Wednesday, 11 April 2012
  •  
  • Hacking Using Google
  •  
  • ဂူဂယ်ဟာ သူ့ကိုသူ အကျော်ကြားဆုံးSearch Engine တစ်ခုအဖြစ် သက်သေပြရင်း အင်တာနက်ပေါ်က မေးခွန်းများရဲ့ 80% ကို ဖြေရှင်းပေး
    နေပါတယ်..ဒါပေမဲ့လည်း ဂူဂယ်ဟာ အများသိပြီးသားသာမန် သတင်းများကိုကိုသာမက အများသိအောင်ဖော်ပြခြင်းမရနိုင်တဲ့ အလျှို့ဝှက်ဆုံးသတင်းအထိ
    အသုံးပြုသူတွေဆီကို ရှာဖွေနိုင်အောင် ပြုလုပ်ပေးပါတယ်..ဒီပိုစ့်မှာ MHF က newbie များအတွက် ကိုးကားရေးသားထားခြင်းပါ..
    ..ကျွန်တော်သိတာလေးတွေနဲ့ရေးထာတာမို့ ..မှာတာရှိရင် ပြင်ပေးနိုင်ပါတယ်..တတ်လို့ ရေးတာမဟုတ်ပါဘူး...၀ါသနာပါလို့ပါ.
    အောက်ကဟာကတော့ ဂူဂယ်ကိုသုံးပြီး ပြုလုပ်နိုင်တဲ့ ဟက်ကင်းအချို့ပါ..
    1. Hacking Security Cameras : (လုံခြုံရေးကင်မရာများကို ဟက်ခြင်း)
    ဒီခေါင်းစဉ်ထဲမှာ ကားပါကင်များ၊ကောလိပ်တွေ၊လမ်းယာဉ်အသွားအလာတွေ မှာ စောင့်ကြပ်စစ်ဆေးရန်အတွက် အသုံးပြုတဲ့ ကင်မရာတွေရဲ့ လုံခြုံရေးများစွာ
    ကို ဂူဂယ်ကိုအသုံးပြုပြီး ထိုကင်မရာများမှ ရိုက်နေတဲ့ ပုံရိပ်များကို ခိုးကြည့်ခြင်းတို့ပါဝင်ပါတယ်.အဲ့လိုလုပ်ဖို့အတွက် ဂူဂယ်search engine ကိုဖွင့်ပြီး
    လုပ်ရုံပါပဲ..အောက်ကုတ်လေးကို ထည့်ပြီး enter ခေါက်ချလိုက်ပါ..
    inurl:”viewerframe?
    mode=motion”
    ရှာလို့ရတဲ့ ရလဒ်တွေထဲမှာ ထိပ်ဆုံးဝဘ်ဆိုက် 5ခုထဲက ကြိုက်တာတစ်ခုကိုနှိပ်လိုက်ပါ. ထိုကင်မရာရိုက်နေတဲ့ ပုံရိပ်တွေကို ထိန်းချုပ်မှုအပြည့်နဲ့ 
    (Zoom in , Zoom out အပြင် အခြားထိန်းချုပ်မှု လေးခုနဲ့) ကင်မရာတွေကိုကြည့်နိုင်ပါတယ်..ဒီကင်မရာတွေမှာ less refresh rate ရှိပါတယ်
    ဒါပေမဲ့ faster refresh rates ရှိတဲ့ အခြားကင်မရာတွေကို ကျော်ဖြတ်ရရှိဖို့ အခြားကုတ်တစ်ခုရှိပါသေးတယ်..ဒီကုတ်ကိုလည်း ဂူဂယ်search 
    box မှာထည့်ပြီး enter ပေါ့နော်..
    intitle:”Live View / – AXIS”
    ရှာလို့ရလို့ရတဲ့ရလဒ်တွေထဲက တစ်ခုခုကို ရိုက်ကူးမှတ်တမ်းတင်နေသော ကင်မရာတွေရဲ့ အခြားထိန်းချုပ်မှုတွေရရှိဖို့ ဖွင့်လိုက်ပါ...နောက်ဟာတွေကတော့
    အပေါ်ကအတိုင်းပဲပေါ့ဗျာ..ကဲဒါဆို ဂူဂယ်သုံးပြီး ကင်မရာတွေကို ဟက်ကြည့်နိုင်ကြောင်းသိသွားပါပြီ..
    2. Hacking Personal and Confidential Docments ( ကိုယ်ရေးကိုယ်တာနှင့် လျှို့ဝှက်စာချုပ်စာတမ်းများကို ဟက်ခြင်း)
    အလုပ်လျှောက်တဲ့အခါမှာ ပြုလုပ်ခံရတဲ့ လူတစ်ရာလောက်ရဲ့ CV ပါဝင်တဲ့ email repository( အီးမေးလ်သိုလှောင်ရုံ) တစ်ခုကို ဂူဂယ်သုံးပြီး
    ခိုးယူဖို့ ဖြစ်နိုင်ပါတယ်..သူတို့ရဲ့ လိပ်စာတွေ,ဖုန်းတွေ,DOB ,ပညာရေး,အလုပ်သက်တမ်း စတဲ့ စာတမ်းဖိုင်တွေကို Seconds ပိုင်းလောက်နဲ့ 
    ရှာနိုင်ပါတယ်..ဂူဂယ်သုံးပြီးတော့ အောက်ကုတ်လေးနဲ့ ပေါ့နော.်.
    intitle:”curriculum vitae”
    “phone * * *” “address *” “e-
    mail”
    လူများစွာရဲ့ အီးမေးလ်လိပ်စာတွေ စတဲ့ စာရင်းအသေးစိတ်တွေကို .xls( excel docments)ဖိုင်အမျိုးအစားနဲ့ တွေမြင်ရအောင်လုပ်ဖို့အတွက်
    အောက်ကကုတ်လေးကို ဂူဂယ်လေးသုံးပြီး လုပ်နိုင်ပါတယ်..
    filetype:xls inurl:”email.xls”
    အောက်ကကုတ်ကတော့ Bank အကောင့်တွေခရတ်ဒစ်ကတ်တွေမှာ ပါဝင်နေတဲ့ မှတ်တမ်းအချက်အလက်တွေကိုလည်း ရရှိဖို့ ဖြစ်နိုင်ချေရှိပါ
    တယ်..ကုတ်ကတော့
    intitle:index.of finances.xls
    3. ဖရီးတွေရဖို့ ဂူဂယ်နှင့်ရှာခြင်း
    ဂူဂယ်ကနေ ဖရီးသီချင်းတွေ အီးဘုတ်တွေကို ရှာဖို့အတွက် အမြဲတမ်း အံ့သြခဲ့ရတယ်.. ကျွန်တော်တို့ဆီမှာတော့ အော်ခွေလေးတစ်ခွေလောက်
    ပိုက်နဲ့လေ..အခုကုတ်လေးကလဲ ဖရီးသီချင်းတွေ ရှာဖို့ပါ. ကဲအောက်ကကုတ်လေးနဲ့ သီချင်းတွေကို ဖရီးနဲ့ ရှာမယ်ဗျာ..
    “?intitle:index.of?mp3nyipainglay
    အခုကုတ်လေးနဲ့ nyipainglay ရဲ့သီချင်းအယ်ဘမ်တစ်ခုလုံးကို ရှာနိုင်လိမ့်မယ်လို့ထင်ပါတယ်.. ကုတ်လေးထဲက nyipainglay နေရာမှာ အစားသွင်းပြီးကိုယ်ကြိုက်တဲ့
    အဆိုတော်ရဲ့အယ်ဘမ်တစ်ခုလုံးကို အဲ့ကုတ်လေးနဲ့ ရှာနိုင်ပါမယ်...ebook တွေကို ရှာဖို့ကလည်း အတူတူပါပဲ.. nyipainglay နေရာမှာ ကိုယ်ရှာချင်
    တဲ့ စာအုပ်နာမည်ထည့်၊ mp3 နေရာမှ pdf (ဒါမှမဟုတ်) zip (သို့) rar လို့ပြောင်းရှာနိုင်ပါတယ်ခင်ဗျာ...အောက်မှာကုတ်ကလည်း သီချင်းတွေရှာ
    တဲ့ကုတ်ပါဘဲ
    -inurl:(htm|html|php) intitle:"index of" +"last modified" +"parent directory" +description +size +(.mp3) "nyipainglay"
    အဲဒီမှာလည်း "nyipainglay" နေရာမှာ မိမိရှာလိုသော အဆိုတော် နာမည် များကို အစားထိုး၍ ရှာနိုင်ပါသည်...
    အောက်ကဟာလေးတွေကလည်း အင်တာနက်တွင်ရှာဖွေနည်းလေးတွေပဲဗျ.
    1. "+" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ် ဒါမှသာ မလိုအပ်ပဲ Related index များကို ရှာဖွေခြင်းမှ ရှောင်ရှားနိုင်ပြီး page index အားလုံးမှာ မိမိသတ်မှတ်ပေးထားတဲ့ Keyword ပါကို ပါရမည်ဟု စေခိုင်းလိုက်ခြင်းဖြစ်ပါတယ်
    (သတိထားရမှာကတော့ + နှင့် keyword ကြားတွင် space bar မခြားရပါ)
    2. "-" အင်တာနက်မှ ရှာဖွေရာတွင် တစ်ခါတစ်ရံမှာ မိမိ ရှာဖွေသော အကြောင်းအရာနှင့် တိုက်ဆိုင် ဆီလျှော်ခြင်းမရှိသော အကြောင်းအရာများ ကန့်လန့် ကန့်လန့် ပါဝင်နေလေ့ရှိပါတယ် မြန်မာဘာသာ စကားနှင့် ရှာဖွေရာတွင် ပိုမိုသိသာစွာ ကြုံတွေ့ရတာကို တွေ့ရပါတယ် "-"ကိုတော့ ကိုယ်မလိုချင်တဲ့ keyword ပါတဲ့ webpage များကို ချန်လှပ်ခဲ့ဖို့ ခိုင်းလိုက်တာပဲ ဖြစ်ပါတယ်
    3. keyword တစ်ခုတည်းသာ မဟုတ်ပဲ phrase စကားစု၊အသုံးအနှုန်းများကို ရှာဖွေလိုတဲ့အခါမှာ double quotation " " ကိုအသုံးပြုရပါတယ် ဒါမှသာ SEO မှာ သတ်မှတ်ထားတဲ့ စကားစု ပါဝင်တဲ့ web page များကိုသာလျှင် ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်
    ဥပမာ- " somebody dream about you every single night"
    result အနေနဲ့ ကတော့ " somebody dream's about you every single night" ပါရှိတဲ့ webpage များကိုသာ ဖော်ပြပေးပါလိမ့်မယ်
    4. Tilde(~) ဆိုတဲ့ သင်္ကေတ ဟာ သင်္ချာဘာသာရပ်မှာ အနီးစပ်ဆုံး approximately ဆိုတဲ့ သဘောဆောင်တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ် ဒီ operator ကိုအသုံးပြုပြီးတော့ ကျွန်တော်တို့ အကြောင်းအရာတစ်ခုနှင့် ဆက်နွယ်သော web page မှန်သမျှကို ရှာဖွေချင်တဲ့အခါတွင် အသုံးပြုနိုင် ပါသည်
    ဥပမာ computer~hacks
    ဟုရှာဖွေလျှင် hack နှင့်ဆင်တူ ဆက်နွယ်သော web page စာမျက်နှာများကို ဖော်ပြပေးပါလိမ့်မယ်
    5. စကားစု(phrase) များနှင့် စကားလုံးများကို တွဲဖက်အသုံးပြုလိုတဲ့ အခါမှာတော့ +,-" " သင်္ကေတ ပုံစံဖြင့် ရှာဖွေနိုင်ပါတယ်
    ဥပမာ- +"The others"+ house-ghost
    ဒါဆိုရင်တော့ Search Engine ကို The others ဆိုတဲ့ စကားစုပါရမယ် house ဆိုတဲ့ စကားလုံးလဲ ပါရမယ် ghost ဆိုတဲ့ စကားလုံးမပါဝင်တဲ့ webpage များကို ရွေးချယ်ရှာဖွေ ခိုင်းလိုက်တာပဲ ဖြစ်ပါ တယ်
    6. အင်တာနက်တွင် ရှာဖွေရာတွင် stop words လို့ခေါ်တဲ့ a,an,by,the,be အစရှိသော စကားလုံးများ ဟာ အင်္ဂလိပ်စာတွင် မကြာခဏအသုံးပြုလေ့ ရှိတဲ့အတွက် ဒီစကားလုံးများကို ထည့်သွင်းရှာဖွေခြင်းဖြင့် ထိ ရောက် မှု့ မရှိတဲ့အပြင် ရှာဖွေမှု့ အချိန်ကို ပိုမိုကြန့်ကြာစေပါတယ် ဥပမာ အားဖြင့် the personal firewall ဟုထည့်သွင်းရှာဖွေလိုက်တဲ့ အခါမှာ "the" ဟာ web page တိုင်းတွင်ပါဝင် နိုင်သော စကားလုံးဖြစ်တဲ့ အတွက် ရှာဖွေချိန်ကို မလိုအပ်ပဲ ကြာမြင့်စေပါတယ် ဒီတော့ stop words ကို ရှာဖွေရာတွင် အသုံးမပြုပဲ ဖယ်ထားသင့်ပါတယ်
    7. လိုအပ်တဲ့ အကြောင်းအရာများကို အင်တာနက်ပေါ်တွင် ရှာဖွေတဲ့ အခါမှာ မိမိလိုချင်တဲ့ file type အမျိုးအစားကို "filetype:" ဆိုတဲ့ syntax အသုံးပြုပြီး တစ်ခါတည်း သတ်မှတ်ရှာဖွေ ခိုင်းနိုင်ပါတယ်
    ဥပမာ - "Search Engine"filetype:pdf
    8. ကိုင်ပိုင် ၀က်ဆိုဒ်၊ဘလော့ ရှိသူများအနေဖြင့် မိမိ ဆိုဒ်အား မည်သည့် ဆိုဒ် ဘလော့မှ လင့် ထားသလဲ သိလိုလျှင် link: ဆိုတဲ့ syntax ကိုအသုံးပြုနိင်ပါတယ်
    9. word,term or phrase တစ်ခုခုရဲ့ means ကိုသိလိုတဲ့ အခါမှာ "define:" ဆိုတဲ့ syntax ကိုအသုံးပြုပြီး ရှာဖွေနိင်ပါတယ်
    ဥပမာ- define:NASA
    result အနေနဲ့ကတော့ NASA ရဲ့ means "National Aeronautics and Space Administration" အပြင် NASA ဆိုတဲ့ စကားလုံးနှင့် ပက်သက်ဆက်နွယ်သော အကြောင်းအရာများ သမိုင်းကြောင်းများ ကိုပါ ရှာဖွေပေးပါလိမ့်မယ်
    10. ebook များ၊software များ ၊mp3 သီချင်းများ ကို ဒေါင်းလုပ်ချရန် ရှာဖွေရာတွင် Index of/SEO/books ဆိုတဲ့ syntax ပုံစံအတိုင်းရှာဖွေနိုင်ပါတယ်
    11. အင်တာနက်မှ မိမိ နှစ်သက်သဘောကျတဲ့ song lyric များကို အောက်ပါ operator ကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်
    ဥပမာ - “Friday I am in love” lyrics
    အခြား အသုံးပြုနိုင်တဲ့ Advanced Operators များကတော့...
    " cache:",
    " related:" ,
    " info:" ,
    " stocks:" ,
    " site:" ,
    " allintitle: " ,
    " intitle:" ,
    " allinurl:" ,
    " inurl:" ,
    " safesearch:" စသည်တို့ ဖြစ်ကြပါတယ်..။
    ဒီလောက်နဲ့ နားလိုက်ပါမယ်ခင်ဗျ..အပေါ်ကပြောခဲ့တဲ့အတိုင်းပဲ မှားတာရှိရင်ပြင်ပေးပါခင်ဗျ အခုမှစရေးတာမို့ပါ...