29 ကိုတော့ ဒီအတိုင်းပဲရေးထားတယ်ဆိုတာတွေ့မှာပါ။
Variable တခုကိုကြေငြာပြီးတိုင်း semi-comma( ; ) နဲ့အဆုံးသတ်ပေးရပါမယ်။အဲဒါကျန်နေခဲ့ရင် error တက်မှာဖြစ်ပါတယ်။
Dynamic variable
ဒီ variable ကတော့ နဲနဲရှုပ်သလိုရှိပါတယ်။အသုံးလဲနည်းပါတယ်။တတ်နိုင်သမျှတော့ ရှောင်ပြီးသုံးကြပါ။မဖြစ်မနေလိုအပ်လာရင် သိထားဖို့အတွက် ပြောပါ့မယ်။
$name= “phyo”;
$firstname= “name”;
echo $$firstname;
ဒါဆိုရင် output မှာ phyo ဆိုပြီးထွက်လာမှာဖြစ်ပါတယ်။ echo $firstname; ဆိုပြီး ရေးရင် name ဆိုပြီးပဲ ထွက်လာမှာပါ။ $$ နှစ်လုံးသုံးထားတာ သတိပြုပါ။ ဒါဟာ dynamic variable အတွက် သင်္ကေတ sign တခုပဲဖြစ်ပါတယ်။$name ရဲ့ value က phyo ဖြစ်ပါတယ်။ အဲနောက်မှာတော့ $firstname ရဲ့ value ကို $name ရဲ့ အမည်ကိုပဲပေးလိုက်ပါတယ်။ name ဆိုပြီးတော့လေ။ဒီသဘောကတော့ $firstname နဲ့ $name တို့တူတယ်လို့ သတ်မှတ်လိုက်တာပါ။ output ကို $$firstname ဆိုပြီး $firstname ကို dynamic variable အဖြစ် သုံးလိုက်ပါတယ်။ သူက $name နဲ့ associate ဖြစ်နေတော့ သူ့တန်ဖိုး ထွက်လာတာပါ။အခုထိရှင်းမှာမဟုတ်သေး ပါဘူး။ထပ်ရှင်းပါ့မယ်။
$name= “phyo”;
$firstname= “name”;
$$firstname= “wai”;
echo $name;
အထက်က code ကို run ကြည့်ပါ။ output ဘာထွက်လာမယ်ထင်လဲ။သာမန်အတိုင်းဆိုရင် $nameကို phyo လို့သတ်မှတ်ထားတာလေ။ ဒါကြောင့် phyo လို့ပဲထွက်ရမှာပေါ့။ဒါပေမယ့် wai ဆိုပြီး output ထွက်လာတာတွေ့ရပါလိမ့်မယ်။ ဒါဟာ dynamic variable ရဲ့ထူးခြားချက်ပါပဲ။သူဟာ တန်ဖိုး ပုံသေမရှိပါဘူး။ dynamic ဖြစ်နေတဲ့အတွက် အမြဲပြောင်းလဲနေနိုင်ပါတယ်။ တကယ်လို့ $$firstname ရဲ့ value ကို soe လို့ပြောင်းလဲသတ်မှတ်လိုက်ရင် $name ရဲ့ value ဟာလဲ soe ဆိုပြီးပြောင်းလဲသွားမှာပါ။ ပထမဆုံး $name ရဲ့ တန်ဖိုးကို phyo လို့သတ်မှတ်လိုက်တယ်။နောက် dynamic အဖြစ်သုံးချင်လို့ နောက် variable တခုသတ်မှတ်ပြီး value ကို ပထမ variable name ကိုပေးလိုက်တယ်။$firstname= “name” ။နောက် $$firstname= “wai” ဆိုပြီး သတ်မှတ်လိုက်တယ်။ $name ရဲ့ တန်ဖိုးကိုပြောင်းလဲသတ်မှတ်ချင်လို့။ ဒါဟာ dynamic variable ရဲ့သဘောပါပဲ။သေချာနားလည်အောင်လေ့လာကြပါ။အသုံးတော့နည်းပါတယ်။ဗဟုသုတအဖြစ်တော့ လေ့လာထားရပါမယ်။
အခုဆိုရင် variable ဆိုတာဘာလဲဆိုတာ သိကြပါပြီ။ဒါပေမယ့် variable ဟာ သူ့ချည်းသက်သက်သုံး လို့အဆင်မပြေပါဘူး။သူနဲ့ တွဲသုံးဖို့ operator တွေကိုသိထားရပါမယ်။ဆိုလိုတာက variable တခုနဲ့ တခု ပေါင်းစပ်ဖို့ဆိုရင် + operator ကိုသုံးရမှာဖြစ်သလို variable တွေ နှုတ်ဖို့ဆိုရင် - operator ကို သုံးစွဲကြရမှာဖြစ်ပါတယ်။ဒီတော့ အခု operators တွေအကြောင်းကို လေ့လာကြရအောင်။
Php အခြေခံ-3
Arithmetic Operators
Operators | Description | Example | Result |
+ | addition | X=5,x+3=? | 8 |
- | subtraction | X=5,x-3=? | 2 |
* | multiplication | X=5,x*3=? | 15 |
/ | division | X=10,x/2=? | 5 |
% | Modulus(remainder) | X=5,x%2=? | 1 |
X=10,x%8=? | 2 | ||
++ | increment | X=5,x++=? | 6 |
-- | decrement | X=5, x-- =? | 4 |
+ operator
သူကတော့ အက္ခရာသင်္ချာတွေ ပေါင်းဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ဥပမာတခုပြပါ့မယ်။
X=5,y=6 ဆိုပါတော့ဗျာ။ zရဲ့ တန်ဖိုးဟာ x နဲ့ y ပေါင်းခြင်းနဲ့ညီတယ်လို့သတ်မှတ်ချင်တယ်။ဒါဆိုရင်…
<?php
$x=5;
$y=6;
$z=$x+$y;
echo $z
?>
ဒါဆိုရင် browser မှာ $zရဲ့ တန်ဖိုး 11 ဆိုပြီးတွေ့ရမှာပါ။ဒါကတော့ + operator ကို အသုံးပြုခြင်းပါပဲ။
ကျန်တဲ့ အမြောက်၊အစား၊ရာခိုင်နှုန်းတွေအတွက် ကျနော် နမူနာ ရေးမပြတော့ပါဘူး။အလယ်တန်း လောက်ကတည်းက အက္ခရာ သင်္ချာကို သင်ကြားလာပြီးဖြစ်တဲ့အတွက် ဒါတွေကိုသိပြီးဖြစ်မှာပါ။
++ operator
သူ့ကိုတော့ အနည်းငယ်ရှင်းပြဖို့လိုပါတယ်။++ ဆိုတာ မူလတန်ဖိုးကို 1 ပေါင်းဖို့ဆိုလိုတာပါ။ဥပမာ ပြောပါ့မယ်။
<?php
$x=5;
$x++;
echo $x;
?>
ဒါဆိုရင် browser မှာ $x တန်ဖိုးကို 6 ဆိုပြီး ပြမှာပါ။$x ရဲ့ မူလတန်ဖိုးက 5ပါ။ဒါပေမယ့် $x++ ကိုအောက်တကြောင်းမှာ ရေးလိုက်တဲ့အတွက် $X ရဲ့ မူလတန်ဖိုး 5 မှာ 1 ပေါင်းပေးလိုက်ပါတယ်။
ဒါကြောင့် OUTPUT ထုတ်လိုက်တဲ့ အခါ $x တန်ဖိုးက 6 ဖြစ်သွားတာပါ။တတယ်လို့ နောက်တလိုင်း မှာ $x++ လို့ထပ်ရေးလိုက်ရင် $x တန်ဖိုးက 7 ဖြစ်သွားမှာပါ။ သူက တခါသုံးလိုက်တိုင်း 1 တိုးသွား တဲ့သဘောပါပဲ ။ဒါကြောင့် increment လို့ခေါ်တာပါ။ဒီ operator ကအသုံးများတဲ့ operator ဖြစ်ပါ တယ်။ နောက်အခါ နာရီလိုမျိုး application တွေလုပ်တဲ့အခါ loop statement တခုခုနဲ့တွဲဖက်ပြီး အသုံးပြုကြရပါမယ်။ 1,2,3,4, စသဖြင့် အစဉ်လိုက်တိုးပွားအောင် loop နဲ့လုပ်ဆောင်ရပါမယ်။ဒါတွေ ကို နောက်သင်ခန်းစာတွေမှာတွေ့ကြရမှာပါ။အခုဆိုရင် ++ operator ရဲ့ သဘောကိုသိလောက်ပါပြီ။-- operator ကိုတော့ အသေးစိတ်မရေးတော့ပါဘူး။ ++ operator ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့ arithmetic operator တွေအကြောင်းသိခဲ့ကြပါပြီ။
Assignment Operators
Operator | Example | Is The Same As |
= | x=y | x=y |
+= | x+=y | x=x+y |
-= | x-=y | x=x-y |
*= | x*=y | x=x*y |
/= | x/=y | x=x/y |
.= | x.=y | x=x.y |
%= | x%=y | x=x%y |
အခု assignment operator တွေအကြောင်းကို လေ့လာကြရပါမယ်။အထက်မှာ 7 မျိုးပြထားပါတယ်။ ကျနော် တခုစီ ရှင်းပြပါ့မယ်။ assignment operator တွေကို variable တွေရဲ့ တန်ဖိုးတွေသတ်မှတ်ဖို့ အသုံးပြုကြပါတယ်။
= operator
= operator ကို variable တွေရဲ့ တန်ဖိုးကိုသတ်မှတ်ပေးဖို့သုံးရပါတယ်။
<?php
$x;
$y;
$z=$x*$y
echo $z;
?>
အထက်ကအတိုင်းဆိုရင် $z ရဲ့ တန်ဖိုးဟာ 0 ဆိုပြီးပဲထွက်လာမှာပါ။ဘာလို့လဲဆိုတော့ $x နဲ့ $y တို့မှာ သတ်မှတ်ထားတဲ့ တန်ဖိုးတွေမရှိလို့ပါ။ဒါကြောင့် boolean တန်ဖိုး 0 ဆိုပြီးထွက်လာတာပါ။ Boolean တန်ဖိုးဟာ true or false အနေနဲ့ output ထုတ်ပေးပါတယ်။ true ဆိုရင် 1 လို့သတ် မှတ်ပြီး false ဆိုရင်0 ဆိုပြီးပြပါတယ်။အခုမှားနေလို့ 0 ဆိုပြီးပြတာပါ။ ဒါက ဗဟုသုတ အနေနဲ့ပါ။ တန်ဖိုးသတ်မှတ်ပေးချင်တယ်ဆိုရင်တော့ = operator ကိုအသုံးပြုကြရမှာပါ။
<?php
$x=5;
$y=6;
$z=$x*$y;
echo $z;
?>
အခုဆိုရင်တော့ $z ရဲ့တန်ဖိုးဟာ 30 ဆိုပြီးဖြစ်လာပါပြီ။ဘာလို့လဲဆိုတော့ $x နဲ့ $y မှာ တန်ဖိုးအသီး သီးသတ်မှတ်ထားလို့ပါပဲ။
$name= “moeaye”;
အခုဆိုရင် $name ရဲ့ တန်ဖိုး value ဟာ moeaye ဖြစ်တယ်လို့ = operator ကိုသုံးပြီးကြေငြာလိုက် တာပါ။ဒါကြောင့် web page ရဲ့ ဘယ်နေရာကမဆို $nameကို ခေါ်ယူပြီး သူ့ရဲ့ value ကိုသုံးစွဲလို့ရပြီ။ ဒါကတော့ = operator ရဲ့ အသုံးပြုပုံဖြစ်ပါတယ်။
+= operator
သူ့ကိုတော့ မူလ variable မှာတန်ဖိုးတွေထပ်မံပေါင်းစပ်ဖို့အတွက် အသုံးပြုပါတယ်။ဥပမာအနေနဲ့…
<?php
$x=5;
$x+=2;
echo $x;
?>
$x ရဲ့ မူလတန်ဖိုးက 5 ပါ ။ ဒါပေမယ့် နောက်တလိုင်းမှာ $x+=2 ဆိုပြီးရေးလိုက်တယ်။ဒါကြောင့် output မှာ 7 ဆိုပြီးထွက်လာပါတယ်။သဘောကတော့ $x ရဲ့ မူလတန်ဖိုးကို 2 ပေါင်းမယ်လို့ဆိုလို လိုက်တာပါ။ဒါကတော့+= operator ရဲ့ အသုံးဖြစ်ပါတယ်။
-= operator ကတော့ += operator ရဲ့ဆန့်ကျင်ဘက်ပါ။မူလတန်ဖိုးထဲက နောက်တန်ဖိုးကိုနှုတ်ဖို့ပါ။
*= ဆိုတာကတော့ မူလတန်ဖိုးကို နောက်ထပ်တန်ဖိုးနဲ့မြှောက်ရန်ဖြစ်ပါတယ်။
/= ဆိုတာကတော့ မူလတန်ဖိုးကို နောက်ထပ်တန်ဖိုးနဲ့စားဖို့ဖြစ်ပါတယ်။
%=ဆိုတာကတော့ မူလတန်ဖိုးကိုနောက်ထပ်တန်ဖိုးနဲ့ရာခိုင်နှုန်းချဖို့ပဲဖြစ်ပါတယ်။ စားကြွင်းကိုရှာဖို့ပါ။ 10%6 ဆိုရင် အကြွင်း 4 ဆိုပြီးရမှာပါ။
သူတို့ဟာအထက်က-ဥပမာနဲ့တင်လုံလောက်တယ်လို့ထင်ပါတယ်။သဘောတရားကတူတူပါပဲ။
ဒါကြောင့်နမူနာမပြတော့ပါဘူး။
.= operator
သူ့အကြောင်းတော့ နဲနဲပြောရပါမယ်။မူလ variable ရဲ့value မှာနောက်ထပ် value တွေကိုတွဲစပ်ဖို့ပါ။
<?php
$x=2;
$x.=5း
echo $x;
?>
Output အနေနဲ့ $x ရဲ့တန်ဖိုးဟာ 25ဆိုပြီးထွက်လာမှာပါ။ဘာလို့လဲဆိုတော့ မူလ $x ရဲ့တန်ဖိုး 2မှာ နောက်တန်ဖိုး 5 ကိုတွဲစပ်လိုက်တာပါပဲ။ဒါကြောင့် 25 ဆိုပြီးဖြစ်လာတာပါ။ပေါင်းလိုက်တာမဟုတ်ဘူး နော်။တွဲလိုက်တာဖြစ်ပါတယ်။ဒါကိုသတိပြုပါ။ဒီကောင်က ဂဏန်းတွေပဲတွဲလို့ရတာမဟုတ်ပါဘူး။text တွေကိုလဲတွဲစပ်လို့ရပါတယ်။
<?php
$x= “hello”;
$x.= “friend”;
echo $x;
?>
ဒါဆိုရင် output မှာ hellofriend ဆိုပြီးပေါ်လာမှာပါ။ $x ရဲ့ တန်ဖိုး hello နဲ့ နောက်ထပ်တန်ဖိုး friend ကို .= operator သုံးပြီးတွဲစပ်လိုက်တာဖြစ်ပါတယ်။ဒါကတော့ .=operator ရဲ့အသုံးပြုပုံပဲဖြစ်ပါတယ်။
အခုဆိုရင် assignment operator အကြောင်းလေ့လာလို့ပြီးပါပြီ။
Php အခြေခံ-4
Comparison Operators
Comparison operator တွေကို variable တွေရဲ့ value တွေတခုနဲ့တခုကို နှိုင်းယှဉ်လိုတဲ့အခါမှာအ သုံးပြုရမှာ ဖြစ်ပါတယ်။ကျနော်တခုစီရှင်းပါ့မယ်။
== operator
=operator နဲ့ မတူဘူးဆိုတာသတိပြုကြပါ။= operator က တန်ဖိုးသတ်မှတ်ဖို့ပါ။အခုဟာက နှိုင်းယှဉ်ဖို့ပါ။ကျနော် ဥပမာပြပါ့မယ်။
X=5 ဆိုရင် ဆိုလိုတာက xမှာ 5 ဆိုတဲ့ တန်ဖိုးရှိတယ်လို့ပြောတာနော်။xဟာ 5 နဲ့ တူတယ်လို့ပြောတာ မဟုတ်ဘူး။ x ဆိုတာက text ၊ 5 ဆိုတာက number ၊ မတူပါဘူး။
== operator ကို ဘယ်လိုနေရာမှာသုံးမလဲဆိုတော့ conditional statement တွေမှာသုံးရပါတယ်။ conditional statement တွေကိုတော့ ကျနော် သူတို့အခန်းရောက်မှ အသေးစိတ်ရှင်းပြမှာပါ။အခု အဓိပ္ပါယ် သိလိုရင်တော့ condition ဆိုတာ အခြေအနေတခုအတွင်းက မတူတဲ့လုပ်ဆောင်ချက်တွေ ပါပဲ။
ကျနော်တို့ website တခုကို username,password နဲ့ login ဝင်တဲ့အခါ username နဲ့ password မှန်နေရင် site ထဲကိုဝင်ခွင့်ရမယ်။မမှန်ရင် ဝင်လို့မရဘူး ။အဲလိုအခြေအနေဟာ conditional statement ပါပဲ။ ဒီဟာဖြစ်ရင် ဒါလုပ်မယ်ဆိုတဲ့သဘောပါပဲ။
အဲဒီမှာ ဘယ်လိုသတ်မှတ်ထားလဲဆိုတော့ username== “moeaye” , password==123 ဒါကိုဘာသာပြန်ရရင် username ဟာ moeaye ဆိုတဲ့ value ဖြစ်ပြီး password ဟာ 123 ဖြစ်တယ်ဆိုရင် ဝင်ခွင့်ပြုတယ်ပေါ့ ။ မဟုတ်ရင်တော့ မဝင်ရဘူးပေါ့။ user inputကနေပြီးရိုက်လိုက် တဲ့တန်ဖိုးတွေဟာ moeaye နဲ့ 123 ဖြစ်မှ site ထဲကိုဝင်ခွင့်ရမှာပါ။ ဒါကတော့ == operator ရဲ့သဘောပါပဲ။username ဟာ moeaye ဖြစ်တယ်လို့သတ်မှတ်ထားတာမဟုတ်ဘူး။ username ဟာ moeaye နဲ့ ထပ်တူဖြစ်တယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။
!= operator ကတော့ == နဲ့ပြောင်းပြန်ပါ။ မညီဘူးလို့အဓိပ္ပါယ်ရပါတယ်။ not equal ပေါ့။ သူ့ကို နောက်တမျိုးဒီလိုသုံးပါတယ်။ <> ပါ ။ $x<>5 ဆိုရင် $x ဟာ 5 မဟုတ်ဘူးလို့ ဆိုလိုတာပါ။!= နဲ့ တူတူပါပဲ။
> operator ကတော့ ကြီးခြင်းကို နှိုင်းယှဉ်ဖို့ အတွက်ပါ။ $x>10 ဆိုရင် $xဟာ 10 ထက်ကြီးတယ် လို့ဆိုလိုတာပါ။
< operator ကတော့ ငယ်ခြင်းကို နှိုင်းယှဉ်ဖို့ အတွက်ပါ။$x<10 ဆိုရင် $xဟာ 10ထက်ငယ်တယ်လို့ ဆိုလိုတာပါ။
>= operator ကတော့ ကြီးမယ်၊ဒါမှမဟုတ် ညီမယ်လို့ အဓိပ္ပါယ်ရပါတယ်။$x>=10 ဆိုရင် $x ဟာ 10ထက်ကြီးမယ်(သို့) 10 နဲ့ ညီတယ်လို့ဆိုလိုတာပါ။
<= operator ကတော့ ငယ်မယ်၊ဒါမှမဟုတ် ညီမယ်လို့ အဓိပ္ပါယ်ရပါတယ်။$x<=10 ဆိုရင် $xဟာ 10ထက်ငယ်မယ်(သို့) 10 နဲ့ညီတယ်လို့ဆိုလိုတာပါ။
ဒီ operator တွေကို ဒီနေရာမှာ ကျနော် နမူနာတွေ မပြတော့ပါဘူး။ သင်္ချာ အခြေခံသဘောတရား တွေဖြစ်တဲ့အတွက် အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။နောက်ပြီး condition statement အခန်းမှာ ဥပမာ များစွာတွေ့ရမှာဖြစ်တဲ့အတွက် အခုအခန်းမှာတော့ မှတ်မိအောင်လေ့လာထားဖို့ပဲလို ပါတယ်။
Logical Operators
Logical operator ဆိုတာကလဲ အသုံးများတဲ့ Operator တခုပါပဲ။
&& operator
အင်္ဂလိပ် အက္ခရာ and ရဲ့ အဓိပ္ပါယ်ပါ။ အခြေအနေနှစ်ခုလုံး မှန်နေတယ်ဆိုတဲ့ သဘောပါ။
$x=5;
$y=6;
if($x>3 && $y<9)
{
Echo “this is right”;
}
အထက်က codeကိုကြည့်ပါ။ $x ဟာ 3 ထက်ကြီးပြီး $y ဟာ 9 ထက်ငယ်ရင် this is right ဆိုတဲ့ string ကို output ထုတ်ပါလို့ code ရေးထားတာပါ။ အဲဒီမှာ အခြေအနေနှစ်ရပ်လုံးက မှန်နေရမယ်။ တကယ်လို့ $y ဟာ 9 ထက်ကြီးနေရင် အခြေအနေ တစ်ရပ်က မှားနေတဲ့အတွက် output ထုတ်မှာမဟုတ်ပါဘူး။ဒါကြောင့် && operator ကိုသုံးမယ်ဆိုရင် condition နှစ်ရပ်လုံးမှန်နေဖို့လိုပါ တယ်။ if ဆိုတဲ့ condition statement ကိုတော့ နောက်သင်ခန်းစာတွေမှာလေ့လာရပါမယ်။
|| operator
အင်္ဂလိပ် အက္ခရာ or ရဲ့ အဓိပ္ပါယ်ပါ။ (သို့မဟုတ်)လို့အဓိပ္ပါယ်ရပါတယ်။ သူကတော့ condition နှစ်ခုအနက်မှာ တခုတော့မှန်ရပါမယ်။ နှစ်ခုလုံးမှန်နေရင်လဲ ရပါတယ်။အနည်းဆုံးတော့ တခုမှန်ရပါမယ်။နှစ်ခုလုံးမှားနေလို့တော့ မရပါဘူး။
$x=5;
$y=6;
if($x>3 || $y>9)
{
Echo “this is right”;
}
အထက်က code မှာ $x>3 ဆိုတာမှန်နေပြီး $y>9 ဆိုတာက မှားနေပါတယ်။ ဒါပေမယ့် condition တခု မှန်နေတဲ့အတွက် this is right ဆိုတာကို output ထုတ်ပေးပါလိမ့်မယ်။ နှစ်ခုလုံးမှားနေလို့တော့ မရပါဘူး။
! operator
သူကတော့ အင်္ဂလိပ်အက္ခရာ not နဲ့ အဓိပ္ပါယ်တူပါတယ်။
<?php
$x=6;
$y=5;
if(!($x==$y))
{
echo "this is right";
}
?>
အထက်က code အရဆိုရင် $x နဲ့ $y ရဲ့ တန်ဖိုးတွေဟာ တူနေတာ မဟုတ်ဘူးဆိုရင် this is right ဆိုတဲ့ string ကို output ထုတ်ပေးပါလို့ ဆိုလိုတာပါ။$x=6,$y=5 လို့သတ်မှတ်ထားတော့ မတူဘူးလေ။ ဒါကြောင့် output ထုတ်မှာဖြစ်ပါတယ်။ သူကိုတော့ ဒါမဟုတ်ရင် ဒီလိုလုပ်ပါ ဆိုတဲ့ condition အခြေအနေတွေမှာသုံးရပါတယ်။ အသုံးများတဲ့ operator ပါပဲ။
concatenate operator
နောက်ဆုံး operator တခုကိုပြောပါ့မယ်။ concatenate operator ပါ ။ dot character ( . ) နဲ့ သတ်မှတ်ထားပါတယ်။ သူကိုတော့ string တွေ အချင်းချင်း ပေါင်းစပ်ဖို့ တခုတည်းအတွက်ပဲ သုံးပါတယ်။
<?php
$x= “hello”;
$y= “I am webdeveloper”;
echo $x. “<br/>”.$y;
?>
ဒါဆိုရင် output မှာ hello ၊ နောက်တစ်ကြောင်းက I am webdeveloper ဆိုပြီးတွေ့ရမှာပါ။$x နဲ့ $y တို့ရဲ့ string value နှစ်ခုကို concatenate လုပ်လိုက်တာပါပဲ။ ကြားထဲက <br/> ဆိုတာကတော့ line break အတွက်ဆိုတာ သိမှာပါ။ဒီ operator ကိုတော့ string တွေ အချင်းချင်း ပေါင်းစပ်ဖို့အ တွက်ပဲ သုံးလို့ရပါတယ်။
အခုဆိုရင်တော့ operator တွေအကြောင်းလေ့လာလို့ပြီးပါပြီ။ အခုဆက်ပြီး condition statement ဆိုတာ ဘာလဲဆိုတာ ဆက်ပြီးလေ့လာကြပါမယ်။
Operator | Description | Example |
== | is equal to | 5==8 returns false |
!= | is not equal | 5!=8 returns true |
<> | is not equal | 5<>8 returns true |
> | is greater than | 5>8 returns false |
< | is less than | 5<8 returns true |
>= | is greater than or equal to | 5>=8 returns |
<= | false is less than or equal to | 5<=8 returns true |
Comparison operator တွေကို variable တွေရဲ့ value တွေတခုနဲ့တခုကို နှိုင်းယှဉ်လိုတဲ့အခါမှာအ သုံးပြုရမှာ ဖြစ်ပါတယ်။ကျနော်တခုစီရှင်းပါ့မယ်။
== operator
=operator နဲ့ မတူဘူးဆိုတာသတိပြုကြပါ။= operator က တန်ဖိုးသတ်မှတ်ဖို့ပါ။အခုဟာက နှိုင်းယှဉ်ဖို့ပါ။ကျနော် ဥပမာပြပါ့မယ်။
X=5 ဆိုရင် ဆိုလိုတာက xမှာ 5 ဆိုတဲ့ တန်ဖိုးရှိတယ်လို့ပြောတာနော်။xဟာ 5 နဲ့ တူတယ်လို့ပြောတာ မဟုတ်ဘူး။ x ဆိုတာက text ၊ 5 ဆိုတာက number ၊ မတူပါဘူး။
== operator ကို ဘယ်လိုနေရာမှာသုံးမလဲဆိုတော့ conditional statement တွေမှာသုံးရပါတယ်။ conditional statement တွေကိုတော့ ကျနော် သူတို့အခန်းရောက်မှ အသေးစိတ်ရှင်းပြမှာပါ။အခု အဓိပ္ပါယ် သိလိုရင်တော့ condition ဆိုတာ အခြေအနေတခုအတွင်းက မတူတဲ့လုပ်ဆောင်ချက်တွေ ပါပဲ။
ကျနော်တို့ website တခုကို username,password နဲ့ login ဝင်တဲ့အခါ username နဲ့ password မှန်နေရင် site ထဲကိုဝင်ခွင့်ရမယ်။မမှန်ရင် ဝင်လို့မရဘူး ။အဲလိုအခြေအနေဟာ conditional statement ပါပဲ။ ဒီဟာဖြစ်ရင် ဒါလုပ်မယ်ဆိုတဲ့သဘောပါပဲ။
အဲဒီမှာ ဘယ်လိုသတ်မှတ်ထားလဲဆိုတော့ username== “moeaye” , password==123 ဒါကိုဘာသာပြန်ရရင် username ဟာ moeaye ဆိုတဲ့ value ဖြစ်ပြီး password ဟာ 123 ဖြစ်တယ်ဆိုရင် ဝင်ခွင့်ပြုတယ်ပေါ့ ။ မဟုတ်ရင်တော့ မဝင်ရဘူးပေါ့။ user inputကနေပြီးရိုက်လိုက် တဲ့တန်ဖိုးတွေဟာ moeaye နဲ့ 123 ဖြစ်မှ site ထဲကိုဝင်ခွင့်ရမှာပါ။ ဒါကတော့ == operator ရဲ့သဘောပါပဲ။username ဟာ moeaye ဖြစ်တယ်လို့သတ်မှတ်ထားတာမဟုတ်ဘူး။ username ဟာ moeaye နဲ့ ထပ်တူဖြစ်တယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။
!= operator ကတော့ == နဲ့ပြောင်းပြန်ပါ။ မညီဘူးလို့အဓိပ္ပါယ်ရပါတယ်။ not equal ပေါ့။ သူ့ကို နောက်တမျိုးဒီလိုသုံးပါတယ်။ <> ပါ ။ $x<>5 ဆိုရင် $x ဟာ 5 မဟုတ်ဘူးလို့ ဆိုလိုတာပါ။!= နဲ့ တူတူပါပဲ။
> operator ကတော့ ကြီးခြင်းကို နှိုင်းယှဉ်ဖို့ အတွက်ပါ။ $x>10 ဆိုရင် $xဟာ 10 ထက်ကြီးတယ် လို့ဆိုလိုတာပါ။
< operator ကတော့ ငယ်ခြင်းကို နှိုင်းယှဉ်ဖို့ အတွက်ပါ။$x<10 ဆိုရင် $xဟာ 10ထက်ငယ်တယ်လို့ ဆိုလိုတာပါ။
>= operator ကတော့ ကြီးမယ်၊ဒါမှမဟုတ် ညီမယ်လို့ အဓိပ္ပါယ်ရပါတယ်။$x>=10 ဆိုရင် $x ဟာ 10ထက်ကြီးမယ်(သို့) 10 နဲ့ ညီတယ်လို့ဆိုလိုတာပါ။
<= operator ကတော့ ငယ်မယ်၊ဒါမှမဟုတ် ညီမယ်လို့ အဓိပ္ပါယ်ရပါတယ်။$x<=10 ဆိုရင် $xဟာ 10ထက်ငယ်မယ်(သို့) 10 နဲ့ညီတယ်လို့ဆိုလိုတာပါ။
ဒီ operator တွေကို ဒီနေရာမှာ ကျနော် နမူနာတွေ မပြတော့ပါဘူး။ သင်္ချာ အခြေခံသဘောတရား တွေဖြစ်တဲ့အတွက် အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။နောက်ပြီး condition statement အခန်းမှာ ဥပမာ များစွာတွေ့ရမှာဖြစ်တဲ့အတွက် အခုအခန်းမှာတော့ မှတ်မိအောင်လေ့လာထားဖို့ပဲလို ပါတယ်။
Logical Operators
Operator | Description | Example |
&& | And | x=6 y=3(x < 10 && y > 1)returns true |
|| | or | x=6 y=3 (x==5 || y==5) returns false |
! | not | x=6 y=3 !(x==y) returns true |