hackerဆိုတဲ့အသုံးအနှုန်းဟာမြန်မာတွေနဲ့သိပ်မရင်းနှီးသေးတာအမှန်ပါ အများစုကတော့မကောင်း တာတွေလုပ်တဲ့သူလို့မြင်ကြပါတယ် တကယ်တော့ ဟက်ကာဆိုတာ ကိုယ်ကျိုးစွန့်သူတွေပါ နည်းပညာ ကိုချစ်
ခင်ပြီးတန်ဖိုးထားတတ်သူတွေ ပါမြန်မာပြည်က လူတွေကသိပ်မသိပေမယ့် နိုင်ငံတော်တော်များများမှာ သိကြပါတယ် hacker တွေကိုအားကိုးကြတယ် ဥပမာ Iphone ဆိုရင် ၀ယ်နိုင်ရင်တောင်မြန်မာနိုင်ငံ သုံးခွင့်မရပါ ဘူး ဒါပေမယ့် hacker တွေရဲ့ကြိးစားမှုကြောင့် အခုသုံးခွင့်ရနေတာမျက်မြင်လေ ဒါဆို hacker တွေကိုဘယ်လိုမြင် သင့်လည်းစဉ်းစားကြည့်ကြပေါ့ Computer နဲ့ပတ်သက်တဲ့ window တွေ Software တွေကို တရားမ၀င်သုံး လို့ရအောင်ဖန်တီးပေးတာ hacker တွေပေါ့ ----
ကဲမြန်မာ ဟက်ကာတွေအကြောင်းဆက်ကြရအောင် မြန်မာပြည်မှာ ဟက်ကာရှိသလား? ကျွန်တော်လည်းမသိပါဘူး ဒါပေမယ့် Network နဲ့ software ကျွမ်းကျင်သူတွေသာလုပ်နိုင်တယ်လို့ သိရှိ ဘူးပါတယ်။တစ်ကယ်တော့ hacking ဆိုတာအရမ်းခက်ခဲပါတယ် webpage လေးလုပ်သူများတောင်း တာတွေတင်ပေး ကျေးဇူးတင်ကြ ဒီလိုအပြုအမူနဲ့ပျော်နေကြတဲ့ သူတို့ကိုသူတို့ white list hacker လို့ ခပ်ယောင်ယောင်ပြောကြတဲ့သူတွေကငပေါတွေပါ သူတို့လည်းသူများလုပ်ထားတဲ့ Crack လုပ်ပြီးသားတွေ
ကိုလိုက်ရှာပြန်တင်နဲ့ လူတွင်ကျယ်လုပ်ချင်နေကြတာပါ ။အိုကေ ဒါဆို ဘယ်သူက hacker လဲ?
Coding တွေဖန်တီးမယ် hacking Tools တွေကိုပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မယ် ကိုယ်တိုင် လည်း Tools တွေဖန်တီးနိုင်မယ် လက်တွေ့လည်းအသုံးချပြနေတဲ့ သူတွေက hacker ပေါ့။
သူတို့ဘာတွေလုပ်သလဲ?
ဘာလုပ်ရမှာလည်း နည်းပညာကိုအသုံးချတယ် ကိုယ့်ခံစားချက်နဲ့ညှိယူတယ်။ မြန်မာပြည် ကိုချစ်တဲ့ သူတွေရှိပါတယ် စစ်အစိုးရလက်အောက်မှာ တစ်ပဲခြောက်ပြားနဲ့ခေါင်းငုံလက်ပိုက်နေမယ့်အစား သူတို့နဲ့ကင်းအောင်နေပြီးရသလိုတုန့်ပြန်နေကြတာ မြန်မာဟက်ကာတွေပေါ့ ဂုဏ်ယူကြပါမြန်မာလူမျိုးထဲ မှာဒီလိုလုပ်နိုင်တာ ရှိနေပြီဗျ။
အခုနှစ်ထဲမှာတော်တော်များများတွေ့လာရတာကတော့ BHGပါ ကျွန်တော်နိုင်ငံခြားရောက်
နေပေမယ့် မြန်မာပြည်က web တွေကိုကြည့်ဖြစ်ပါတယ် BHG ဆိုပြီးနာမည်ကြီးနေတယ် လေ့လာ ကြည့်တော့မြန်မာတွေလို့သိရတယ် ၀မ်းသာတယ်ဗျာ ဘယ်သူတွေကိုလုပ်တာလည်း ပိုတောင်သဘော ကြသေးတယ် နအဖ ဒေါက်တိုင်တွေတဲ့ ကောင်းလိုက်တာ နဂိုကတည်းက စစ်အစိုးရကိုမကျေနပ်တာရယ် အခုလိုလုပ်နိုင်တဲ့သူပေါ်လာတာရယ်ကို အရမ်းဝမ်းသာတယ်။
သူတို့ကြေငြာထားတဲ့ စာတစ်ခုရှိတယ်----
စစ်အာဏာရှင်အား လေဖြင့်တော်လှန်၍မရ။ စစ်အာဏာရှင်အား ရသည့်နည်းဖြင့်တော်လှန်ရမည်။
BHG အနေဖြင့် စစ်အာဏာရှင်အစိုးရအား နေ့စဉ်ရက်ဆက် DDoS ဖြင့်တိုက်ခိုက်နေပါသည်။ ထို့ကြောင့် အင်တာနက်လိုင်းများနှေးလျှင် ခွင့်လွှတ်ချင်လွှတ်၊ ဆဲချင်ဆဲနိုင်ပါသည်။ BHG အနေဖြင့် အခွင့်သင့်လျှင် သင့်သလို စစ်အာဏာရှင်ဒေါက်တိုင်ဝက်ဘ်ဆိုက်များကို ဖြိုဖျက်သွားပါမည်။ ဤတိုက်ခိုက်မှုကို လုံးဝရပ်တန့် မည်မဟုတ်ပါ။ ထို့အတွက် BHG မှ တောင်းပန်လိုပါသည်။လူသတ်အစိုးရအား မည်သည့်နည်းဖြင့်မဆို တွန်းလှန်ကြပါ။ ပူးပေါင်းကြပါ။ မိမိတို့ခဏတာ အခိုက်အတန့် ဒုက္ခ ရောက်သည်ကို မညည်းကြပါနဲ့။
“မတရားတဲ့ အမိန့်မှန်သမျှ တာဝန်အရ ဖီဆန်ကြ”
ကဲသူတို့တွေရဲ့ရည်ရွယ်ချက်ကိုသိလောက်ပါပြီ။သူတို့လိုဘဲတိုက်ခိုက်နေသူတွေရှိပါသေး တယ် ဘာဘဲဖြစ်ဖြစ်မြန်မာ ဟက်ကာဆိုရင်ထောက်ခံအားပေးပါတယ်။

ဟက်ကာဘယ်နှစ်ဖွဲ့လည်း
မြန်မာပြည်မှာ Hacker ဘယ်နှစ်ဖွဲ့ရှိသလဲလို့ မေးလာသူကိုကျွန်တော်ပြန်ဖြေပေးလိုက်ပါမယ် များပါတယ် ဒါပေမယ့်နာမည်ထွက်နေတာကတော့ ခင်ဗျားတို့သိပြီးသားဖြစ်မှာပါ BHG အခုဒီရက်ပိုင်း မှာ ပြန်လှုပ်ရှားလာတဲ့တစ်ဖွဲ့ရှိတယ် သူတို့ကတစ်ချိန်တုန်းက လပြည့်ဝန်း Plaza မှာ Bank Account ခိုးယူ မှုနဲ့အရေးယူခံခဲ့ရတဲ့ တစ်ဖွဲ့ပါ ဘယ်သူတွေပါတယ်ဆိုတာ သိပေမယ့် သူတို့က မဟုတ်ဘူးမလုပ်ဘူး လို့ငြင်းနေ ဆဲဖြစ်တယ် India လူမျိုးကုန်သည်တစ်ယောက်ရဲ့ Bank Account ကိုခိုးယူခဲ့ပြီး နောက် တစ် ဆက် တည်းမှာ Internet journal ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်ရဲ့ သားဖြစ်သူ ဦးသောင်း စုငြိမ်း ရဲ့ Data များကိုပါရရှိခဲ့လို့ တိတ်တဆိတ် ပြန်လည် ငွေကြေးနဲ့လဲယူခဲ့တယ်လို့ ကြားသိရပါတယ် ဦးသောင်း စုငြိမ်းကတော့ ဒီကိစ္စအပြီးမှာ Network Team ကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ် ကဲပြောနေ တာတွေတောင်လွဲကုန်ပြီ သူတို့အဖွဲ့ပြန်လည်လှုပ်ရှားနေကြပါတယ် သူတို့ကတော့သူတို့ကိုသူ တို့ Bank Hacker လို့နာမည်ပေးထားကြတယ် ဒါပေမယ့် hacking ပိုင်းမှာ Theory အရကြည့်မယ်ဆို ရင်တော့ BHG ကိုကျွန်တော်ကြိုက်တယ် သူတို့ injection သုံးပုံတွေကကိုနှစ်သက်မိပါတယ် ကဲလောလော ဆယ်တော့ မြန် မာပြည်မှာကျွန်တော်ကြိုက်တဲ့ Hacker Group က နှစ်ဖွဲ့ဘဲရှိပါသေးတယ်။