ကွန်ပျူတာအများအပြားအား Remote လုပ်ကာထိန်းချုပ်ထားနိုင်သော LiteManager Pro ဆောဖ့်ဝဲ
LiteManager Pro ဟာ သင့်ကွန်ပျူတာအား အဝေးမှ ထိမ်းချုပ်ကိုင်တွယ်နိုင်တဲ့ Remote ဆောဖ့်ဝဲလေးတစ်ခုဖြစ်ပါတယ်။ LiteManager Pro ဟာ လွယ်ကူမြန်ဆန်ခြင်း၊ လုံခြုံစိတ်ချမှုရှိခြင်းတို့အပြင် သင့် PC အားမည်သည့်နေရာမှ မဆို ထိန်းချုပ်အသုံးပြုနိုင်စေမည့် ဆောဖ့်ဝဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ ထိုကဲ့သို့ Remote အနေဖြင့်အသုံးပြုမည်ဆိုပါက သင့်ကွန်ပျူတာ၏ စကရင်အား အရွယ်အစားသေးငယ်သော Window တစ်ခုအနေဖြင့် အမြဲတမ်း Monitor လုပ်နိုင်ရန် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ Remote လုပ်ကာ PC အားအဝေးမှ ထိမ်းချုပ်ကြည့်ရှုနေစဉ်မှာပင် Keyboard, Mouse တို့ဖြင့် Control လုပ်နိုင်မှာဖြစ်ပြီး နှစ်သက်သလို manage ပြုလုပ်နိုင်ပါတယ်။

LiteManager Pro ဟာ Remote အပြင် အခြားသော Feature များကိုပါထည့်သွင်းပေးထားတဲ့ ဆောဖ့်ဝဲကောင်းတစ်ခုဖြစ်ပါတယ်။ LiteManager Pro တွင် System တစ်ခုလုံးအား ထိမ်းချုပ်နိုင်သည့် Administrator Tool များ၊ Remote launch များကိုထည့်သွင်းပေးထားတာကြောင့် ဖိုင်များအား Transfer ပြုလုပ်ကာပြောင်းရွှေ့ရယူခြင်း၊ Task manager အားအသုံးပြုထိမ်းချုပ်နိုင်ခြင်း၊ အသံများနှင့်လုပ်ဆောင်ချက် များအားလုံးအား မှတ်သားထားနိုင်ခြင်း၊ တို့ကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ LiteManager Pro တွင် Client module LiteManager Viwer နှင့် Server Module LiteManager Server ဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲခြားပေးထားပါတယ်။ Client အား Administrator ကွန်ပျူတာတွင် ထည့်သွင်းထားရန် လိုအပ်ပြီး Server အား Remote ကွန်ပျူတာတွင်ထည့်သွင်းပေးထားရမှာဖြစ်ပါတယ်။ LiteManager Pro အား ထည့်သွင်းပြီးပါက IP address ကို သတ်မှတ်ပေးရမှာဖြစ်ပြီး Server အတွင်းဝင်ရောက်ရာတွင်လည်း password ပေးကာ သတ်မှတ်ပေးထားလို့ ရပါတယ်။

LiteManager Pro ဟာအသုံးပြုရလွယ်ကူပြီး Windows 7 တွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Remote ပြုလုပ်ကာ ထိမ်းချုပ်ရာတွင်လည်း ကွန်ပျူတာတစ်လုံးအပြင် အခြားသော ကွန်ပျူတာအများ အပြားအား Remote ပြုလုပ်နိုင်ပြီး Administrator မှ အခြားသော ကွန်ပျူတာအားလုံးအား ထိမ်းချုပ်နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ ဆေဖ့်ဝဲတစ်ခုဖြစ်ပါတယ်။

LiteManager Pro ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖိုင်များ Transfer ပြုလုုပ်ခြင်း၊ Remote Task Manager အနေဖြင့် အသုံးပြုခြင်း၊ Power manage ပြုလုပ်ခြင်း၊ Text Chat အနေဖြင့် အသုံးပြုနိုင်ခြင်း၊ အခြားသော ကွန်ပျူတာများရဲ့လုပ်ဆောင်ချက်များအား စောင့်ကြည့်နိုင်သော Recorder အနေဖြင့် အသုံးပြုနိုင်ခြင်း၊ Network Map အနေဖြင့် အသုံးပြုနိုင် ခြင်း၊ Remote installation များပြုလုပ်နိုင်ခြင်း၊ Server များမှ တဆင့်လိုအပ်သော information များအား ရှာဖွေခြင်းစတာတွေ အတွက်အသုံးပြုနိုင်တဲ့ Remote ဆောဖ့်ဝဲလေး တစ်ခုဖြစ်ပါတယ်။
Downlaod LiteManager Pro v4.4.0 | 9 Mb
http://www.ziddu.com/download/17693528/LiteManagerProv4.4.0.7z.html