Wednesday, 18 April 2012

Virus ကို cmd ကနေ တစ်ဆင့် သတ်လို့ ရ၊ မရ

တိုးကြီး ။  Virus  ကို cmd ကနေ တစ်ဆင့် သတ်လို့ ရတယ်လို့ ကြားဘူးပါတယ်။ အဲ့ဒါဟုတ်လားမဟုတ်ဘူးလားဟင်။ သိတဲ့လူရှိရင်လည်း  နည်းနည်းပါးပါး ရှင်းပြပေးစေလိုပါတယ်။
abcd ။ File Infection Virus တစ်ခုကိုတော့ ဘာနဲ့မှ သတ်လို့မရပါ။  အဖြစ်သိပ်မရှိတဲ့ ဗိုင်းရပ်စ်ဆိုရင်တော့ cmd နဲ့ ရပါတယ်။
File Infection Virus တွေက Code Injection နည်းနဲ့ exe ဖိုင်ထဲကို ကုဒ်တွေသွင်းတာ ဖြစ်ပါတယ်။
အဲဒီထဲမှာမှ ရိုးရိုးကုဒ်အသွင်နဲ့ သွင်းနည်း၊
ပိုလီမော်ဖစ်ကုဒ်အသွင်နဲ့ သွင်းနည်း၊
မက်တာမော်ဖစ်အသွင်နဲ့ သွင်းနည်း ဆိုပြီး အဓိက သွင်းနည်း (၃)မျိုးနဲ့ သွင်းကြပါတယ်။
- ရိုးရိုးကုဒ်အသွင်နဲ့ သွင်းနည်းဆိုတာကတော့ exe ဖိုင်ထဲက နေရာလွတ် (cave) ကို ရှာပြီး အဲဒီနေရာမှာ malicious ကုဒ်ကို သွားထားပါတယ်။ အဲဒီကုဒ်ရဲ့ အဆုံးမှာ entry point ဆီကို ညွှန်းတဲ့ Jump instruction ကို ရေးပါတယ်။ အန်တီဗိုင်းရပ်စ်တွေက ဒီလိုဖိုင်မျိုးကို disinfect (malicious ကုဒ်သက်သက်ကို ဖယ်ရှားခြင်း) လုပ်နိုင်ပါတယ်။
- Polymorphic ကုဒ်ဆိုတာကတော့ instruction (ကုဒ်) တွေကို encrypt လုပ်ပြီး သွင်းတာပါ။ Memory ထဲကူးတင်ပြီး ကုဒ်ကို အလုပ်လုပ်ခါနီးမှာ မူရင်းကုဒ်အသွင်ကို ပြန်ယူပါတယ်။ ပြီးရင် encrypted ကုဒ်အနေနဲ့ ပြန်ရှိနေပါတယ်။ ဒါကြောင့် အန်တီဗိုင်းရပ်စ် တော်တော်များများက သူတို့ကို disinfection မလုပ်နိုင်ကြဘဲ ဒီကူးစက်ခံထားရတဲ့ ဖိုင်ကို delete လုပ်ပစ်ကြတာများပါတယ်။
- Metamorphic ကတော့ ကွန်ပျူတာဂုရုတွေလောက်သာ ရေးနိုင်တဲ့ ဗိုင်းရပ်စ်မျိုးပါ။ သူကလဲ ဝှက်ထားတဲ့ကုဒ်တွေ exe ဖိုင်ထဲ သွင်းတာပါပဲ။ မတူတာကတော့ memory ထဲမှာ ဝှက်ထားတဲ့ ကုဒ်တွေကို ပြန်ဖြေတဲ့အချိန်မှာပါ။ ဝှက်ထားတဲ့ကုဒ်တွေကို ပြန်ဖြေတဲ့အချိန်မှာ ကုဒ်တွေဟာ ကုဒ်သေတွေ မဟုတ်ဘဲနဲ့ random ကုဒ်တွေ ထွက်လာတာပါ။ ဒီလိုဗိုင်းရပ်စ်မျိုးကို အန်တီဗိုင်းရပ်စ်ကုမ္ပဏီတွေနဲ့ malware analyst တွေ အကြောက်ဆုံးပါ။ ကုသဖယ်ရှားဖို့ အခက်ဆုံးပါပဲ။ အချို့ဆို ဖယ်ရှားနိုင်ဖို့ နေနေသာသာ ဗိုင်းရပ်စ်ကုဒ် အရေးခံထားရမှန်းတောင် မစုံစမ်းနိုင်ရှာပါဘူး။
ခုနောက်ပိုင်းမှာ ဆော့ဖ်ဝဲလ် developer တွေက ဒီလိုဗိုင်းရပ်စ်တွေ ထိရင် ဆော့ဖ်ဝဲလ်တွေ အလုပ်မလုပ်နိုင်အောင်လို့ CRC ကိုစစ်ဆေးတဲ့ function တွေ ထည့်ထားတာဖြစ်ပါတယ်။ ဒီလိုဗိုင်းရပ်စ်တွေက အန်တီဗိုင်းရပ်စ်တွေ တင်မထားခဲ့ဘူးဆိုရင် ဗိုင်းရပ်စ်ကုဒ် ထိထားမှန်း ဘယ်လိုမှ မသိသာပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်ကုဒ်ကို အလုပ်လုပ်ပြီးရင် မူရင်းပရိုဂရမ်ကုဒ်ကို အလုပ်လုပ်လို့ ဖြစ်ပါတယ်။