Tuesday, 31 January 2012

ခေါင်းစဉ်ဖတ်ပြီး Blogger ပေါက်စ မောင်ကောင်း ဘာတွေ လက်တည့်စမ်းပြန်ပြီးလည်း ထင်နေကြဦးမယ် ။ ဟုတ်တယ်ဗျာ ။ အခုတလော အမြင်မတော်တာလေးတွေ တွေ့ တွေ့ နေရလွန်းလို့
သိကြတဲ့အတိုင်းပဲဗျာ….။
အဘိုးကြီးလည်း Hack အဖွားကြီးလည်း Hack မွေးကင်းစ အာပြဲလေးလည်း Hack !
ဘာတွေမှန်းကို မသိဘူး ။ Hack ဆိုတဲ့ အသံကြားတာနဲ့ ဘာရယ် ညာရယ်မသိ လူတွေက လွှတ်အထင်ကြီးပြီးသား စိတ်ဝင်စားပြီးသား ။ သင်ပေးပါဆိုတဲ့ လူကရှိသေး.။တကယ်စိတ်ဝင်စားရင် Google ကြီးတစ်ခုလုံးရှိနေတာပဲ ။ Search Engine ကနေ Hacker Forums လို့သာရိုက်လိုက်။ နိုင်ငံတကာက Hacker Forum တွေတသီတတန်းကြီး ကျလာလိမ့်မယ်.။အဲ့ဒီ့မှာဖတ်ပါ့လား ။ပညာရှာပါ့လား..။ အဲ့လိုကျ တကယ်ဇွဲကောင်းကောင်းအပင်ပန်းမခံချင်ဘူး ။ တကယ်ဗျာ ဟုတ်ကို မဟုတ်တာ..။
လူမေး အများဆုံးကတော့ Gmail Hacking ပဲ ဒါပဲလားမေးနေတာ တကယ်ဆို ဒီကိစ္စက ကျွန်တော့်ကို လာမေးစရာကိုမလိုဘူး ကျွန်တော်ရေးထားပြီးသား Phishing ဖြစ်ဖြစ် Trojen ဖြစ်ဖြစ်သုံးပါ့လား ဒါမှမဟုတ်လည်း Social Engineering သုံးပေါ့..။ ပြီးတော့ ဘာလို့ Hack မှာလည်းလို့ မေး.။ ဘာရယ် မဟုတ်ကြပြန်ဘူး..။ လက်နက်တစ်ခုအဖြစ် အသုံးပြုချင်တဲ့လူက ခပ်များများ..။ နိုင်ငံတကာက ဘယ် Hacker မှ Gmail အကောင့် မ Hack ဘူး..။ ဟုတ်တယ်လေ.။ Email Account Hack မယ့် အတူတူတော့ ပိုက်ဆံရမယ့် Paypal လို အကောင့်တွေ Hack မှာပေါ့ဗျ..။နည်းလမ်းတွေက သိပ်ထူးတာမှမဟုတ်တာ.။
တွေ့ ရသေးတယ် .။ ကိုယ်တိုင်က ဘာမှမဟုတ်ဘူး Hacker ပါချည်းအော်နေတာ.။ ဘယ် Hacker မှ ကိုယ့်ကိုကိုယ် Hacker လို့ မအော်ဘူး ဟုတ်တယ်လေ စဉ်းစားကြည့် IP Law ငြိတာနဲ့ နိုင်ငံတကာမှာဆို ငါးနှစ် ကျွန်တော်တို့ နိုင်ငံမှာဆို Electronic act ပါ ထည့်တွက်ရင် နှစ်သုံးဆယ်လောက်ကတော့ တန်းနေတာပဲ..။ ငါးပိနဲ့ ထမင်းကြမ်းစားရမယ့်ကိန်းလေ. ။ နတ်ပြည်ပို့တာမှာ မဟုတ်တာ ဘယ်သူ မကြောက်ဘဲ နေမလဲဗျ..။ အဲ ပြောကောင်းကောင်းနဲ့ အတင်းထိုင်တုတ်နေတာ..။ဘယ်တောင်ရောက်သွားမှန်းမသိဘူး..။
အင်း Why hackers hack ? Hacker တွေ ဘာလို့ Hack သလဲ..? ဒီခေါင်းစဉ်နဲ့ ပက်သတ်ပြီး Hacking for dummies ထဲမှာ ရေးထားတာကို အကြိုက်ဆုံးပဲ ( ကြုံတိုင်းလည်း သူများတွေကို ပြောဖြစ်တယ်ဗျ )
The Main Reason for Hackers why hackers hack is because they can do. တဲ့..။ ကဲ ပြတ်ကရော.။ ကောင်းဘူးလား .။ သူပြောမှပဲရှင်းသွားတာ..။ Hack တတ်လို့ Hack တာပါတဲ့ ( တကယ်တော့ Crack တာလည်း ပါတာပေါ့နော် ဒါပေမယ့် Cracker ဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်လို့ ကျွန်တော်ကတော့ Black or White လို့ပဲ ခွဲသုံးပြီး Hack လို့ပဲ အလွယ်တကူရေးလိုက်ပါတယ် စာဖတ်သူတွေကိုတော့ hacker နဲ့ Cracker ခွဲပြီး သိစေချင်ပါတယ် )
ဟုတ်ပါပြီ သူ့ လို မဖြေဘဲ တခြား အကြောင်းအရင်းတွေနဲ့ ဖြေပါဆိုရင်…..
(၁) ပိုက်ဆံလိုချင်လို့ပါ..။
အဖြစ်များဆုံးကိစ္စပါ..။ Cyber Crime တစ်ခုလို့ ပြောရမှာပေါ့ .။ ကွန်ပျုတာရှေ့ က မထဘဲ ပိုက်ဆံရမယ်ဆိုတော့ Hacker တော်တော်များများအတွက် ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပါ..။ဒါပေမယ့် ဒီအကြောင်းပြချက်ကြောင့် Hack မယ်ဆိုရင် အဲ့ဒီ့ Hacker ကို သူခိုးလို့ ခပ်ရိုင်းရိုင်းခေါ်ပစ်လို့ရပါတယ် အဲ Super Brain ပိုင်ရှင် Hacker ပေါ့ဗျာ ဟဲ..။
(၂) အဖွဲ့ အစည်းတစ်ခုကို ထောက်ခံခြင်း နှင့် အခြားအဖွဲ့ အစည်းတစ်ခုကို ကန့်ကွက်ခြင်း
ဒီအကြောင်းပြချက်ရဲ့  အလွယ်ကူဆုံး ဥပမာကို ပေးပါဆိုရင်တော့ BHG ကိုလက်ညှိုးထိုးပြရမှာပါ.။ဒါဆို ရှင်းဖို့ သိပ်မလိုတော့ပါဘူး ..။ နိုင်ငံတကာမှာဆိုရင်တော့ သိပ်မကြာခင်က Wikileaks ကို ထောက်ခံတဲ့ Hacker တွေ အမေရိကန် အစိုးရရဲ့  ဆာဗာတွေကို DDos Attack လုပ်တာမျိုး အီရတ်က Hacker တွေ VOA သတင်းဌာနရဲ့  ဆိုဒ်ကို Deface လုပ်တာမျိုးပေါ့ဗျာ..။
(၃) Tutorial အနေနဲ့ Hack ခြင်း
အကြောင်းအရာကို ကြည့်ရင်တော့ ဘာမှမထူးသလိုပဲ ဒါပေမယ့် ဒီအကြောင်းပြချက်ကြောင့်လည်း Hack ခံရတဲ့ Website တွေမနည်းမနောဗျ..။
( ၄) Cyber War
အခုတလော နာမည်ကြီးနေတဲ့ အကြောင်းအရာပေါ့ဗျာ အခုပြောပြမယ့် Hack ရခြင်း အကြောင်းရင်းများထဲမှာ ဒီတစ်ခုပဲ တရားဝင်တယ်ဗျ.။ တရုတ် . ရုရှ. အမေရိကန် . တောင်ကိုးရီးယားတို့ဟာ အထိခိုက်အများဆုံးနဲ့ အင်အားအများဆုံးသော ဆိုင်ဘာစစ်တပ်တွေကို ပိုင်ဆိုင်ထားကြပါတယ်
(၅) DataBase နှင့် သတင်းအချက်အလက် အလို့ငှာ Hack ခြင်း
ခေါင်းစဉ်မြင်ရုံနဲ့ Wikileaks ကို ပြေးမြင်ကြမှာပါ..။ ဟုတ်ပါတယ် Wikileaks ပါပဲ .။ဒါပေမယ့် Wikileaks တင်တော့မဟုတ်ဘူးဗျ..။ နိုင်ငံတွေဟာလည်း အခြားနိုင်ငံတစ်နိုင်ငံရဲ့  ထိပ်တန်းလျှို့ဝှက်ချက်တွေအတွက် Hack ကြပါတယ် ( Cyber War လို့လည်း ပြောလို့ရတာပဲ ) ကုမ္မဏီတစ်ခုရဲ့  ထိပ်တန်းသတင်းတွေကို ရရှိသွားတဲ့ Hacker က တခြား ပြိုင်ဘက်ကုမ္မဏီကို ရောင်းလို့ရတ.ယ်ဆိုတော့ Hack မှာလေ ( ဒါကျ နံပတ် တစ် နဲ့ သွားနွယ်နေတယ်နော် )
အခြား အကြောင်းအရာတော့ အများကြီးရှိဦးမှာပါ.။ အဓိက အကြောင်းအရင်းတွေပဲ တင်ပေးလိုက်တာ..။ ဒါတောင် အတော်လေးရှည်သွားပြီ ။ အဆင်ပြေမယ်ထင်ပါတယ်ဗျာ.။