Wednesday, 16 May 2012

Python Programming For Absolute Beginner ဆိုတဲ့စာအုပ်လေးဖတ်ပြီးတော. တတ်သလောက်မှတ်သလောက်ပြန်ရေးထားတာပါ ...



Python မိတ်ဆက်
Programming ပညာရပ်နဲ့ပါတ်သတ် လို.သင်ဟာ လုံးဝအစိမ်းသတ်သတ် သာဆိုလျှင် သင်Python 
ကိုရွေးချယ်လိုက်တာ မှန်သွားပြီ။ ။ Python ဟာ Biginner တွေအတွက်အကောင်းဆုံး Programmning Language ပါ။ ။ Python ရဲ့ ရိုးရှင်း ပြတ်သားတဲ့ Code တည်ဆောက်ပုံတွေက သင့်ကို programme ရေးသားရာမှာ လိုတိုရှင်း ဖြစ်စေမှာ အမှန်ပါ။ ။IDLE GUI ပါသင်တဲ့အတွက် သင့် စိတ်ကူးပေါ်ရာ coding တွေကို ချက်ချင်း စမ်းသပ် Run ကြည်.လို.ရပါတယ်။အမှားအယွင်းရှိပါကလဲ သင်.ကို ပြင်ဆင်နိုင်အောင် သတိပေးမှာပါ။
Programming ကို အရင်ကနဲနဲ ဖြစ်ဖြစ်လုပ်ဖူးတယ်ဆိုရင်လဲ Python ကိုရွေးချယ်တာမှန်ကန်ဆဲပါ။
ခေတ်ပေါ် Object Oriented Programming Language ထံမှ သင်မျှော်လင်.ထားတဲ့ စွမ်းရည်တွေအားလုံး Python မှာရှိပါတယ်။ ။အဲ့ဒီလို အစွမ်းရှိတဲ့ Programming language ကသင်ထင်သလိုမရှုပ်ထွေးပဲ လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းနဲ့ Programme တစ်ခုကို အမြန်ဆုံးရေးသားနိုင်တာ က သင့်ကို အံ.အားသင်.စေဦးမှာပါ။ Python ရဲ့ Programming Command တွေကို Computer နားလည်အောင် အမြန်ဆုံး transalate လုပ်ပေးနိုင်လို. ပိုင်သန်ကို “Programming at the speed of thought” လို.တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ ။
Programming Languge ဆိုတာ Programmer ရဲ့ဦးနှောက်နဲ.Computer နဲ့ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားပါ။။ ဆိုလိုတာက လူက ကွန်ပျူတာ ကို ကိစ္စတစ်ခုခိုင်းချင်တဲ့အခါမှာ “ဟဲ့ နင်ဒါလုပ်လိုက်”
ပြောပြီးခိုင်းလို.မရတဲ့ အတွက် ကွန်ပျူတာ နားလည်တဲ့ ဘာသာစကား (Programming Language) တစ်မျိုးမျိုး သုံပြီး ခိုင်းရပါတယ်။။သင်တို.ကြားဖူးပြီးသား Programming Language တွေရှိမှာပါ ဥပမာ-C, C++, C# နဲ့Javaတို.လိုပေါ. အဲ့ဒီLanguage တွေကို High-Level Languageတွေလို.ခေါ်ပါတယ် High-level Language ဆိုတာ Computer ကနားလည်ယုံသာမက လူဖတ်လို.နားလည်နိုင်လောက်တဲ့ အထိအဆင်.မြင်.တဲ့ဘာသာစကား (လူတွေသုံးတဲ့ စကားနဲ.ပိုပြီးနီးစပ်) ဖြစ်ပါတယ်။ တကယ်တော. ကွန်ပျူတာနားလည်တာ 0နဲ့ 1 ပဲရှိပါတယ် 001101010101 စသည်ဖြင်.ပေါ.လေကွန်ပျူတာနားလည်တဲ့ဘာသာစကား Mechanine Language လို.ခေါ်တယ်
အဲ့ဒီ 0တွေ1 တွေနဲ့ရေးထားတဲ့ စာကို လူတွေဖတ်ရင်နားမလည်နိုင်လို. High-Level Programming Language ကိုသုံးရတာပါ ကဲထားပါလေ အဲ့ဒီလို Language တွေအများကြီးထဲကမှ ပိုင်သန်ရဲ့အားသာချက်တွေကဘာလဲဆိုတော. ရေးရတာလွယ်ကူပြီး တခြားLanguage တွေနဲ့ယှဉ်ရင် ရေးရတာ အလွန်တိုပါတယ် ဘယ်လောက်ထိတိုလဲဆိုတော. Python programme တစ်ခုဟာသူနဲ့လုပ်ဆောင်ချက်ချင်းတူတဲ့Java programmeတစ်ခုထက် ၃ဆ ကနေ ၅ဆ တိုပြီး လုပ်ဆောင်ချက်တူတဲ့C++ programme တစ်ခုထက် ၅ဆ ကနေ ၁၀ တိုပါတယ် အဲ့ဒါကြောင်. C++ အသုံးပြုတဲ့ Programmer နှစ်ယောက် ၁နှစ်လုပ်ကိုင်ရမယ့် Project တစ်ခုကို Python programmer တစ်ယောက်ထဲက ၂လ နဲ့ ရေးသားလို.ပြီးနိုင်ပါတယ်။။ နောက်တစ်ချက် က Python က Platform Independent ဖြစ်ပါတယ် ဆိုလိုတာ အသုံးပြုတဲ့ OS အပေါ်မှီခိုချင်းမရှိပါဘူး ဥပမာ သင်က ပျော်စရာဂိမ်းသေးသေးလေးတစ်ခုကို Window OS သုံးထားတဲ့သင်.ကွန်ပျူတာမှာ Python နဲ.ရေးသားခဲ့ပြီး Mac OS သုံးတဲ့ သင်.သူငယ်ချင်းထံ ပို.ပေးလိုက်မယ်ဆိုပါတော. သင် Window ပေါ်မှာ ရေးခဲ့တဲ့ဂိမ်းဟာ Mac ပေါ်မှာ အခက်အခဲမရှိ Run လို.ရပါတယ်(အဲ အဲ့ဒီMac OS ကွန်ပျူတာမှာ Python installလုပ်ထားဖို.တော.လိုတာပေါ့) သင်.သူငယ်ချင်းကနောက်ထပ် Linux OS သုံးတဲ့ သူ. သူငယ်ချင်းထံလက်ဆင်.ကမ်းဦးမယ် ဆိုရင်လဲ ဂိမ်းလေးက လင်းနစ် မှာ အဆင်ပြေပြေ Run နိုင်ဦးမှာပါပဲ Python install လုပ်ထားဖို.တော.လိုတာပေါ့နော်။အဲနောက်တစ်ခုက အခြားသော ပရိုဂရမ်းမင်း လမ်းဂွေ့ဂ်ျ တွေနဲ့ပေါင်းစပ်အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။Open Source လဲဖြစ်သေးတယ်။
အဲ့ဒီလို အားသာချက်တွေကြောင်. Python ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ Programmer သိန်းပေါင်းများစွာကို ဖမ်းစားနိုင်ခဲ့ပါတယ် နာမည်ကျော်ကုမ္ပဏီကြီးတွေဖြစ်တဲ့ google, Hewlett-Packard, IBM, Industrial Light + Magic, Microsoft, NASA, Red Hat, Verizon, Xerox နဲ့ Yahoo! ကုမ္ပဏီတွေကလည်း Python ကိုအသုံးပြုကြပါတယ်။။ ပိုင်သန် ဟာ Game Programmer တွေရဲ့လက်နက်တစ်ခုလဲဖြစ်ပါတယ်Activision, Electronic Arts, နဲ့ Infogrames စတဲ့ ဂိမ်းကုမ္ပဏီတွေက Python ကို အသုံးပြုပြီး သူတို.ဂိမ်းတွေကို ဖန်တီးကြတယ်လို.သိရပါတယ်။ 
Devine
01-12-2010, 04:24 PM
အခန်း(၁)
Getting Start: The Game Over Programme

Overview
Programming ဆိုတာ သင့်ကွန်ပြူတာ ကို သင်ခိုင်းချင်တဲ့အလုပ်တစ်ခုခု ကို အမိန်.ပေးခိုင်းစေချင်းတစ်မျိုးပါပဲ။ ။အဲ ကျွန်တော်ပြောတဲ့ ပရိုဂရမ်းမင်း ရဲ့အဓိပ္ပါယ်က Techanical Defination တော.မဟုတ်ပါဘူး ဒါပေမယ့် အနီးစပ်ဆုံးအဓိပ္ပါယ် ပါပဲ။ ။Python ကိုသင်ကြားချင်းအားဖြင့် သင် ပရိုဂရမ် တစ်ခုကို ဖန်တီးနိုင်ပါလိမ်.မယ် ။ အဲ့ဒီပရိုဂရမ်ဟာ ရိုးရိုး Game လေးတစ်ခု ဒါမှမဟုတ် Small Utality တစ်ခု
ဒါမှမဟုတ် Graphical User Interface ပါဝင်တဲ့ လုပ်ငန်းသုံးProgramme တစ်ခု စသည်ဖြင့်သင့်စိတ်ကြိုက်ရေးသားနိုင်ပါတယ်။ ။
Python ဟာ သိပ္ပံနဲ့ အနုပညာ ပေါင်းစပ်ထားတဲ့ စွန်.စားခန်းတစ်ခုဆိုလဲမမှားပါဘူး ကဲ အခု ပထမဆုံး အခန်း(၁) နဲ. Python စွန်.စားခန်း ခရီးကို စလိုက်ကြရအောင် ။။ 
http://i749.photobucket.com/albums/xx134/mgdevine/p1.jpg
ပုံ(၁)

အပေါ်မှာ ပြထားတဲ့ ၀င်းဒိုး ကို Console Window လို.ခေါ်ပါတယ် ။Console Window ဆိုတာ စာသားတွေကိုပဲ ဖော်ပြပေးနိုင်တဲ့ Window ပါ ။Graphical User Interface နဲ့window လောက်မကောင်းဘူးဆိုငြားလည်း console application တွေက ရေးသားရလွယ်ကူပြီး Programming ယခုမှစတင်လေ.လာသူတွေအတွက်တော. သင်ခန်းစာကောင်းတစ်ခုပါ။
ပထမဆုံးအောက်ကလင်.ခ်ကနေ Active Python 2.6 ကို Dowload ချပြီး သင်.ကွန်ပျူတာမှ Install လုပ်ပါ
Install လုပ်တာတော.ပြောမနေတော.ပါဘူး အားလုံးလဲလုပ်တတ်ပြီးသားပဲဟာ။။
ကဲ အခု Start>All Programme >Activestate Active Python 2.6(32bit)>IDLE(python GUI) ကို ခေါ်လိုက်ရင် အောက်ကလို ၀င်းဒိုးမျိုးပွင်.လာပါလိမ်.မယ်
http://i749.photobucket.com/albums/xx134/mgdevine/p2.jpg
ပုံ(၂)

အဲ့ဒီထဲမှာ >>> နောက်မှာ စတင်ရေးသားနိုင်ပါပြီ ကဲ
print “Game Over” လို.ရိုက်ထည်.ပြီးEnter Key နှိပ်ကြည်.ပါ အောက်ကလိုမျိုးတွေ့ရမယ်
http://i749.photobucket.com/albums/xx134/mgdevine/p3.jpg
ပုံ(၃)
ဒါကကျွန်တော် မိတ်ဆက် မှာတုန်းကပြောခဲ့သလို ကုဒ်ကို Interactive Mode နဲ့စမ်းသပ်Runကြည်.တဲ့အဆင့်ပဲရှိပါတယ် Code တွေကို Save လုပ်ပြီး programme ရဲ့အိုင်ကွန် ကို Double Click လုပ်ပြီးရမ်းလို.ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာနောက်မှာဆက်ဖတ်ပါ အခု ကျွန်တော်တို.ရိုက်ထဲ့လိုက်တဲ့ print “Game Over” ဆိုတဲ့ကုဒ်ကို လေ.လာကြည်.လိုက်ကြရအောင်
Programming အကြောင်းနားမလည်ပဲနဲ့တောင်ကြည်.လိုက်ယုံနဲ့ဘာလုပ်တယ်ဆိုတာရှင်းနေပြီးသားပါ ဒါပေမယ်.ပြောပါ့မယ် သင်ရေးခဲ့တဲ့ print ဆိုတဲ့ Command က Double quote(“”) ထဲမှာ သင်ရေးခဲ့တဲ့ မည်သည်.စာသား ကို မဆို Screen ပေါ်မှာဖော်ပြပေးမှာဖြစ်ပါတယ်။ယခုသင်က Double quote ထဲမှာ Game Over လို့ရိုက်ထဲ့ခဲ့တဲ့ အတွက်အောက်တစ်လိုင်းမှာ အပြာရောင်စာလုံးနဲ့ Game Over ဆိုတဲ့Result ကိုထုတ်ပေးချင်းဖြစ်ပါတယ်။
ကဲအခု သီအိုရီ အရထပ်ရှင်းပါမယ် ကျွန်တော်တို. အခုရိုက်ထဲ့လိုက်တဲ့ print “Game Over” ဆိုတဲ့တစ်ကြောင်းလုံးကို Complete Instruction လို.ခေါ်ပါတယ် ပြီးပြည်.စုံတဲ့ညွန်ကြားချက်တစ်ခုပေါ့
Instruction ကို နှစ်ပိုင်းခွဲပြီးလေ.လာမယ် ဆိုရင် command ဆိုတာနဲ့ statement ဆိုပြီးဖြစ်ပါတယ် 
Command ဆိုတာ ကျွန်တော်တို.ရေးထားတဲ့ Instruction မှာဆိုရင် print ပေါ့ အဲ့ဒီprint command က ကွန်ပျူတာကို စာလုံးတွေကို စကရင်ပေါ်မှာ ဖော်ပြအောင်ခိုင်းစေပေးတာပါ Satement ကတော. “Game Over”ဆိုတဲ့အပိုင်းပေါ့ print (command )ဟာ Instruction မှာပါတဲ့ ဘယ်စာသား(text) ကိုမဆို scereen ပေါ်မှာဖော်ပြပေးမှာပါ စာသားတင်ပဲလား ဆိုတော.မဟုတ်ပါဘူး print command ဟာ အချို.တွက်ချက်မှုတွေလဲဆောင်ရွက်နိုင်ပါတယ် ဥပမာ-ကျွန်တော်တို. print 3+5 လို.ရိုက်ထည်.ကြည်.မယ်ဆိုပါတော. result အနေနဲ့ 8 ဆိုပြီးထုတ်ပေးမှာဖြစ်ပါတယ်။အောက်မှကြည်.ပါ
http://i749.photobucket.com/albums/xx134/mgdevine/p4.jpg
ပုံ(၄)
Python ဟာ lower case sensitive ဖြစ်တဲ့အတွက် print အစား Print တို. PRINT တို. primt ရိုက်မိရင် အလုပ်လုပ်မှာမဟုတ်ပါဘူး result ထုတ်ပေးမဲ့အစားအောက်ကပုံမှာလို SyntaxError: invalid syntax
ဆိုတဲ့ Error message ကိုထုတ်ပေးမှာ ပါ အဲ့ဒါကြောင်.Command များကို သူ. Form အတိုင်းရိုက်မှ အမှန်ရပါမယ်။။များသောအားဖြင်.Pyhton command တွေဟာ small latter တွေနဲ့ရေးလေ.ရှိပါတယ်။
နောက်ပြီးကျွန်တော်တို. ရိုက်ထဲ့လိုက်တဲ့ Instruction တွေမှာ အရောင် ကွဲပြားနေတာကို သတိပြုမိမှာပါ 
အဲ့ဒါကဘာလဲဆိုတော. ကျွန်တော်.တို. ကို Instruction မြင်တာနဲ့ ဘယ်ဘာ command ဘယ်ဟာ statement ကွဲပြားအောင် အရောင်တွေနဲံခွဲခြားပြထားတာပါ Special words(command) တွေကို လိမ္မော်ရောင်နဲ့ပြလေ.ရှိပြီး Statement တွေကိုတော. အစိမ်းရောင်နဲ့ပြပါတယ် result ကိုတော.အပြာရောင်နဲ့ထုတ်ပေးပါတယ် ဒီလောက်ဆိုရှင်းလောက်ရောပေါ့ ။
ကျွန်တော်တို. နောက်ဆင်.ဆက်တတ်ကြည်.ရအောင် ဒီတစ်ခါ Interactive Mode နဲ့မရေးတော.ဘူး Script mode နဲ့ ရေးပါမယ် Script Mode နဲ့ရေးဖို.အတွက် Python Shell (IDLE GUI) ၀င်းဒိုးရဲ့ Menu Bar မှာ File>New Window ဆိုပြီးခေါ်လိုက်ပါအောက်ကလို မျိုး Window ပွင်.လာပါလိမ့်မယ်
http://i749.photobucket.com/albums/xx134/mgdevine/p5.jpg
ပုံ(၅)
အဲ့ဒီအထဲမှာ ခုနက ကျွန်တော်တို.ရေးခဲ့တဲ့ Game Over Programme ကိုပြန်ရေးကြည်.ရအောင် 
print “Game Over” လို.ရိုက်ပြီး Enter နှိပ်ကြည်.ပါဘာမှဖြစ်လာမှမဟုတ်ပါဘူး Result ပေါ်လာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို.လဲ ဆိုတော. သင်ရိုက်ထဲ့လိုက်တဲ့ code ဟာ script mode မှာပဲရှိနေဆဲဖြစ်ပြီးSave မလုပ်ရသေးလို.ပါ။ကဲ Save လုပ်ဖို. File >Save As..ကိုခေါ်ပါ Save လုပ်မဲ့နေရာကို Desktop ကိုရွေးပေးပြီး game_over.py လို.နာမည်တပ်ပြီးသိမ်းပါ(Desktop ပေါ်မှာ သိမ်းခိုင်းတာ နောက်တစ်ခု ထပ်ပြစရာရှိသေးလို. Programme ကိုလွယ်လွယ်ကူကူခေါ်လို.ရအောင် သိမ်းခိုင်းထားတာပါ) ကဲခုနကrun လို.မရတဲ့ programme ကိုအခုRunကြည်.ရအောင် Menu Bar က Run ကိုနှိပ်ပါ။အောက်ကပုံကိုကြည်.ပါပိုရှင်းအောင်
http://i749.photobucket.com/albums/xx134/mgdevine/p6.jpg
ပုံ(၆)
အဲ့ဒီလိုRun လိုက်ရင် Shell window (IDLE UUI) မှာ result ကိုမြင်ရပါမယ် ပုံတော.ထပ်မထည်.ပေးတော.ဘူး လုပ်ကြည်.ရင်တွေ့မှာပါ။။
Script ၀င်းဒိုးကို မပိတ်ပါနဲ့ဦး အခု Desktop ပေါ်မှာ Save လုပ်ထားတဲ့ game_over.py ဆိုတဲ့ ပရို၈ရမ်လေးကို Double Cilck နှိပ်ပြီးရမ်းကြည်.ပါ အမဲရောင် Console window လေးဖြတ်ခနဲပေါ်လာပြီးချက်ချင်းပြန်ပျောက်သွားတာတွေ့ရမှာပါ။။ ဘာဖြစ်လို. Game Over ဆိုတဲ့ result ကို Console Window မှာမြင်တောင်မပြင်လိုက်ရပဲချက်ချင်း ပြန်ပျောက်သွားတာလဲလို.ထင်ကြမှာပဲ
မဟုတ်ပါတကယ်တော. သင် လုပ်ခိုင်းတဲ့အတိုင်း Programme က Game Over ဆိုတဲ့ စာကြောင်းကို Screen ပေါ်မှာအောင်မြင်စွာဖော်ပြပေးပြီးဆက်လက် run ရန် Instruction မရှိတော.တာကြောင်. ချက်ချင်းပြန်ပိတ်သွာတာပါ လူမျက်စိနဲ့လိုက်ကြည်.လို.မမြင်နိုင်အောင် တစ်စက္ကန်.တောင်မကြာလိုက်ပဲရမ်းလို.ပြီးသွားတာပါ။
ကဲကျွန်တော်တို. အဲ့ဝင်းဒိုးကိုချက်ချင်းပြန်မပိတ်သွားအောင် User က Enter နှိပ်မှ ပိတ်သွားအောင်လုပ်ကြည်.ရအောင် ခုနက မပိတ်ပဲ ထားခဲ့တဲ့ Script Window မှာ print “Game Over”ရဲ့အောက်မှာ ပုံထဲကလို raw_input(“\n”)လို.ရိုက်ထည်.ပါ။
http://i749.photobucket.com/albums/xx134/mgdevine/p7.jpg
ပုံ(၇)
နောက်ပြီးFile>Save ကိုနှိပ်ပြီး Save လုပ်ပါ ထပ်ပြီး game_over.py ဆိုတဲ့ ပရို၈ရမ်လေးကို Double click နဲ့ run ကြည်.ရင်အောက်လိုတွေ့ရမှာပါ
http://i749.photobucket.com/albums/xx134/mgdevine/p8.jpg
ပုံ(၈)
အဲ့ဒီမှာ Enter နှိပ်လိုက်တော.မှ အဲ့ဒီဝင်းဒိုးလေး ကပြန်ပိတ်သွားမှာပါ ဘာလိုသဘောလဲဆိုတော. ဒီလိုပါ
ကျွန်တော်တို. ပထမ ရေးခဲ့တဲ့ Programme မှာ Game Over ဆိုတဲ့ စာတန်းကို စက်ရင်ပေါ်မှာ ဖော်ပြပြီးရင် instruction ကပြီးသွားပါပြီ အဲ့ဒါကြောင်. ပြပြပြီးချင်းချက်ချင်းပြန်ပိတ်သွားတာပါ အခု အသစ်ထပ်ဖြည်.လိုက်တဲ့ ပရိုဂရမ်မှာတော.ပြပီးရင် User ထံမှနေ၍ Enter နှိပ်တာကိုဆောင့်ခိုင်းထားတာပါ raw_input ယူဇာရှိက Input တစ်ခုတောင်းတာပါ အဲ့ဒီအင်ပွတ်ကို Enter ဆိုပြီးသတ်မှတ်ပေးတာကတော. နောက်က (“\n”) ဆိုတာပဲ ဖြစ်ပါ တယ် \n ဆိုတာ enter ဆိုတာပြောမနေစရာမလိုလောက်ဖူးထင်ပါတယ်နော်။
နောက်ထပ်ပြင်ကြည်.ကြည်.ရအောင် ထပ်ဖြည်.ထားတဲ့ raw_input(“\n”) နေရာမှာ raw_input(“\n Press Enter Key To Exist”) လို.ပြောင်းရေးပြီးဆေ.ဖ်လုပ်ကြည်.ပါ ပြန် Runကြည်.ပါအောက်ကလိုတွေ.ရမှာပါ
http://i749.photobucket.com/albums/xx134/mgdevine/p9.jpg
ပုံ(၉)
ဘာမှတော. မဟုတ်ပါဘူး Exit လုပ်ဖို. Enter နှိပ်ရန်ယူဇာကိုပြောတဲ့ message ကိုထပ်ထည်.လိုက်တာပါ 
ဒီအခန်း(၁)ကတော. ဒီမှာပြီးပါပြီလေ.ကျင်.ခန်းလေးတွေလုပ်ကြည်.ရအောင် ကို.ဘာသာလုပ်ရမှာနော် ကျွန်တော်က ဘာတွေလုပ်ရမယ်ပဲပြောသွားမှာ
လေ.ကျင်.ခန်း(၁) 
သင်.နာမည်ကို Screen ပေါ်မှာပေါ်အောင်လုပ်ပြီး User ထံမှ Enter နှိပ်မှ exit ဖြစ်အောင်ရေးပါ(လွယ်လွယ်လေးနော်)

လေးကျင်.ခန်း(၂)
သင်အကြိုက်ဆုံးအဆိုမိန်. ကိုScreen ပေါ်မှာပ်ါအောင်ရေးပါ အောက်တစ်လိုင်းမှာ မူရင်းပြောခဲ့တဲ့လူရဲ့နာမည်ကို credict ပေးပါ (အဲ့ဒီအတွက် print command နှစ်ခါသုံးရပါမယ်)
နောက်တော.ထုံးစံအတိုင်း User ထံမှာ Exit လုပ်ရန် Enter နှိပ်ရန်တောင်းဆိုပါ။။


(နောက်မှဆက်ရေးပေးပါ့မယ် )