Command Prompt ကနေ သူငယ်ချင်းတွေကို ချက်နည်း

Ms dos Command Prompt ကနေ သူငယ်ချင်းတွေကို ချက်နည်းလေးပါ ဘာရယ်တော့မဟုတ်ဘူးပေါ့ဗျာ ဟဲဟဲ လူရှေ့မှာ လုပ်ပြရင်တော့ သင်ခိုင်းမှာသေချာတယ် မသင်ခိုင်းရင်လဲ လူရှိန်တယ်ပေါ့လေ ဟိဟိ
ကဲအာမချောင်ပဲ စလုပ်ကြည့်လိုက်ရအောင်
သင်မှာလိုတာကတော့
သင့်သူငယ်တွေရဲ့ IP
ဒါလေးလိုပါတယ်
Step 1: Notepad ကိုဖါင့်ပါ အောက်က Code ကို ကော်ပီယူထည့်ပါ
@echo off
:A
Cls
echo MESSENGER
set /p n=User:
set /p m=Message:
net send %n% %m%
Pause
Goto A
Messenger.bat လို့နာမည်ပေးပြီးသိမ်းလိုက်ပါ
Step 2: Command Prompt ကို ဖွင့်ပါမယ် ဘယ်လိုဖွင့်ရမလဲဆိုတာတော့ မမေးပါနဲ့တော့ သိမှာပါ နောက်သိမ်းထားတဲ့ဖိုင်ကို Command Prompt ပေါ်ကို Drag ဆွဲတင်လိုက်ပါ Enter ခေါက်ပေးလိုက်ပါဗျာ
ပုံလေးကိုကြည့်လိုက်ပါဦး

Step 3: သင့်သူငယ်ချင်းတွေရဲ့ IP Adress ကိုထည့်ပေးပြီး Enter ခေါက်လိုက်ပါ အောက်ကပုံကိုရှုပါ

အခု ဒီအဆင့်ရောက်လာပြီဆိုရင်နောက်ထပ် လုပ်ရမှာကျန်ပါသေးတယ် အဲဒါကတော့သင့်သူငယ်ချင်းတွေနဲ့ စကားပြောလိုက်ပါ ဟိဟိ

Note : windows XP နဲ့ lower version တွေမှာပဲရတာနော် 7 တွေဘာတွေ တင်ထားပြီးမရဘူးပြန်လာမအော်နဲ့ ကြိုပြောထားတယ်