အသိပေးချက်နှင့် မေးခွန်းနှင့်အဖြေများ
အကူအညီတောင်းဆိုသူများ သိစေရန်
ကျွန်တော့်ဆီကို အကူအညီတောင်းတဲ့သူများ အားလုံးနီးပါးကို အထူးမှာချင်တာလေး တစ်ခုရှိပါတယ်. ဘာလဲဆိုရင် ကိုဖြစ်နေတဲ့ ပြဿနာကို စာနဲ့ပဲ မပို့ပဲနဲ့ ဖြစ်နေတဲ့ပုံလေးကို screen short ရိုက်ပြီးတော့ ပို့ပေးစေချင်ပါတယ်. screen short ရိုက်တာ လွယ်လွယ်လေးပါ. ဘာမှမခက်ပါဘူး. မရိုက်တတ်တဲ့သူများအတွက် တစ်ခါတည်း သင်ပေးလိုက်ပါ့မယ်. photoshop နဲ့မှ screen short ရိုက်လို့ရတာ မဟုတ်ပါဘူး. paint နဲ့လဲ screen short ရိုက်လို့ရပါတယ်. paint ဆိုတဲ့ program ဟာ window စတင်ကတည်းက ပါထားပြီးသား program ဖြစ်လို့ လူတိုင်းသိကြလိမ့်မယ်လို့ ထင်ပါတယ်. photoshop နဲ့ကော paint နဲ့ပါ screen short ရိုက်နည်းကို ပြောပြပေးလိုက်ပါ့မယ် . နောက်တစ်ခါဖြစ်ရင်. ပုံလေးတွေနဲ့ ပို့ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်.
Paint ဖြင့် screen short ရိုက်နည်း
ပထမဦးဆုံး paint program ကို ဖွင့်လိုက်ပါ.
window 7 မှာဆိုရင် start icon လေးရဲ့အထက်မှာ search program and file ဆိုတာရှိပါတယ်. အဲ့အကွက်ထဲမှာ paint ဆိုတဲ့ စာကို ရိုက်ထည့်လိုက်တာနဲ့ paint program ပေါ်လာပါလိမ့်မယ်. paint ကိုဖွင့်ထားပါ.
- ဖြစ်နေတဲ့ error box ကို မြင်ရပြီဆိုတာနဲ့ Desktop သမားများက keyboard မှာ Print Screen SysRq ဆိုတဲ့ စာသားလေးရှိပါတယ်. Scroll Lock ရှိတဲ့အကွက်မှာပဲ ရှိတတ်ပါတယ်. အဓိက ကတော့ screen ဆိုတဲ့ စာသားပါပါလိမ့်မယ်. Keyboard တစ်မျိုးနဲ့ တစ်မျိုး ရေးထားတာချင်း မတူညီလို့ပါ. အဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ. တစ်ချက်နဲ့ အားမရရင် နှစ်ချက်နှိပ်ပါ.
- ပြီးတာနဲ့ paint program ကို ပြန်သွားပါ။
- ctrl + v (or) လွတ်နေတဲ့ အဖြူရောင်အကွက်မှာ right click ထောက်ပြီးတော့ paste လုပ်လိုက်ပါ. ပြီးတာနဲ့ save (or) ctrl + s ကိုနှိပ်လိုက်ပါ။ အဲ့ဒီ့မှာ Save as type အကွက်မှာ (.png, .gif, .jpg) အဲ့သုံးမျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ သင့်တော်တဲ့နေရာမှာ save လုပ်လိုက်ပါ.
- ဒါဟာ paint နဲ့ screen short ရိုက်နည်းပါ. ပို့ပေးရမှာလည်းပဲ အဲ့ဒီ့ပုံပါပဲ.
Adobe photoshop ဖြင့် screen short ရိုက်နည်း
Adobe photoshop ဖြင့် screen short ရိုက်နည်း
ပထမဦးဆုံး Adobe photoshop program ကို ဖွင့်လိုက်ပါ.
window 7 မှာဆိုရင် start icon လေးကို နှိပ်လိုက်တာနဲ့ photoshop ဆိုတဲ့ program ကို စတွေ့ပါလိမ့်မယ်. Adobe photoshop program ကိုဖွင့်ထားပါ.
- ဖြစ်နေတဲ့ error box ကို မြင်ရပြီဆိုတာနဲ့ Desktop သမားများက keyboard မှာ Print Screen SysRq ဆိုတဲ့ စာသားလေးရှိပါတယ်. Scroll Lock ရှိတဲ့အကွက်မှာပဲ ရှိတတ်ပါတယ်. အဓိက ကတော့ screen ဆိုတဲ့ စာသားပါပါလိမ့်မယ်. Keyboard တစ်မျိုးနဲ့ တစ်မျိုး ရေးထားတာချင်း မတူညီလို့ပါ. အဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ. တစ်ချက်နဲ့ အားမရရင် နှစ်ချက်နှိပ်ပါ.
- ပြီးတာနဲ့ Adobe photoshop program ကို ပြန်သွားပါ။
- ctrl + n (or) File >> new ကို နှိပ်လိုက်ပြီး page setup ပေါ်လာရင် enter ခေါက်လိုက်ပါ ပြီးရင် ctrl + v (or) လွတ်နေတဲ့ အဖြူရောင်အကွက်မှာ right click ထောက်ပြီးတော့ paste လုပ်လိုက်ပါ. ပြီးတာနဲ့ save (or) ctrl + s ကိုနှိပ်လိုက်ပါ။ အဲ့ဒီ့မှာ Save as type အကွက်မှာ (.png, .gif, .jpg) အဲ့သုံးမျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ သင့်တော်တဲ့နေရာမှာ save လုပ်လိုက်ပါ.
- ဒါဟာ Adobe photoshop နဲ့ screen short ရိုက်နည်းပါ. ပို့ပေးရမှာလည်းပဲ အဲ့ဒီ့ပုံပါပဲ.
..............................
tarzan.villane09@gmail.comး ကိုညီနေမင်းခင်ဗျာ ကျွန်တော်ကို kaspersky antiviurs 2012 keygen ကို download ဆွဲတာမရလို့ပါခင်ဗျာ အဲဒါကိုညီနေမင်း ကျွန်တော်ကို အကူညီလေးတစ်ခုလောက်ပေး ပါလားခင်ဗျာ.. ကျေးဇူး တင်ပါတယ်....
ညီလေးရေ keygen လို့တော့ တင်ပေးတာ မတွေ့မိသေးပါဘူး. တွေ့ရင်လည်းပဲ trojan နဲ့ပေါင်းထားတဲ့ program တစ်ခုလို့ပဲ အစ်ကို့အနေနဲ့တော့ ယူဆမိပါတယ်. အန္တရယ်အကင်းဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ key ဖိုင်တွေကို အမြဲတမ်း update တင်ပေးနေတာကို ဘာ့ကြောင့် keygen ကို လိုချင်တာလဲဆိုတာကိုတော့ ကိုမသိပါဘူး. ဒါပေမယ့် ညီလိုချင်တဲ့ keygen ကို ရှာပေးလို့ရပါတယ်. window os ပါ ဒေါင်းသွားတာမျိုး virus ၀င်သွားတာမျိုးဆိုရင်တော့ အစ်ကိုတာဝန် မယူနိုင်ပါဘူး. ဘာ့ကြောင့်လဲဆိုရင် အစ်ကို့ရှေ့မှာ ရက်ပေါင်း 3600 ကျော် crack တစ်ခုကို ဆိုင်တစ်ဆိုင်ကနေ ရောင်းလိုက်ပါတယ်. ကိုစစ်ကြည့်လိုက်တော့ အထဲမှာ trojan နဲ့ပေါင်းပြီး virus အဖြစ် ဖန်တီးထားတာ တွေ့ရပါတယ်. ထည့်ပြီးပြီးချင်းတော့ update လုပ်လို့ရပါသေးတယ်. 100% ပြည့်သွားလို့ window ကို restart တောင်းလိုက်လို့ ပေးလိုက်တဲ့အခါမှာ window တက်မလာတော့ပါဘူး. အဲ့ဒါ ကို့ဆီကိုလာတဲ့ customer တစ်ယောက်ရဲ့အဖြစ်ပါ. ကိုတားပါသေးတယ်. ညီလေး ၃ လကျော် ၄ လလောက်အထိ အစ်ကိုရက်ကို ရှာပေးပြီး ထည့်ပေးပါ့မယ်. ဒီ crack ကိုတော့ မထည့်စေချင်ပါဘူးဆိုတော့. ဆိုင်က အစ်ကိုက ရက်ပေါင်း 3600 ကျော်ရှိတယ်လို့ အသေအချာပြောလိုက်ပါတယ်အစ်ကို ထည့်သာထည့်လိုက်ပါလို့ပြောပါတယ်. တားပေမယ့် မရတဲ့အတွက် အဲ့ဒီ့ crack ကို ထည့်ပေးလိုက်ပါတယ်. ရက်ပေါင်း 3600 ရပြီးတဲ့အချိန်မှာ သူ့စက်ကို ပြန်ယူသွားပြီး နောက်နေ့ ကွန်ပျူတာ ၀င်းဒိုး တက်မလာတဲ့အကြောင့် လာပြောပါတယ်. အစကတည်းက ဖြစ်မယ်ဆိုတာကိုကြိုသိလို့ တားပေမယ့် မရတဲ့အတွက် လုပ်ပေးလိုက်တာပါ. ကျွန်တော့်မှာ အပြစ်ကင်းတယ်လို့ ယူဆပါတယ်. ဒါပေမယ့် သူ့ကို သင်ခန်းစာ ရသွားစေချင်တဲ့ သဘောပါပဲ. ကျွန်တော် window အသစ်ပြန်တင်ပေးပြီး အကုန်ပြန်လုပ်ပေးလိုက်ပါတယ်. တစ်ပြားမှ မယူလိုက်ပါဘူး. အဲ့တော့ ဒီသင်ခန်းစာလေးကို ယူစေချင်ပါတယ်. မယုံရင် keygen ချည်းပဲသတ်သတ် google ကနေ ရှာကြည့်လိုက်ပါ. ဆိုက်တော်တော်များများဟာ kaspersky internet security က blacklist သတ်မှတ်ထားတဲ့ ဆိုက်တွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်.