သင်သိထားသင့်ေ သာ Firewall Security အကြောင်း
သင်ဟာ အင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုသော ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်တာကြာပြီဆို လျှင် firewall ဆိုသော အသုံးအနှုန်းကို ကြားဖူးပြီးဖြစ်ပါလိမ့်မယ်။ ဥပမာဆိုရလျှင် သင့်ကုမ္ပဏီ ကလူတွေက “ငါဒီ site ကို သုံးချင်တာ firewall ကိုဖြတ်ခွင့်မပြုဘူးဖြစ်နေတယ်” ဆိုသော ပြောသံများကို သင်မကြာခဏ ကြားဖူးမယ်လို့ ထင်ပါတယ်။ သင့်အိမ်တွင် ချိတ်ဆက် ထားသော အင်တာနက်ဆက်သွယ်မှုဟာ မြန်ဆန်မယ်ဆိုရင် firewall အကြောင်းကို သင်ကိုယ် တိုင် ရှာဖွေလေ့လာလို့ရပါတယ်။ သေးငယ်တဲ့ အိမ်သုံးကွန်ယက်လုံခြုံရေးဟာ ကြီးမားတဲ့ ကွန်ယက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအယူအဆတွေနဲ့အတူ တူပဲ ဖြစ်ပါတယ်။ ဒါကြောင့်သင်ဟာ သင့်အိမ်သုံးကွန်ယက်ကိုလည်း hackerတွေ ရဲ့ရန်၊ ဒါမှမဟုတ် websiteတွေရဲ့တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် firewall ကိုသုံးသင့်ပါတယ်။
တကယ်တော့ firewall ဆိုတာ software ပရိုဂရမ် တစ်ခု (သို့) hardware အစိတ်အပိုင်း တစ်ခုပါ။ သူဟာ အင်တာနက်မှတဆင့် သင့်ကွန်ပျူတာသို့ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ hackerတွေ၊ virus တွေနှင့် wormတွေကိုမ၀င်ရောက်နိုင်အောင် တားဆီးပေးပါတယ်။
၁။ သင့်အိမ်မှာ ကွန်ပျူတာ၁လုံးရှိမယ်ဆိုရင် ပထမအရေးကြီးဆုံးအချက်အနေနဲ့ သင့်ကွန်ပျူတာ မှာ firewall ကို “on” ထားသင့်ပါတယ်။
၂။ Windows 7, Windows Vista, Windows XP SP2 နှင့် နောက်ပိုင်းပိုမြင့်တဲ့ Operating System တွေမှာတော့ firewall ကို “on” ပေးပြီးသားဖြစ်ပါတယ်။
၃။ သင့်အိမ်မှာ ကွန်ပျူတာ၁လုံးထက်ပိုပြီး ချိတ်ဆက်ထားမယ်ဆိုရင်တော့ ကွန်ပျူတာ၁လုံး ချင်းစီကို လုံခြုံအောင်ထိန်းသိမ်းဖို့အရေး
Firewall ၏ မူလ အဓိပ္ပာယ်ကို ပြောရမယ်ဆိုရင် ပျံ့နှံ့နေတဲ့ မီးတောက်၁ခုကို တားဆီးခြင်းပဲ ဖြစ်ပါတယ်။ အခု IT ခေတ်ကြီးမှာဆိုရင်တော့ firewall ကို network device ၁ခုအနေနဲ့ ခေါ်ဝေါ်ကြပြီး network ၁ခုသို့ဝင်ရောက်သည့် အတားအဆီး အနှောင့်အယှက်မှန် သမျှကို ပိတ်ဆို့တားဆီးပေးသောအရာ ဟုခေါ်ဆိုကြပါတယ်။ ယေဘုယျအားဖြင့်ဆိုရလျှင် firewall security ဆိုတာ ကွန်ပျူတာသို့ ၀င်ရောက်လာနိုင်သည့် attack တွေကို ကြိုးစားပိတ်ဆို့ပေးခြင်းဖြစ်ပါ
Firewall တွေမှာ Packet filtering firewall, Stateful firewall, Deep packet inspection firewall, Application-aware firewall, Application proxy firewall ဆိုပြီးရှိကြတယ်။ Packet filtering firewall ဆိုတာကတော့ပြောရမယ်ဆိုရင် သူက IP protocol, IP address နှင့် port number တွေကို အခြေခံပြီးတားဆီးပိတ်ဆို့ပေးတယ်
Stateful firewall ဟာ Packet filtering firewall နဲ့လုပ်ဆောင်ပုံချင်း တူညီတယ်။ ဒါပင်မဲ့ သူရဲ့ပိုကောင်းတဲ့အချက်ကတော့ ကွန်ယက် အတွင်းမှာရှိတဲ့ ခွင့်ပြုထားတဲ့ packetတွေမှသာ ကွန်ယက်ရဲ့အပြင်သို့ထွက်ခွင့်
Application-aware firewall ဟာ အမှန်တကယ် attack ဖြစ်ကြောင်းကို တိကျတဲ့ rule တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြပေးတယ်