Thursday, 5 April 2012




Phishing Scan နဲ့  ပါတ်သက်လို့  computer သမားတချို့ နားမလည် နိုင်ပဲ ရှိနေပါသေးတယ် ။ တချို့  IT နဲ့  လုပ်စားနေတယ့် သူတွေထဲမှာတောင် ဒီလို မျိုး နားလည်မှု ရှုပ်ထွေးနေတာ တွေ ရှိနေပါသေးတယ် ။ Phishing တိုက်ခိုက်မှု ဆိုတာ အွန်လိုင်းဘဏ် (သို့မဟုတ်) ဘဏ္ဍာရေးတခုက လာတယ်လို့  ထင်ရတယ့်  Email တခုပါ ။ eBay or Paypal တခြား ငွေကြေးဝန်ဆောင် မှုပေးနေတယ့် လုပ်ငန်းတစ်ခုလို့  ထင်ရပါတယ် ။ ဒီ email ထဲမှာ user ရဲ့  login / password ကို အတည်ပြု ဖို့ အတွက် email ထဲမှာ ပါတယ့် link ကို နှိပ်ဖို့  ပြောပါလိမ့်မယ် ။ english လို နားမလည်တယ့် သူတွေ အတွက်တော့ မသိဝူးဆိုတော့ မနှိပ်မိဝူးပေါ့ ။ နားလည်သလို လို နဲ့ သိတယ် ထင်ပီး နှိပ်မိလို့ ကတော့ သက်ဆိုင်ရာ company ရဲ့ web page တခုတက်လာပီး အယ်ဒီ web site ကို အကြံအဖန် သမားတွေက ထိန်းချုပ်ထားပါတယ် ။ User login /password / account information / credit card naumber တွေကို hacker တွေက ရရှိသွားပီး ကိုယ့် credit card number ကို သုံးကာ idntity ခိုးထာမျိုး (or) ကိုယ့်အကောင့် ထဲကနေ ငွေခိုးတာမျိုး ပြုလုပ်ပါတယ် ။ ဒါက ကျနော် တို့ နိုင်ငံမှာ အဖြစ်နည်းနေတော့ သိပ် မသိသာသေး ပါဝူး..online နဲ့ ပါတ်သပ်ပီး ဥပဒေ လည်း မထုတ်ထားသေးပါ ၀ူး ။ လုပ်တတ်တယ့် hyper hacker တွေလည်း လက်ချိုး ရေလို့ ရပါတယ် ။ ဒါကြောင့် IE user တွေကို Phishing Scan ရဲ့ သားကောင် ဖြစ်မသွားအောင် အကြံပြုချက်လေးတွေ တင်ပြလိုက်ပါတယ် ။


(၁) Antivirus ကို update ဖြစ်အောင် လုပ်ထားပေးပါ ။ 
Antivirus ကို update to date မလုပ်ထားရင်တော့ တိုက်ခိုက်ခံ ရဖို့ များပါတယ် ။ ကိုယ့် ရဲ့ web browser ကို အပိုင်စီးခံ ရတာမျိုး ဖြစ်နိုင်လို့  Phishing Scan ကို လန့်နေရတယ့် အနေအထား အားလုံး ကို တွန်းပို့ နေသလို ဖြစ်နေပါတယ် ။ 

(၂) email (or) gmail ထဲက hyperlink တွေကို မနှိပ်မိပါစေနဲ့ 
email ထဲက link တွေကို လျှောက်နှိပ်တယ့် အလေ့အကျင့် ဟာမကောင်းပါဝူး ။ အထူးသဖြင့် ကိုယ် လုံးဝမသိတယ့် source တွေဆိုရင် ဖွင့်မကြည့်တာကောင်းပါတယ် ။ ဒီလင့်တွေက ဘယ်အထိ ခ၇ီး ဆက်နိုင်မယ်ဆိုတာကို မသိနိုင်သလို မကောင်းတယ့် code တွေ ကို ထည့် လွတ်လိုက်မလား မသိနိုင်ပါဝူး ။ တချို့ hyper link တွေက အချက်အလက်တွေကို လှည့်စားယူသွားမယ့် HTML page တွေဆီ ခေါ်သွားပါလိမ့်မယ် ။ ဒီ link တွေကို စစ်ဆေးချင်တယ် ဆိုရင် web browser (google search engine) တွေပေးမှာ ပြန်ရိုက်ထည့်ကြည့်ပါ ။

(၃) Anti spam software ကို သုံးပါ ။ 
Phishing attacks တွေကို အနည်းဆုံးဖြစ်အောင် Anti spam software ကကူညီ နိုင်ပါတယ် ။
တိုက်ခိုက်မှု အများစုဟာ spam ပုံစံနဲ့ လာပါတယ် ။ အခု ကျနော်တို့  အသုံးများတယ့် gmail မှာ spam recovery filter ပါဝင်ပါတယ် ။ Qurb လို Anti-spam software ကို
အသုံပြုခြင်း အားဖြင့် Phishing attack ပုံစံ အများစုကို လျှော့ချပေးနိုင်ပါတယ် ။ ဘာလို့ လည်းဆိုရင် message တွေဟာ mail box ထဲမှာ ဘယ်တော့ မှ အဆုံးမသတ်ပါဝူး ။

(၄)https (SSL) ကို မှန်ကန်မှု ရှိမရှိ စစ်ဆေးပါ ။
credit card / Bank သတင်းအချက် အလက်တို့ ကို ပေးပို့တော့ မယ်ဆိုရင် http:// ရိုးရိုး ထက် https:// ဖြစ်အောင် လုပ်ပါ ။ web browser ရဲ့ ညာဖက် အောက်ခြေမှာ လုံခြုံ ရေး  log icon တခု ကို တွေ့ ရပါလိမ့်မယ် ။ဒီ icon ကို နှစ်ချက်ဆင့်နှိပ်လိုက်ရုံဖြင့် https service ပေးမယ့် SSL software ကို run စေနိုင်ပါတယ် ။

(၅)Anti spyware software ကို သုံးပါ။
Microsoft Antispyware လို active spyware တွေကို သုံးခြင်းအားဖြင့် spyware တွေကို အနည်းဆုံး အနှိမ်ဆုံး ဖြစ်အောင်လုပ်ထားပါတယ် .အကြောင်းကြောင်း ကြောင့် သူငယ်ချင်း ရဲ့ browser ကို အသိမ်းပိုက်ခံရရင် ဒီ anti spyware က fix တခုအနေနဲ့ ထောက်ပံ့ပေးနိုင်ပါတယ် ။

(၆)လေ့လာဆည်းပူးပါ ။
ဒီလို တိုက်ခိုက်မှုမျိုးကို ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာ လေ့လာပါ ။အင်တာနက်မှာ နည်းနည်း search လုပ်ခြင်းအားဖြင့် အတိုက်အခိုက်ခံရရင် ခံစားနိုင်တယ့် ဝေဒနာ ကို အများကြီး သက်သာစေနိုင်ပါတယ် ။ အကယ်လို့များ Phishing လုပ်တယ့် Spam တွေ့ ခဲ့ရင် Spam@uc e.gov  သို့ forward လုပ်ပေးပါ ။ www.ftc.gov မှာ Phishing complaint file တခုလည်း ဖွင့်လို့ရပါတယ် ။
နောက်ထက်လေ့လာနိုင် မယ့်နေရာက FTC ရဲ့ identity thieft page ပါ။ ID သခိုး (hacker) တွေ၇ဲ့ အန္တရာယ် ကိုအနည်းဆုံးဖြစ်အောင် လုပ်နည်းကို လေ့လာနိုင်ပါတယ် ။ FTC ရဲ့  Spam page ကို သွားပီး Email Scan ကိုရှောင်ရှားနိုင်မယ့် နည်းလမ်းတွေ ၊ အလိမ်ညာတွေကို ဖြေရှင်းနည်းလေ့လာ လို့ရပါတယ် ။

(၇)Microsoft Baseline Security Analyzer (MBSA) ကို အသုံးပြုပါ ။
Patches တွေအားလုံးကို up to date ဖြစ်စေနိုင်ဖို့ အတွက် MBSA ကို အသုံးပြုနိုင်ပါတယ် ။ ဒီ freetool ကို microsoft website ကနေ free download လုပ်နိုင်ပါတယ် ။ ကိုယ့်ရဲ့ PC မှာ Patches ကို update လုပ်ထားခြင်းအားဖြင့် Phishing တိုက်ခိုက်မှုများမှာ အသုံးပြုတယ့် IE နဲ့ outlook ရဲ့ သိပီးသားအားနည်းချက်တွေကို အကာအကွယ်လုပ်နိုင်ပါတယ် ။

(၈)firewall 
Desktop & network မှာ firewall ကိုသုံးပါ ။ Desktop မှာ ဆိုရင် Zone Alarm လို software firewall ကို အသုံးပြုနိုင်သလို / microsoft ရဲ့  window XP မှာ built in အဖြစ်ပါလာတယ့် firewall ကိုလည်း အသုံးပြုနိုင်ပါတယ် ။ Coporation တွေရဲ့ firewall တွေကလည်း သူငယ်ချင်း ရဲ့ computer browser ကို hijack လုပ်ခံရမှာကို ကာကွယ်ပေးနိုင်ပါတယ် ။

(၉)System images ကို backup လုပ်ပါ ။
System images အားလုံးကို backup လုပ်ထားပါ ။ ကိုယ့် စက်ကို Spyware , malware သို့  Phishing attack တခုခု တိုက်ခိုက်ခံရတယ်လို့ သံသယ ဖြစ်နေရင် Original System state ကို သွားနိုင်ပါတယ် ။ Symantec Ghost & Acronis True Image တို့လို tool တွေက ဒီနေရာမှာ အကောင်းဆုံးပါ ။

(၁၀)အရေးကြီးတယ့် သတင်းအချက်အလက်တွေကို Pop-up windows ထဲမထည့်ပါနဲ့ 
အသုံးများတယ့် Phishing email ထဲမှာ ပါတယ့် link ကို နှိပ်လိုက်တာ နဲ့ Pop-up windows တက်လာစေတယ့် နည်းလမ်းဖြစ်ပါတယ် ။ ဒီ windows ကလည်း သင်ယုံကြည် စိတ်ချရတယ့် windows ပေါ်မှာပဲ တင်ပါ ။ ဒီ Pop-up ကို ယုံကြည်လို့ ဆိုပီး Data တွေကို မတင်သင့်ပါဝူး ။ ဘာလို့လည်း ဆိုရင် လုံခြုံမှု နဲ့ ပါတ်သက် ပီး စစ်ဆေးနိုင်တယ့် နည်းလမ်း မရှိလို့ပါပဲ ။

(၁၁) Host file တွေကို လုံခြုံရေးပေးပါ ။
Hacker တွေက Desktop ပေါ်က hosts file တွေကို အန္တရာယ်ပေးနိုင်လို့ပါ ။ user ကိုလည်း အလိမ် အညာ site ကို ပို့နိုင်ပါတယ် ။ host file တွေကို read only ပဲ သတ်မှတ်ထားခြင်းဟာ ဒီလိုပြသာနာ တွေကို ကာကွယ်နိုင်ပါတယ် ။ အပြည့် အ၀ကာကွယ်မှုကတော့ Zone Alarm တို့လို firewall ကောင်းကောင်း ရှိ ၊ မရှိ ပေါ်မူုတည်ပါတယ် ။ Zone Alarm ကပြင်ပ မှ တိုက်ခိုက်ရန် ကြိုးစားမူကို ကာကွယ်သလို browser ကိုလည်း လုံလုံ ခြူံခြူံ ဖြစ်စေပါတယ် ။

(၁၂)DNA Pharming attack ကိုလည်းကာကွယ်ပေးပါ ။
ဒါက Phishing attacks အသစ်တမျိုးပါ ။ Spam email ပို့စရာမလိုတယ့်  attack မျိုးပါ ။ Local DNS sever မှာ Poison ထည့်ပီး web သုံးတယ့် အခါ ကိုယ်လိုချင်တယ့် website ကိုမရောက်ပဲ ဒီ website နဲ့ လုံးဝ နည်းပါးတူတယ့် fake တခုခု ကိုရောက်သွားမှာ ပါ ။ example - အခု လူတော်တော် များများ သုံးတတ်ကြတယ့် Google  ရဲ့ free gmail service မှာ ပါတယ့် spam box မှာ တွေ့ရတတ်တယ့်  eBay ရဲ့  web address ကို ထည့်ပေးလိုက်ပေမယ့် လည်း အဆိပ်မိနေတယ့်  sever ကတခြားလမ်းကို ပြောင်းပေးလိုက်နိုင်ပါတယ် ။ ဒါကို Phishing ခေတ်သစ်တခု လို့ထင်ပါတယ် ။ DNS sever ကို ဖွင့်ပိတ်လုပ်နိုင်တယ့် Administrator က ဒီကိစ္စ ကို ကိုင်တွယ်ဖို့လိုပါတယ် ။
                           ဒီခေတ်မှာ နည်းပညာတွေ ပိုပီးတိုးတက်လာတာနဲ့ အမျှ Phishing Scan နောက်ကွယ်မှာ ရှိနေတယ့် hacker တွေဟာလည်း ပိုလို့တောင်မှ ဝေ့ဝေ့ ၀ိုက်ဝိုက် လုပ်တတ်ပါသေးတယ်...ဒီအပေါ်က အချက်တွေ ကိုလည်း သူတို့ လေလာပီးလောက်ပါပီ...ဒါ့အပြင့်  အခု ဆိုရင် web site အစစ်ရဲ့ Pop-up windows တွေ ၊တရားဝင် logo တွေစတာတွေကို Copy ကူးပီး အသုံးချလာတယ့် အတွက် User တွေအနေနဲ့ ပိုပီး သတိထားသင့် ပါတယ်...ဖြစ်လာမှ သူတပါးကို အကူညီတောင်းတာ ထက် မဖြစ်ခင် ပါ..ပီးတော့ အကူညီလိုရင်လည်း တိုင်ပင်ပီး လုပ်စေချင်ပါတယ် ..