Tuesday, 27 March 2012


 ကွန်ပြူတာ အကြောင်းလေး တွေ သိသလောက်လေးပြောပြပေးမယ်နော် ..

Post by pooh.kglay on Fri Jul 16, 2010 3:01 pm
ကွန်ပြူတာကို အပိုင်းခွဲကြည့်မယ် ဆိုရင်တော့ နှစ်မျိုးပဲ ရှိပါတယ် ... 
၁ ။ Hardware 
၂ ။ Software ပဲဖြစ်ပါတယ် ခင်ဗျာ .. 

ံHardware အကြောင်းလေး တွေ ကိုအရင်ပြောပြပါမယ် ... 

Hardware အကြောင်းကို တက်ချင်ရင် သိချင်ရင်တော့ အရင်ဦးဆုံး ကွန်ပြူတာဆိုတာဘာလဲ လို့သိရပါမယ် ဒါကြောင့် ဒီနေ့ တော့ မိတ်ဆက်အနေနဲ့ ကွန်ပြူတာ ဆိုတာ ဘာလဲ ဘယ်ကစပြီးပေါ်ပေါက်လာတယ် ဆိုတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်.. အားလုံးပဲ နားနဲ့ မနာ မျက်လုံးနဲ့ နာကြပါ...

What is Computer?

ကွန်ပြူတာ မိတ်ဆက်နှင့် သိထားသင့်သော အကြောင်းအရာ အကျဉ်းချုံး

ကျွန်တော် တို့ သုံးနေတဲ့ ကွန်ပြူတာကြီးရဲ့ အစကတော့ Calculator အကြီးစားကြီးပဲဖြစ်ပါတယ် Calculator လိုမျိုး ဂဏန်းတွေတွက်ချက်ရင်း နဲ့ နောက်ပိုင်းမှာ ပြင်ရင်းဆင်ရင်းနဲ့ ပဲ
အခုကဲ့သို့ လူဦးနှောက် လို့ (သို့) လူဦးနှောက်ထက်ကောင်းသော လျှပ်စစ်ပစ္စည်း ကြီးတစ်ခုဖြစ်လာခဲ့ခြင်းပါ.. ကွန်ပြူတာရဲ့သဘောတရားကတော့ ပြင်ပ (Input Device)တွေက
ဝင်လာတာတွေကို မှတ်ထားနိုင်ခြင်း ပြန်လည် ဖြေရှင်းကာ Output device တွေဆီကို တင်ပြပေးနိုင်ပါတယ်..

ကွန်ပြူတာ တဲ့ .. ကျွန်တော်တို့သုံးနေတဲ့ ကွန်ပြူတာတွေကိုတော့ Personal Computer (PC)လို့ခေါ်ကြပါတယ် ဒါအကြောင်းအရာလေးက လဲ သိသင့်တယ်ထင်ပါတယ် တစ်ချို့တွေ
က PC ဆိုရင် ကွန်ပြူတာလို့ပဲ သိကြတာဗျ ဘယ်လို ကွန်ပြူတာမှန်းမသိကြပါဘူး.. (Personal ဆိုတာက တစ်ကိုယ်ရေ / ကိုယ်ပိုင် / ကိုယ်ရေးကိုယ်တာ)ဒါကြောင့် PC ဆိုတာ က
တစ်ယောက်သုံး ပစ္စည်းပေါ့နော် ကွန်ပြူတာ တစ်လုံးကို တစ်ယောက်ပဲ သုံးနိုင်ခြင်းကို ဆိုလို့ပါတယ်..တခြားကွန်ပြူတာ အမျိုးအစားတွေ များစွာ ရှိပါသေးတယ်...

ကွန်ပြူတာ မှာဆိုရင် Hardware ကိုင်တွယ် ထိတွေ့ လိုရတာနဲ့ Software ကိုင်တွယ်ထိတွေ့ လို့ မရတာနဲ့ ဆိုပြီး နှစ်မျိုး ခွဲထားပါတယ် ..Hardware နဲ့ Software နဲ့ ကတော့ ဒွန်တွဲ
လျက်ရှိပါတယ် .. Hardware သာရှိပြီး Software မရှိဘူး ဆိုရင် သုံးလို့ ရတဲ့ ကွန်ပြူတာ တစ်လုံး ဖြစ်လာမှာ မဟုတ်ပါဘူး ထို့နည်းတူ Software က ရှိနေပြီး Hardware က မရှိဘူး ဆို
ရင်လဲ အဆင်မပြေပါဘူး .. ဒါပေမယ့် အခု pooh ကလေး က Hardware & Network engineer တစ်ယောက် ဖြစ်တဲ့ အတွက် Hardware အကြောင်းကို အဓိက ပြောသွားမှာ ဖြစ်ပြီး ဆော့ဝဲ အကြောင်း
ကတော့ Hardware နဲ့ အဓိက သက်ဆိုင်တဲ့ OS Operation System နဲ့ Driver အကြောင်းကိုပဲ တင်ပြပေးသွားမှာ ဖြစ်ပါတယ်..

ကျွန်တော်သိသမျှဝေမျှခြင်းသာဖြစ်ပါသည်...

နောက်ရက်ကြရင်တော့ လဲ သိတာလေးတွေ ဆက်လက်ဝေမျှပေးသွား
ပါမယ် ခင်ဗျာ ... 
အချိန်မအားလပ်တာကြောင့် စာတွေများကြီး ခေါင်းရှုပ်နေတာကြောင့်
တစ်ခြားအကြောင်းကြောင်း ကြောင့် လစ်ဟာမှူများရှိခဲ့တဲ့အတွက်/
ရှိခဲ့ပါက ကြိုတင်တောင်းပန်အပ်ပါသည်..

pooh.kglay


Posts: 7
ကျေးဇူးတင်ခံရမူ: 6
Join date: 2010-07-15
Age: 21
Location: ရန်ကုန်

View user profile
Back to top Go down







 ကွန်ပြူတာတစ်လုံး

Post by pooh.kglay on Sun Jul 18, 2010 2:50 pm
လက်ရှိသုံးလို့ရနေတဲ့ ကွန်ပြူတာ တစ်လုံးပါ မြင်နေရတာတွေကတော့ ဟက်ဝဲတွေချည်းပဲ ဟဲဟဲ :haha:

ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Personal computer(pc) နဲ့ပဲ တင်ပြပေးသွားမှာ ဖြစ်ပါတယ် ကွန်ပြူတာတစ်လုံးဖြစ်လာဖို့အတွက် အစိတ်အပေါင်းမြောက်များစွာပါဝင်တဲ့ system တစ်ခုလိုပါတယ်
အဲဒီမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေကတော့ - အောက်ပါတို့ပဲဖြစ်ပါတယ်..
1. CPU ( Central Processing Unit) Processor
2. Mother Board (system board)
3. Memory
4. Hard disk drive ( HDD )
5. Power supply
6. Monitor
7. VGA port & VGA cable 
8. keyboard
9. Mouse 

ကဲဗျာ ဒီအစိတ်အပိုင်းတွေ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ PC ဆိုတာကြီးက ဖြစ်လာပါပြီး သုံးလို့ ရပြီလားလို့မေးလာရင်တော့ သုံးလို့မရသေးပါဘူး OS (Operation System) လိုပါသေးတယ် 
OS တွေကိုကတော့ Microsoft ကထုတ်တဲ့ OS ရှိမယ် apple ကထုတ်တဲ့ OS ရှိမယ် linux ကထုတ်တဲ့ OS ရှိမယ်ခင်ဗျ.. OS တင်ခြင်းကိုရက်ကွက်ထဲက အခေါ်အဝေါ်ကတော့ Window တင်တယ်
ပေါ့ နော် တကယ်တော့ window တင်တယ် ဆိုတာက Microsoft ကထုတ်တဲ့ window xp ,window vista,window 7 ,etc... စသည်တို့ တင်ခြင်းကို ခေါ်တာပါ ထို့ကြောင့် window တင်တယ်လို့
ဆိုခြင်း တယ် OS တင်တယ် ဆိုရင် ပိုကောင်းလိမ့်မယ်ထင်ပါတယ် ....

ကျွန်တော် ကို ကွန်ပြူတာ Hardware ကို အပိုင်းငါးပိုင်းခွဲပြီး သတ်မှတ်ထားပါတယ် 
(၁) CPU (Central Processing Units) 
(၂) Memory Units
(၃) Input Units
(၄) Output Units
(၅) Power Supply Units 
တို့ပဲ ဖြစ်ကြပါတယ် ...

(၁) CPU (Central Processing Units) 
CPU (Central Processing Units) ကိုတော့ ကျွန်တော်တို့ က processor ဟု နောက်တစ်မျိုးခေါ်ပါသေးတယ် Processor ကတော့ ကွန်ပြူတာ တစ်လုံးရဲ့ ဦးနှောက်ပင် ဖြစ်ပါတယ် 
သူက တွက်ချက်မှုကိုလုပ်ဆောင်နိုင်ပါတယ် .. ထိန်းချူပ်မှု အပိုင်းကိုလဲ လုပ်ဆောင်ပေးနိုင်ပါတယ်.. CPU အကြောင်း အသေးစိတ်ကို တော့ နောက်အခန်းတွေမှာ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်..

(၂) Memory Units 

Memory အပိုင်းမှာတော့ ကျွန်တော်တို့ နှစ်မျိုးခွဲထားပါတယ် ခင်ဗျာ 
1. Primary Memory 
2. Secondary Memory 

1. Primary Memory
Primary Memory ရဲ့ သဘောကတော့ ယာယီ သိုလှောက်မှုပါပဲ ခင်ဗျာ... သူက ပါဝါ ရနေတဲ့ အချိန်မှာ သိုလှောင်ထားနိုင်ပြီး ပါဝါ မရရှိတော့ တဲ့ အချိန်မှာ တခြားStorge Device
ထဲကို အချိန်မှီ မသိမ်းစည်းနိုင်ပါက ပျောက်ပျက်သွားမှာဖြစ်ပါတယ် .. Memory အကြောင်းရောက်ရင် အသေးစိတ် ပြောပြပေးသွားမှာဖြစ်ပါတယ်

2. Secondary Memory 
Secondary Memory ကတော့ သိုလှောင်မှု သက်သက်သာ ဖြစ်ပါတယ် သူက ပါဝါ ရှိရှိ မရှိရှိ အလုပ်လုပ် နိုင်ပါတယ် ပါဝါ ရှိနေတဲ့ အချိန်မှာ သိမ်းစည်း ထားနိုင်ပြီး ပါဝါ မရှိတော့ တဲ့ အချိန်မှာတော့ သိုလှောင်ထားနိုင်ပါတယ်.. Memory အကြောင်းရောက်ရင် အသေးစိတ် ပြောပြပေးသွားမှာဖြစ်ပါတယ်

(၃) Input Units
Input Units ကတော့ ကွန်ပြူတာထဲ တွက်ချက်မှု အပိုင်းကို Data နဲ့ Program တွေကို ထည့်သွင်းပေးတဲ့ Device တွေပဲ ဖြစ်ကြပါတယ် သူအကြောင်းကတော့ နဲလို့ တစ်ခါတည်း ရှင်းလိုက်ပါတော့မယ် 

Input Units
Eg.. Keyboard , Mouse , Scanner, Mic , Light pen , etc 
အခုတော့ Keyboard and Mouse အကြောင်းလေးရှင်းပြပေးပါမယ် 

Keyboard 

ခေါင်း သုံးမျိုးရှိပါတယ် Normal (5 pin)
PS/2 (6 pin)
USB (4 pin) 
တို့ပဲ ဖြစ်ပါတယ်..

အခု အသုံးများနေတာကတော့ PS/2 နဲ့ USB ပါ ကျွန်တော်ကတော့ USB 
ကို ကြိုက်ပါတယ် PS/2 က စက် run နေတဲ့ အချိန်မှာ ဖြုတ်လိုက်တက်လိုက်
လုပ်လို့ မရပါဘူး USB ကတော့ ကြိုက်တဲ့ အချိန်တက် ကြိုက်တဲ့ အချိန် ဖြုတ်
လို့ ရပါတယ် Mouse တွေမှာလဲ တုတူပါပဲ ခင်ဗျာ 

Mouse 

မောက်စ် မှာလဲ ခေါင်းသုံးမျိုး ရှိပါတယ် 

Normal /စီရီရယ် (9pin)
PS/2 (6Pin)
USB (4Pin)

တို့ပဲ ဖြစ်ကြပါတယ် .. 

ဝါယာလက် ကီးဘုတ်တွေ မောက်တွေမှာ လဲ USB sensor တွေပါပါတယ်.. (ကက်သီးကတ်ဖဲ့ မေးမှာ ကြောက်လို့ ဟီဟီ :2: )

(၄)Output Units
Output Units တွေကတော့ ကွန်ပြုတာ ရဲ က ထွက်လာတက် တွက်ချက်မှု နှင့် အခြားရလဒ်များကို လူသားတွေ နားလည်အောင် 
ပြသ ပေးနိုင်တဲ့ Device တွေပဲ ဖြစ်ပါတယ် .. သူတို့ က ပုံစံ နဲ့ ပြနိုင်တယ် ELectornic စာလုံးတွေ သင်္ကေသ တွေ ဂဏန်းတွေ စာ၇ွက်တွေ
ပေါ်မှာ ပုံနိုင်ပြခြင်းတွေ အသံဖြင့် ဖော်ပြခြင်း ဒါမှမဟုတ် ပုံဖြင့် ပြသခြင်းတို့နဲ့ လူသားတွေ အတွက်နားလည်အောင် ပြုလုပ်ထားတဲ့ Device တွေ
ပဲ ဖြစ်ပါတယ် .. ဥပမာ အနေနဲ့ printer ,speaker,Moniter, etc... Moniter အကြောင်းကို နောက် သင်ခန်းစာတွေမှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်

(၅)Power supply Unit 
ကွန်ပြုတာ ရဲ အရေးအကြီးဆုံး ဖြစ်တဲ့ System box ဖြစ်တဲ့ ပုံးထဲမှာပါသော Mother,cpu က အစ led မီးသီးလေး တွေ ထိ ကို ပါဝါပေး
ထားတာကတော့ Power Supply Unit ပဲ ဖြစ်ပါတယ် .. 

Power supply 
power supply မှာ က 220(AC) ရှိပါတယ် ဒါပေမယ့် DC ပြောင်းပြီး ဘုတ်ပေါ်တက် ပေးတဲ့ အခါ မှာတော့ 110 ပဲချပေးပါတယ် ..

Power supply မှာ connector များစွာပါရှိပါတယ် 
1. Main power connector
2. Minimolex power connector
3. Molex Power connectors
4. Help power connector

AT Mother board (ဟိုးအရင်သုံးခဲ့တဲ့ Mother board ) တွေအတွက်ဆိုရင်
Main Power connector တွေက
6 Pin နှစ်ချောင်းပါပါတယ် 

- voltage 5V ကနေ 12v ထိရပါတယ်
-80 w ကနေ 250 w ထိရှိပါတယ်..

ATX Mother board တွေအတွက် ဆိုရင် 
Main Power connector တွေက
20 Pin တစ်ချောင်း နဲ့ 4 Pin တစ်ချောင်းနဲ့ ပါလာပါတယ် 
20 pin ကို support လုပ်ရင် 20 pin တစ်ချောင်းထဲ သုံးနိုင်အောင်
လို့ ခွဲထားပေးခြင်းဖြစ်ပါတယ် 

- voltage 5V ကနေ 12V ကနေ 3.3V ထိရနိုင်ပါတယ်.
-300w ကနေပြီး 650w ထိရနိုင်ပါတယ်
-Pantiun 4 Motherboard တွေမှာ ဆိုရင်တော့ 
4pin 12V power connector လေးပါ ပါရှိလာမှာ ဖြစ်ပါတယ်..

pooh.kglay


Posts: 7
ကျေးဇူးတင်ခံရမူ: 6
Join date: 2010-07-15
Age: 21
Location: ရန်ကုန်

View user profile
Back to top Go down







 Re: ကွန်ပြူတာ အကြောင်းလေး တွေ သိသလောက်လေးပြောပြပေးမယ်နော် ..

Post by လက်ဝဲကျွန်းသား on Sun Jul 18, 2010 2:55 pm
အပီလန်းတယ်သားကြီး မသိတာတွေ သိရလို့ကျေးဇူးပဲ့ Shocked

လက်ဝဲကျွန်းသား
Admin

Posts: 72
ကျေးဇူးတင်ခံရမူ: 3
Join date: 2010-05-07

View user profile http://ourdawei.goodforum.net/
Back to top Go down







 Re: ကွန်ပြူတာ အကြောင်းလေး တွေ သိသလောက်လေးပြောပြပေးမယ်နော် ..

Post by pooh.kglay on Mon Jul 19, 2010 3:26 am
[color=green]
ကွန်ပြူတာ မှာ အပြင်ပိုင်း မြင်တွေ နေရတဲ့ Device လေးတွေ ကို အရင် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ...
တက်ကျွမ်းသူများ ရှိပါက လဲ ကျွန်တော် ပိုစ့်လေးတွေသည် Basic အဆင့်လောက်သာဖြစ်သော ကြောင့် နားလည်စေချင်ပါတယ်..

what is monitor? 
မော်နီတာ ဆိုရင်တော့ သိကြမှာပါ..Output device ထဲမှာပါပါတယ် သူကလဲ မရှိမဖြစ်လို့အပ်တဲ့ Hardware device အမျိုးအစားပါ ပြီးခဲ့တဲ့ ပိုစ့်မှာတုန်းက ပြောခဲ့သလိုပဲ က
လူတွေနားလည်လာအောင် system ပိုင်းက တွက်ချက်မှုတွေနှင့် အခြားရလဒ်တွေကို ဖော်ပြပေးနိုင်တဲ့ ပစ္စည်းတစ်ခုပါ....
(ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် မော်နီတာ ကို တီဗီ လို့ပဲ သိတာပါ ) 

Monitor ဆိုတာက ကွန်ပြူတာရဲ့ Primary Output Device ပဲ ဖြစ်ပါတယ် ...
Monitor ကို အဓိက အားဖြင့် နှစ်မျိုး ခွဲထားပါတယ် ခင်ဗျာ ..
သူတို့ ကတော့ ၁။ CRT ( Cathode Ray Tube ) 
၂။ LCD ( Liquid Crystal Display) တို့ပဲ ဖြစ်ကြပါတယ် ... 

၁၊ CRT ( Cathode Ray Tube ) 
CRT ကိုတော့ ခု နောက်ပိုင်းမှာ သိပ်မသုံးတော့ပါဘူး ... သုံးတဲ့ လူတွေလဲ သုံးနေကြတုန်းပါ .. CRT မှာ နှစ်မျိုး ရှိပါသေးတယ် 
1. CRT Cave ( မှန်ခုံး ) 
2. CRT Flat ( မှန်ဖြောင့် ) 


၂။ LCD ( Liquid Crystal Display ) 
LCD ကိုတော့ ခု နောက်ပိုင်းမှာ လူတိုင်းလို လို အသုံးများလာကြတာတွေ့ရပါတယ် သူမှာ CRT ထက်သာတဲ့ အားသာချက်တွေ တော်တော်များများတွေ့လာရပါတယ် 
CRTထက် အဓိက အားသာချက်တွေ ကတော့ - size and weight မှာ LCD က များစွာ အားသာလာပါတယ် 
- Resolution and colour ကာလာပိုင်းမှာလဲ အားသာလာပါတယ် 
- ပါဝါသုံးစွဲတဲ့ နေရာမှာလဲ နည်းလာပါတယ် 
- ဈေးနှုန်း ကလဲ သိပ်မကြီး ပါဘူး နောက်ပိုင်း Japan ထုတ် NEC တွေ ဆိုရင် 80000 လောက်ပဲ ရှိပါတယ် ( အသစ်ကို ပြောတာပါ ) 
- နောက်ဆုံးတစ်ခု ကတော့ ကျန်းမာရေးအတွက် ပါပဲ CRT လိုမျိုး LCD က မျက်လုံးကို ထိခိုက်နိုင်တဲ့ Radiation တွေကိုလဲ မထုတ်လွတ်တော့ပါဘူး

Size.. 

Monitor ရဲ့ Size ကိုတော့ AVS (Actual Viewable Size ) နဲ့ ပဲ တိုင်းပါတယ် ရုပ်ထွက် မြင်ရနိုင်တဲ့ နေရာကိုပဲ တိုင်းခြင်းလို့ ဆိုလိုပါတယ် 



တိုင်းတဲ့ အခါမှာလဲ ပုံမှာကဲသို့ ဒေါင်ဖြတ်တိုင်းပါတယ် .. 
size တွေကတော့ 14 လက်မ , 15 လက်မ , 17 လက်မ , 19 လက်မ ကနေပြီး 46 လက်မ ထိ ရှိပါတယ် ) 
Control system ကတော့ - Analog ( ကျွန်တော်တို့ မော်နီတာ ရဲ့ အောက်ခြေမှာ ရှိတဲ့ ဘီးလေး တွေနဲ့ ချိန်ရတဲ့ Control ပါ ) (ဆရာသင်တုန်းက ရှင်းပြထားတာပါ သေချာတော့ တွေ့ဖူးဘူး :4:)
- Digital မှာတော့ သုံးမျိုးခွဲထားပါတယ် .. 
1. Switch Type ( သူကတော့ အခုလူသုံးများနေတဲ့ Monitor တွေမှာပါပါတယ် သူက မော်နီတာမှာ ပါတဲ့ ခလုတ်တွေကို နိုပ်ပြီး တော့ control ပေးရတာပါ )
2. Touch screen ( သူကတော့ နိုပ်စရာမလိုဘဲ လက်လေးနဲ့ screen က controller လေးတွေကို ထိပြီး တော့ control ပေးရတာပါ )
3. Remote control ( သူကတော့ အဝေးထိန်း နည်းစနစ်ပါ )

Screen Type 

wide type 

square screen 

Resolution 

Resolution ကိုတော့ dpi နဲ့တိုင်းပါတယ် dpi ရဲ့ အရှည်ကတော့ dots per inch ပါ တစ်လက်မှမှ ရှိတဲ့ အစက်အပြောက် အရည်အတွက်ကို ဆိုလိုတာပါ 
သူကတော့ ရှင်းရှင်းလေး ပါပဲ တစ်လက်မ မှာ ရှိတဲ့ အစက်အပြောက်အရည်အတွက်ဟာ များလာပြီ ဆိုရင် resolution ကကောင်းလာမှာ ဖြစ်ပါတယ် .. 
များလာ လေ အစက်လေး တွေက စိပ်လာမှာ ဖြစ်ပါတယ် .. စိပ်လာလေ ရုပ်ထွက် ကောင်းလေ ပါပဲ အစက်လေးတွေကိုတော့ pixel လို့ ခေါ်ပါတယ် 
အရင်တုန်းက ကာလာ သုံးခုနဲ့ ပါ RGB လို့ ခေါ်ပါတယ် အနီရောင်ရယ် အစိမ်းရောင်ရယ် အပြာရောင်ရယ်ပါ အဲကာလာ သုံးခု ပေါင်းလိုက်ရင် traid လို့ 
ခေါ်လို့ရပါတယ် နောက်ပိုင်းမှာတော့ CMYK c=cyan , m=magenta,y=yellow,k=black တို့ကိုသုံးလာကြပါတယ်...

800*600 dpi မှာဆိုရင် 800က ၁လက်မ မှာ အလျားလိုက် ၀င်ဆန့်တဲ့ ပမာဏပါ 600 ကဒေါင်လိုက် ၀င်ဆန့်တဲ့ ပမာဏပါ သူတို့ကို မြောက်လိုက်ရင် 
တစ်လက်မမှာ ရှိတဲ့ အစက်အပြောက်အရေအတွက် 480000 ကို ရရှိပါလိမ့်မယ်...
ကဲ ဒါဆိုရင် 1024*768 နဲ့ 800*600 နဲ့ဆိုရင် ဘယ်သူက ပိုပြီး ကောင်းမလဲ 1024*768=786432 ရပါတယ် သူက အစက်အပြောက်ပိုများတဲ့ အတွက် 
ပိုပြီးတော့ ရုပ်ထွက် ကောင်းပါတယ် .. 

Colour system 4 ခုရှိပါတယ် 

MGA ( Monochrome Graphic Array) မှာ ကာလာ system က black and white ဖြူမဲ ပဲရပါတယ်
CGA ( Colour Graphic Array ) မှာတော့ ကာလာ 16 ကာလာကနေ 256 ကာလာထိရနေပါပြီ
VGA ( Video Graphic Array ) မှာတော့ ကာလာ 256 ကနေပြီးတော့ 65535 or 65536 ကာလာထိ ရနေပါပြီ 
ှSVGA (Super video Graphic Array ) သူကတော့ ကျွန်တော်တို့ လက်ရှိမြင်နေရတဲ့ ရုပ်ထွက်တွေပါပဲ အများဆုံး 1677216 ကာလာထိရနေပါပြီ 


ကဲ ဒီနေ့ ပိုစ့်လေး ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ကြအောင် ..
ပြန်စစ်ဖို့ အချိန် သိပ်မရတဲ့ အတွက် အမှားပါခဲ့ ရင် ခွင့်လွတ်ပါဗျာ ...