Friday, 11 May 2012

Ecodsoft Keylogger



 Keylogger ဆိုတာကြားဖူးကြမှာပါ။ အလွန်အန္တရယ်များတဲ့ hacking tool တစ်ခုပေါ့။ hacking 
ကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်ရည်ရွယ်ပါတယ်။Keylogger တွေက အများကြီးပါ။ တခြား ကျွန်တော်သိသလောက်ကတော့ Free keylogger, Perfect Keylogger အစရှိသည်ပေါ့။ စမ်းချင်ရင် အင်တာနက်မှာရှာပြီး စမ်းသပ်နိုင်ပါတယ်။ အခု ကျွန်တော်ပြောမယ့် tool ကတော့ Ecodsoft Keylogger ပါ။ Free Download လုပ်ရင် 2 ရက်သုံးခွင့်ပေးပါတယ်။ သူ့ကို Install လုပ်ပြီးရင် Silent Mode ဖြစ်သွားပါမယ်။ ဆိုလိုတာက Tray icon လည်း ကွန်ပျူတာပေါ်မှာ မပေါ်ဘူး။ ဒါကြောင့် ဒီဆော့ဝဲလ် Run နေမှန်း
သိမှာမဟုတ်ပါဘူး။ သူ့ကို ဖွင့်ချင်ရင် Ctr+Alt+Shit+Z ကိုနှိပ်ပေးရပါတယ်။ ဒါကိုလည်း Ecodsoft Keylogger ကို Install လုပ်ကတည်းက Setting မှာပါဝင်ပြီးသားပဲဖြစ်ပါတယ်။ Ctr+Alt+Shit+Z ကိုမဟုတ်ပဲ Ctr+Alt+Shit+A ဒါမှမဟုတ် တခြားတစ်ခုခုပြောင်းလိုက်လို့လည်း ရသေးတယ်။ နောက်ပြီး Ecodsoft Keylogger  ကိုဖွင့်ချင်ရင် Ctr+Alt+Shit+Z ကိုနှိပ်ရချိန်မှာ Password တောင်းပါတယ်။

ဒါကြောင့် ဒီ ဆော့ဝဲလ်ရဲ့ Log ဖိုင်တွေကိုကြည့်ချင်ရင်Install လုပ်တဲ့လူကလွဲပြီး ကြည့်ခွင့်ရမှာမဟုတ်ပေ။ Ecodsoft Keylogger မှာ ပါဝင်တဲ့ Function တွေကတော့ Status, Setting, Screenshot, Log တွေပါပဲ။Status မှာ Keyboard မှာရိုက်ခဲ့သမျ၊ Skype, Facebook, Yahoo တွေမှာရိုက်သမျ Keystroke စတာတွေအားလုံးကိုမှတ်ထားပေးမှာပါ။ Setting မှာတော့
Log File တွေကို မိမိအီးမေးလ်အကောင့်ကို ပြန်ပို့ခိုင်းတဲ့ Option ပါဝင်ပါတယ်။ Screenshot မှာတော့ ခင်ဗျား သုံးနေသမျကို Screenshot အဖြစ်မှတ်ထားပေးပါတယ်။ Log မှာဆိုရင် ရက်အလိုက် ကိုယ်ကြည့်ချင်တဲ့ Date ကို ပြန်ကြည့်လို့ရပါတယ်။ အင်တာနက်ဆိုင်မှာ ဒီ tool ကို Install လုပ်ထားရင်တော့ လာသုံးတဲ့ လူတွေအတွက် မတွေးရဲစရာပါပဲ။ မသာမာတဲ့လူတွေဆိုရင်ပေါ့ဗျာ။ ဒါကြောင့် ဒီ post ကို တခြား မဟုတ်တဲ့နေရာမှာ တလွဲမသုံးဖို့ တောင်းပန်ပါတယ်။


Mediafire Link
Direct Download