Monday, 30 January 2012

မြန်မာပြည်ရောက် blogger အတွက်ပါ။

24 Jun 11, 09:50 PM
naingnandaaung: blogger.com ကိုမြန်မာနိုင်ငံကနေ sign in လုပ်လို့မရပါဘူး ခင်ဗျ။ proxy website နဲ့ ကျော်ပြီးဝင်ပြန်တော့လဲ ကြည့်ရုံသက်သက်ပဲ ရပါတယ်။sign in နဲ့ဝင်ပြီးကိုယ့်ဘာလော့ကို ပြင်လို့မရပါဘူး။
sign in လုပ်ပြီးတဲ့sign in လုပ်ပြီးရင်လဲ အဖြူရောင်ကြီးပဲပေါ်တယ်။ဘယ်လိုလု
ပ်ရမလဲံမသိဘူး။သိရင်ရှင်းပြပေါးနော်

..............................
...........................................................................................................

***ဧကရီ*** နိုင်းနန္ဒာအောင် မေးထားတာလေးကို ဖြေပေးလိုက်ပါတယ်ရှင့်.. ဟုတ်ပါတယ် blogspot တွေကို ၀င်ရင်
                 အဲလိုပဲ အဖြူကြီးပဲ တက်ပါတယ်။ 
                ဟိုးအရင်က..ဧကရီလည်း..blogspot တွေကို  ခုဧကရီပေးမဲ့ YourFreedom နဲ့ သုံးပြီး ပို့စ်တွေတင်နေကြမို့
                YourFreedom ဆော့ဝဲလေးနဲ့ သုံးပုံ သုံးနည်းလေး ပါ တင်ပြပေးလိုက်ပါတယ်ရှင့်...

                 ခုလောလောဆယ်တော့ မြန်မာကွန်နရှင်တွေက မေးလ်လောက်ပဲ ဖွင့်နေရတဲ့အချိန်ဆို ရင် ပို့စ်တင်ချင်ရင်
                 မေးလ်က တာရိုက်ဆန့်ပြီး တင်လိုက်တာပါပဲ..အဲဒီနည်းလေးလည်
း အရင်ကပို့စ်တင်ပေးထားဖူးပါတယ်။
နည်းလမ်း(၁)
ပထမတစ်ကြိမ်တော့ ဘလော့ဂါ ၀င်ဖို့လိုတာပေါ့နော်။ပထမဆုံး ဘလော့ဂါကိုအကောင့်ဝင်ပါ။
ဝင်ပြီးသွားရင်
Settings ကိုသွားပါ။settings ထဲကမှ Email&Mobile ကိုရွေးပေးပါ။Email&Mobileကိုောက်ပြီဆိုရင် Posting
Options အောက်က Email Posting Address မှာ .............secretWords@blogger.comဆိုပြီးတွေ့ပါလိမ့်
မယ်။အဲ့မှာ secretWords ဆိုတဲ့နေရာလေးမှာ ကိုယ်ထည့်ချင်တဲ့ဂဏန်းလေးလုံး( အနည်းဆုံး) ထည့်ပြီး
အောက်က Publish emails immediately ဆိုတာကိုရွေး Save လုပ်လိုက်ရင် ရပါပြီ။

နည်းလမ်း(၂)
ဒုတိယနည်းလမ်းကတော့ ဘလော့ဂါအကောင့်ဝင်လိုက်ရင် dashboard ကိုရောက်သွားပါမယ်။အဲ့မှာ ကိုယ့်
ဘလော့နာမည်ရဲ့ဘေးမှာ phone ပုံလေးနဲ့ စာအိပ်ပုံလေးနှစ်ခုရှိပါတယ်။စာ အိပ်လေးကိုနိုပ်ပေးလိုက်ရင် ဘောက်လေး
တစ်ခုကျလာပါလိမ့်မယ်။အဲ့မှာ ပထမ နည်းလမ်းလိုဘဲ ကွက်လပ်မှာ ဖြည့်ပေးလိုက်ပြီး save လုပ်လိုက်ရုံပါဘဲ။

ပြီးရင် မေးလ်ထဲဝင်ပြီး
မေးလ်ကနေ compose mail ၀င်။ ပို့မယ့်သူနေရာမှာ အပေါ်က ...........(ကိုယ်ထည့်လိုက်တဲ့ာလေးလုံး)@blogger.comဆိုတာလေး
ထည့်။subject နေရာမှာ ပို့ခေါင်းစဉ်။အောက်က text box ထဲမှာပေါ့ ကိုယ်ရေးချင်တာတွေေ၇းပေးပေါ့။ဓာ တ်ပုံ
ထည့်မယ်ဆိုရင်တော့ gmail settings ထဲက Labs ထဲက Inserting images ကို Enable ချိန်းပေးလိုက်ရင် ပုံ
ထည့်လို့ရပါပြီ။အားလုံးဘဲ အဆင်ပြေပါစေ။