Tuesday, 31 January 2012

window registry အကြောင်း အခန်း(2)

အခန်း(၁) မှတင်ပြမှုများကို ရှင်းလင်းစွာ သိနားလည်ပြီဆို ရင်တော့ window registry အခြေခံကို ခြုံငုံနားလည်ပြီလို့ ယူဆမယ်ဆိုရင် ယူဆလို့ ရပါပြီ အခု လာမယ့်အခန်း(၂) ကနေစပြီး အဆင့်မြင့် Registry နည်းပညာများကိုပါ ထည့်သွင်း တင်ပြ သွားမှာ ဖြစ်ပါတယ် အခန်း(၁) မှာ key အသစ် တည်ဆောက်တာကို ဖော်ပြထားပြီးပါပြီ လုပ်ငန်းစဉ် (၅)ရပ် အားလုံးများ အဲဒီ ပုံစံ အတိုင်းပဲ ဆက်လာမှာပါ အတူတူပဲလို့ ပြောလို့ရပါတယ် ထိန်းချုပ်မှု သာကွာသွားတာပါ လုပ်ဆောင်ချက်တွေ ကတော့ ဒါတွေပါပဲ အခုကျွန်တော် အဆင်မြင့် တာတွေ ရော မမြင်တာတွေရောကို ရောနှောပြီး တစ်ခုစီကို ခေါင်းစီး ထည့်ပြီး ဖော်ပြပေးပါမယ်
ပထမဦးဆုံး ကျွန်တော် တင်ပြလိုတာက Contro Panel အသုံးပြုခွင့် ပိတ်နည်း ဖွင့်နည်းပဲ ဖြစ်ပါတယ်
Contro Panel အသုံးပြုခွင့် ပိတ်နည်း ဖွင့်နည်း
ဘလော့မိတ်ဆွေများ ကွန်ပျူတာရဲ့ လုံခြုံရေးအတွက် Contro Panel အသုံးပြုခွင့် ပိတ်လိုခဲ့ရင် လုပ်ငန်းစဉ်ငါးရပ်ထဲက User အပိုင်းနဲ့ system အပိုင်း နှစ်နေရာ ကနေ ပြုလုပ်ဆောင်ရွက်ရပါမယ်
ပထမဦးစွာ User အပိုင်းက သွားရမယ့်လမ်းကြောင်းက

[HKEY_CURRENT_USER\Software\Microdoft\Windows\Current Version\Policies\Expoler]
ဒီလမ်းကြောင်းအတိုင်းဝင်သွားလိုက်ပါ Expoloer ကိုနှိပ်ပြီး မြင်နေရတဲ့ နေရာ ညာလက်အပိုင်းမှာ ကီးအသစ် ယူပြီး NoControPanel လို့ အမည်ပေးပါမယ် နောက်ဆက်လက်ပြီးအသစ်ယူလိုက်တဲ့ ကီးပေါ်မှာပဲ ညာကလစ်နှိပ်ပြီးModify...ကိုရွေးချယ် ပြင်ဆင်နိုင်ပါတယ်
System အပိုင်းကိုဝင်ရမယ့်လမ်းကြောင်းက
[HKEY_LOCAL_MACHINE\Software\Microdoft\Windows\Current Version\Policies\Expoler] ပါ
ဒီမှာလဲ အပေါ်က ဖော်ပြပြီးနည်းအတိုင်းပဲ လုပ်ဆောင်သွားပါ အတူတူပါပဲ အပိုင်းသာလွဲတာပါ
ဟုတ်ကဲ့ ကျွန်တော်တို့ အခု Contro Panel ကို ပိတ်ထားလိုက်ပါပြီ တကယ်လို့ ကိုယ်ကပြန်ဖွင့်မယ် ပြန်ဖွင်ချင်တယ်ဆိုရင် အခု လမ်းကြောင်းအတိုင်းပဲ ၀င်ပြီး အခုပြင်ထားတဲ့ 1 နေရာမှာ 0 ပြန်ထည့်ပေးလိုက်ရင် ပွင့်ပါပြီဗျာ
အစဉ်အားပေးနေသော ဘလော့မိတ်ဆွေများအား
ကျေးဇူးတင်လျှက် 
အာကာဖြိုး
You might also like: