Sunday, 22 April 2012

Things need to do after installing Backtrack 5

BackTrack Binary_00009
BackTrack စသုံးပြီဆိုတာနဲ့ တွေ့လိုက်ရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်များ နှင့် သင့်ရာဆိုင်ရာများကို ဟိုဟိုဒီဒီမှ ရှာဖွေရင်း ဖော်ပြလိုက်ရပါသည်.။
Linux ဖြစ်၍ Beginner များအတွက် ခက်ခဲသည်က တစ်ကြောင်း Ubuntu လောက် User Friendly မဖြစ်တာကတစ်ကြောင်းကြောင့် စတင်သုံးစွဲသူများအဖို့ အခက်အခဲတွေတွေ့ရတတ်ပါတယ်
ပထမဆုံးစက်ကိုစဖွင့်လိုက်ကာရှိသေး အသံမထွက်ဘူး ဖြစ်နေတတ်ပါတယ် :-D ဒီမှာကိုစကွိုင်ပါလေရော အဲ့ဒါလေးကိုပထမဆုံးပြင်လိုက်ရအောင်
system>preferences>startup application ကိုအဆင့်ဆင့်သွားပြီးဖွင့်လိုက်ပါ နောက် ကျလာတဲ့ boxမှာ add ကိုနှိပ်ပါ ပြီးရင် စာကြောင်းဖြည့်ဖို့သုံလိုင်းကျလာပါမယ် အောက်ကကုဒ်တွေကိုတစ်ခုချင်းစီ ဖြည့်လိုက်ပါ…….
Pulseaudio daemon
/usr/bin/pulseaudio
Start the sound daemon.
ပြီးရင် save ကိုနှိပ်ပါ..နောက် restart ချလိုက်ပါ
sound system ပြင်လို့ပြီးပါပြီ……….
2 .ပြီးရင် Wireless ချိတ်ဖို့လုပ်ကြရပါ့မယ် wireless ချိတ်ဖို့ wicd ကိုသွားရပါ့မယ်
နောက် wicd network manger error ကိုပြင်မယ်ပေါ့…
applications>internet>wicd network manger  ကို အဆင့်ဆင့်သွားဖွင့်လိုက်ပါ….error တက်နေတာကိုတွေ့ရပါလိမ့်မယ် .
terminal ကိုဖွင့်လိုက်ပါ root account နဲ့ အောက်က Command နှစ်ကြောင်းရိုက်လိုက်ပါ
dpkg-reconfigure wicd
 update-rc.d wicd defaults 
နောက်ထုံးစံအတိုင်း
termianl ထဲမှာ ကိုယ့် Ip ကို manual အနေနဲ့ထည့်ပါမယ်
ifconfig eth0 192.168.1.112/24
route add default gw 192.168.1.1
echo nameserver 192.168.1.1 > /etc/resolv.conf
ip နေရာမှာကိုယ့် ip နဲ့ gw နေရာမှာ ကိုယ့် proxy ကိုထည့်နော်….
အဆင်ပြေပါစေ……….
Basic software required in backtrack
ခေါင်းစဉ်အတိုင်းပဲ အခြေခံအကျဆုံး software တွေကိုသွင်းပါမယ်…….
၁။ gtalk အတွက် empathy ကိုသွင်းပါမယ် empathy ဆိုတာ Gtalk အပြင် အခြားသော Facebook , Yahoo Mail , Hot Mail တို့ကိုပါ အသုံးပြုနိုင်သော Instant Messager ပါ .
command line ကတော့ terminal ထဲမှာ
apt-get install empathy
ပေါ့ နော် U နဲ့ကွာတာဆိုလို့ sudo ပါတာနဲ့မပါတာပဲကွာတယ် အော်အေး အဲ့ sudo အကြောင်းနဲနဲလေရှည်လိုက်အုံးမယ် U မှာက သူက root အနေနဲ့အ၀င်ထားလို့ sudo ခံရတာပါ bt မှာက စ၀င်ကတည်းက root နဲ့ဝင်ထားလို့ ခံစရာမလိုတော့တာပါ တော်တော်များများသိမယ်လို့ထင်ပါတယ် သူ့ command တွေကအားလုံးလိုလိုတူပါတယ်..
၂။ flashplugin ကို Install လုပ်ပါမယ်
ထုံးစံအတိုင်းပေါ့ apt-get install flashplugin-installer ဆိုရပါပြီ
၃။ Movie/Video player ကို install လုပ်ပါမယ် ကျွန်တော်စမ်းကြည့်သလောက်တော့ totem media player ကအကောင်းဆုံးပါပဲ bt နဲ့တည့်ပါတယ်
ထုံးစံအတိုင်းပေါ့ apt-get install totem-gstreamer ပေါ့ သွင်းပြီးသွားရင် codec တွေကိုထပ်သွင်းရပါမယ် အမျိုးမျိုးသော Video ဖိုင်တွေကိုဖတ်အောင်လို့ပါ အောက်က ကုဒ်လေးကိုထပ်သွင်းလိုက်ပါ…..
apt-get install ubuntu-restricted-extras
apt-get install w32codecs
apt-get install w32codecs libdvdcss2 ပြီးပါပြီ……..နောက်တစ်ခုပေါ့
၎။ အော်အရေးကြီးဆုံးတစ်ခုသွင်းဖို့ကျန်နေသေးတယ်…….
ubuntu software centre လေ သွင်းတာပေါ့နော့် သူရှိရင်အားလုံး အဆင်ပြေတယ်လေ
ထုံးစံအတိုင်းပေါ့ apt-get install software-center
ပေါ့ ရပါပြီ အဲ့ဒါဆိုကိုယ်ကြိုက်တာထည့်လို့ရပါပြီ……..

၅။ video editing လုပ်ချင်တဲ့သူတွေအတွက်
apt-get install pitivi ပေါ့
၆။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ CD ခွေတွေကိုဖွင့်ပါတယ် CD အတွက်အသင့်တော်ဆုံးကတော့ Rhythmbox ပါပဲ သွင်းရအောင်
apt-get install rhythmbox ပေါ့ ဘယ်လောက်လွယ်လဲ ပျော်စရာကြီးနော် window လို software ၀ယ်ရတာနဲ့ crack/serial ထည့်ရတာတွေလုံးဝမရှိဘူး အားလုံး free ဟီးဟီး ပျော်လိုက်တာပြောရင်းနဲ့တောင် ပိုက်ပိုက်ကုန်တော့ဘူး….
တစ်ချို့လိုအပ်တဲ့ software တွေကို ubuntu software centre ကနေပဲသွင်းလိုက်ရင်အဆင်အားလုံးပြေသွားပါပြီ။
၇.Zawgyi font install လုပ်နည်းလေးကြည့်ရအောင်
ပထမဆုံး…….ဇော်ဂျီဖောင့်ကို အင်တာနက်ကနေ download ရယူပါ
http://code.google.com/ မှာ zawgyi font tar file ဆိုပြီးရှာလိုက်ပါ နောက်ဆုံးထွက်တဲ့ဗားရှင်းကိုဒေါင်းလိုက်ပါ ဟီးဟီး
desktop ပေါ်တင်ပါ tar file လေးနဲ့ကျလာပါမယ်
tar file ကိုဖြေပါမယ် ပုံမှာကြည့်ပါ သုံးရမယ့်ကွန်မန့်တွေကတော့
cd Desktop/
Desktop ပေါ်ရောက်သွားပါပြီ
နောက် ls ကိုပေးပါ
zawgyi_keyboard-0.3.3.tar.gz ဆိုပေါ်လာပါမယ် ပုံမှာလဲပြထားပါတယ်
tar file လေးကို extract လုပ်ပါမယ် tar xvf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်လိုက်ပါ နောက် enter ပေါ့ ပြီးရင် ls နဲ့ပြန်ကြည့်ပါ ဇော်ဂျီဆိုတဲ့ဖိုင်လေး Desktop ပေါ်ရောက်နေပါလိမ့်မယ်

နောက် အဲ့ zawgyi ဆိုတဲ့အခန်းထဲကိုဝင်ပါ ပြီးရင် python နဲ့ run လိုက်ပါ
python zawgyi_keyboard.py လို့ရိုက်လိုက်ပါ ပြီးရင် enter နှိပ်ပါ နောက် Install လုပ်ဖို့ i ကိုနှိပ်လိုက်ပါ install လုပ်ပြီးရင် q နဲ့ထွက်လိုက်ပါ ပုံမှာပြထားပါတယ်။

ပြီးသွားရင် keyboard layout နှင့် keyboard option ကိုပုံမှာပြထားတဲ့အတိုင်း ပြင်လိုက်ပါ





ဇော်ဂျီကိုသွင်းပြီးပါပြီ
ဒါဆိုရင်တော်တော်အဆင်ပြေသွားပါပြီ…. ကျေးဇူးတင်ပါတယ် ^_^