Browser များအကြောင်း တစေ့တစောင်;
သိသလောက်လေး internet browser လေးတွေကို မျှဝေပေးချင်ပါတယ်။သိပ်ီးသားလူတွေလဲ ရှိမှာပါ။
browser ဆိုတာ ဘာလဲ လို့မေးရင် လူတိုင်းသိကြမှာပါ။ ဒါပေမဲ့ မသိသေးတဲ့လူတွေလဲ ရှိသေးရဲ့။ browser ကို yahoo လို့ ဖြေတဲ့သူကဖြေတယ် google လို့ဖြေတဲ့သူကဖြေတယ်။
search engine လို့ဖြေတဲ့သူကဖြေတယ်။ yahoo ဘဲသုံးတယ် browser ကိုမသုံးဘူးလို့ပြောတဲ့သူကပြောတယ်။ အောက်ကလင့်မှာသွားကြည့်လိုက်ပါ။ရီစရာလေးတွေ တွေ့ရမှာပါ။ကျနော်တောင်ကြည့်ပီး သဘောကျလို့ပြုံးမိပါသေးတယ်။ ဒါတောင် New York City က အချက်အခြာကျတဲ့ Time Square မှာ တွေ့တဲ့လူတွေကိုမေးထားတာနော်။ တချို့ဆို သေချာမသိသေးတာတွေ ရှိသေးတယ်။
http://www.youtube.com/watch?v=zrRkXdqgQiw
ဟိုးအရင်က ခေတ်စားခဲ့တဲ့ browser က netscape browser ပါ။သူကပိုက်ဆံနဲ့ပေးမှ ၀ယ်သုံးရတာ။ နောက်တော့ microsft က IE ဆိုတဲ့ inet exploer broswer ကို ပွဲထုတ်ခဲ့ပီး
တခုပီးတခု update တွေပေးခဲ့တာ အခုဆို IE 9 တောင်ရောက်နေပါပီ။ ကျနော်တို့မသိသေးတဲ့ browser တွေ အများကြီး ရှိပါသေးတယ်။ အခု ကျနော်သိတဲ့ browser အကြောင်းလေးတွေကို
ဖေါ်ပြပေးသွားမှာပါ။ အများကြီးတော့မသိဘူး။ နည်းနည်းဘဲသိတယ်။သိသလောက်ဘဲ ဖေါသွားတာမှာ။

IE အကြောင်းက စပြောမယ်ဗျာ။ပြောမယ်ဆိုတာက အနည်းကျဉ်း အကြမ်းဖျင်းသဘောလောက်ပါဘဲ။
IE
သူကတော့ Microsoft Product ဆိုတာတော့ အားလုံးသိပါတယ်။ဒါပေမဲ့ ကျနော်ကတော့
သိပ်ပီး ကြိုက်လှတယ်မရှိဘူး။ တခုခု လုပ်ပီဆို secuirty question ကလာပီ။ Yes, No လာလာမေးနေလို့ စိတ်ကမရှည်ဘူး။plug in တွေ နည်းတယ်။ အဲဒါနဲ့သိပ်ပီး မသုံးဖြစ်ဘူး။(ရုံးကလူတွေကတော့ IE ဘဲ သုံးကြပါတယ်။ ကျနော် ၁ ယောက်ဘဲ chrome သုံးပါတယ်။ပီးတော့ ဒီနေ့ထိ yahoo ကိုဘဲ သုံးတဲ့ လူတွေ ရုံးမှာ တပုံကြီး။ ကျနော်ကတော့ GOOGLE ဘဲ ။ဒါက စကားချပ်) အခု version က IE 9 ဖြစ်နေပါပီ။
Opera
သူကတော့ Browser တွေထဲမှာ အမြန်ဆုံးလို့ပြောလို့ရတယ်။ အရင် ဗားရှင်းတွေတုန်းက MM font နဲ့အဆင်ပြေပေမဲ့ နောက်ထပ်ထွက်လာတဲ့ ဗားရှင်းအမြင့်တွေမှာ တော့ သိပ်ပီး အဆင်မပြေတော့ပါဘူး။ ဒါပေမဲ့ မြန်တာကိုကြိုက်တဲ့သူတွေအတွက်ကတော့ ကောင်းပါတယ်။အရင်နှစ်တွေတုန်းက chrome မသုံးသေးခင်တုန်းကတော့ Opera ကို တော်တော်ကြာကြာ သုံးဖြစ်ခဲ့ပါတယ်။အခု version က 11.01 ဖြစ်နေပါပီ။ ပီးတော့ android ဖုန်းတွေမှာပါသုံးလို့ရအောင် ထုတ်ပေးထားပါတယ်။ Window, Mac, Linux platform တွေမှာပါသုံးစွဲလိုရပါတယ် လို့ဆိုပါတယ်။သူ့မှာ ကောင်းတာကတော့ java အတွက် ပူစရာမလိုဘူး။ JRE တခါတည်းပါလာပီးသားဆိုတော့ အဆင်ပြေတယ်။
Safari
သူကတော့ Apple product ပါ။ သူလဲ မြန်ပါတယ်ဆိုပီး ခေတ်ထ လိုက်သေးတယ်။ ကျနော့်စိတ်ထဲမှာတော့ သိပ်ပီး မထူးသလိုပါဘဲ။သူလဲ MM font ပြသနာနဲနဲ ရှိတယ်။
ဒါပေမဲ့ သုံးရတဲ့ UI ကမဆိုးဘူး။ တစ်မျိုးလေးပေါ့။ သူကကောင်းတာလေးတွေရှိတယ်။ဘာတွေလဲဆိုတော့ redering အရမ်းကောင်းတယ်။ သူ့မှာပေါ်တဲ့စာလုံးတွေက တခြား browser တွေမှာပေါ်တဲ့ စာလုံးတွေထက် ပိုလှတယ်လို့ထင်မိတယ်။ မြန်မာစာလုံးမှာတော့ သိပ်အဆင်မပြေချင်ဘူး။ ပီးတော့ safari 5 မှာ တော့ safari reader ဆိုတာလေးပါလာတယ်။ အဲဒါက ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ဥပမာ ဆိုဒ်တခုက web page တခုကစာကိုဖတ်တယ်ဆိုပါဆို။ safari reader ကို on ထားလိုက်ရင် စာအုပ်ပုံစံ စာမျက်နှာဘဲပေါ်လာပါတယ်။ သူလဲ မြန်တယ်လို့တော့ ပြောကြတာဘဲ။သူကတော့လောလောဆယ် mac နဲ့ window အတွက်ဘဲ ရှိပါသေးတယ်။ လုံခြုံရေးပိုင်းကတော့ တခြားဟာတွေနဲ့ယှဉ်ရင် အားနည်းတယ်။ပီးတော့ ဟန်းသွားရင် resotre လုပ်လို့မရဘူး။ youtube က movie လေးတွေကို ဒေါင်းဘို့ add-ons တွေ နည်းတယ်။
င်္Fire Fox
သူကတော့ မြန်မာပြည်ကလူတွေ အသုံးများဆုံးနဲ့အဆင်ပြေဆုံးလို့ထင်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းက Google နဲ့ တွဲပီးလုပ်ခဲ့ရာကနေနောက်တော့ သူ့ဟာသူဘဲ ရပ်တည်သွားတာပါ။
MM font က သူနဲ့ တော်တော်အဆင်ပြေတယ်။ ပြီးတော့ add ons တွေလဲ သူက အများဆုံးပါဘဲ။သူကတော့ linux, Window မှာပါ အသုံးပြုလို့ရပါတယ်။ ပြသနာကတော့ memory စားသုံးမှု များတယ်။ တခါတလေ CPU Heat များချင်တယ်။ သူ့ကိုဘဲ tab တွေ အများကြီးနဲ့ Broswer ၃ ခု ၄ ခုလောက် ပြိုင်ဖွင့်လိုက်ရင် စက်က ဟန်းချင်သလိုလို လေးသွားသလိုလို ဖြစ်ဖြစ်သွားတက်ပါတယ်။ ကျနော် သိပ်မကြိုက်ဘူး။လေးတာကတော့ add ons တွေများလို့လဲ ဖြစ်နိုင်သလို သူ့ရဲ့ memory စားသုံးမှုကလဲ တခြားသော browser တွေထက်ပိုစားပါတယ်။ တခါတခါ right click တောင် နှိပ်လို့မရတဲ့ အခြေအနေတောင်ဖြစ်ဘူးတယ်။အဲဒါဆို တော်တော်ဒေါသထွက်မိလို့ ကြွက်ကို ခဏခဏ ကိုင်ကိုင်ဆောင့်မိတယ်။ နောက်တော့ ကိုယ့်ကြွက်ဘဲ အထိနာတာဘဲ ရှိတယ်။ နောက်ပိုင်းတခြားဟာတွေ စမ်းသုံးကြည့်ရင်းနဲ့ ဒီနေ့ထိ မသုံးဖြစ်တော့ဘူး။စိတ်ကုန်သွားလို့။

အခု version က 3.6.15 ပါ။ဒါပေမဲ့ version 4 ကို RC နဲ့ထုတ်ပေးနေပါပီ။ ဟန်းသွားရင်ဖြစ်ဖြစ် browser restart ကျသွားလို့ဘဲ ဖြစ်ဖြစ် ပြန်ပီး resotre ပြန်ခေါ်လို့ရတယ်။

Chrome
လူပြောများတဲ့ chrome........။ သူ့သမိုင်းကလဲ နဲနဲနောနော မဟုတ်ဘူး။
အဲဒီ chrome browser ကြောင့် apple ကြီးနဲ့ စပီး မကြေမလည်ဖြစ်ခဲ့တာ။အခုလဲ chrome OS ဆိုပီး cloud computing system ကို အခြေခံပီး ထုတ်လိုက်ပါပီ။
ပြန်ပြောရရင် chorme broswer ကမြန်တယ်။ အခုဆို version 10 တောင်ရောက်နေပီ။ javascript performance ကိုမြှင့်ထားပါတယ်။google ရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးဖြစ်အောင် လုပ်ပေးထားတယ်။ mm font နဲ အဆင်ပြေတယ်။ မြန်တယ်။ သေချာတာကတော့ FF ထက်ပိုမြန်တယ်။ ကြိုက်တဲ့ theme ကို ပြောင်းလို့ရတယ်။ တော်တော်လေးကို ပေါ့ပါးပီး မြန်တာတွေ့ရပါတယ်။ မြန်မာပြည်က အင်တာနက် bandwidth နဲ့တော့ အဆင်ပြေမယ် လို့ထင်ပါတယ်။ သူကတော့ linux , window, Mac တွေအတွက်ပါထုတ်ပေးထားပါတယ်။ chrome အတွက် addons တွေ FF လောက် မရှိသေးပေမဲ့ chrome web store ရှိနေပါတယ်။ သူ့ဆီကနေ ကိုယ့်အတွက် တကယ်အသုံးလိုတဲ့ applications တွေကို ဒေါင်းလုပ်ချပီး သုံးလို့ရပါတယ်။ web base အခြေခံပါဘဲ။ တဆက်တည်းပြောချင်တာလေးရှိလို့ပါ။ အဲဒီ chrome web store ရဲ့ မူလ အစက apple ပါ။ apple ရဲ့ idea ပါ။ apple ရဲ့ mac app store ကိုတုပီး လိုက်ဖွင့်တာပါ။ apple ကတော့ လုပ်မယ် လို့ စဉ်းစားနေတုန်း google ကအရင်ဦးအောင် ဖွင့်ချလိုက်ပါတယ်။ အဲဒီ chrome web store က အဓိက ၂ ခု ကိုသွားတွေ့ပါတယ်။ ဘာလဲဆိုတော့ ၁ခုက chrome broswer base platform ပါ။ နောက် ၁ခုကတော့ chrome os platform အတွက်ပါ။
ပိုက်ဆံ ပေးပီး ၀ယ်ရတဲ့ apps တွေ ရှိသလို ကိုလစ် တို့အကြိုက် free apps တွေလဲ အများကြီးပါဘဲ။ တကယ်လဲ အသုံးပြုလို့ရတဲ့ အသုံးဝင်တဲ့ apps တွေပါ။
တချို့ apps တွေက android ဖုန်းတွေမှာ ပါတဲ့ apps တွေကို ဒီထဲမှာ ထပ်ပီး ပြန်တွေ့ရတာတွေလဲရှိပါတယ်။
https://chrome.google.com/webstore
HTML 5 ကိုတော့ အားလုံးက support လုပ်တယ်ဆိုပေမဲ့ သူ့ဟာနဲ့သူအနည်းကျဉှ်းဆီ ကွဲသွားပါသေးတယ်။ FF ကလဲ support လုပ်သလို google ကလဲ support လုပ်ဆောင်ပေးထားတာတွေ့ရပါတယ်။ Apple ကလဲ HTML 5 ကို လက်ခံပါတယ်။ သူ့ဖုန်းတွေမှာ flash Player လက်ခံမထားပါဘူး။ apple က flash player ကိုမသုံးပါဘူး။ Flash player ကလဲ window platform မှာ ပြသနာ မရှိပေမဲ့ တခြား platform (Linux, Mac) တို့မှာ cpu usage နဲ့ memory စားသုံးမှုအရမ်းများလှပါတယ်။အဲဒါကြောင့်လို့ထင်ပါတယ်။ HTML 5 ကို လက်ခံထားပေမဲ့ FF မှာတာ့ mp3 ကို support မလုပ်ဘဲ wav format ကိုဘဲ support လုပ်ပါတယ်။ဒါပေမဲ့ chrome မှာကျတော့ mp3 support လုပ်ပေးတယ်။ ဒါပေမဲ့ wav ကိုလက်မခံတော့ပြန်ဘူး။ ဒါပေမဲ့ သူတို့၂ ခုတူတာကတော့ .ogg ကိုတော့ အသုံးပြုလို့ရတာတွေ့ရတယ်။ ဒါပေမဲ့ FF မှာ flv ကို မရတော့ပြန်ပါဘူး။ chrome မှာလဲ .ogg ကို လက်ခံပေမဲ့ .wmv, flv တွေကို support မလုပ်တော့ပြန်ဘူး။နောက်ပိုင်းတော့ဘယ်လိုလာမလဲမသိသေးဘူး။
IE ကတော့ ထွက်ခဲ့တဲ့ ဗားရှင်းတွေအထိ ယိုပေါက်တွေ ဟာကွက်တွေ ရှိနေတယ်ဆိုပီး အော်နေတုန်း။ အခု IE 9 တော့ဘယ်လိုလာမယ်မသိဘူး။
FF နဲ့ chrome က အားလုံးထက်ပိုပီး လုံခြုံရေးမှာတော့များပါတယ်