Sunday, 22 April 2012

  • Virus အမျိုးအစားခွဲခြားခြင်း..

၁။ComputeVirus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ
၂။Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..
၃။worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..
၎။Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..
Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)
၅။Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...
၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :Dအချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ် ကွန်ပျူတာ သုံးနေရာမှ ပိတ်ပြီး ပြန်ဖွင့်လိုက်သည့်အခါနကိုတင်ထားသည့်desktopbackgroundမှာမရှိတော့ဘဲအမဲရောင်မျက်နှာပြင်အလယ်တွင်စာတမ်းသာပေါ်နေတော့သည်။
ထို့ပြင် ညာဘက် အောက် Taskbar တွင်လည်း မကြာခဏ အသံပေးခါ Antivirus ၀က်ဆိုက် တခုဖြစ်သည့် Antivirus XP ကို အကြိမ်ကြိမ်ခေါ်ကာ ၀ယ်ဖို့ချည်ပြောနေတော့သည်။အဆိုပါ (tab) တက်ဘ်ကို ပိတ်လိုက်လည်း ခဏသာခံပြီး မကြာမီ ပြန်ပေါ်လာပြန်သည်။ Task Bar တွင်လည်း သတိပေး စာတန်းက မိနစ်မပြတ်ပေါ်ကာ မြင်ကွင်းကို အနှောင့်အယှက်ပေး နေတော့သည်။ဝင်းဒိုးစ် Task Manager ခေါ်ဦးမှ ဟု စဉ်းစားပြီး Ctl+Alt+Del ကီးသုံးခုကို နှိပ်ကြည့်လိုက်တော့ Task Manager ကိုပါ Administrator လုပ်ပိုင်ခွင့် မရှိဟုဆိုပြီး ပိတ်ထားလိုက်သည်ကိုတွေ့ရတော့သည်။ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံရှိ ကွန်ပျူတာသုံးစွဲသူများနှင့် အခြားဒေသများမှ သုံးစွဲသူများကိုပါ ဒုက္ခပေးနေသည်မှာ Virtumonde အမည်ရှိသည့် Adware ဗိုင်းရပ်စ် တမျိုးဖြစ်သည်။အဆိုပါ Virtumonde အက်ဒ်ဝဲသည် အန္တရာယ် ပေးနိုင်သည့် အဆင့်မြင့်မားပြီး Windows စနစ်များအနက် Windows 95 မှ စပြီး XP အထိ ဒုက္ခပေးနိုင်သည် ဟုသိရသည်။မိမိကွန်ပျူတာ ၏ Desktop မျက်နှာပြင်ပေါ် တဖျတ်ဖျတ်ဖြင့်ပေါ်လိုက်၊ အသံပေးလိုက်၊ ထိုအသံကြားသည့် Wizard ကို သွားနှိပ်လိုက်သည့် အခါ အင်တာနက် Browser ကိုဖွင့်ပြီး Anti-Virus ဆော့ဖ်ဝဲကို ၀ယ်ဖို့ကြော်ငြာလိုက်ဖြင့်အလုပ်ကောင်းကောင်း မလုပ်နိုင်အောင် ဒုက္ခပေးနေတော့သည်။ ထို Adware မှာ registry modify လုပ်ခွင့်၊ Windows Update လုပ်ခွင့်တို့ကို ပိတ်ပင်ထား လိုက်ပြီး My Documents (Explorer) ကိုသာ တွင်တွင်ပွင့်စေသည်။ထိုဗိုင်းရပ်စ်မှာ ၀က်ဆိုက်အချို့တွင်ပါရှိသည့် (Ad) ကြော်ငြာ၊ (Popup Ad) ကြော်ငြာတို့မှ တဆင့်ကူးစက်ဘွယ်ရှိသည်ဟု ဆန်ဖရန်စစ်စကိုမြို့မှ အိုင်တီ ပညာရှင်တဦးက ပြောဆိုသည်။
ဖယ်ရှားနည်း
ရှေးဦးစွာ system recovery point တခုကို လုပ်ရန်အတွက် (Start Menu>Programs>Accessories>System Tools>System Restore) အထက်ပါ အဆင့်အတိုင်း သွားပြီး System Tools ထဲမှ System Restore ဖြင့် မိမိ မှတ်ထားသည့် System Restore ပွိုင့် တခုကို ပြန်သွားသည့် နည်းဖြစ်သည်။ဤနည်း အလုပ် မဖြစ်ခဲ့လျင် System Restore ကို Off လုပ်ပြီး အခြား နောက်ဆုံး ဗားရှင်းဖြစ်သည့် စပိုင်ဝဲ၊ အင်တီ ဗိုင်းရပ်စ် တခုခု ဖြင့် ရှင်းရတော့မည် ဖြစ်သည်။ System Restore ကိုမပိတ်ထားလျင် ကွန်ပျူတာပိတ်ပြီး ပြန်ဖွင့်သည့် အခါ မိမိကွန်ပျူတာပေါ် ယခုရောက်နေသည့် (Adware Virus) အက်ဒ်ဝဲ ဗိုင်းရပ်စ်က အလိုအလျောက် ရှင်သန်လာပြီး ပြန်ပေါ်လာနိုင်သည့် အတွက်ဖြစ်သည်။ အထက်ပါ System Restore ဖြင့် အလုပ်မဖြစ်ခဲ့လျင် Avast! HomeEdition, Spybot S&D, Prevx CSI, နဲ့ ZoneAlarm Free Edition (firewall) တို့အနက်မှ တခုခုကို ဒေါင်းလုပ်လုပ်ပါ။ ထို့နောက် မိမိကွန်ပျူတာကို စကင်လုပ်ပြီး ရှင်းထုတ်နိုင်ပါသည်။ ထိုသို့ စကင်လုပ်ပြီးနောက် ပေါ်ထွက်လာမည့် ဖိုင်များထဲတွင် Prevx CSI ကဲ့သို့ အမည်ရှိသည့် ဖိုင်များ ပါဝင်မည် ဖြစ်ပြီး ထိုဖိုင်များကို ဖျက်ပစ်ကာ ကွန်ပျူတာကို ပြန် ရီဘုတ် (reboot) လုပ်လိုက်ပါက Virtumonde Adware ပျောက်ပျက် သွားမည် ဖြစ်ပါသည်။ ထို့နောက် Windows Live OneCare ကို ၀က်ဆိုက်မှ Download လုပ်ယူပြီး မိမိကွန်ပျူတာကို Scan လုပ်ပါ။ Scan လုပ်ပြီး သည့်နောက် ကွန်ပျူတာကို Restart တစ် ကြိမ်ပြန်လုပ်ပြီး Window နှင့်ပတ်သက်သည့် နောက်ဆုံး update လုပ်စရာ ရှိသည်များကိုလုပ်ပါ။ဆေးမမီခဲ့သော် အခြေအနေဆိုးသည့် ကူးစက်ခြင်းဖြစ်ခဲ့လျင် Norton www.symantec.com ၀က်ဆိုက်သို့သွားပြီး Vundu Fix ဆိုသည့် ဖိုင်၊ Trojan.Vundo Removal Tool by Symantec နှင့် VirtumundoBeGone တို့ကို ကူးယူပါ။ ထို့နောက် ကွန်ပျူတာကို အင်တာနက် အဆက်အသွယ်များ ရပ်ထား၊ ကြိုးဖြုတ်ထားပါ။ ၀ိုင်ယာလက် အင်တာနက် သုံးခြင်းဖြစ်လျင် ၀ါယာလက် ကဒ်သို့မဟုတ် ခလုပ်ကို ပိတ်ထားပါ။ ပြီးလျင် ကွန်ပျူတာကိုRestart လုပ်ပြီး F8 ခလုပ်ကို နှိပ်ကာ ၀င်းဒိုးစ် Safe Mode ဖြင့်ဖွင့်ပါ။ မိမိကွန်ပျူတာ တွင် Install လုပ်ထားသည့် Antivirus Software များက အချက်ပေးတာမျိုး မြင်ရမှာ ဖြစ်သဖြင့် ထိုသို့ အချက်မပေးမီ ကတည်းက Anti-Virus Application များကို ရပ်ထားလိုက်ပါ။ ထို့နောက်တွင် ၀င်းဒိုးစ် Saft moad ထဲတွင် Vundu Fix ကို ပထမဆုံး Run ပါ။အဆိုပါ ပရိုဂရမ်က ဖိုင်များကို စကင်လုပ် ရာတွင် အချိန်အနည်းငယ် ကြာလိမ့်မည်ဖြစ်ပြီး ၊ အဆိုပါ အဆင့်ပြီးမှ Vundo Removal Tool ကိုဖွင့်ပြီး စကင်လုပ်၍ပေါ်လာသည့် မလိုလားအပ်သည့် ဖိုင်များကိုရှင်းထုတ်ပါလိမ့်မည်။ ရှင်းထုတ်ခြင်း မပြုမီ လုပ်၊ မလုပ် အတည်ပြုချက်ကို “လုပ်မည်” ဟုပေးလိုက်ပြီး ရှင်းလင်းခိုင်းပါ။ အဲဒီနောက်တွင် ကွန်ပျူတာကို Restart လုပ်ရန်မေးမြန်းလာလျင် လုပ်ဖို့ညွှန်ကြားလိုက်ပြီး နောက်တကြိမ် Window Safe mode တွင် VirtumundoBeGone ပရိုဂရမ်ကို Run ပါ။ ပြီးနောက်ဆုံးအဆင့်တွင်မှ ComboFix ကို Run ရမည် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေစဉ်အတွင်းကွန်ပျူတာ၏ မောက်စ်နှင့် ကီးဘုတ်ကို မကစားရပါ။ အထက်ပါ အဆင့်များ အားလုံးပြီးလျင် ရှင်းလင်း လုပ်ဆောင်မှုများအတွက် Report ထွက်လာပါလိမ့်မည်။ ပြီးနောက် တွင်ဝင်းဒိုးစ် ကိုတစ်ကြိမ်ထပ်မံrestart လုပ်ပြီး နောက် Window Live OnecareဲကိုDownlaodလုပ်ယူပြီးကွန်ပျူတာတွင် Install လုပ်ပါ။ လိုအပ်သည့် Window Update များကိုလည်း လုပ်ဆောင်ပါ။ အထက်ပါ ကဲ့သို့ အဆင့်များကို တဆင့်ချင်း ညွန်ကြားထားသည့် အတိုင်းလုပ်ဆောင်သွားလျင် ကူးစက်နေသည့် Vundu Adware ပျောက်ပျက်သွားမည် ဖြစ်ပါသည်။

၇။Crimeware
Crimewareဆိုတာကတော့Spyware,Adware,Malwareအမျိုးအစားတွေထဲမှာပါပါတယ်..သူ့ရဲ့ရည်ရွယ်ချက်ကတော့financialcrimeတွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...။
၈။Malware အကြောင်း
ခုတလော.....Virus အသစ်တွေ ပေါ်နေသလို တခြားနည်းနဲ့ စက်ကို လေးအောင် လုပ်တတ်တဲ့အရာတွေလည်း အမျိုးမျိုးရှိနေတယ်..။
အခု ကျွန်တော်ပြောမှာက Malware အကြောင်းပါ...။ဥပမာဗျာ...အထူးသဖြင့်...သူငယ်ချင်းတို့ ရဲ့ Gtalk မှာစာရေးတယ် ၊ဖိုင်တွေဖွင့်တဲ့ အခါမှာ တော်တော်နဲ့မပွင့်ပဲ လေးနေတယ်..၊ဆိုရင် ဒါကို ကျွန်တော်အတွေ့အကြုံအရ Malware ကြောင့်ပါပဲ...။Gtalk မှာစာတွေရေးတဲ့ အခါမှာ ကိုယ်အခုရေးနေတဲ့ အခါမှာ မပေါ်သေးဘူး...။
ဒါပေမဲ့ ..Enter နှိပ်လိုက်ရင်တော့ ရောက်သွားတယ်..ဆိုရင်...ကိုယ်ဖွင့်တဲ့ ဖိုင်လေးက တော်တော်နဲ့ မပွင့်ပဲ....လေးပြီးနေတယ် ဆိုရင်...ဒါဟာ ....Malware ကြောင့်ပါ...။

SVCHOST.EXE ကိုသတ်မယ်
SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..
တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယအကယ်လို့များမိမိကွန်ပျူတာမှာဝင်နေရင်စမ်းကြည့်ကြပါလား..အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်
1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..
2.RunCommand(Windows+R)ကိုခေါ်ပြီးRestoreလို့ရိုက်ထည့်ပြီးEnterနှိပ်လိုက်ပါပြီးရင်Tool>FolderOptionsကိုသွားပါပြီးရင်ViewTabအောက်မှာShow Hidden Files & FoldersကိုCheck လုပ်ပါနောက်တဆင့်အနေနဲHide Protected Operating Files Systemကို Uncheck လုပ်ပေးပါOperating Files Systemကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့်သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ.အဲဒီအခါRestore Folderအောက်မှာsvchost ဆိုတဲ့Fileရယ်၊Data ဆိုတဲ့Folderလေးရယ်မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်ရဲရဲသာဖျက်လိုက်ပါ..Shift+Del နဲ့နော်သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့
3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါstartup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်...