Hacker အမျိုးအစားများ
Hacker အမျိုးအစားတွေကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။
1: Script Kiddies
သူတို့တွေကတော့ Hacker ပေါက်စတွေပဲဖြစ်ပါတယ်။ ဟက်ကာတွေစုဝေးနေတဲ့ Forum
တွေ, Chatt Room တွေကို စောင့်ကြည့်ပြီး ဝါရင့် ဟက်ကာတွေဆီက ပညာယူတဲ့
သူတွေပေါ့။ ဟက်ကာတွေကို လူဆိုးဖြစ်အောင် လုပ်တဲ့လူတွေဆိုရင်လည်း
မမှားပါဘူး။ များသောအားဖြင့် သူတို့တွေဟာ hacking စွမ်းရည် မရှိကြပါဘူး။
ဝါရင့် ဟက်ကာတွေ develop လုပ်ထားတဲ့ exploit ( Compile မလုပ်ထားတဲ့ Source
code တစ်ခု၊ များသောအားဖြင့် မကောင်းတဲ့ code တွေပါဝင်ပါတယ်) တွေကို
သဲသဲမဲမဲ လိုက်ရှာတတ်ကြ တယ်။ တွေ့လို့ကတော့ ဘာမှမစဉ်းစားဘဲ Run လိုက်မှာပဲ။
အဲဒီ code ရဲ့ နောက်ဆက်တွဲပြသနာကိုတော့ မသိကြဘူး။ ခင်ဗျားလည်း
အဲဒီအမျိုးစားထဲမှာ ပါဝင်နေနိုင်ပါတယ်။
2 Intermediate Hacker
ကွန်ပျူတာအကြောင်း၊ Network အကြောင်းတွေကို အများအားဖြင့် နားလည်တတ်ကြတယ်။
Script Kiddies တွေနဲ့မတူတဲ့အချက်က exploit code ထဲမှာရှိတဲ့ ကုတ်တွေ
ဘယ်လို အလုပ်လုပ်လဲဆိုတာသိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက
programming ကိုလုံလောက်တဲ့အတိုင်းတာအစ်ခုထိ တတ်ကျွမ်းကြတာကိုး။ ဒါကြောင့်
ဝါရင့် ဟက်ကာဖြစ်ချင်ရင်တော့ Programming တတ်ကျွမ်းရပါမယ်။ Intermediate
Hacker တွေလည်း Script Kiddies တွေလိုပဲ ဝါရင့် ဟက်ကာတွေရေးတဲ့ exploit
ကုတ်တွေကိုတော့ အသုံးပြုကြပါတယ်။
3.Elite Hackers
ဝါရင့် ဟက်ကာတွေဖြစ်ပါတယ်။ ကိုယ်ပိုင် Hacker Tools
တွေအများကြီးရေးနိုင်ကြတယ်။ သူတို့တွေဟာ System တစ်ခုကို
ထိုးဖောက်ဝင်ရောက်နိုင်ကြတယ်။ ပြီးတော့ ခြေရာ ခံလို့မရအောင်လည်း
သူတို့တွေရဲ့ လမ်းကြောင်းကို ဖျောက်ထားနိုင်စွမ်းရှိကြတယ်။ သူတို့ကိုသူတို့
ဟက်ကာပါလို့ ဘယ်တော့မှ ထုတ်ဖော်မှာ မဟုတ်ဘူး တကယ့် ဟက်ကာတွေက သူတို့ကို
ဘယ်သူ့မှ မသိလေကောင်းလေပဲ။ ဒီအဆင့်ကိုတော့ လွယ်လွယ်ကူကူနဲ့
ရောက်မှာမဟုတ်ဘူးနော်။ ဒါပေမယ့် နံပါတ် 2 အဆင့် ထိတော့ ကြိုးစားရင်
ရောက်နိုင်တာပေါ့ဗျာ။