Virus
Virus ဆိုတာ Self-replicating code ဟုခေါ်သော မိမိဖာသာ ပုံတူပွားနိုင်သော Virus ကုဒ်များအား ထည့်သွင်းထားသည့် excute လုပ်နိုင်သော ဖိုင် တွေဖြစ်ပါတယ်..Excute လုပ်နိုင်သော Host File တခုလိုပါတယ်.. Excute လုပ်နိုင်သော Host ဖိုင်ဆိုတာကတော့ (.exe/.com/.bat) တို့ဖြင့်အဆုံးသတ်လေ့ရှိသော ဖိုင်များဖြစ်ပါတယ်…
အဲဒီ Host ဖိုင်များ ကို Excute လုပ်သေအခါမှသာလျှင် ဗိုင်းရပ်စ် ကုဒ်များ Excute လုပ်ပီး ဗိုင်းရပ်စ့် ကူစက်ပြန့်နှ့ပါတော့တယ်..ဒါကြောင့် ဗိုင်းရပ်စ့် ပါလာတဲ့ ဖိုင် တခ မိမိ ကွန်ပျူတာထဲသို့ စတင်ေ၇ာက်ရှိသာသော်လည်း ချက်ချင်း Harm မဖြစ်ပါ… ထိုဖိုင်ကို double ကလစ်ပေးပီး ဖွင့်ကြည့်မိတဲ့အချိန်မှ ထိုဗိုင်းရပ်စ် စတင်အလုပ်လုပ် ပီး စက်ကိုဒုတ်ခပေးပါတော့တယ်…
Worm
Worm များသည်လည်း ဗိုင်းရပ်စ့်ကဲ့သို့ပင် ပုံတူပွားနိုင်သော Program များပင်ဖြစ်ပါတယ်..
သို့သော် ဗိုင်းရပ်စ်များကဲ့သို့ excute လုပ်ရန် Host ဖိုင်မလို။ မိမိ ဖာသာ excute လုပ်ပီး ပျံ့နှံ့နိုင်ပါတယ်။ အီးမေးလ် များသည် worm များ၏ အနှစ်သက်ဆုံးကူသန်းသွားလာေ၇း လမ်းကြောင်းကြီးဖြစ်သည်။ အများအားဖြင့် outlook express ကဲ့သို့သော email client program များကိုဝင်ေ၇ာက်ထိန်းချုပ်ပီး Address Book များထဲတွင်ရှိသော လိပ်စာများဆီသို့ Attachment များတွင်ကွယ်ဝှက်လိုက်ပါပီး message များကိုအလိုအလျောက်ပို့လွှတ်လေ့ရှိပါတယ်… အချို့သော worm များသည် ဖွင့်ကြည့်စရာမလိုပဲ preview pane တွင်ကြည့်ယုံဖြင့်ကူးစက်ခံရနိုင်ပါတယ်……..
Trojans
Trojan horse များသည် ဗိုင်းရပ်စ် များကဲ့သို့ပုံတူမပွားနိုင်တာလွဲလို့ကျန်တာသော ဆောင်ရွက်ပုံမှာ အတူအတူပင်ဖြစ်သည်…. ထရိုဂျန်များဟာ တိတ်တခိုးဝင်ေ၇ာက်နိုင်အောင်ရည်ရွယ်ထားသောကြောင်းတခါတလေ Anti-Virus program များမှာတခါတလေ မမြင်နိုင်သောကြောင့် pass(FUD) Fully Undetected! (ဟက်ကာတွေအတွက်နေ့ထူးနေ့မြတ်ပေါ့ :lol:း) ထရိုဂျန်တွေဟာ အသုံးပြုသူ၏ Personal Security များသာမက System များထိပါ နည်းလမ်းအသွယ်သွယ် ဒုတ်ခပေးနိုင်ပါတယ်… ပြောရရင်တော့ အီးမေး မှာပါလာတဲ့ Attactment ဖိုင်ကိုဖွင့်လိုက်တဲ့ အချိန်မှာပဲဖြစ်ဖြစ် ၀က်ဆိုက်တခုခုကို သွားေ၇ာက်ကြည့်ရှုတာမှဖြစ်စေပါလာနိုင်ပါတယ်…(ကိုယ်တိုင်တော့မကြုံဖူးသေး ၀က်ဆိုက်မှာတော့ :D)
အဲဒီလိုပါလာတဲ့ Trojan တွေဟာ ကွန်ပျူတာရဲ့ Registry & Strat Up area ထဲမှာသူ့ဖာသာဝင်ေ၇းပီးနေရာယူတတ်ပါတယ်…..အင်စတော လုပ်ပီး နေရာယူဝင်သွားပီ ဆိုရင်တော့ သူတို့ကို ဖြုတ်ပစ်ဖို့ စောက်ရမ်းခက်ပါ၏်…. အကောင်းဆုံး Anti- Virus တောင်မှ အမြဲတမ်း Detected မလုပ်နိုင်ပါဖူး.. တကယ်လို့တွေ့ခဲ့ရင်လည်း ဆရာ့ဆရာကြီးတွေေ၇းထားတာဆိုရင် ဖြုတ်ပစ်ဖို့လုံးဝကိုမလွယ်တာပါ။…. Registry ထဲမှာ ထားတတ်တာကြောင့် Trojan များဖြုတ်ထုတ်ရင်း System ဖိုင်များ မှားဖျက်မိပါက ဒွတ်ခလှလှကြီးနဲ့ ညားပါတော့မယ်… ၄င်း Trojan အား Completely ဖျက်မထုတ်နိုင်ပါက ကွန်ပျူတာ Restart တာနဲ့ သူ့ဖာသာ Reload ပြန်လုပ်ပီးနေနိုင်ပါသေးတယ်….
Trojan အမျိုးအမျိုးရှိသည့်အနက် ဟက်ကာများဟာ Remote Administrator Trojan လို့ခေါ်တဲ့Trojan အမျိုးအစားကိုအသုံးပြုပီး ကွန်ပျူတာထဲဝင်ေ၇ာက်နိုင်ရန် အသုံးပြုလေ့ရှိပါတယ်…
Virus Hoaxes
Virus Hoaxes ဆိုတာကတော့ Virus ကဲ့သို့ပုံတူပွားပီး(Replicate) ကူးစက်စေနိုင်သော Program များမဟုတ်ပဲ ဗိုင်းရပ်စ့်အကြောင်းဆက်နွယ်ပီး မမှန်မကန် သိတိပေးချက်ပါဝင်သော Message များဖြစ်ပါတယ်..အများအားဖြင့် တယောက်မှတယောက် အီးမေးများ Forward လုပ်ခြင်းဖြင့်ပျံ့နှံ့စေပါတယ်။ အနီးစပ်ဆုံးဖြင့်မြန်မာမှုပြုလျှင်ရွှေပေလွှာသဘောမျိုးဖြစ်ပါလိမ့်မယ်။
Hoaxes တွေထဲမှာ Technical နှင့်ဆက်နွယ်သောအကြောင်းအ၇ာများကို နားလည်ရန်ခက်ခဲသောစကားလုံးများဖြင့်ေ၇းသားဖော်ပြထားပီး အခြားသူများဆီသို့ဆက်လက်ပို့လွှတ်ရန် Request လုပ်လေ့ရှိပါတယ်… Hoaxes Message များဟာ ကွန်ပျူတာကိုတိုက်ရိုက် ဒုတ်ခမပေးနိုင်ပါဖူး။ ဒါပေမယ့်လည်း အချို့သော့ hoaxes များဟာ ဗိုင်းရပ်စ့်ကဲ့သို့ ဒုတ်ခပေးနိုင်စွမ်းကြီးမားပါ၏။ Hoax တခုမှာဆိုရင်ကွန်ပျူတာထဲမှာသေချာပေါက်ရှိသော ဖိုင်တခုကို ဗိုင်းရပ်စ့် ပါသောဖိုင်တခုအဖြစ် သတိပေးရှာခိုင်းထားပီး ဖျက်ပစ်ရန် အကြံပြုတတ်၏ ထို့ကြောင့် hoaxes များဟာ ဗိုင်းရပ်စ့်များကဲ့သို့ တိုက်ရိုက် ဒုတ်ခ မပေးနိုင်ပါဖူး သို့ပေမဲ့လည်း စိတ်ရှုပ်ထွေးပီး Message များကို ယုံယောင်ပီး မှားဖျက်မိပါက …………………….. ! Hoaxes ဗိုင်းရပ်စ်များဟာ မရှိမဖြစ် System များကို ဖျက်ခိုင်းတတ်လေ၏..း)
ယခုအချိန်တွင် သာမန် ကွန်ပျူတာ User များသည် Virus ဟု သိမ်းကြုံးခေါ်ဝေါ်နေကြ၏