Wednesday, 11 April 2012

ဟက်ခံရမှာကြောက်လို့ developer

 

 လုပ်မစားတော့ဘူးတဲ့လား

 




မအားတဲ့ကြားက စိတ်ထဲ မခံချိ မခံသာဖြစ်လွန်းလို့ အော်ကြည့်လိုက်အူးမယ်...ဒီဆိုက်ထဲမှာ လေ့လာနေတဲ့ ညီအကိုတွေထဲမှာ ဟက်ကာဖြစ်ချင်တဲ့ သူတွေ ၊ developer ဖြစ်ချင်တဲ့ သူတွေ ဟက်ကာဖြစ်နေပြီးသားကို ဟက်ကင်းပညာကို မြတ်နိုးလို့ လေ့လာနေတဲ့ သူတွေ ရှိပါတယ် 

ဒီနေ့ အမ web developer တစ်ယောက်က လာပြတယ်..သူလုပ်ခဲ့တဲ့ ဆိုက်တစ်ခုကို BHG က တစ်ယောက်က ဟက်ထားတာကိုပါ ။ ပြီးတော့ သူ့ကို fb မှာလာအပ်ထားတယ်တဲ့ အဲ့ တစ်ယောက်က ... 

ကျွန်တော်လည်း နောက်ပိုင်းဖြစ်လာနိုင်ချေ ရှိတဲ့ attack လေးတွေ ကို ကြုံဖူးသလောက်လေး ပြောပြလိုက်ပါတယ်..ဘာတွေတော့ ကာကွယ်ထားသင့်တယ်လို့ပါ...ပြီးတော့ လာအပ်ပြီဆိုကတည်းက random တော့ ဟက်တာ မဖြစ်နိုင်လောက်တော့ဘူး.. ဒီ studio က ဒီ developer ရေးတဲ့ ဆိုက်မှန်းသိလို့ လာအပ်တယ်လို့ပဲ ကောက်ချက်ချပါတယ် ကျွန်တော်ကတော့ .. 

ဒါနဲ့ BHG ရောသိလားဆိုတော့ သိဘူးတဲ့ Lol ( ကျွန်တော်ဆိုလိုတာက BHG ကို အထင်ကြီးရမယ် ၊ ကြောက်ရမယ် ပြောတာမဟုတ်ပါဘူး...ကိုယ်က ဒီနယ်ပယ်ထဲက လူပဲလေ... ဒီသတင်းလေးတွေတော့ WWW လောက်တော့ မသိနိုင်တောင် local လောက်တော့ သိထားသင့်တယ် ထင်တာပဲ ။ ) 
ဒီအမတွေဆိုလည်း ၂၄ နာရီမှာ ၁၈ နာရီလောက်က fb ပေါ်မှာရှိနေတာပဲဗျာ... အရေမရ အဖတ်မရတွေ like လုပ်နေကြမဲ့ အစား..ကိုယ့်ထမင်းအိုးနဲ့ ဆိုင်တာကိုတော့ skill ဖြည့်ထားသင့်ပါတယ် ။ 
ကျွန်တော်လည်း စိတ်နဲနဲ တိုလာတာနဲ့ အမရယ် နှိမ်တယ်လို့တော့ မထင်စေချင်ဘူး ။ frame work ထဲမှာပဲ ပျော်မနေနဲ့ အပြင်လေးဘာလေး ထွက်ကြည့်ပါအုန်း seminar လေးဘာလေးတက် camp လေးဘာလေးသွားပေါ့လို့ ပြောလိုက်တော့ ဘာပြန်ပြောလည်းဆိုတော့ ပြောပြပေးတာ ကျေးဇူးတင်ပါတယ်တဲ့ ဒဲ့ကြီးနှိမ်လိုက်တာပေါ့တဲ့ 
ကျွန်တော်လည်း ဘာမှ ထပ်ရှင်းမပြနေတော့ပါဘူးဆိုပြီးထားလိုက်တာ ဘာထပ်ပြောလဲဆိုတော့ အဲ့လောက်ကြီးမှ တော်မနေတာတဲ့ ဘာလို့ ဟက်ရတာလဲတဲ့ 
ကျွန်တော် ကြုံဖူးသလောက်ကတော့ အရမ်းကြီးတော်နေလည်း ဟက်လို့မရဘူးဗျ ။ အရမ်းကြီး ချာတူးလန် ညံ့နေပြန်လည်း မရပြန်ဘူး click me ဆိုတဲ့ box ကြီး ပေါ်နေတာတောင် ကြောင်ကြည့်နေတဲ့ victim လိုမျိုးထိ ကြုံဖူးတယ် ။ SE can pass any Firewall ဆိုပေမဲ့ အဲလို victim ကျတော့လည်း ဘေးနားမှာ ရေဗူးဘေးချပြီး SE လုပ်ရတဲ့ အထိ ဖြစ်ဖူးတယ် ။ Bumb ဟက်လို့ လွယ်တာမျိုးကျတော့ သိသလိုလို ၊ မသိသလိုလို နဲ့ ဟိုစပ်စပ် ဒီစပ်စပ်သမားတွေပဲ ဟက်ခံရတာ များပါတယ် ။ ... နောက်ဆုံးအဲ့အမ ပြောသွားတဲ့ စကားတစ်ခွန်းက ဟက်ခံရမှာကြောက်လို့ developer လုပ်မစားတော့ဘူးတဲ :?: 

balls balls balls

BHG ပဲ သူ့အကောင့်၇သွားလို့ သူ့အထာနဲ့ လာပြောနေတာလားမသိပါဘူး..ဒါပေမဲ့ နဲနဲတော့ လေသွားတယ် :mrgreen: :mrgreen: