ကျွန်တော်ကတော့ ဗဟုသုတရရုံ ကြုံလာရင် မိမိကိုယ် မိမိ ကာကွယ်ဖို့အတွက် ပြန်လည်မျှဝေခြင်းမျှသာဖြစ်ပါတယ်။ ခေါင်းစဉ်အတိုင်းပါပဲ မိမိဖုန်း မှာရှိတဲ့ Bluetooth ကိုသုံးပြီး hack တာလို့ပဲအလွယ်ပြောကြပါစို့ဗျာ။ ကျွန်တော် တွေ့မိ သလောက်လေးပါ။ software နှစ်မျိုးပါ။
(၁) BT_File_Manager
ဘာအတွက်လဲဆိုတော့ သူများဖုန်းရဲ့ memory card ထဲက data တွေကို Read/Write ကြိုက်တာအကုန်လုပ်လို့ရပါတယ်။ ဒါပေမယ့် Bluetooth သုံးပြီး သီချင်းပို့သလို ပါပဲ၊ pass key တောင်းပါတယ်။ ကျွန်တော်စမ်းတာ nokia အချင်းချင်းပါ။ ကျန်တဲ့ အမျိုးအစားနဲ့တော့ မစမ်းရသေးပါဘူး။ စိတ်ဝင်စားမယ်ထင်ရင်တော့ စမ်းရင်ကြည့်ပါ။ သုံးပုံသုံးနည်းကတော့ ဘာမှ မခက်ပါဘူး။ software ကို install လုပ်၊ ပြီးရင် application ကိုဖွင့်ပြီး သူ့အထဲက အတိုင်းသုံးရုံပါပဲ။
(၂) MagicBlueHack
ဒီကောင်ကတော့ အပေါ်ကကောင်ထက်ပိုဆိုးပါတယ်။ ဘာ key pass မှလည်းမတောင်းဘူး။ တခြားဖုန်းက connection ကို accept လုပ်လိုက်ရုံပါပဲ။ free call ခေါ်လို့ရပါတယ်။ free sms ပို့လို့ရပါတယ်။ ကြတဲ့ ဖုန်းဖိုးကိုတော့ ခုနက accept လုပ်တဲ့ ဖုန်းက စောင်ရမှာပါ။ ဒါပေမယ့် ကျွန်တော်ပြောတာ သူ့ဖုန်းနဲ့ ကိုယ့်ဖုန်း Bluetooth connection ရနေတုန်းပါပဲ။ သုံးနည်းကလည်း အပေါ်ကအတိုင်းပါပဲ။
ကျွန်တော်ထပ်ပြောပါတယ်။ ဗဟုသုတရုံ၊ ကိုယ့်ကိုကိုယ် ကာကွယ်ရုံမျှသာ ဖြစ်ပါတယ်။ အထက်ပါ software များကိုသုံးပြီး စမ်းသပ်လို့ ပြသာနာ တစုံတရာဖြစ်ခဲ့လျင် သုံးသူ၏ အပြစ် သာဖြစ်ကြောင်းပါ။
ဒါကတော့ နံပါတ် (၁) အတွက်ပါ။ http://www.getjar.com/products/18378/BTFileManager
ဒါကတော့ နံပါတ် (၂) အတွက်ပါ။ http://www.getjar.com/products/15782/MagicBlueHack