ကမ္ဘာအရပ်ရပ်မှ Hacker များ - ၂
အပိုင်း ၁ မှ အဆက်............
အရင် အပိုင်း၁ မှာတုန်းက hacker ၃ ယောက်အကြောင်း ရေးခဲ့ပါတယ်။ အခု အပိုင်း ၂ မှာတော့ hacker တွေ တော်တော်များများရဲ့ အကြောင်း စုံအောင်ဖော်ပြပေးချင်ပါတယ်။
အရင် အပိုင်း၁ မှာတုန်းက hacker ၃ ယောက်အကြောင်း ရေးခဲ့ပါတယ်။ အခု အပိုင်း ၂ မှာတော့ hacker တွေ တော်တော်များများရဲ့ အကြောင်း စုံအောင်ဖော်ပြပေးချင်ပါတယ်။
သူကတော့ အမေရိကန် နိုင်ငံသားဖြစ်ပြီးတော့“grey hat” hacker တစ်ယောက်ပါ။ သူ့အကြောင်းကိုလူသိများလာတာကတော့ အမေရိကန်က နာမည်ကြီး သတင်းစာ The New York Times, Yahoo!,Microsoft စတဲ့ နာမည်ကြီး ကုမ္ပဏီတွေရဲ့ ကွန်ယက်ထဲကို ချိုးဖျက်ဝင်ရောက်ခဲ့လို့ဖြစ်ပါတယ်။ သူ့ကို ဒီအတွက် ၂၀၀၃ ခုနှစ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၀ မှာတော့ သူဟာ အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကိုBradley Manning ဆိုသူဟာ ၀ီကီလိခ်ကို အမေရိကန် ရဲ့လျှို့ဝှက်ချက်တွေကို ပေးပို့တယ်လို့သတင်းပို့ခဲ့ပါတယ်။ ဒီအတွက် Manning ဟာ ၂၀၁၀မေ လမှာ အဖမ်းခံခဲ့ရပါတယ်။ Forbes မဂ္ဂဇင်းရဲ့အဆိုအရတော့ Lamo ဟာ FBI နဲ့ NSA (National Security Agency)စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့Project Vigilant မှာ security specialist အဖြစ် လုပ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
Steve Jobs ကိုတော့ လူသိများပေမယ့် သူ့ကိုတော့လူသိနည်းကြမယ်လို့ထင်ပါတယ်။ Woz ဟာ Apple ကွန်ပျူတာကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူပါ။ Apple Iနဲ့ Apple II ကို သူတီထွင်ခဲ့တာဖြစ်ပါတယ်။ သူဟာ “Whit hat” hacker တစ်ယောက်ဖြစ်ပြီးတော့ သူနဲ့သူ့ရဲ့ သူငယ်ချင်းကြီး SteveJobs တို့ပူးတွဲပြီးတော့ Blue box ဆိုတဲ့ လျှပ်စစ် ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒါကတော့ နယ်ဝေး တယ်လီဖုန်း ခေါ်ဆိုမှု့တွေကိုfree call အနေနဲ့ ခေါ်ဆိုလို့ရတဲ့ ပစ္စည်းလေးပါ။ တစ်ခါတုန်းက Woz ဟာ ပုပ်ရဟန်းမင်းကြီးဆီကိုHenry Kissinger (အမေရိကန် နိုင်ငံရဲ့ ၅၆ ယောက်မြောက် အတွင်းရေးမှုး) လေသံ ဂျာမန်သံဝဲ၀ဲပုံစံဖမ်းပြီးတော့ ဖုန်းခေါ်ဖူးပါသတဲ့။
သူကတော့ black hacker တစ်ယောက်ဖြစ်ပြီး ခုတော့Wired.com မှာ အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။ ၁၉၈၀ ပိုင်းတုန်းကတော့ ကီဗင်ဟာ hacker တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ မနက်ပိုင်းမှာတော့ SRI International မှာ အလုပ်လုပ်ပြီးတော့ညပိုင်းဆိုရင်တော့ hack ပါတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင်ကီဗင်ဟာ အမေရိကန် ဆိုင်ဘာ ရာဇ၀တ်မှု့တွေထဲမှာ လူသိအများဆုံး hacker တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူကို လူတိုင်းလေးစားလောက်ရတဲ့ hacking တစ်ခုကတော့အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ့်က ရေဒီယို KIIS-FM ရဲ့ တယ်လီဖုန်းလိုင်းတစ်ခုလုံးကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၁၀၂ ယောက်မြောက် ဖုန်းခေါ်သူဟာ ပြိုင်ကား Porsche 994 S2 ရမယ်လို့ ကြော်ငြာထားတဲ့အတွက်၁၀၂ ယောက်မြောက်ဖုန်းခေါ်သူ ဖြစ်ဖို့ ဒီလို တယ်လီဖုန်းလိုင်းတစ်ခုလုံးကို hack ခဲ့တာဖြစ်ပါတယ်။ သူဟာ ငွေကြေးခ၀ါချမှု့တွေလည်း လုပ်ခဲ့သလို၊ FBI ကိုလည်းhack ပြီးတော့ FBI က ထောက်ပံပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သတင်းအချက်အလက်တွေကိုရယူခဲ့ပါတယ်။ ဒီအတွက် သူဟာ ၅၁ လ ထောင်ဒဏ်ပေးခံရပြီးထောင်ကလွတ်မြောက်လာတဲ့ အခါမှာတော့ သတင်း အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။
သူကတော့ Apple ရဲ့ iPhone တွေကို Jailbreak(unlocking) လုပ်ဖို့အတွက် hack လုပ်တာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် iPhoneဟာ အခြားသော wireless carrier တွေကို အသုံးပြုနိုင်သလို application တွေကိုလဲ စိတ်ကြိုက် ထည့်သွင်းလို့ရပါတယ်။ နောက်ပိုင်းမှာတော့ PS3 ကိုပါ hack လုပ်ခဲ့ပြီးတော့ Sony က သူ့ကို တရားစွဲခဲ့ပါတယ်။
သူကတော့ ကမ္ဘာပေါ်မှာ ပထမဆုံး ကွန်ပျူတာ ဗိုင်းရပ် (computer worm) ကိုတီထွင်သူပါ။ သူတီထွင်တဲ့ ဗိုင်းရပ်စ်နာမည်က Morris Wormb ဖြစ်ပါတယ်။ ဒီအတွက် ကွန်ပျူတာပေါင်း များစွာ ထိခိုက်ခဲ့ပါတယ်။ ဒီအတွက် သူ့ကို Computer Fraud and Abuse Act နဲ့ဆွဲချက်တင်ခဲ့ပြီး ၃ နှစ်ထောင်ဒဏ်နဲ့ နာရီ ၄၀၀ လူမှု့ရေးလုပ်ငန်းတွေ လုပ်ကိုင်စေပြီးဒေါ်လာ ၁သောင်း ၅၀ ဒဏ်ငွေရိုက်ခဲ့ပါတယ်။ ခုတော့မန်ဆာချူးဆက် နည်းပညာ တက္ကသိုလ်(Massachusetts Institute of Technology) မှာ Professorလုပ်နေသလို Y Combinator ဆိုတဲ့ ကုမ္ပဏီရဲ့ ပါတနာ လည်း ဖြစ်ပါတယ်။
ဗလာဒီမာဟာ dial-up wire transfer service ကိုသုံးပြီးတော့CitiBank ရဲ့ user name တွေနဲ့ passwark တွေကို hack ခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ အကောင့် ပိုင်ရှင်တွေဆီက ငွေ ၁၀.၇သန်းကို ခိုးယူခဲ့ပါတယ်။ ဒီအတွက် သူ့ကို ထောင်ဒဏ်၃ နှစ်ပေးခဲ့ပြီး Citybank ကလည်း သူ့ရဲ့ လုံခြုံရေးစနစ်ကို တိုးမြှင့်ခဲ့ပါတယ်။
သူကိုတော့ “အခမဲ့ ဆော့ဖ်ဝဲတွေရဲ့ ဖခင်ကြီး”လို့ ခေါ်ကြပါတယ်။ သူဟာ copyright ဆိုပြီးဟစ်ကြွေးနေကြလို့ copyleft ဆိုတဲ့ အတွေးအခေါ်ကို မျိုးစေ့ချပေးခဲ့တဲ့ လူပါ။ သူဟာ ဆော့ဖ်ဝဲ တစ်ခုဟာ ကန့်သတ်ထားတဲ့ လူတွေ အတွက်ပဲသုံးခွင့်ရှိတာမဟုတ်ဘူးလို့ ယူဆတဲ့အတွက် ဆော့ဖ်ဝဲတွေရဲ့ codes တွေကို ဖျက်ဆီးခဲ့ပါတယ်။
သူ့ကို တော့ ဂျပန်နိုင်ငံမှာမွေးဖွားပြီးခုတော့ အမေရိကန်နိုင်ငံသား ပါတယ်။ သူရဲ့ ကျော်ကြားစေတဲ့လုပ်ရပ်ကတော့ hacker Kevin Mitnick ကို FBI က ဖမ်းဆီးနိုင်အောင် ကူညီပေးခဲ့လို့ပါ။
LinusTorvalds - သူကတော့ Linux kernel ဆိုတဲ့ open source ကို စတင် ဖန်တီးသူပါ။
LoydBlankenship - သူကတော့ hacker name အဖြစ် +++The Mentor+++ ဆိုတဲ့ နာမည်ကိုသုံးပါတယ်။ Extasyy Elite နဲ့ Legion of Doom ဆိုတဲ့hackers group ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
SvenJaschan - သူကတော့ NetSky worms နဲ့ Sasser worms ဆိုတဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်တွေကိုဖန်တီးခဲ့သူပါ။
Reference : (www.wikipedia.org, Link 1)
Photos : from Google search