အချို့ web page တွေမှာ right click (သို့) left click ကို kill ထားတတ်ကြပါတယ်။ အထူးသဖြင့် အင်တာနက်မှတဆင့် ရောင်းဝယ်ရေးလုပ်သည့် page များမှာ သုံးတတ်ပါတယ်။ စာတွေကိုဖော်ပြထားပြီး မကူးယူနိုင်အောင် kill ထားတတ်ကြပါတယ်။ တချို့ဘလောဂ့်နဲ့ စာမျက်နှာတချို့က လိုက်ပြီး right click ထောက်လို့မရအောင်၊ copy ကူးလို့မရအောင် လုပ်ထားတတ်ကြပါတယ်။ အကယ်၍ အဲ့လို စာမျက်နှာမျိုးတွေနဲ့တွေ့ချိန်မှာ ကူးချင်ရင်တော့ ...
၁။ right click မရသော (သို့) copy ကူးခွင့်ပိတ်ထားသော စာမျက်နှာကို ဖွင့်လိုက်ပါ။
၂။ အဲ့ဒီ စာမျက်နာ လုံးဝ ကောင်းကောင်းပေါ်လာပြီဆိုရင် အပေါ်က address bar မှာ ရှိနေတဲ့ မူရင်း address နေရာမှာ (မူရင်း address ကို ဖျက်ပြီး) အောက်က စာကြောင်းကို copy & paste လုပ် ပြီး Enter ခေါက်လိုက်ပါ။
javascript: document.body.contentEditable='true';document.designMode = 'on' ; void 0
၃။ ပြီးရင် right click ထောက်လို့ရရုံမျှမက အကုန်လုပ်လို့ရတာကို တွေ့ရပါလိမ့်မယ်။
Ref: Win Ka Bar Kyaw
အရင်အတိုင်းပြန်ဖြစ်ချင်ရင် refresh or F5 key လုပ်ပေးလိုက်ပါ...
ကျွန်တော်လည်း ဒီကုတ်ကို မသိခင်က ကူးချင်ရင်
Option>content ကိုသွားပြီး Enable Javascript မှာ အမှန်ခြစ်ဖြုတ်ပြီး ကူးလိုက်..ပြီးရင်ပြန်ထည့်လိုက်နဲ့..တော်တော်ရှုပ်တယ်ဗျ....