Thursday, 5 April 2012

ဟက်ကာရောင်းရန်ရှိသည်

221072
အချိန်ကား ၂၀၁၂
နည်းပညာ၏ အသီးအပွင့်များ အစွမ်းကုန်ဖွံ့ဖြိုးနေသည့် ကာလဖြစ်ပြီး နည်းပညာသည် လူသားတို့ကို စူပါမင်း ဖြစ်စေသည့် ဒုတိယဟစ်တလာများဖြစ်စေသည့် ဒုတိယ မာသာထရီဇာများဖြစ်စေသည့် ဆေးတောင်ဝှေးတစ်ချောင်းလည်း ဖြစ်လာခဲ့သည်..။ ထိုဆေးတောင်ဝှေးအစွမ်းကြောင့် ဟက်ကာဟူသော လူတန်းစား တစ်ရပ်လည်း ပေါ်ထွန်းလာခဲ့ပေသည်..ယင်းဟက်ကာဟူသော လူတန်းစားသည် ၁၉၆၀ ခန့်ကတည်းက ပေါ်ထွန်းခဲ့သော လူတန်းစားဖြစ်သော်လည်း ၂၀၁၁ ရောက်သော်မှ နာမည်ကျော် ဟက်ကာအဖွဲ့အစည်းနှစ်ခု၏ လက်သရမ်းမှုကြောင့် သူသူ ငါငါ ကြားတွင် ဟက်ကာ ဟူသည် ပါဝါရိန်းဂျားလို အိုစမာဘင်လာဒင်လို နာမည်ကျော်လာလေသတည်း ။ ယင်းအဖွဲ့နှစ်ဖွဲ့ လက်သရမ်းမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဟက်ကာအုံကြွမှု ဟူသော ကိစ္စရပ်ကြီးလည်း ပေါ်ပေါက်လာ၏ ။ ကီးဘုတ်မကောင်းလို့ ကီးတစ်လုံးလွဲသွားသောကြောင့် ပက်စ်ဝက်မှားလျှင်လည်း ဟက်ခံရပြီ ဟု အော်ကြ၏ ။ Zawgyi နှင့် ပက်စ်ဝက်ရိုက်သောကြောင့် Sign In မဖြစ်လျှင်လည်း ဟက်ခံရပြီဟု အော်ကြပြန်၏ ။ ကြာသော် ဟက်ကာ နှင့် Hackingသည် ရောဂါတစ်ခုကဲ့သို့ ဖြစ်လာ၏ ။ ကိုကို မောင်မောင် ညီညီ မမ များကြားတွင် ဟက်ကာဖြစ်လိုသော ရောဂါများစွဲကပ်ကြကုန်၏ ။ ဟက်ကာ ဖြစ်လိုသော ရောဂါသည် အတော်မသေးလှ ဆရာငှားကြ၏ စီးပွားရေး အကွက်မြင်သောသူများက ဟက်ကာသင်တန်းဖွင့်၏ သင်သော ဆရာ Gmailပက်စ်ဝက်အဟက်ခံရသောကြောင့် သောက်ရှက်ဗြမ်းဗြမ်းကွဲ၏ ပို၍ စီးပွားရေးအကွက်မြင်သူတို့က ဟက်ကာများကို ကြိုက်ဈေးဖြင့်ရောင်းချကြ၏ ဤသို့ဖြင့် ဟက်ကာဈေးကွက်ကြီးဖြစ်လာပြီး ယင်းဟက်ကာဈေးတွေ ဟက်ကာများ ဟက်ကာဖြစ်လိုသူများ ဟက်ကာလုပ်လိုသူများ ဖြင့် ခြေချင်းလိမ်လျှက်ရှိလေသတည်း ။

ဟက်ကာ ဈေးတစ်နေရာ။။။

အမည်မသိရှေးစာဆို
ဟက်ကာရောင်းရန်ရှိသည်.
ဟက်ကာလတ် ဟက်ကာကြီး ဟက်ကာငယ်
Black Hat , White Hat , Gray Hat , Red Hat , Brow Hat , ဦးထုပ်ရောင်စုံ ညှိနှိုင်းဈေးဖြင့် လက်လီလက်ကားရောင်းချသည်

ဟက်ကာများကို လက်လီလက်ကားရောင်းချလျှက်ရှိသော ဆိုင်တစ်ဆိုင်၏ ဆိုင်းဘုတ်ဖြစ်ပြီး ရှေ့ဝင်ပေါက်တွင် စာရေးတစ်ဦး ငိုက်လျှက်ရှိသည် ဆိုင်တွင်းတွင်တော့ အိပ်ငိုက်လျှက်ရှိသော ကွန်ပျုတာနဲ့ တကုပ်ကုပ် ဘာလုပ်နေမှန်းမသိသော ရူးကြောင်ကြောင်ထိုင်နေသော ဟိုလိုလို ဒီလိုလို ဝေ့နေသော ဟက်ကာဟုခေါ်သော လူတစ်စုထည့်ထားသော အခန်းနှစ်ခန်းရှိလေသည် ဤဆိုင်သည် ငွေသားဖြင့်သာ ပေးချေရပြီး ကွန်ပျုတာ နှင့် လုံးဝအလုပ်မလုပ်သောဆိုင်ဖြစ်သည်.။ ငွေစာရင်းများ ငွေများ ဘဏ်အကောင့်များလည်း ဆိုင်မှရောင်းသော ဟက်ကာများလက်ချက်ကြောင့် ပြောင်သလင်းခါပြီး ဒေ၀ါလီခံလိုက်ရသော ဟက်ကာဆိုင်များ မနည်းမကဲ ရှိသောကြောင့်ဖြစ်သည် :-D ထိုစဉ် ဈေးဝယ်တစ်ဦးရောက်လာသည် ။ ဈေးဝယ်သည် တောမှတက်လာဟန်ရှိပြီး အူကြောင်ကြားပုံပေါက်သည် ။ ဟက်ကာရောင်းဆိုင်များ အလွန်ပေါသောနေသောကြောင့် စာရေးမှာ ရောက်လာသော ဈေးဝယ်ကို လက်မလွှတ်ရေး အတွက် အူယား ဖားယား ထွက်ကြိုဆိုလေသည်။
ဟုတ်ကဲ့ လာပါ ခင်ဗျ ဘာများအလိုရှိပါသလဲ ခင်ဗျာ
 ဟက်ကာလိုချင်လို့ဗျ 
ဟုတ်ကဲ့ Black လား White လားခင်ဗျာ သင်ဖို့လား ခိုင်းမလို့လားခင်ဗျာ
ဟုတ် Black နဲ့ White က ဘာကွာတာလဲဗျ
 ဟုတ်ကဲ့ Black ဆိုတာတော့ Black Hatပေါ့ဗျာ ဟိုဘက်က တစ်အုပ်စုပါ သူတို့ကိုတော့ မကောင်းတဲ့နေရာမှာခိုင်းလို့ရပါတယ် ဥပမာ အကို့စီးပွားပြိုင်ဖက် ကုမ္ပဏီကိုတိုက်ခိုက်ဖို့လိုမျိုးပေါ့ Whiteကတော့ ကောင်းတဲ့နေရာမှာသုံးလို့ရပါတယ် ဥပမာ အကို့ကုမ္ပဏီ ဆာဗာကို Securityထိန်းသိမ်းဖို့ပေါ့ ဒါပေမယ့် သူတို့ကိုလည်း တိုးတိုးခိုင်းမယ်ဆို မကောင်းတဲ့နေရာမှာခိုင်းလို့ရပါတယ် ”
တိန် ပြောတော့ White Hat ဆို
 အို ဒီလောကကတော့ ဒီလိုပဲ ကြောင်သူတော်တွေပေါ့ဗျာ  :-P
ဒါနဲ့ ဟိုဘက်က ဦးထုပ်ညိုညိုတွေကကော…?”
ဟာ ဆရာ အဲ့ဒီ့လူတွေကိုတော့ မရောင်းဘူးဆရာ ကျွန်တော်တို့က ဈေးသာရောင်းတာ မိတ်အပျက်မခံဘူးဆရာ တခြားတစ်မျိုးမျိုးရွေးပါ Blackဖြစ်ဖြစ် White ဖြစ်ဖြစ်ပေါ့..”
ဟေ ဘာလို့လဲဟ ”
အဲ့ဒါ Gray Hatတွေဗျ ဟိုလိုလို ဒီလိုလိုဗျ မထင်ရင်မထင်သလို ကိုယ့်အလုပ်ရှင် ဆာဗာထဲက ဘဏ်အကောင့်တွေပါ ခိုးချင်ခိုးသွားတာရယ် ဒီလိုလုပ်လို့ စီးပွားပျက်တဲ့ သူတို့ပိုင်ရှင်တွေက အလကားဇွတ်ပေးသွားလို့ ဒီမှာသောင်တင်နေတာဗျ
အမ်…. ဒါနဲ့ အခန်းတစ်ခန်းထဲမှာ ထည့်လို့ရရက်နဲ့ ဘာလို့ အခန်းနှစ်ခန်းခွဲထားရတာလဲဗျ ”
 အာ Black Hat တွေနဲ့ White Hatတွေကို တစ်ခန်းထဲထည့်ထားရင် အကုန် ပြဿနာတွေတက်ကုန်မှာပေါ့ဗျ ဟိုကောင်တွေကလည်း သူတို့ကိုယ်သူတို့ Whiteကွ Programming Networkingကို စနစ်တကျလေ့လာခဲ့ရတာကွ ကွန်ပျုတာဘွဲ့ရကွဆိုပြီး သွေးကြွနေတာ ဟို Black Hatတွေကလည်း ကွန်ပျုတာကို ကိုယ်တိုင်လေ့လာရလာတာ ဘယ်သူ့မှဆရာမတင်ဘူးကွ ဆိုပြီး ဦးမချိုးပဲနေကြရင်း တွေ့တိုင်းချကြတာဗျ
အော် ကျွန်တော့်သားပေါ့ဗျာ ဟက်ကာရူးရူးနေလို့ သူပူဆာလို့ ၀ယ်ဖို့လာတာဗျ ခင်ဗျားအကြံပေးကြပါဦး ”
 ဆရာ့သားက ငယ်သေးရင်တော့ Black Hat မ၀ယ်စေချင်ဘူးဆရာ Black Hatဆိုတဲ့အမျိုးက ဂျပိုးကို လိပ်ဖြစ်အောင်ပြောတဲ့နေရာမှာ လိမ်တဲ့ ညစ်တဲ့နေရာမှာ ဘယ်သူမှမမှီဘူးဆရာရဲ့ ဆရာ့သားက ငယ်သေးရင် အကျင့်တွေကူးကုန်မှာစိုးလို့ပါ White Hat သာဝယ်သွားဆရာ White Hatဆိုရင် ဆ၇ာ့သားကိုလည်းပညာသင်ခိုင်းလို့ရတယ် ဆရာ့ကုမ္ပဏီ ဆာဗာလည်းထိန်းခိုင်းလို့လည်းရတယ် လူမသိ သူမသိ သူများဆာဗာတွေလည်း ချခိုင်းလို့ရတယ်ဗျ သူ့မှာလည်း Nick Name အတုတွေတစ်ပုံကြီး ရှိတယ်ဗျ White Hat ကတော့ ဒေါ်လာ ငါးထောင်ပါ Black Hat ကတော့ ဒေါ်လာ လေးထောင့်ငါးရာပါ ပြန်သွင်းရင်တော့ ငါးရာလျှော့ပြီး ပြန်သွင်းလို့ရပါတယ် ဆရာ”

ထိုစဉ် Black Hat အုပ်စုထဲမှ ဟက်ကာတစ်ကောင်၏ ၀မ်းသာစွာ အော်သံထွက်လာလေသည်။
 ဟေးးးး အခု ငါတို့ကို ပစ္စည်းလိုလာဝယ်နေတဲ့ကောင်ရဲ့ ဘဏ်အကောင့်ဟက်နိုင်လိုက်ပြီကွာ ဟား ဟား ဘာတတ်နိုင်သေးလဲ ၀ူးထွားထွား ”

သူ့ဘဏ်အကောင့် အဟက်ခံလိုက်ရသောကြောင့် ပြူးပြာသွားသော ဈေးဝယ်မှာ ရှူးရှူးရှားရှားဖြင့် စာရေးအား
ဟရောင် ဒါမင်းလုပ်ခိုင်းတာမို့လား မင်းတို့….ဒီလိုပဲ ဈေးဝယ်တွေ ဘဏ်အကောင့်တွေ ဟက်ခိုင်းတာ မဟုတ်လား ဟင် အခုချက်ချင်း ငါ့ပိုက်ဆံတွေပြန်ပေးစမ်း မပေးရင် ငါ့ တရားရုံးသွားတိုင်မယ် ”\
ဟာ ဆရာရယ် တကယ်မလုပ်ခိုင်းရပါဘူး တကယ်ပါ ကျွန်တော်တို့ မလုပ်ခိုင်းရပါဘူးး
 ဟရောင် အပိုတွေမပြောနဲ့ ငါ့ပိုက်ဆံတွေပြန်မရရင် တရားရုံးသွားမယ် ”
 ဟာ အဲ့လိုတော့ မလုပ်ပါနဲ့ဆရာရယ် ကျွန်တော့်ဆီမှာရှိတဲ့ ပိုက်ဆံ ဒါအကုန်ပါ ယူသွားပါ ဆရာရယ် တောင်းပန်ပါတယ် တရားရုံးတော့ မတိုင်ပါနဲ့ ဆိုင်ပိတ်ရမှာစိုးလို့ပါ 
 ဘာ ဟရောင် မလိုဘူး ငါ့ထဲမှာရှိတဲ့ ပိုက်ဆံက ဒေါ်လာ ငါးသောင်းကွ မင်း အခုပေးတဲ့ပိုက်ဆံက ဒေါ်လာ တစ်သောင်းထဲ မရဘူး ဟရောင် ဒီလိုလာမပတ်နဲ့ မလိုချင်ဘူး 
 ဆရာရယ် တောင်းပန်ပါတယ် ထိုင်ကန်တော့ဆိုလည်း ကန်တော့ပါမယ် ဒါလေးပဲယူသွားပါနော် 

စာရေး၏ အတန်တန်တောင်းပန်မှုကြောင့် ဈေးဝယ်မှာ ဒေါကြီးမောကြီးဖြင့် စာရေးပေးသော ဒေါ်လာ တစ်သောင်း အားယူသွားပြီး ဆိုင်ထဲမှာ ထွက်သွားလေသည်.။ စာရေးမှာ စတိုင် တခွဲသားဖြင့်ထိုင်နေသော White Hat များ ယောင်လည်လည်လုပ်နေသော Gray Hat များ မည်သည့်ကို ဒုက္ခပေးလိုက်ရဟူသော အကြည့်များဖြင့် ကြည့်နေသောBlack Hat များကို စိတ်ကုန်ခမ်းစွာကြည့်ရင်း ကျန်ရစ်လေသတည်း..
(မည်သူ့ကိုမျှ မတိုက်ခိုက်လိုပါ တိုက်ဆိုင်မှုများကို ခွင့်လွှတ်ပေးကြပါ အပြောင်အပျက် လက်ကမြင်းခြင်းသာဖြစ်ပါသည် )