notepad လေးနဲ့ ကလိကြည့်မယ် အပိုင်း၃
ကျွန်တော် Google ကနေရှာတွေ့ထားတာ သိလား သူက Fake Virus တစ်မျိုးပဲ Notepad လေးသုံးပြီး ကလိရတာ ဗဟုသုတ အဖြစ်ပေါ့ ဒါလေးသုံးပြီး ဘယ်သူ့ကိုမှလည်း လျှောက်မခြောက်နေနဲ့ ဦးနော် တော်ကြာ လဝန်းညို သူများကို အတတ်ကောင်းတွေ သင်ပေးနေတယ် အပြောခံနေရဦးမယ်။း ) လက်တွေ့ လိုက်လုပ်ပြီး စမ်းကြည့်လိုက်ပါ စက်ကို ဘာမှ မထိခိုက်နိုင်ပါဘူး သူက တစ်ကယ် Virus အစစ်မဟုတ်ပါဘူး။ အလကား အလကား Virus ပါ စမ်းကြည့်ချင်သူများ Notepad လေးကို ဖွင့်ပြီး အောက်မှာ ကျွန်တော်ပေးထားတယ့် Code ကလေးတွေကို ကူးထည့်လိုက်ပါ။ @echo off tittle Virusss color 04 echo you have a virus on your computer pause echo contatting antivirus... pause echo Do you want to delete the virus? pause echo access denied echo access denied echo access denied pause echo activating Virus..... echo Virus Activated!!! pause :1 dir/s goto 1 ပြီးရင် File ကနေ Save as... ကိုရွေးပေးလိုက်ပါ Save as,.. Window ကျလာရင် အောက်ဆုံးမှာ ရှိတယ့် Save as type ဆိုတယ့် နေရာလေးမှာ All type ဖြစ်အောင် အရင်ပြောင်းပေးလိုက်ပါ။ ပြီးရင် File name ဆိုတယ့်နေရာမှာ ကိုယ်ပေးချင်တယ့် နာမည်ပေးလိုက်ပါ ကိုယ်ပေးထားတယ့် နာမည်ရဲ့ နောက်မှာ .bat ဆိုတာလေးပါရပါမယ် ဥပမာ Virus လို့ နာမည်ပေးတယ်ဆိုရင် အဲဒီနေရာမှာ Virus.bat ဆိုပြီး ရိုက်ပေးရပါမယ်။ .bat ဆိုတာက ကိုယ် Save လုပ်ချင်တယ့် File အမျိုးအစားပါ။ ပြီးသွားရင်တော့ ကိုယ်သိမ်းချင်တယ့်နေရာလေး ရွေးပြီး ရင် သိမ်းလို့ရပါပြီ ပြီးရင် ကိုယ်သိမ်းထားတယ့် File လေးကို ဖွင့်ကြည့်လိုက်ပါ။ ဘာမှမစိုးရမ်ပါနဲ့ သူက Virus အတုပဲဖြစ်ပါတယ် ကျွန်တော်ကိုယ်တိုင် ကိုယ့်စက်ထဲမှာ စမ်းသပ်ပြီး အဆင်ပြေမှ တင်ပေးလိုက်တာပါ။ စမ်းကြည့်ချင်သူများ စမ်းကြည့်လိုက်ကြပါဦး။ from : http://lawonnyo.over-blog.com |