Can people hack my Gmail account ?
Posted by: pyaephyonaing on: October 11, 2008ဟင်း …. စာမရေးနိုင်တာ နည်းနည်းကြာသွားပြီ ။ သတင်းတွေကြားရရင်လည်း ဒီ Gmail password ၊ အီးမေးလ် တွေ ၀င်လာရင်လည်း ဒီ Gmail password ပဲ။ ကြိုးစားပန်းစားကို ကြောက်နေလိုက်ကြတာဗျာ။ ကြောက်မနေနဲ့ အဲလောက်သာ လွယ်နေရင် အီးမေးလ် သုံးတဲ့လူ ရှိတော့မှာတောင် မဟုတ်ဘူး။ မရဘူးရယ်လို့တော့ မငြင်းဘူးနော်။ Email Address တစ်ခု သိရုံနဲ့ account တစ်ခု hack နိုင်မလား ။ ကျနော်တော့မလုပ်နိုင်ပါဘူး။ နည်းမျိုးစုံ ရှာပြီးပါပြီ။ software မျိုးစုံလည်း သုံးကြည့်ပြီးပါပြီ။
နောက်ပြီး သိကြလိမ့်မယ်။ ဟတ်ချင်တဲ့ အီးမေးလ် လိပ်စာကို အီးမေး ပို့ပေးရတာလေ။ တော်တော်များများ ရေးတာတွေ့တယ်။ မသိသေးတဲ့လူတွေကို ပြောပြမယ်။ သူ့ အီးမေးလ် ဆီကို ပို့ပေးရတာ ။ ပထမ အကြောင်းမှာ ကို ဟတ်ချင်တဲ့ လူရဲ့ email address ။ ဒုတိယ က ကို့ ရဲ့ email address ။ တတိယက ကို့ရဲ့ password ။ ဘယ်နေ့ ပြန်လာမလဲ မပြောတတ်သလို။ ရချင်မှလည်း ရမယ်ပေါ့။ သူလုပ်ထားတာက ဒီလို။ အတိုက်အခိုက် ရှိမယ့်လူတွေပဲ အဲလို ဟတ်ချင်ကြမှာလေ။ အဲတော့ သူ့နည်းနဲ့ နှစ်ယောက်လုံး အဲလိုမေးလ် ၀င်လာရင် တစ်ယောက် password ကို တစ်ယောက်ကို လဲပေးလိုက်တယ်လေ။ မယုံရင် ခင်ဗျား account နှစ်ခုကိုပဲ တစ်ခုကို တစ်ခု ဟတ်ခိုင်းကြည့် ။ ချက်ချင်း မေးလ် ပြန်ဝင်လာလိမ့်မယ်။ အဲဒီ ပို့စ်ကို ဖတ်ချင်ရင် ဒီမှာ နှိပ်ပြီးဖတ်ကြည့်။ ဘယ်သူရေးတာလဲတော့ ကျနော်လည်း မသိဘူးနော်။ ကျနော်လည်း အဲဒါမျိုးလုပ်ရင်ကောင်းမလားလို့ စဉ်းစားမိသေးတယ်။ နာမည်ကြီးတာပေါ့နော်။ နောက်ပြီး သူများ password သိချင်တဲ့ လူတွေရဲ့ email ရော password ရော ရတယ်လေ။
ကျနော်ပြောချင်တာ ဆက်ရေးမယ်နော်။ အောက်က မေးခွန်းလေး ဖတ်ကြည့်ပါဦး။
Can people hack my Google Gmail account?
ကျနော် အစထဲက ရေးမလို့ပဲ gmail account တစ်ခု အလွယ်တကူ hack မခံရအောင် ဘယ်လို ကာကွယ်ရမယ်ပေါ့။ ဒါပေမယ့် မင်းကဘာအဆင့် ရှိလို့ ဒီလောက် အာမခံ နိုင် ပြောနိုင်တာလဲလို့ ပြောကြမှာလေ။ ဟုတ်ပါတယ် ကျနော်လည်း ဘာမှ မှမတတ်တာ။ အဲဒီတော့ ဖြေထားတဲ့ နေရာတစ်ခုကို ညွှန်းဖို့ လိုက်ရှာ ထားတာပါ။ ဒီမှာ ဖတ်ကြည့်ပါဦး။
အင်္ဂလိပ်လို မဖတ်ချင်တဲ့ လူတွေ အတွက် သူပြောထားတဲ့ အထဲက ထုတ်ပြီး မြန်မာလို ပြန်ရေးပါ့မယ်။ secondary email နဲ့ security question ပေါ့။ ဒီနေရာကို နှိပ်။ အဲမှာ မိမိ ပြောင်းချင်တဲ့ account ကို နစ်ဝင်ပြီး account information ကိုသေချာပြင်ပေါ့။ secondary email ကို gmail မဟုတ်ပဲ တစ်ခြား မေးတစ်ခု သုံးတာက ပိုပြီးကောင်းပါလိမ့်မယ်။

password တစ်ခုကို reset လုပ်ရင် အရင်ဆုံး secondary email ကို မေးလ် ပို့ပေးတယ် အဲဒီလင့်နဲ့ password အသစ်ကို ပြန်ရေးရုံပါပဲ။ တကယ်လို့ sign up လုပ်စဉ်ထဲက secondary email မဖြည့်ခဲ့ရင်၊(သို့) secondary email က delete လုပ်ပြီး ဖြစ်ခဲ့မယ်ဆိုရင် security question ဖြည့်ပြီး reset လုပ်ရမှာဖြစ်ပါတယ်။ သာမန်လူ account တစ်ခုကို ဟတ်ဖို့ ကြိုးစားနိုင်တာကတော့ ဒါပါပဲ။ ဒီလောက်ဆိုရင် secondary email နဲ့ security question အရေးကြီးပုံ သဘောပေါက်မှာပါ။ သူများလုပ်ပေးထားတဲ့ account ဆိုရင် ပိုပြီးလိုအပ်ပါတယ်။ နောက်ပြီး တစ်ယောက်ယောက်ကို မိမိ password ပေးဖူးတယ်ဆိုရင် gmail ရဲ့ settings – Accounts – Send Email as ဆိုတာကို ကြည့်ကြည့်ပါ။ ကျနော်ပြထားတဲ့ နေရာကို နှိပ်ပြီး နောက် email address ထည့်ပေးထားလိုက်ရင် မိမိဆီ ၀င်လာတဲ့ mail မှန်သမျှ သူ့ဆီကို မိတ္တူရောက်နေမှာ ဖြစ်ပါတယ်။

account ထပ်အပ်ထားတာ ရှိမယ်ဆိုရင်တော့ အဲဒီနေရာမှာ မြင်ရမှာဖြစ်ပါတယ်။ delete နှိပ်ပြီး ဖျတ်လိုက်လို့ရပါတယ်။ ဒီလောက် လုပ်ပြီးရင်တော့ တော်တော်လည်း လုံခြုံပြီလို့ ပြောရမှာပေါ့။
လုပ်လို့မရဘူး ဆိုတာတော့ မရှိဘူးပေါ့ဗျာ။ အမေရိကန်ရဲ့ ပင်တဂွန် လို နေရာမျိုးတောင် ၀င်မွေခံရဘူးသေးတာပဲ။ ကျနော်ကတော့ မကြောက်ဘူး။ ဘာမှ အကုန်ကျခံထားတာမရှိဘူးလေ။ အလကားရထားတာချည်းပဲ။ ဒီဘလော့ ဟတ်လား ရတယ်လေ နောက် တစ်ခု ထပ်ရေးမှာပေါ့။ backup ရှိတယ်၊ feedburner နဲ့ mail သိမ်းထားတာတွေရှိတယ်။ ပို့စ်တိုင်းကို account တစ်ခုမှာ mail နဲ့ သိမ်းခိုင်းထားတာရှိတယ်လေ။ ဟတ်ချင်လည်း ဟတ်ပေါ့။ ဘာများ ဖြစ်သွားမှာမို့လဲ … စိုးရိမ်ကြောင့်ကြမှု နည်းစေလိုတဲ့ ဆန္ဒနဲ့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်ဗျာ။ အသုံးဝင်ကြပါစေ …..
Advertisement