ဒီတစ်ခါဟက်ကာ အကြောငိး ရှယ် လိုက်မယ်..........(ဟက်ကာအကြောင်းသိမှ ကာကွယ်နိုင်မှာပါ..)ဟက်ကာတစ်ဦးဘယ်လိုဖြစ်လာနိုင်မလဲ။
"Hacker... vs .. Creator "
Hacking, DDoS နှင့် လူနှစ်ဦး
newbies hacker tutorial (လျို့ဝှက်ချက်လေးများ)
ဟက်ကာ ဘာလဲ၊ ဘယ်လဲ
ဟက်ကာ အန်ဒါဂရောင်း Handbook PDF
How To Hack CafeZe
သူများ အီမေးလ်ထဲကို မေးလ်ပို့ပြီး password hack မလား
==>Hacker
Hack ကြည့်ချင်ရင်..............
ဟက်ကာတစ်ဦး ဘယ်လိုဖြစ်လာနိုင်မလဲ။
Eric Steven Raymond ရဲ့How To Become A Hacker ကို ကိုစံပီးက ဘာသာပြန်ထားတာ ဖြစ်ပါတယ်။အကျိုးရှိ ပို့စ်လေး တစ်ခု ဖြစ်တဲ့အတွက် ကျွန်တော် ပြန်လည် ဝေမျှလိုက်ပါတယ်။
ဟက်ကာ ဖြစ်ချင်တယ်… ဟက်ကာဆိုတာ ဘာလဲ…ဒီမေးခွန်းက အရမ်းကို တွေ့ရတာ များပါတယ်…. ကျွှန်တော်လည်းသေချာမသိပါဘူး… လေ့လာ ကြည့်တဲ့အခါ နည်းပညာပိုင်း ဆိုင်ရာမှာ ကျွှမ်းကျင်မှု ရှိပြီးတော့ပြသနာတွေကို ဖြေရှင်းရတာကို နှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့ သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာဆိုတာ ကွန်ပျူတာလောက မှာပဲရှိတာ မဟုတ်ပါဘူး… တခြားသောScience ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံး အခြေအနေအထိ ကျွှမ်းကျင်သူတွေ ကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော် ကတော့ ကွန်ပျူတာနဲ့ပဲ ပတ်သက်တာ ကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ ပြောနေကြတဲ့ သူတွေလည်း များစွာရှိ ပြန်ပါတယ် …ဒါပေမယ့် တကယ်တော့မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကို ချိုးဖြတ်ဝင်ရောက် အတားအဆီး တွေကိုကျော်လွန် နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers)လို့ခေါ်ကြပါတယ်… တကယ်တော့ သူတို့က ဘာမှအထင်ကြီး စရာမရှိပါဘူး…။တကယ့် ဟက်ကာ အစစ်တွေကတော့ အဲဒီကရက်ကာ တွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန် မယူတတ်တဲ့ သူတွေ၊ ဥာဏ်မကောင်းတဲ့ သူတွေလို့ပဲတွေးကြပါတယ်… security တွေကို ချိုးဖောက် ကျော်လွန်ပြီး ၀င်ရောက် နိုင်ယုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး… ။ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ် တွေက ဟက်ကာဆိုတဲ့ စာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေ အကြောင်းကို တွင်တွင်ကြီး ဖော်ပြနေတော့တာ ပါပဲ။ အဲဒီအတွက်တော့ ဟက်ကာ အစစ်တိုင်းက စိတ်ပျက်ကြရပါတယ်။ သူတို့ကြားက အခြေခံ ခြားနားမှုကတော့ကွန်ပျူတာ ပရော်ဖက်ရှင်နယ် အများစု နားလည်ထားကြသလိုပါပဲ။ … HACKERS BUILD THINGS, CRACKERS BREAK THEM ပါပဲ။
ဟက်ကာဖြစ်ချင်ရင် ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ..ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါတယ်…။
ပြသနာတွေကိုဖြေရှင်းပြီး.. အသစ်အသစ်တွေဖန်တီးတယ်… တည်ဆောက်တဲ့သူတွေကမှာသာ ဟက်ကာတွေပါ…အင်တာနတ်ကိုဖန်တီးခဲ့တဲ့သူတွေ.. Operating System ကိုဖန်တီးခဲ့တဲ့သူတွေ… worldwide web ကိုသက်ဝင်လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့… ဟက်ကာတွေက လွတ်လပ်မှုနဲ့အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုးတွေပါ…။ဟက်ကာဖြစ်ချင်ရင်တော့  အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။တကယ် ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့…။ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကိုအတုခိုးရမှာပေါ့…။ပညာရပ်ပိုင်းမှာသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်းလိုအပ်ပါတယ်။အောက်ကကဗျာလေးအတို င်းပါပဲ..
To follow the path:
look to the master,
follow the master,
walk with the master,
see through the master,
become the master.
ဒါကြောင့်ဟက်ကာဖြစ်ချင်ရင်အဲဒီအတိုင်းသင်ယုံကြည်လာတဲ့ အချိန်အထိထပ်ခါထပ်ခါကြိုးစားပေါ့။
ကျွှန်တော်တို့ရဲ့ကမ္ဘာကြီးကဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့စိတ်ဝင်စားစရပြသနာတွေနဲ့နေ့တိုင်းပြည့်နှက်နေ ပါတယ်.. ဟက်ကာတစ်ယောက်ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်… ဒါပေမယ့် အဲဒီပျော်စရာတွေရဖို့ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ လုပ်ကြရပါတယ်။ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရတာကိုပီတိဖြစ်တတ်ရမယ်..ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းချွှန်မျှနေအောင်သွေးေ နရမယ် ကိုယ့်ပညာကိုအမြဲတမ်း.. လေ့လာနေရပါမယ်..။သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို စိတ်ခံစားချက်မျိုးရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့…။
သင်တစ်ခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုကိုထားရှိဖို့တော့လိုပါလိမ့်မယ်။သင်ပြသနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိုင်ပါဘူး.. တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်… အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..လေ့လာရင်းနဲ့တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီး
နားလည်လာ.. နောက်ဆုံးမှာတော့အောင်မြင်သွားမှာပါ။
ဘယ်ပြသနာကိုမဆိုနှစ်ခါဖြေရှင်းဖို့အကြောင်းကိုမရှိပါ ဘူး… နားမလည်တော့ဘူးလား..။ကျွှန်တော်တို့ရဲ့အချိန်တွေကျွှန်တော်တို့ရဲ့ဦးနှောက်တွေက အရမ်းတန်ဖိုးရှိတာပါ။ လုပ်ပြီးသားကိစ္စတစ်ခုအတွက်အချိန်ထပ်အကုန်ခံရတယ်… ပြသနာအသစ်တွေစောင့်နေတာကို အဟောင်းတွေကိုပဲထပ်ဖြေရှင်းမနေသင့်ဘူးလေ။ ဟက်ကာတွေစဉ်းစားနေရတဲ့အချိန်ကအရမ်းအဖိုးတန်တဲ့အတွက်..သင်ကဟက်ကာဆိုရင် သင်သိတာတွေ မျှဝေပေးသင့်ပါတယ် သင်သိတဲ့solution တွေကိုတခြားဟက်ကာတွေကိုဖွင့်ပြပေးရင်ကောင်းမှာေ ပါ့.. ဒါမှသူတို့တွေလည်းတခြားအသစ်အသစ်တွေဖြေရှင်းနိုင်တာပေါ့။ တစ်ခုတော့ရှိတာပေါ့… ပြသနာတစ်ခုအတွက်အဖြေဆိုတာ တစ်ခါတစ်ရံမှာ တစ်ခုထက်မကလည်းရှိနိုင်တယ်နော်…။
ဟက်ကာ(ပြောရရင်တော့ Creative people တွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်..
သူတို့အပေါ်မှာ authority လာပြတာကို ယေဘူယျအားဖြင့်မနှစ်သက်ကြပါဘူး… ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်..။
သူတို့ကအတူတကွပူးပေါင်းလုပ်ဆောင်ရတာကိုတော့နှစ်သက်ကြ တဲ့သူတွေပါ..။အဲဒီစိတ်ထားမျိုးလေးလည်းရှိရပါမယ်။အထက်က
စိတ်ထားမျိုးတွေအမူအကျင့်တွေရှိပြီးရင်တောင်မှ ဟက်ကာမဖြစ်သေးပြန်ပါဘူး…။ဟက်ကာဖြစ်ဖို့ဆိုတာကိုယ့်ရဲ့
ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာအာရုံစူးစိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်းလိုအပ်ပါသေးတယ်။
Attitude တွေကအရေးကြီးတာမှန်ပါတယ်.. ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။တခြားသူတစ်ယောက်ကသင့်ကို ဟက်ကာတစ်ယောက်လို့ခေါ်စေဖို့ သက်မှတ်လာစေဖို့အတွက် အရင်ဆုံးသင်လုပ်ရဦးမဲ့အခြေခံအကြောင်းအရာလေးတွေပြောချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါကဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။programming language တစ်ခုမှမသိပဲနဲ့တော့ဘယ်လို ဟက်ကာဖြစ်ပါ့မလဲနော်… ။ရှိရင်တော့ကျွှန်တော်လည်းမသိဘူး..။ဘာ language မှသင်မတတ်သေးဘူးဆိုရင်တော့ Python ကိုစလေ့လာဖို့တိုက်တွန်းချင်ပါတယ်။အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ language တစ်ခုလို့သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် သင့်တော်သလိုpowerful လဲဖြစ်ပါတယ်.. ပရောဂျက်ကြီးကြီးမားမားကြီးတွေလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာလုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင်တစ်ခုခုကိုကျွှမ်းကျင်ရင်နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင်လွယ်တယ်လို့မရှိပါဘူး။ဟက်ကာတွေအတွက်အရေးကြီးတဲ့နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။
တကယ်တော့အားလုံးလေ့လာတာကတော့အကောင်းဆုံးပါပဲ။ programming ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချည်းကပ်တာပေါ့။
အဲဒါအားလုံးကသင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကိုlanguage တတ်ယုံနဲ့လည်းမဖြစ်ဘူးနော်။ Language တွေအပေါ်မှာမှီခိုမှုမရှိဘဲ ပြသနာတွေအပေါ်မှာစဉ်းစားနိုင်ဖို့လည်းလိုသေးတယ်။သိပြီးသား concept တွေကိုဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကိုအသစ်ထပ်လေ့လာရင်ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှသောlanguage တွေအားလုံးသင်တတ်တယ်ပေါ့..။ ရက်အနည်းငယ်နဲ့တစ်ခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲနော်။
programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အထက်ကဆရာ့ဆရာကြီးတွေရေးထားတာတွေကိုများများဖတ် ပြီးရင်ကိုယ်ကိုယ်တိုင်နဲနဲရေး၊ နောက်ထပ်ထပ်ပြီးတော့ များများဖတ်၊များများထပ်ရေး၊ ပိုပြီးဖတ်၊ ပိုပြီးရေး……၊ဘယ်အချိန်ထိလုပ်သွားရမလဲဆိုတော့ သင်ရေးတာတွေကဈေးကွက်ဝင်တဲ့အဆင့်အထိပေါ့။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာခက်ခဲ့ပါတယ်။အခုတော့မဟုတ်တော့ပါဘူး… open source နဲပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊operating system တွေ(အဲဒါတွေအားလုံး ဟက်ကာတွေလုပ်ထားတာ) အများကြီးရှိနေပါပြီ။ ဟက်ကာဖြစ်ချင်တယ်ဆိုရင်အခုချက်ချင်းLinux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်း OpenSolaris သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။သြော်သင်က Windows ကဘာဖြစ်လို့လည်းလို့မေးတယ်လား… သူက binary တွေနဲ့ distribute လုပ်ထားတာလေ..code တွေမှဖတ်လို့မရတာ ပြင်လို့လည်းမရဘူးလေ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာ ရမယ်ဆိုရင်အလွယ်ကူဆုံးအနေနဲ့ Linux ကိုကောက်ကိုင်လိုက်တော့လေ။ မပူပါနဲ့ သင်အခုသုံးနေတဲ့Windows ကြီးနဲ့လည်းတွဲတင်ထားလို့ရပါတယ်။ကဲအခုချက်ချင်း Learn it , Run it နော်။ကလိတော့နော်။အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်… code တွေကိုဖတ် ပြီးရင်ပြန်ပြင်ရမယ် နော်..။ သင်ပျော်မွေ့လာမှာပါ… အသိပညာ ဗဟုသုတအသစ်တွေကို အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ..။တခါတည်းပြောပြလိုက်မယ်နော်.. Beginner တွေအတွက်အသင့်တော်ဆုံးကတော့ Ubuntu ဖြစ်လာနေပြီ…ကြုံတွေ့ရမယ့် ပြသနာတွေအတွက်လဲမပူပါနဲ့ သင့်ကိုကူညီမယ့်သူတွေအများကြီးရှိနေတယ်လေ။ အားလုံးအဆင်ပြေရစေမယ်။ဟုတ်ပပြီ ဟက်ကာဖြစ်ချင်သူတွေအတွက် နောက်ထပ်လေ့လာစရာတစ်ခုကတော့ World Wide Web ကြီးပေါ့။Browser တစ်ခုခုကို သုံးတတ်ရမယ်နော်(အဲဒါကလူတိုင်းလုပ်တတ်တယ်)၊ HTML ရေးတတ်ဖို့တော့အရင်လေ့လာရမယ်။ဘာ language မှမတတ်တဲ့သူအတွက် HTML ကိုစလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေရစေမယ်။အကူအညီအများကြီးဖြစ်စေမှာပါ။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။ ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခုရေးနိုင်ပြီဆိုရင်တောင်မှHacker ဆိုတဲ့စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။ဘာလို့လည်းဆိုတော့ Web ပေါ်မှာwebsite တွေများများလွန်းလို့.. ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိတည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကိုကောင်းကောင်းထည့်ရမယ်..စိတ်ဝင်စားစရာကောင်းအောင်ရေးရမယ်။
ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ သင့်ရဲ့ English စာတတ်မြောက်မှုအဆင့်အတန်းကစကားပြောတော့မယ်။Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲလွမ်းမိုးထားဆဲပါပဲ။ HackerCommunity ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာအဆင်ပြေတာများပါတယ်။နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။သူများရေးထားတဲ့ code ထဲမှာပါလာမယ့် comment တွေကိုကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်းသင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာHacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး..သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့ အရေးအသားကညံ့မယ်။ Grammer လဲမကျဘူး.. ၊ သတ်ပုံအမှားကလည်းများမှများဆိုရင် ဘယ်ဟက်ကာ ကမှ သင့်ရေးတာကိုဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ..။ကဲ အခုပဲ စကြိုးစားပေတော့။
Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တစ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကိုကူညီဖို့လိုပါတယ်။ Open Source Software တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ်Soruce တွေကိုချပြရပါမယ်။ အဲဒီ Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်..တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့1996 ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ HackerCommunity နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ သင်စိတ်ဝင် စားတဲ့အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကိုကူညီစမ်းပေးမယ်။ကူညီအမှားရှာပေးမယ်။ကူညီပြီး modify လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။နောက်တစ်ခုအရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့ အချက်အလက်တွေကိုလူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတယ်။ ဥပမာ FAQs လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး.. အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။
အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန်ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ ။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။ သင်သိရဲ့လား ဟက်ကာတွေကစာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။တရားဥပဒေနဲ့ညှိမယ်နော်…. Tongue ။ တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကိုတီးတတ်ရင်ကောင်းပါတယ်။ဒါတွေက အရမ်းကြီးအရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။ ဟက်ကာအများစုကအများအမြင်မှာတော့Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ ကျွှမ်းကျင်သူတွေပါ။System Administration, web design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်းကျွှမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က ScriptProgramming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေကယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင် ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာသေချာသလောက်ရှိပါတယ်.. အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ် ။
Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။
Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?
A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး..Energy တွေကိုလည်းအသုံးမချနိုင်ဘူး ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ရဲ့ အချိန် 110 % လောက် ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာကHacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာသူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ချစ်လို့ပြောတာ။ Tongue (ကျွှန်တော်လည်းဟက်ကာမဟုတ်ပါ)
Q: ဒါဖြင့်ရင် ကျွှန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခုinstall လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။
Q: ကျွှန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ လူအများစုကတော့ 15 ကနေ20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။
Q: ကျွှန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ဒီလောက်နဲ့တော့မပြီးဘူးနော် တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။ ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်းနောက်ကျ ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။
Q: Visual Basic နဲ့ကျွှန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။ ကောင်းမွန်တဲ့စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို ကျွှန်တော်recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။
Q: ကျွှန်တော် System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။ ဒါမှမဟုတ်သင်ပေးပါလား?
A: ဆိုးပါတယ်ဗျာ။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာeducable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်းကျွှန်တော်လျှစ်လျှူရှုထားမှာပဲ။
Q: ကျွှန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ?
A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။
Q: ကျွှန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။
A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့်Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက Linux ဖြစ်ဖြစ်well Design ဖြစ်တာ ပြောင်း သုံးဗျာ။
Q: ကျွှန်တော့် Windows မှာပြသနာဖြစ်နေပြီ။ ကူပါဦး?
A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံးအဆင်ပြေသွားလိမ့်မယ်။
Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ IRC နဲ့Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။
Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?
A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး.. (ချွှင်းချက်ရှိနိုင်သည်)formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။ အဓိကက logical ကျကျတွေးနိုင်ရမယ်။reasoning ကောင်းရမယ်။ intelligence ရှိရမယ်။
Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။
Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။
Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက် အလုပ်တွေပိုတိုးလာတာပဲရှိမယ်။ လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။သိပ်စိတ်ပူစရာမရှိပါဘူး။
Q: ကျွှန်တော် Free OS တစ်ခုလိုချင်တယ်.. Linux ဖြစ်ဖြစ်ပေါ့။?
A: ကျွှန်တော်တို့နဲ့ဆက်သွယ်ပါခင်ဗျာ။
http://www.zoxy.myanmarwebstudio.com/?cat=8 ဒီကပိုစ်လေးပါဗျာ
"Hacker... vs .. Creator "
hacker ဖြစ်ချင်တဲ့ လူငယ်တွေ များပြာလာတာ ခုတလောတွေ့ကြတယ်. တချို့ က gmail ခိုးဖို့ ဟက်ကာ လုပ်ချင်တယ်ပြောကြတယ်.. တချို့ က gmail လေးခိုးပြီး ကိုယ့်ဟာကိုဟက်ကာလို့ပြောကြတယ်... ဘာ က ဟက်ကာလည်းဆိုတာ ကျနော် ကိုယ်တိုင် ဝေခွဲ လို့မရဘူး..သူတို့ ဘာကြောင့် ဟက်ချင်ကြတယ်ဆိုတာလည်း ကျနော်မသိဘူး..
ကျနော် သတိထားမိလာတယ်.. internet cafe တချို့မှာ keylogger နဲ့ တွဲခိုးတာတို့ .. phishing နဲ့ ခိုး တာတို့ တွေပါ ကျနော်သတိထားမိလာတယ်..ဒါတွေ က ဟက်ကာတွေလား.. ???
ကျနော် အကြာကြီးစဉ်းစားမိတယ်.. ဒီလိုလူတွေကိုhacker တွေ လို့သတ်မှတ်ရင် တစ်ကယ်ဟက်ကာတွေ သိင်္ခါအရမ်း ကျသွားမယ်ထင်တယ်..
hacking ဆိုတာ တစ်ကယ်တော့ break into asystem ... system တစ်ခုထည်း သို့ ချိုးဖောက်ဝင်ရောက်ချင်းလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်..သူတို့ဘယ်လို ချိုးဖောက်ကျမလည်း ??
creator ဆိုတာကတော့ web site ဖန်တီးသူတွေပါ..သူတို့ နဲ့ hacker ကြားကကော.. ဘယ်လိုသဘောထားတွေရှိလည်း??ဆိုတဲ့ မေးခွန်းကို သင်ဖန်တီးထားတဲ့အရာတစ်ခုကို သူတပါး ချိုးဖောက် ဖျက်ဆီးသွားရင် သင်ကြိုက်မလား ?? ဆိုတဲ့ မေးခွန်နဲ့ပြန်ဖြေနိုင်ပါတယ်.. hacker တွေ ဟက်ပြီးပါလုပ်ကြလည်း.. ?? hacker တွေ ရဲ့အဓိက ရည်ရွယ်ချက်ကတခုခု ကိုဟက်ပြီးရင်
deface page( အက်မင်ကို နစ်နာအောင်ဆဲထားသော. .. သို့မဟုတ် သူတို့ အဖွဲ့ ရဲ့နာမည်) ကိုတင်သွားလေ့ရှီပါတယ်.. ဒုတိယတစ်ခုက သူတို့တွေက hosting တခု ထည်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်အောင် backdoor ဆိုတဲ့ နောက်တံခါးကိုခံသွားကြတယ်...နောက်ပြီးr00ting လုပ်သွားတတ်ကြတယ်..
ဟက်ကာတစ်ချို့ ကတော့ရထားတဲ့ hosting သို့မဟုတ်server ကိုအသုံးချပြီး နောက်တခု ထပ်ဟက်ဖို့ကြိုးပန်းကြတယ်..
ဒီတော့ hacker နဲ့ web creator တွေ ကြားမှာsecurity ဆိုတဲ့ ပါးလွာတဲ့ အရာလေးတစ်ခု ရှိလာပါတယ်.. တချိန်က ကျနော် အကိုကြီးတစ်ယောက်နဲ့စကားပြောဖူးတယ်.သူပြောတာကရှင်းတယ်...ဟက်ကာဆိုတာဟက်သွားလွယ်တယ်.. သူတို့ကြောင့်ထမင်း အိုးကွဲသွားတဲ့ web professional တွေ မနည်းဘူးတဲ့..
ဒီတော့ ဟက်ကာ တွေ ကို မဟက်နဲ့ ပြောလို့ တော့မရဘူးလေ..web creat0r သမားတွေ ကိုယ်တိုင် security ပိုင်းကိုလေ့လာ သင့်တယ်..
security ဆိုတဲ့အပိုင်းကိုလေ့လာ ရာ မှာevil or good (ကောင်းတယ် သို့မဟုတ် ဆိုးတယ် ) ဆိုတာ.. အသုံးချတဲ့သူပေါ်မူတည်တယ်..hacking တစ်ခုထည်းလေ့လာယုံနဲ့ ဟက်ကာ မဖြစ်နိုင်သလို.. programming ဆိုတာ လည်း ဟက်ကင်းနဲ့ security ကြားက အထောက်အခံပါ.. hacker တိုင်းက programming ကိုကျွမ်းကျင်စွာရေးတတ်ပါတယ်..
မည်သို့ ပင်ဖြစ်စေ မိမိတို့ privacy နဲ့security သည် မိမိတို့တွင်သာ တာဝန်ရှိကြောင်း.............
ကို r00tcreat0r ရေးထားတဲ့ ပို့စ်ပါ။ တကယ်ကို တန်းဖိုးရှိပါတယ်။သူကိုယ်တိုင်းလည်း မြန်မာဟတ်ကာ တယောက်ပါ။ ကျနော်လည်း ဒီလိုပို့စ်မျိုးရေးဖို့စဉ်စားနေတုန်းမှာသူပို့ကို တွေ့တော့ ပြန်လည် မျှဝေလိုက်တာပါ။
မင်းကဗျာ သင်ဆရာမြင်ဆရာတို့ကိုဦးထိပ်ထားလျှက်နန်းတော်သူနန်းတော်သားအားလုံးမျှဝေခံစားနိုင်ပါစေ
Hacking, DDoS နှင့် လူနှစ်ဦး
တခါတုန်းက ကျွန်တော် ခင်မင်လေးစားရတဲ့ ဟက်ကာတစ်ဦးနဲ့ ပြောဖြစ်ခဲ့တဲ့ စကားလေးတွေကိုအင်တာဗျူး ပို့စ်လေးအဖြစ် ပြန်လည်တင်ဖြစ် သွားပါတယ်။ ဟက်ကာသမာရင့်တွေ အတွက် ဒီစကားတွေဟာဘာမှမဟုတ်လောက်ဘူးလို့ ထင်ရပေမယ့် လေ့လာသူတွေ၊ ဗဟုသုတ ဆည်းပူးသူတွေ အတွက်တော့ ဒီစကားလေးတွေဟာတဖက်တလမ်းက အသိပညာ တိုးပွားစရာလေးတွေ ဖြစ်ပါတယ်။ သုံးတတ်ရင်တော့ ဘာမဆို ဆေးဖြစ်ပါတယ်ခင်ဗျာ။
(အစ်ကိုရေ… ဆက်ပြောပါဦးဗျ။ ဟက်ကင်း တစ်ပ်စ် လေးတွေ။) (လွယ်လွယ်ပြောရရင် ဟက်ကင်းနဲ့ပတ်သက်ပြီး လုပ်နည်းက ၂ မျိုးပဲရှိတယ်။ အကြိမ်ကြိမ်တိုက်မလား၊ အပြီးတိုင်တိုက်မလား။၂ ခုစလုံးရဲ့နောက်က အီလောထရွန်းနစ်ပုဒ်မနဲ့ငြိတဲ့အတွက် အနည်းဆုံး ၇ နှစ်ကနေ ၁၅ နှစ်ထိထောင်ထဲမှာနေရမယ်။ ဟက်တော့မယ် ဆိုရင် အဓိကကတော့ အင်တာနက်ကို ၂၄ နာရီ သုံးနိုင်ရမယ်) (ပြေပြေပြစ်ပြစ်လေးရှင်းပါဦးဗျ။) (ဒီလိုဗျာ…အင်တာနက်လောကမှာ တိုက်နည်းပေါင်းစုံရှိတယ်။ ဟက်နည်းပေါင်းစုံရှိတယ်။တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ကြလဲဆိုတာတော့ မတူဘူး..အားသန်ရာသန်ရာပေါ့။ ) (အဆင်အပြေဆုံးကဘယ်ဟာဖြစ်မလဲအစ်ကို။) (စိတ်ဝင်စားစရာတွေကတော့ အားလုံးပဲ…သူများဟာကိုလုပ်ရတာ ဆိုတော့ဖီးလ်ကလည်းအပြည့်ပဲ။ တိုက်နည်းတွေကဗျာ….PC to PC ထိုးဖောက်တာရယ် ၀က်ဘ်ဆိုက်တွေကိုထိုးဖောက်တာရယ်ဆာဗာတွေကိုထိုးဖောက်တာရယ်ပေါ့။) (အင်း… တစ်ခုလောက် ပြောပြပါဦး။) (အင်တာနက်ဆာဗာတွေနဲ့ဆိုက်တွေကို တိုက်တာကို အရင်ဆုံးရှင်းပြမယ်။) (အလွယ်ဆုံးကတော့DDoS လို့ခေါ်တဲ့Denial လုပ်တဲ့ တိုက်နည်းပေါ့။ ဒီကောင်က ဆိုက်ကို အကြိမ်များစွာ အလုပ်ပေးပြီးServer ကို ဒေါင်းသွားစေတဲ့နည်းပေါ့။ ဒါကတော့ ကြားဖုးပြီးဖြစ်မှာပါ။ လုပ်နည်းကိုင်နည်းကလည်းတော်တော်ကို လွယ်ပါတယ်။) (အင်း.. စိတ်ဝင်စားစရာ ကောင်းလာပြီ။) (Ready Made Tools တွေသုံးပြီးတိုက်မလား။ Command နဲ့တိုက်မလား၊ ကြိုက်တာရွေးနိုင်တယ်။ ) (ကန့်သတ်ချက်က ကိုယ်တစ်ယောက်ထဲမလုပ်နိုင်ဘူး။ ) (………..com လိုဟာကို တိုက်မယ်ဆိုရင် အနည်းဆုံး ကွန်ပြူတာ ၄ လုံးလိုတယ်။)(ကိုယ်တိုက်ချင်တဲ့ IP ကိုရိုက်ထည့် ပြီးရင် ကွန်ပြူတာ ၄ လုံးစလုံးကနေ ပြိုင်တူReady Made Tools တွေကို Run လိုက်ရုံပဲ။ ၄ နာရီလောက် တီးထည့်လိုက်ရင် အဲဒီ ဆိုက်ကိုထိုင်ထားတဲ့Server ဒေါင်းတာပဲ) (ဒါကအလွယ်ဆုံးနားလည်အောင်ပြောတာပါ။ ) (တစ်ယောက်တည်း တိုက်လို့ရနိုင်မယ့်နည်းကရော နောက်ပြီး Ready Made Tools တွေကိုရော ဘယ်က ရနိုင်လဲ အစ်ကို။ ) (Tools တွေကဂူးဂဲမှာ အလွယ်တကူရှာနိုင်တယ်. ဘယ်လိုသုံးမလဲဆိုတာကတော့ Help ဖိုင်တွေမှာ ပါတယ်။ သုံးရတာကလွယ်တယ်။သို့သော်….) (….com ဆိုက်ကို တိုက်လိုက်လို့ Trace ပြန်လိုက်တဲ့အခါ ကိုယ်ဘယ်လို ရှောင်မလဲဆိုတာစဉ်းစားထားရမယ်။ ဘယ်ဟာကို တိုက်တိုက်ပေါ့။) (Trace မမိအောင် ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုတယ်။ဒါက Tools တွေရဲ့ အားနည်ချက်ပဲ။) (အဲဒါကြောင့် ကျနော်တို့က Tools တွေမသုံးဘူး) (ကျနော်တို့ကZoombie တွေမွေးထားတယ်။ ဒီကောင်တွေက Bot တွေပေါ့။ ဒါကတယောက်ထဲလုပ်လို့ရတဲ့အပိုင်းပေါ့။) (ရှင်းပါဦး အစ်ကို အဲဒါ ပိုစိတ်ဝင်စားတယ်) (အဲဒီ Bot တွေကို သုံးပြီး Mirc ကနေတစ်ဆင့်တိုက်တယ်။ MIrc channel တွေမှာ Bot က သူခိုင်းလို့ရမယ့် Victim တွေကို ရှာတယ်။ ဥပမာဗျာ..ကျနော်က MIRC ထဲကို ၀င်လိုက်ပြီဆိုတာနဲ့ ကျနော့်ရဲ့ Bot က ကျနော့်ကိုဆက်သွယ်လာတယ်။ကျနော်က bot ကို ခိုင်းလိုက်တယ်။ အဲဒီင်္မှာ Bot က သူခိုင်းလို့ရမယ့် စက်တွေကိုလိုက်ရှာတယ်။အဲဒီမှာ အနည်းဆုံးစက် ၁၅၀ လောက်ကိုရပြီဆိုရင် Target ကို တိုက်ခိုင်းတာပဲ။ ဒီနည်းကအန္တရာယ်အကင်းဆုံးပဲ။ Bot ဆိုတာ PHP နဲ့ရေးထားတဲ့ အကောင်ပဲ။ အဲဒီကောင်ထဲမှာ ကျနော့်IP ထည့်ပေးထားတယ်။ ပြီးရင် ကျနော့်ရဲ့ MIRC channel ပေးထားတယ်။ ကျနော် အွန်လိုင်းတက်ရင်ဒီကောင်က အလိုလို ဆက်သွယ်တယ်။ Bot တွေကတော့ အွန်လိုင်းမှာ ၀ယ်လို့ရတယ်။ ကိုယ့်ဟာကိုယ်ရေးနိုင်ရင်လည်းရေးပေါ့။DDOS နည်းကတော့ ကျနော်သိပ်မကြိုက်ဘူး။ ) (ဟုတ်ပြီ။ ဆက်ပါဦး။) (DDOS ကို Anti လုပ်တဲ့ဆော့ဖ်ဝဲတွေရှိတယ်ဗျာ။ ဒီကောင်က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ IP တစ်ခုတည်းကနေ Requestလုပ်တဲ့ အကြိမ်အရေအတွက်များလာပြီဆိုရင် Drop လုပ်ပစ်တယ်။ DDOS ဆိုတာက ပထမဆုံးTarget ကို Request လုပ်တယ်။ Target က response ပြန်ပေးတယ်။ ၁ မိနစ်အတွင်းမှာ အကြိမ်ပေါင်း ရာနဲ့ချီပြီး အဲဒီလိုလုပ်နေကြတာပေါ့။) (သာမန်ဆိုက်တစ်ခုဆိုရင်တော့ အလုပ်ဖြစ်တယ်။)(Anti ထည့်ထားကောင်ကျတော့ သူသတ်မှတ်ထားတဲ့ အကြိမ်ထက်များလာရင် ဒါ DDoS ဆိုပြီးDrop လုပ်ပစ်တာ။) (DDOS မှာလည်း PING DOWN, Thunder Flood, IP Config ဆိုပြီး မတူတာလေးတွေရှိတယ်။)(ကိုယ်က တိုက်တော့မယ်ဆိုရင် Target ကို အမျိုးမျိုးလိုက်စမ်းရတယ်ဗျာ..ဘာအားနည်းချက်ရှိလဲဆိုပြီးတော့ပေါ့။အချိန်ယူရတယ်။ ) (ဟုတ်ကဲ့ အစ်ကို။ တော်တော်လည်း သိလိုက်ရပါတယ်။ သိချင်တဲ့ သူတွေကိုလည်းကျွန်တော် မျှဝေပေးလိုက်ဦးမယ် အစ်ကို။)ကိုအာကာဖြိုးရေးထားတဲ့ပို(စ်)လေးပါ ကျွန်တော်တို့ကတော့ဗဟုသုတရောနည်းလမ်းပါထပ်ရတယ်ပေါ့ဗျာ ခုနောက်ပိုင်း ဟက်တာတွေက တိုက်တာများတယ်ဗျ ကျွန်တော်သိသလောက်ပေါ့ဗျာကိုအာကာရေးထားသိလိုပေါ့ (….com ဆိုက်ကို တိုက်လိုက်လို့ Trace ပြန်လိုက်တဲ့အခါ ကိုယ်ဘယ်လိုရှောင်မလဲဆိုတာ စဉ်းစားထားရမယ်။ ဘယ်ဟာကို တိုက်တိုက်ပေါ့။) ကိုယ့်ဘက်ကိုမထိအောင်လဲေ၇ှာင်ရသေးတာပေါ့ဟီး ကျေးဇူးကိုအာကာ ညီတော့ ဗဟုသုတထပ်ရပြန်ပြီ ညီလိုပဲ နန်းတော်သူနန်းတော်သားတွေလဲထပ်မျှရပါစေဗျာ......
အချစ်နန်းတော်သားလေ မင်းကဗျာ
newbies hacker tutorial (လျို့ဝှက်ချက်လေးများ)
newbies hacker tutorial (လျို့ဝှက်ချက်လေးများ)
လူငယ်တော်တော်များများ က အီးမေးလ် ဘယ်လို ဟက်လို့ ရမလဲ ဆိုတာကို အမြဲတမ်း စူးစမ်းနေတာကို ကျနော်သိပါတယ်။ အခု စာဖတ်သူတွေ အနေနဲ့ လဲ ဒီ ပို့ စ်လေး ကို ဖတ် ကြတာ ကလည်း သူများမေးလ်ကို ဟက်ဖို့ စိတ်ဝင်စား တယ်ဆိုတာ ပစ်မလွဲပါဘဲ ဗျာ။ ကောင်းပြီးဗျာ .. အီးမေးလ်တစ်ခု ကို ဟက်တော့ မယ်ဆိုရင်တော့ တကယ့်ကို အလုပ်များတဲ့ အလုပ်ပါ. တစ်ချို့ သူတွေ မေးကြပါတယ်မေးလ် password ကိုဘယ်လို ဟက်မလဲ တဲ့.. ဟက်လို့ရလား တဲ့ .. ဟက်လို့ တော့ ရပါတယ် ဒါပေမယ့်မိမိ ဟက်ချင်တဲ့ သူကို သူက သူ့ password ကို သူ့ ဖာသာ သူ ပေးမှန်းမသိ ပေးမိအောင် လိမ်ညာပြီးဟက်တဲ့ နည်း က တော့ ပျော်စရာအကောင်းဆုံးပါဘဲ ဗျာ .အများစု က တော့ phishing ကိုသုံးကြတာပေါ့.
အီးမေးလ် ကို ဟက်လို့ ရပါသလား ။
ဘယ်အရာမဆို ကွန်ပြူတာ နဲ့ ပတ်တာ တွေမှန်သမျှအားလုံး က ဟက်လို့ရပါတယ်။ သို့ ပေမယ့်လဲဘယ်လိုဟက်မလဲ ဆိုတဲ့ တကယ့်နည်းလမ်းတွေ ကိုမသိခင်လေး မှာ အောက် ပါ အချက်လေး တွေကို တော့သိသင့်တယ်လို့ မျှော်လင့်ပါတယ်.
၁။ ခလုတ်လေး တစ်ချက်နိုပ်ရုံ နဲ့ မိမိ ဟက်ချင်တဲ့ password ကို ဘွားခနဲ့ ပေးတဲ့ ဆော့ဝဲမရှိဘူးဆိုတာပါဘဲ။ အကယ်၍စာဖတ်သူ က ဆိုဒ်တွေမှာ လိုက်ကြည့်ပြီးတော့ တချို့ ဆိုဒ်က ဆော့ဝဲလ်ဟက်တဲ့ပရိုဂမ် လို့ ကြော်ငြာထားခဲ့ ရင်တော့ မယုံပါနဲ့ လို့ အကြံပေးချင်ပါတယ်။
၂။ တချို့ ဆားဗစ်တွေ ရှိပါတယ် ဒေါ်လာတစ်ရာ နှစ်ရာ ပေးရင် ဟက်ပေးပါတယ်။ လုံးဝမယုံပါနဲ့လို့ အကြံပေးပါတယ်။ အများစု က scam ထက်မပိုပါဘူး။
အဲ့ဒါကြောင့် စာဖတ်သူ တို့ မှတ်ထားရမှာ တော့ အဲ့လိုကြော်ငြာထားတဲ့ အရာအားလုံးက တော့အမှိုက်အရှုပ်တွေပါဘဲ။ အီးမေးလ် ဟက်ကင်း ဆားဗစ် သို့ မဟုတ် အီးမေးလ် ဟက်ကင်း အတွက် အထူးပရိုဂမ် ဆိုတာလဲ မရှိပါဘူး.
အီးမေးလ် password တွေကို ဘယ်လိုဟက်မလဲ။
အီးမေးလ် တစ်ခု ကို ဟက်ဖို့ က တော့ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုမှာ မိမိဟက်ချင်တဲ့သူရဲ့ အီးမေးလ် အကောင့်လေး ကို ရိုက်ထည့်ပြီးတော့ ကွန်ပြူတာ မျက်နှာပြင်လေး ကို ပြူးတူးတူးလေးနဲ့ ကြည့်နေရုံ နဲ့ ဒီဒါ က ပါတ်စဝေါ့ ပါလို့ လုပ်လို့ မရပါဘူး။ တကယ်တော့ မိမိ ဟက်ချင်တဲ့သူ ရဲ့ အားနည်းချက်ကို သာ အသုံးချပြီးတော့ လိမ်လည် လှည့်ယူတဲ့ နည်းက တော့ အသက်သာဆုံးပါဘဲ..။ ကျနော် သိတဲ့ အဓိက အီးမေးလ် ဟက်နည်း တွေက တော့
၁။ Remote Spy systme
၂။ Phishing
၃။ Bruteforcing
၎။ Social engineering
၅။ USB Thief . .. တစ်ကယ်တမ်းတော့ ဟက်နည်းတွေ က တော့ ငါးမျိုးထက်မနည်းရှိပါတယ်.. အများကြီးပါ...ဒါပေမယ့်ဒီငါးမျိုး ကတော့ newbies တွေအတွက်အသုံးလွယ်မယ့်နည်း တွေပေါ့ ဗျာ.. တခြား subsevenတို့ netbus တို့ orkut တို့လည်း ရှိပါတယ် အဲ့ဒါတွေက တော့ advance တွေပေါ့ .. ဖိုရမ်ကဟက်ကင်းနည်း ရေးခွင်ပေးမပေး တော့ ကျနော် မသိသေးပါဘူး ကျနော် အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ကျနော် စည်းကမ်းချက်တွေ တစ်ခါမှ ဖတ်ဖို့အချိန်မရခဲ့ပါဘူး .. :P နောက်တစ်ခါတော့ ကြိုးစားအချိန်ပေးပြီးဖတ်ပါ့မယ်..
၁။ Remote Spy system
ဒီနည်းက တော့ ကျနော်ပြောတဲ့ နည်းငါးမျိုးထဲ က အလွယ်ကူဆုံး နဲ့ အားစိုက်စရာ မလိုတဲ့နည်းတစ်မျိုးပါဘဲ။ အများစု က တော့ keylogger လို့ လဲ သိကြပါတယ်။ keylogger ကတော့ ကွန်ပြူတာလုပ်သမျှ အရာတွေ ကိုမော်နီတာ လုပ်ပေးတဲ့ ပရိုဂမ်အသေးစား ဖြစ်ပါတယ်။ keylogger ကို စသွင်းလိုက်ပြီးဆိုကတည်းက ပရိုဂမ် မှာ auto start up နဲ့invisible mode နဲ့ စတင် run ပြီးတော့ ကွန်ပြူတာမှာ အသုံးပြုသူရိုက်ထည့်သမျှ keystroke အားလုံးကို မှတ်သားထားပါတယ်။ တချို့  အဆင့်မြင့်keylogger က တော့ screenshots & monitor every activity on the computer အားလုံးကိုမှတ်ထားပါတယ်။ keylogger ကို အင်စတော လုပ်ပြီး တော့ အသုံးပြုဖို့က တော့ မည်သည့် ကွန်ပြူတာဗဟုတုတ အသိပညာမလိုအပ်ပါဘူး။ အဲ့ဒါကြောင့်မို့ တော်ရုံတန်ရုံ ကွန်ပြူတာ အသုံးပြုတက်သူတွေ အတွက်လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။
ကွန်ပြူတာ စစ အသုံးပြုတဲ့ သူတွေ အတွက် တော့ အသုံးပြုရန် အလွယ်ကူဆုံး ပရိုဂမ်ဖြစ်ပါတယ်။
၂။ Phishing
Phishing ဆိုတာ က ကွန်ပြူတာ ရပ်ဝန်းနယ်ပယ်မှာ web page အတုတစ်ခုပြုလုပ်ပြီးတော့ မိမိဟက်ချင်တဲ့ သားကောင်း ကို သူရဲ့ အကောင့် ကို အသုံးပြုပြီးတော့ လော့အင် လုပ်ခိုင်းပြီးခိုးယူချင်းဖြစ်ပါတယ်.. phishing ကတော့ ယုံကြည့်မှုကို အလွဲသုံးစား ပြုပြီးတော့ ခိုးယူခြင်းတစ်မျိုးပါဘဲ။တစ်ချို့ သူတွေ ရှိပါတယ် gmail. Facebook. Twister . တို့ အတွက် web page အတုပြုလုပ်ကြပြီးတော့ အကောင့်ကို ခိုးယူ ကြပါတယ်။ phishing ကိုအသုံးပြုပြီးတော့ မည်သည့် အရာမဆိုနည်းပါလောက်ကိုခိုးယူလို့ရပါတယ်။ စာဖတ်သူတို့တောကီ ကောင်းရင်တော့ မိမိ phishing လုပ်ထားတဲ့ webpage ကို မိမိ သားကောင်ဆီ ပို့ ကာ သူ့ဆီက အကောင့် နဲ့ ပတ်စ်ဝေါ့ကို အသာလေး မေးလ်ထဲက နေထိုင်ယူယုံပါဘဲ။ ဘဏ်အကောင့်၊ ခရက်တစ်အကောင့်၊ မေးလ်အကောင့်၊ electroniccommunication နဲ့ ပတ်သက်တာ မှန်သမျှ အားလုံး အပါအဝင်ဖြစ်ပါတယ်။ phishging ကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကျနော့်ကို ဆက်သွယ်ပြီးတော့ မေးမြန်းနိုင်ပါတယ်။ ကျနော် ကျောင်းနဲ အလုပ်မသွားတဲ့နေ့ ကျရင် ပြန်လည်ဆက်သွယ်ပါ့မယ်။ နောက်မဟုတ်ရင် လဲ ကျနော့် gmail ကိုမေးလ် ပို့ ပြီးတော့မေးထားလို့ရပါတယ်။ မေးလိပ်စာက တော့ ကျနော့်စာမျက်နှာမှာရှိပါတယ်.. ဒီမှာ မကြော်ငြာတော့ပါဘူး.။
၃။ Bruteforcing
Bruteforcing ဆိုတဲ့နည်းလမ်းက တော့ လူသိနည်းတဲ့ နည်းလမ်းတစ်မျိုးပါဘဲ ။ အသုံးပြုတာလဲနည်းပါတယ်. ကျနော် အမှန်တိုင်းပြောရမယ်ဆိုရင် ကျနော် ဒိနည်းကို တစ်ခါမှ မစမ်းဘူးသေးပါဘူး.စာဖတ်ထားသလောက်တော့သိပါတယ်။ hotmail acc ကိုတော့ bruteforce လုပ်လို့ရတယ်လို့ ဖတ်ရပါတယ်။လုပ်တဲ့ အခါကျရင်လဲ မိမိ က စာလုံးတွေအများကြီးပါတဲ့ wordlist ကနေပြီးတော့ multiplechoice လုပ်သမျိုး ရွေးရပါလိမ့်မယ်။ သာမန်အားဖြင့်တော့ gmail တို့ yahoo တို့ ကျတော့login chance ကို လစ်မစ်လုပ်ထားကြတာများတယ်။ သူပေးထားတဲ့ wordlist ကိုတစ်ခေါက်သုံးပြီးရင်နောက်တစ်ခါ ထပ်သုံးလို့မရတာများပါတယ်။ gmail နဲ့ yahoo တို့ မှာ ကျတော့ အရမ်းကောင်းတဲ့စစ်စတမ်တွေကာထားတဲ့ အတွက်ကြောင့်မို့လို့ဟက်ဖို့မလွယ်ပါဘူး ဒီနည်းလမ်းနဲ့ ။ အခု ကျနော်တို့ဟက်ကာအသိုင်းအဝိုင်းမှာ ရေပန်းအစားဆုံး ငြင်းခုံစရာ တော့ပစ်တစ်ခုလည်း ဖြစ်နေတာပေါ့ဗျာ ။ ဒီနည်းလမ်းနဲ့ ဟော့မေးလ် ကို ပတ်စဝေါ့ကို ဟက်လို့ရပြီးလို့တော့ ပြောနေကြပါပြီး။ကျနော်က တော့ multiple choice လို မျိုး လုပ်ရတာ ကျနော် က တော့ စိတ်သိပ်မဝင်စားပါဘူး။သူငယ်ချင်း တို့ အဲ့အကြောင်း ပိုသိချင်ရင်တော့ ကျနော် နောက်ပို့စ်တစ်ခုမှာ ထပ်ရေးပေးပါ့မယ်။
bruteforcing မှာ မှ BRUTUS ဆိုတဲ့ ဆော့ဝဲလ် ကတော့ နာမည်အကြီးဆုံးနဲ့ နီးစပ်တဲ့wordlist ကိုပေးပါတယ်။ ဒါပေမယ့် တစ်ခုတော့ အကြံကြိုပေးထားပါ့မယ်.. ဒီနည်းလမ်းကို စမ်းမယ်ဆိုရင်တော့ အနည်းဆုံးတော့ စာဖတ်သူမှာ wordlist ကို multiple choice ရွေးတဲ့ အရည်ချင်းကောင်းကောင်းမွန်မွန်ရှိဖို့လိုပါလိမ့်မယ်။
၎။ Social engineering
Social engineering ဆိုလို့ သိပ်နည်းလမ်းမဝင်ဘူး.. အသုံးမဝင်ဘူးလို့မမှတ်လိုက်ပါနဲ့ စာဖတ်သူတို့ က ဟက်ချင်တဲ့ သူ ကို တောကီကောင်းကောင်း ပစ်နိုင်ရင် ရပါတယ်။ ကျနော်လည်းအရင်တုန်းက ဒီနည်းလမ်းကို အသုံးမဝင်လောက်ဘူး လို့ထင်နေတာ.. ဒီနည်းလမ်းကတော့ ဘာပညာသားမှတော့မပါဘူး။ ကျနော် အရင်တုန်းက စမ်းဖူးပါတယ် ကျနော့် ဆရာမ အကောင့်ကို ပါ. ပထမတော့orkut သုံးမလို့စဉ်းစားထားလိုက်တယ်.. နောက်ဆုံးတော့ ဆရာမလည်း ကျနော် နဲ့ တောကီပွားလို့တည့်သွားတာနဲ့ ကျနော် သူ့ရဲ့ အကောင့်ကို အသာလေး ဟက်လို့ရသွားပါတယ်။ အော်ဒါနဲ့ socialengineering ဆိုတာဘာလဲ ဆိုတာတောင်မပြောရသေးဘူး .. ဟက်ကင်းကို လေ့လာဖူးတဲ့ သူတွေက တော့သိပါတယ် ဒါပေမယ့် newbies တွေ အတွက်ကတော့ မသိဖို့များပါတယ်.. ကျနော်လမ်းကြုံတုန်းလေးပြောလိုက်ပါ့မယ်.. ဆိုရှယ် အင်ဂျင်နီယားရင်း ဆိုတာ က မိမိ ရဲ့သားကောင်ကို စကားဝင်ရောက်အရောဝင်ပြောပြီး သူ့ ရဲ့ ယုံကြည်မှုကို ရယူပြီးတော့ သူ့ ရဲ့ personal သတင်းအချက်လေးတွေကို မေးရမှာဖြစ်ပါတယ်။ အဲ့လိုမေးပြီးတော့ အလွယ်တကူဘဲ forget password ကိုသွားပြိးrecovery လုပ်တဲ့ နေရာမှာ မိမိ သိထားတဲ့ သူ့ personal အချက်လေး တွေကို ဖြည့်ပြီးတော့recovery လုပ်ယူရတဲ့ နည်းပါဘဲ.။ . မြန်မာပြည်မှာ အသုံးဝင်မဝင်တော့ မသိပါဘူး ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က သူ တွေအများစု က မိမိ ရဲ့ personal အချက်အလက်တွေကို အမှန်တိုင်းမဖြည့်ကြတာများလို့ပါ..ဒါပေမယ့် ကျနော်တို့ဆီမှာတော့ .. အသုံးဝင်ပါတယ်။ .. စာဖတ်သူတို့ ဗဟုတုတ ရစေလိုတဲ့ စိတ်ကူးနဲ့ထည့်ရေးပေးလိုက်ဖြစ်ပါတယ်။
၅။ USB Thief
အားလုံးသိထားကြ သလိုမျိုး ကွန်ပြူတာ အများစု က နေ့တိုင်းသုံးတဲ့ ပေါ်မှာ မူတည်ပြီးတော့instant messenger passwords တွေကို မှတ်ထားကြပါတယ်.. MSN, Yahoo, AOL , Windowsmessenger တို့လိုမျိုးပေါ့ဗျာ။. တချို့တွေဆိုရင် outlook express, SMTP, POP, FTPaccounts တွေဆို ရင် တစ်ခါတစ်လေကျရင် IE တို့ Firefox တို့မှာ အော်တိုမှတ်ထားတဲ့ အခါလည်းရှိပါတယ်။ အဲ့လိုကျန်တဲ့ အခါမျိုးတွေကျရင် စာဖတ်သူတို့ က အလွယ်တကူလေးဘဲ tools လေးတွေသုံးပြိးတော့ stored လုပ်ထားတဲ့ နေရာက နေပြီးတော့ ယူလိုက်ရုံပါဘဲ။ အသုံးပြုဖို့လိုအပ်တဲ့tools တွေက တော့ MessenPass, Mail PassView, IE Passview, Protected StoragePassView, PasswordFox ဆိုတဲ့ tools ငါးမျိုးကို ကျနော် ပြောတဲ့နည်းတဲ့နည်း အတိုင်းသုံးမယ်ဆိုရင် အလွယ်တစ်ကူအသုံးပြုလို့ရပါတယ်။ ကျနော် နောက်ပို့စ်လေး မှာ USB Thiefနည်းလေးကို ဘယ်လိုသုံးမလဲ ဆိုတာကို ဆက်လက်ဖော်ပြပေးပါ့မယ်။ အခုတော့ အိပ်ငိုက်ပြီးဗျို့.....အခုပို့စ်မှာတော့ စာတွေချည်းပါဘဲ . ဆော့ဝဲလ်တွေကို ကျနော် နောက်ပို့စ်တစ်ခုမှာ ထပ်တင်ပေးဖို့မျှော်မှန်းပါတယ်.. ကျနော် အချိန်ပေးပြီးရေးထားတာကို အချိန်ပေးပြီး ဖတ်သွားတဲ့ .. ဟက်ကင်းစိတ်ဝင်စားတဲ့စာဖတ်ပရိတ်သတ်ကြီး ကိုလည်းအများကြီး ကျေးဇူးတင်ပါတယ်
credit :http://www.myanmarchatonline.org/for...?topic=39017.0
ဟက်ကာ ဘာလဲ၊ ဘယ်လဲ
တစ်ခါက ကျွန်တော့် အခြား ဘလောက်တစ်ခုမှာ ရေးခဲ့ဘူးပြီး အဲဒီပို့စ်ကြောင့် ပထမဆုံး ဘလောက်မှာ အဆဲ ခံရဘူးတဲ့ ပို့စ်လေး တစ်ခုပါ။ ကျွန်တော်ဟာ ငယ်ငယ်တည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ အရမ်းကို များလွန်းခဲ့ပါတယ်။ လူ့ဘ၀ တိုတိုလေးအတွင်းမှာ အဲဒီလို ဟိုယောင်ယောင် ဒီယောင်ယောင်တွေများခဲ့လို့ ထူးချွန်သင့် သလောက် မထူးချွန်ခဲ့ပါဘူး။ ပိုဆိုးတာက အလုပ်တစ်ခုကို မဖြစ်မနေလုပ်ရမယ့် အချိန်မျိုးမှာ အခြားတစ်ခုကို အသဲအသန် စိတ်ဝင်စားနေတတ်တာပဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာပညာရပ်တွေ သင်နေရင်း ကွန်ပြူတာဘက်ကို စိတ်အရမ်းပါသွားခဲ့ပြီး တစ်နေ့ကို နာရီအများကြီးပေးခဲ့မိပါတယ်။ လေ့လာပြီး တစ်နှစ်မပြည့်မီ ကွန်ပြူတာဂျာနယ်မှာ ဆောင်းပါးတစ်စောင် ရေးနိုင်ခဲ့ပေမယ့်အင်ဂျင်နီယာ ပညာရပ်ဘက်မှာ လစ်ဟင်းခဲ့ရပါတယ်။ နောက်ဆုံး Ciphercad2000 ဆိုတဲ့ cryptographysoftware တစ်ခုရေးပြီး စာတမ်းတင်ကာ ဘီအီးဘွဲ့ကို ရယူဖြစ်ခဲ့ တဲ့ အထိ ရူးသွပ်ခဲ့ ပါတယ်။ME ဆက်တက်တဲ့ ကာလ တစ်လျောက်လုံးမှာလဲ technical impact အရ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ အိုင်တီ ပညာရပ်တွေနဲ့ ဆက်လက် လုံးပမ်းနေဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်အထိ ကျောင်းစာမှာသာမာန်လောက် လုပ်ရုံနဲ့ လိုက်နိုင်နေတယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့ မိတာကြောင့်နောက်ပိုင်းမှာ အခက်အခဲနဲ့ ကြုံခဲ့ရပါတယ်။ PhD ဆက်တက်ဖြစ်တဲ့ အချိန်တွေမှာ မာစတာ တုန်းကနဲ့အင်မတန် ကွဲပြားတဲ့ အခြေအနေမျိုးကို ကြုံတွေ့ရပါတော့တယ်။ အရင် က အပေါ်ယံလေး သိရုံနဲ့ဆရာတွေကို ရွှီးလို့ ရခဲ့ပေမယ့် အခုတော့ သေသေချာချာသိဖို့ လိုနေတဲ့ အပြင် သီအိုရီ တိုင်းအတွက်solution များ approach များကို ပေါင်းစပ်ထားတဲ့ program များ ရေးသားထားဖို့ လိုအပ်နေကြောင်းအလန့်တကြား သိလာခဲ့ ရပါတယ်။ (မှတ်ချက်။ တစ်ပိုင်းချင်းစီက တော့ မာစတာတုန်းက ရေးခဲ့ပြီးပါပြီ)။ အဲလို solution များကို ခုမှ ပြန်လည် ရေးသားနေရတဲ့ အတွက် PhD ကျောင်းသားတစ်ဦးရဲ့ အဓိက ဖြစ်တဲ့ original idea ကို စဉ်းစားဖို့ အချိန်များစွာကို ဖဲ့ပြီး ပေးရပါတော့တယ်။တစ်ခါတစ်လေ ဘာမဟုတ်တဲ့ မသိနားမလည်မှုတစ်ခုဟာ calculation တစ်ခု၊ စာတမ်းတစ်စောင်ကို သုံးလေးလ အထိ မပြီးနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ လုပ်သင့်တာကို အဓိက မလုပ်ပဲ ဦးစားပေး မှားခဲ့တဲ့ရလာဒ် ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတဲ့ လူငယ်များကို ကျွန်တော့်လို ရေလိုက်မလွဲ ကြရလေအောင်အဆဲခံပြီး ဒီဆောင်းပါးကို ရေးလိုက်ရပါတယ် ခင်ဗျား။
ဖိုရမ်တစ်ခုကို ဖတ်ရင်း ဘာမှန်း၊ ညာမှန်း မသိဘဲ ဟက်ကာဖြစ်ချင်နေကြတဲ့ မြန်မာလူငယ်များကိုသွားတွေ့ပါတယ်။ ဟက်ကာ တကယ်ဖြစ်ချင်ပါသလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံးမေးကြစေချင်ပါတယ်။ဟက်ကာကို ဘယ်လို အဓိပါယ်ဖွင့်ဆိုကြမှာလဲ။ သူများတွေပြောတဲ့ ဟက်ကာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာကိုယ်ဘယ်လို ဟက်ကာ အမျိုးအစား ဖြစ်ချင်တယ် ဆိုတာကို သတ်မှတ်ကြစေ ချင်ပါတယ်။ ဒီလိုပြောလို့ကျွန်တော့်ကို ဆရာကြီးလုပ်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် စေတနာက ရိုးစင်းပါတယ်။အမှားတေ၊ွ လမ်းပိတ်တွေ နဲ့ ပြည့်နေတဲ့ လမ်းကို အကြိမ်ကြိမ်လျောက်ခဲ့ ပြီးတဲ့ လူတစ်ယောက်အနေနဲ့နောက်လူတွေကို ကျွန်တော့်လို မဖြစ်စေချင်လို့ပါပဲ။ ဘယ်အရာပဲ လုပ်လုပ် ရည်မှန်းချက်ရှိရှိ၊ စံနစ်တကျနဲ့ နည်းမှန်၊ လမ်းမှန် လုပ်စေ ချင်ပါတယ်။ ဘယ်ပညာရပ်မဆို အချိန်ပေးရပါတယ်။အနည်းဆုံး ဆယ်နှစ်လောက်ပေးတာတောင် ပညာရပ်တစ်ခုကို ပိုင်သွားပြီလို့ မပြောနိုင်ပါဘူး။ဖြတ်လမ်းနည်းနဲ့ ရတဲ့ ပညာဆိုတာ ဘယ်တော့မှ မခိုင်မြဲပါဘူး။
ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကိုအခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကိုသူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့သူတွေပါ။ ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာတစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင်design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။ တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင်တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေးလုပ်ပြီး အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကိုသေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင်ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုးကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။ ဒီလောက်ဆိုသဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့ ဖိုင်အပိုင်းအစလေးကိုဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering လုပ်တာပါ။ ဒီလို ခက်ခဲနက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။
သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ ကျူတိုရီယယ်လုပ်တာလေးတွေကိုနဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick လေးတွေကိုလေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင်သုံးလို့ မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့ သဘောရှိပါတယ်ခင်ဗျာ။
နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ အကျိုးပြုဖို့ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို အသုံးချမလဲဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။...