Wednesday, 11 April 2012

ယနေ့ခေတ်ရဲ့ IT လူငယ်တွေ 
Bloodytear က ယနေ့ခေတ်၏ နည်းပညာဆိုပြီး topic ဆိုတော့.. ကျွန်တော်ကလည်း ယနေ့ခေတ်ရဲ့ IT လူငယ်တွေလို့ပဲ Topic အသစ်တင်လိုက်တယ်...

IT လူငယ်တွေဆိုလို့ brb အသက်ဘယ်လောက်ရှိပြီလဲလို့မမေးနဲ့. တစ်ချို့သူတွေက 1984 ကို brb ရဲ့ Birth Year လို့ထင်ကြတယ်..Smile ...
မဟုတ်ဘူးလား...?..
အဟဲ.. ဟုတ်ပါတယ်..hee

လိုရင်းပဲ ပြောမယ်...

ယနေ့ခေတ် လူငယ်တွေက ကွန်ပျူတာ ဟက်ကင်း (Computer Hacking) တွေကိုပဲ တတ်ချင်ကြတယ်...
အတွေ့အကြုံအရပေါ့ ..
မလေးရှားမှာအလုပ်လုပ်နေတဲ့ brb က မလေးရှားရှိ ညောင်ကန်အေးဘုန်းတော်ကြီးကျောင်းမှာ ပညာဒါန အဖြင့်ကွန်ပျူတာ သင်ကြားမူ့အစီအစဉ် တွေလုပ်တယ်.. Private Class တွေပေးတယ် အဲ့လို အချိန်မှာ လာရောက်တက်ကြတဲ့ ကိုယ်ရွှေမြန်မာတို့က ကွန်ပျူတာ အကြောင်းနဲနဲသိသွားပြီဆိုရင် ဘယ်သူ့မေးလ်ကို ခိုးရမလဲ ဆိုတဲ့ ဟက်ကင်းဘက်ကိုပဲ သိချင်ကြတယ်... ပန်းထိမ် မတတ်ခင် ရွှေခိုးသင်ချင်နေကြတာပါ။

မြန်မာတွေသာမဟုတ်ပါ... UiTM (Universiti Teknnologi MARA) မှာ IT Seminar လုပ်တုန်းကလည်း နိုင်ငံတစ်ကာက ကျောင်းသားတွေက Security ထက် Hacking ဆိုတာကိုပိုပြီး စိတ်ဝင်စားကြပါတယ်...

ပြီးခဲ့ တဲ့အပတ်က ရွှေမိသားစု ( သားအမိ သားအဖ) သုံးရောက် ကျွန်တော့် Company ကိုရောက်ပါတယ်... ကုန်ပစ္စည်းအချို့ဝယ်ရင်း ရောက်လာတာပါ.... ကွန်ပျူတာ တစ်လုံးရှိပြီးပြီ... နောက်တစ်လုံးထပ်ဝယ်မလို့တဲ့....
ကောင်မလေးက အခုမှ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်... တက္ကသိုလ်တက်ဖို့ ဘယ်ကျောင်း လျှောက်ရင်ကောင်းမလဲ စောင့်နေတာပါ။ ဘာလို့ နောက်ထပ်ကွန်ပျူတာ တစ်လုံးထပ်ဝယ်မှာလဲဆိုတော့ ဟက်ကာ ဖြစ်ချင်လို့တဲ့..
ဟိုက်..
ကွန်ပျူတာ နှစ်လုံးချိတ်ပြီး ဟက်ကင်းကို စမ်းကြည့်မလို့တဲ့.. သူ့အဖေက လည်း တော်တော်အားပေးတယ်ထင်တယ်... (အဖိုးကြီးလည်း ဟက်၊ အဖွားကြီးလည်း ဟက်၊ မွေးကင်းစ အာပြဲလေးလဲ ဟက်)

ကျွန်တော်တောင် တော်တော်အံ့သြသွားတယ်... ၁၈ နှစ် လောက်ပဲ ရှိတဲ့ ကောင်မလေးက ဟက်ကင်းကိုတတ်ချင်တယ်တဲ့...
ဒီတော့ ကျွန်တော်က သူ့ကိုမေးပါတယ်.. ညီမ ဘာတွေတတ်ထားပြီးပြီလဲဆိုတော့...
"ဘာမှ မတတ်သေးဘူး... အခုမှစသင်မှာတဲ့... html ကိုသင်မယ်တဲ့"
ဘယ်သူသင်ပေးမှလဲဆိုတော့
"သင်ပေးမဲ့သူမရှိဘူး ကိုယ်တိုင်လေ့လာမယ်.."
အော်..........................................

အသက်အရွယ် အချိန်အပိုင်းအခြားတွေနဲ့ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ကြိုးစားရင်တော့ ဘာမဆိုဖြစ်နိုင်ပါတယ်...
ဒါပေမဲ့ ပထမဦးဆုံး ဖြစ်သင့်တာကို စဉ်စားပါ...
ဟက်ကာ တစ်ယောက်လုပ်ဖို့ဆိုပြီးတော့....
ဟက်ကင်း Technic တွေပဲ လိုက်စားမယ်... Hacking အကြောင်းတွေပဲ လေ့လာမယ်ဆိုရင် အရိုးဆွေးသွားမယ်.. ဘယ်တော့ မှမဖြစ်နိုင်ဘူးဆိုတာကို ကျွန်တော် မုချပြောရဲတယ်...

နောက်ထပ် တစ်ချို့ လူငယ်တွေက Google သော်လည်းကောင်း Yahoo သော်လည်းကောင်း search engine တွေမှာ "hacking tools" ဆိုပြီးတော့ အလွယ်ရှာတယ်... ရလာတဲ့ free tools သို့မဟုတ် ပိုက်ဆံအနည်းငယ်လောက်ပေး ပြီးရတဲ့ Hacking Tool တွေနဲ့ ငါက ဟက်ကာကြီးတစ်ယောက် ဆိုပြီး စိတ်ကြီးဝင်ပြီး... နေရာတစ်ကာ ဟက်ကာ ဟက်ကာလုပ်နေတော့တာပဲ....သူတို့တွေက အဲ့လို ရတဲ့ Tools တွေကို နောက်မှာ ဘယ်နဲ့ ဘယ်လို Code လုပ်ထားတယ်ဆိုတာကို တောင်မသိပါဘူး။ အမြင်ကပ်လို့ Hacker Tools ထဲမှာ အန္တရာယ်ကောင်တွေ ထည့်ပေးလိုက်ရင် နားကားနေဦးမယ်... ဒီလိုလူမျိုးတွေက ဟက်ကာ လည်းမဖြစ် Cracker လည်း မဖြစ်၊ ကွန်ပျူတာကိုလည်း မယ်မယ်ရရမသိပဲ ဝေတေတေ ၀ါးတားတားနဲ့ သွားမှာပါ...

ကျွန်တော် အခုလုပ်နေတဲ့ Company မှာ technician / engineer တွေနဲ့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေအများကြီးပါ... ခက်တာက Engineer တွေထက် Technician လေးတွေက ဟက်ကင်းကို ပိုပြီတတ်ချင်ကြတယ်... သူတို့ ကျွန်တော့်ဆီလာရင်တော့ သူတို့ မသိလောက်သေးဘူးလို့ ယူဆရတဲ့ Windows ရဲ့ တစ်ချို့ လျိုဝှက်လေးတွေ၊ ကွန်လိုင်းက စုဆောင်းထားတဲ့ နည်းပညာလေးတွေ ဖြန့်ပေးလိုက်...ငါဟက်ကာဖြစ်ပြီဆိုတဲ့ အပြုံးနဲ့ပြန်သွား၊ စမ်းသပ်မူ့တွေ အထပ်ထပ်လုပ်၊ Customer တွေရဲ့ Computer တွေကိုသွားစမ်းသပ် အထဲက Data တွေပျက် ဒီလိုနဲ့ ခဏခဏ ပြဿနာ တတ်တယ်..

မလေ့လာနဲ့၊ မစမ်းသပ်နဲ့လို့ မဆိုပါဘူး.. လေ့လာပါ၊ လိုက်စားပါ .. ဒါပေမဲ့ နည်းလမ်းမှန်ဖို့ အရေးကြီးတယ်... နည်းလမ်းမှားတော့ အချိန်ကုန်လူပန်းတာပေါ့.... ဒီခေတ် နည်းပညာပိုင်းဆိုင်ရာ လေ့လာမူ့မှားရင် အစကနေပြီးပြန်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး...

ပထမဦးဆုံးအဆင့် ဟက်ကာ ဖြစ်ချင်တယ်ဆိုတဲ့ အပိုင်းကို ခေါင်းထဲက ထုတ်ထား
Computer နဲ့ Computer Programming ကို တဆိုက်မတ်မတ် လုပ်ပါ....
အဲ့မှာ ဟက်ကာ ဆိုတာကိုနားလည်လာလိမ့်မယ်.... ဟက်ကာလုပ်ဖို့ဆိုတာကို နားလည်လာလိမ့်မယ်... ဘယ်လို လေ့လာရင် ဟက်ကာ တစ်ယောက်ဖြစ်နိုင်တယ်ဆိုတာ သိလာလိမ့်မယ်..

Hacker Group နဲ့ Security Team ကို ခွဲခြားလို့မရပါဘူး... စိတ်ဓါတ်ပဲ ခွဲခြားထားတာပါ။

PCIP (Professional Critical Infrastructure Protection) လို့ခေါ်တဲ့ Canada အခြေဆိုက် CyberSecurity Programme တစ်ခုကို Nov 2008 မှာ မလေးရှားက ပထမဦးဆုံးစတင်လိုက်ပါတယ်... ၂ ပတ်သင်တန်းပါ...
အဲ့မှာ Jonathan Pollet (Red Tiger Security) မှ ပြောကြားချက်တစ်ခုတွင်
(ဟက်ကာဖြစ်စေ ၊ ဟက်ကာရန်ကို ကာကွယ်တဲ့သူတွေဖြစ်စေ ၄င်းတို့ရဲ့ အမည်ကို အများကသတ်မှတ်တာပါ.. ကိုယ်ကိုယ်တိုင် သတ်မှတ်ဖို့မလိုပါဘူး.. မိမိလုပ်ဆောင်တဲ့ အချက်အလက်အပေါ်မှာမူတည်ပြီး ရတဲ့ သတ်မှတ်ချက်က မိမိဘယ်သူ ဘယ်အဆင့်အတန်း ရှိတယ်ဆိုတာကို ခွဲခြားသွားပါလိမ့်မယ်)။

ဒါကြောင့် အဓိက ကျွန်တော် ပြောချင်တာက Hacker or Security ဆိုပြီး ကျောင်းတွေမဖွင့်ထားပါဘူး။ ကျောင်းဖွင့်ထားရင်တောင် တန်းဝင်လို့မရပါဘူး... မိမိမှာ အဲ့အတန်းကို ၀င်နိုင်ဖို့ သတ်မှတ် အရည်အချင်း လိုပါတယ်...

ကျွန်တော်တို့တွေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ နည်းပညာတွေက နိုင်ငံတကာ ယှဉ်လို့မရသေးပါဘူး။ (နိုင်ငံခြားကို အထင်ကြီး၍ မဟုတ်ပါ.. ) အကြောင်းမဲ့တော့ နိုင်ငံခြားမထွက်နဲ့.. ဟဲဟဲ အမေနဲ့ ရွာကို လွမ်းသွားမယ်...(ရောက်ဖူးတဲ့သူတွေအသိဆုံး)
သူတို့တွေနဲ့ နှိုင်းယှဉ်လို့မရသေးပေမဲ့ မြန်မာလူမျိုးတွေက တစ်ခြားနိုင်ငံသားတွေထက်ကို (Observation) ပတ်ဝန်းကျင် စူးစမ်းလေ့လာမူ့ တွေနဲ့ အတူ အတတ်မြန်ပါတယ်.... သူများတွေ ၁ လလောက် သင်ရမည့်အရာကို မြန်မာတွေက ၁၀ ရက်လောက်နဲ့ နားလည်လွယ်ကြပါတယ်...

ဒီလောက်ပါပဲ...

ဝေဖန်ချင် သဘောထား မျှဝေချင် တဲ့သူလေးတွေရှိရင်လည်း Post Reply လုပ်ခဲ့ပါ...