Antivirus Software အလုပ် လုပ်မလုပ် ဘယ်လို သိ့နိုင်မလဲ

လူတစ်ချို့က ကွန်ပျူတာမှာ Antivirus Software တစ်ခုလောက်ရှိနေရင် အရမ်းကို လုံခြုံသွားပြီလို့ ထင်နေတက်ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရင်တုန်းက ဒီလိုပဲ ထင်ခဲ့တာပါ။ ကိုယ့်စက်မှာ ရှိတဲ့ Antivirus က တစ်ကယ် အလုပ်လုပ်လားလည်း မသိ့ ၊ အလုပ်မလုပ်မှန်းလည်း မသိ့၊ Update ဖြစ်မှန်းလည်း မသိ့ဘူး၊ Antivirus Update ဆိုတာလဲ လုပ်ရကောင်းမှန်း မသိ့ခဲ့ပါဘူး။ ကျွန်တော့်ကို တော်တော်များများမေးဖူးကြတယ် Antivirus Software တွေကို ဘာဖြစ်လို့ update လုပ်ပေးရတာလဲတဲ့ ??
ဒီနေ့ အင်တာနက် ခေတ်ကြီးမှာ programmer တွေအရမ်းပေါလာကြတယ်။ ကိုယ့်ကိုကိုယ် Hacker လို့ နာမည်တက်ထားတဲ့ လူတွေလည်း မရေမတွက်နိုင်အောင် ပေါ်လာကြပါတယ်။ အဲဒီထဲမှာမှ လက်စွမ်းပြချင်တဲ့သူတွေ ၊ အပြုသဘောဆောင်တဲ့သူတွေ ၊ လူတစ်ချို့ရဲ့ Security အားနည်းချက်တွေကို ထောက်ပြချင်တဲ့သူတွေ၊ တစ်ချို့လည်း ကိုယ့်ရဲ့ Skill ဘယ်လောက်ရှိလဲ စမ်းသပ်ချင်တဲ့သူတွေ အကြောင်းအမျိုးမျိုးနဲ့ တစ်နေ့တစ်နေ့ကို virus တွေက မရေမတွက်နိုင်အောင် ထွက်နေပါတယ်။ အဲဒီအတွက် Antivirus Software ထုတ်လုပ်တဲ့ Company တွေကလည်း မိမိတို့ရဲ့ Antivirus Software တွေမှာ အသစ်အသစ်သော Virus တွေကို ကာကွယ်နိုင်ဖို့အတွက် Update တွေ ထုတ်ပေးနေရပါတယ်။ အလွယ်ဆုံးပြောရရင် 6.2.2012 ရက်နေ့မှာ antivirus software ကို update လုပ်ထားမယ်ဆိုရင် အဲဒီ 6 ရက်နေ့ နောက်ပိုင်း ထွက်လာတဲ့ virus အသစ်တွေကို Antivirus Software က မသတ်နိုင်တော့ပါဘူး။ မသိ့တော့ပါဘူး။ အဲဒီအတွက် ခင်ဗျားတို့ရဲ့ Antivirus Software ကို အနည်းဆုံးတစ်ပါတ် တစ်ခါလောက်တော့ update ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Antivirus Software က Real Time Protection ရော On ထားရဲ့လား ။ အချိန်နဲ့အမျှ ကိုယ့် computer ကိုကာကွယ်ပေးနိုင်တယ်ဆိုတာရော ဘယ်လို သိ့နိုင်မလဲ။ Company တွေက အာမခံတယ် ထားဦးတော့ လူတွေရဲ့စိတ်က ကိုယ်ကိုကိုယ်တိုင်မှ လက်တွေ့မမြင်ရရင် မယုံချင်ကြဘူးဗျ ။ အဲဒီအတွက် အခုကျွန်တော် ပြောတဲ့ နည်းလမ်းလေးနဲ့ စမ်းကြည့်လိုက်ပါ။
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
အပေါ်ကရေးထားတဲ့ Code လေးကို copy ကူးပြီး notepad ထဲကို ထည့်လိုက်ပါ။ ပြီးရင် filename တစ်ခုပေးပြီး desktop ပေါ်မှာ .bat နဲ့ save လိုက်ပါ။ ခင်ဗျားတို့ရဲ့ Antivirus Software သာ တစ်ကယ်အလုပ်လုပ်ခဲ့မယ်ဆိုရင် .bat file လေးက Desktop ပေါ်ကို save လိုက်တာနဲ့ ပျောက်သွားပါလိမ့်မယ်။ တစ်ကယ်လို့ Antivirus Software က အလုပ်မလုပ်ဘူးဆိုရင်တော့ အဲဒီ File လေးက Desktop ပေါ်မှာ ပေါ်နေပါလိမ့်မယ်။
အဲဒါဆိုရင်တော့ ခင်ဗျားအခု သုံးနေတဲ့ Antivirus Software ကို ဖြုတ်ချပြီး တစ်ခြား Software တစ်ခုကိုသာ ပြောင်းသုံးလိုက်တာ အကောင်းမွန်ဆုံး အဖြေတစ်ခု ဖြစ်လာပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေကြပါစေ .... လေးစားစွာဖြင့် .... သူရ