Friday, 25 May 2012


အခု
အခြေခံ Hacking နည်းပညာ တစ်ခုကို လမ်းညွှန်ပေးပါမယ်။ Telnet ဟာ Hacking
အများစုရဲ့ အခြေခံပါပဲ။

အဆင့် ၁။ အသုံးပြုမယ့် Program ကို Download လုပ်ခြင်း
Telnet ကို Hacking လုပ်ဖို့အတွက် Port scanner တစ်ခုပဲလိုပါတယ်။ အခု အသုံးပြုပြမယ့် Program ကတော့ nmap လို့ခေါ်ပြီး free
ရပြီး အလွန်အစွမ်းထက်တဲ့ Port scanner တစ်ခုပါ။ သင်ဟာ ဒီProgram ကို
ဒီဆိုက်တွေမှာ Download လုပ်နိုင်ပါတယ်။ ( Windows,
Mac,
or Linux
)
step <br / 1"">

အဆင့် ၂။ Zenmap (nmap's GUI) ကိုအသုံးပြုခြင်း
Zenmap ကို အသုံးပြုရတာ ရိုးရှင်းပြီးလွယ်ကူပါတယ်။ Program ကိုဖွင့်ပြီး Target
နေရာမှာ သင် Hack လိုတဲ့ ကွန်ပျူတာရဲ့ ip address ကို ထည့်ပါ။ သင် Hack
လိုတဲ့ ကွန်ပျူတာရဲ့ ip ကိုတော့သိရမယ်။ တကယ်လို့ ip range တစ်ခုကို scan
လုပ်ချင်တာ ဆိုရင်တော့ အစ ip ရဲ့နောက်မှာ ( space ) မပါစေပဲ ( - ) dash
တစ်ခုကိုခံပြီး အဆုံး ip address ကို ထည့်ပေးရပါမယ်။
(* ဥပမာ - 192.168.1.100 ကနေ 192.168.1.299 အထိ scan လုပ်ချင်ရင် 1952.168.1.100-299
ဆိုပြီးထည့်ပေးရပါမယ်။)
"Profile" menu ထဲက "Intense scan" ကို မရွေးရသေးရင် ရွေးပေးပါ။ ပြီးရင် scan ကို နှိပ်ပြီး ကွန်ပျူတာ ဒါမှမဟုတ်
device တွေမှာ ဘယ် port တွေ ပွင့်နေလဲဆိုတာ စောင့်ကြည့်ပါ။ တကယ်လို့ Nmap
Output မှာ စာတချို့ ကို အစိမ်းရောင်နဲ့မြင်ရရင်တော့ အဲဒါတွေက ပွင့်နေတဲ့
port တွေပါပဲ။ Port 23 နဲ့ပွင့်ခဲ့ရင်တော့ အဲဒီ device ကို့ Hack
လို့ရပါပြီ။ Server အများစုနဲ့ Router တွေမှာ Port 23 ပွင့်နေတတ်ပါတယ်။

Image Notes
၁။ အခု Port 135 နဲ့ 139 ဟာ ပွင့်နေပါတယ်။ ဒါပေမယ့် Port 23 ကတော့ မပွင့် ပါဘူး။ အဲဒါကြောင့် telnet ကိုသုံးပြီး Hack လို့မရပါဘူး။
step 2
အဆင့် ၃။ Telnet ကို အသုံးပြုခြင်း
Telnet Program တွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့် OS အများစုမှာ telnet က built-in
ပါလာပါတယ်။ Windows အတွက်တော့ Star-> Run ကိုသွားပြီး telnet
လို့ရိုက်ပြီး OK နှိပ်လိုက်ပါ။ telnet ပွင့်လာပါလိမ့်မယ်။
step  <br / 3"">
အဆင့် ၄။ telnet ထဲမှာ "o သင်ချိတ်ချင်တဲ့ကွန်ပျူတာရဲ့လိပ်စာ PortNumber" ဆိုပြီးရိုက်ထည့်ပါ။
(ဥပမာ- "o ghs.google.com 23" ) နမူနာသုံးပြတာပါ။ ချိတ်လို့မရပါဘူး။
step  <br / 4"">
အဆင့် ၅။ ချိတ်ဆက်ထားသော device ကို configure လုပ်ခြင်း
ဒီအဆင့်ကတော့ ရှင်းပြဖို့ အခက်အခဲအများကြီး ရှိပါတယ်။ အဓိက အကြောင်းအရင်းကတော့  device
တွေအပေါ်မှာ မူတည်ပြီး ပေါ်လာတဲ့ interface မတူလို့ပါပဲ။ တချို့က code
တွေလိုအပ်ပါတယ်။ Telnet ကနေ hack ဖို့ အလွယ်ကူဆုံးကတော့ Cisco router
တွေပါပဲ။ Cisco router တွေမှာ telnet server built in ပါလာပါတယ်။
သင့်အနေနဲ့ Cisco language ကို သိဖို့လိုအပ်ပါတယ်။
Cisco Router ကိုချိတ်မိသွားတဲ့ အချိန်မှာ အောက်ပါပုံအတိုင်း ခပ်ဆင်ဆင် ပြပါလိမ့်မယ်။
"enable" လို့ရိုက်ထည့်ပြီး Privileged mode ကနေ၀င်ပါ။ ၀င်ပြီးသွားရင်တော့
"config t" လို့ ရိုက်ထည့်ပြီး Router ကို configure လုပ်နိုင်ပါပြီ။
step  <br / 5"">
အဆင့် ၆။ Jumping
Hacker အများစုဟာ telnet ကို Jumping လုပ်ပြီး သူတို့ ရဲ့ ID တွေ ကို ကာကွယ်ဖို့သုံးကြပါတယ်။ သူတို့ဟာ telnet server
တွေပေါ်မှာ အသုံးပြုနေရမှန်းမသိတဲ့ Home user တွေကို အဓိက ပစ်မှတ်ထားပါတယ်။
Linksys router အများစုမှာလည်း telnet ပါ ပါတယ်။ WRT54G ကတော့ အလွယ်ကူဆုံး
hack နိုင်တဲ့ Linksys router တစ်ခုပါ။ telnet client software
တစ်ခုဖြစ်တဲ့ Putty နဲ့ ပဲ Hacking လုပ်ကြတာ များပါတယ် လို့ပြောရင်းနဲ့
ဒီလမ်းညွှန်မှုကို နိဂုံးချုပ်ပါရစေ။
step  <br / 6"">





Reff:shein22.spaces.live.com