Tuesday, 31 January 2012

window registry အကြောင်း အခန်း(၁)0.2

ဒီနေ့ ကျွန်တော် window registry ကို စတင် ကလိကြတော့မယ့် ဘလော့မိတ်ဆွေ အားလုံးအတွက် ကလိခြင်း လုပ်ငန်းမစမီမှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် window registry backup လုပ်နည်း ကို တင်ပြ
ရှင်းလင်းပေးပါမယ် ဘာကြောင့်ဒါကို အရင်တင်ပြရပါသလဲ ဆိုရင် ကလိလိုက်လို့ တစ်ခုခု မှားယွင်းခဲ့လျှင်
registry ကြောင့် ၀င်းဒိုး ပြန်မတက်လာတော့တဲ့ အခါမှာ registry restore ပြန်လုပ်ပေးဖို့ လုပ်ပေးဖို့ လွယ်ကူစေဖို့ပါ
window registry ကို backup လုပ်နည်း (2) မျိုးရှိပါတယ် 


ပထမနည်း
(၁) win+R ကိုနှိပ်ပါ regedit ကို ရိုက်ထည့်ပေးပြီး ok ပေးပါ
(၂) File menu ကနေ Export ကိုရွေးပြီးနှိပ်ပါ
(၃) save in choose box ကနေ သိမ်းထားလိုသော နေရာကို သွားပါ(မှတ်ချက်  ဒီဖိုင်ကို window ထည့်ထားသော Drive တွင် ထည့်မထားသင့်ပါ)
(၄) file name နေရာမှာ သင်ပေးချင်သောနာမည်ပေးထားပြီး ဖိုင် အမျိုးအစားကို *.rgeကိုရွေးပြီး save ပါ
Backup အလိုလို ပြုလုပ်သွားပါလိမ့်မယ်
ဒုတိယနည်း
အခုပြောမယ့်နည်းကတော့ လူသိများပါတယ် ၀င်းဒိုးမတက်နိုင်တဲ့ အခါ အခြားကွန်ပျူတာ တစ်လုံးကနေ အကူအညီယူပြီး ပြန် Restore လုပ်တဲ့နည်းပါ ဒီနည်းကို သုံးဖို့ဆိုရင် ဘလော့မိတ်ဆွေ အနေနဲ့ ကွန်ပျူတာ စက်ပြင်အခြေခံ ရှိနေရင် ပိုပြီးသင့်တော်ပါတယ် ဒါတွေ ကိုဒီနေရာမှာထည့်မပြောပေးတော့ပါဘူး နောက်လာမယ့် ခေါင်းစဉ် တစ်ခုခုအောက်မှာတော့ ပါဝင်လာမှာပါ ကဲ စလိုက်ရအောင် လုပ်နည်းလေးကို
(၁) ဒီနည်းလမ်းကို သုံးတော့မယ်ဆိုရင် software အသစ်တစ်ခု အင်စတော လုပ်တိုင်း Drive တစ်ခု ထပ်မံထည့်သွင်းတိုင်း Backup လုပ်ပေးရပါမယ်
(2) registry control file ရှိတဲ့နေရာကို သွားပါမယ်
    window xp အတွက်
    C:\Windows\System32\Repair\Config folder
    window vista & 7 အတွက်
     C:\Windows\System32\Repair\Config\Regback folder
(၃) အဲဒီဖိုဒါမှာ အောက်ဖော်ပြပါ ဖိုင် ငါးခုကို ရှာဖွေ ရပါမယ်
       ရှာဖွေရန်ဖိုင်များ
        DEFAULT
        SAN
        SECURITY
        SOFTWARE
        SYSTEM ဒီဖိုင်လေးတွေပါ
(၄) ဒီဖိုင် 5 ခုလုံးကို ကော်ပီ ယူပြီး သင်ထားလိုတဲ့နေရာ သင့်တော်မယ်ထင်တဲ့နေရာမှာပေါ့လေ ဖိုဒါဆောက်ပြီးထည့်ထားလိုက်ပါ
လိုအပ်လာရင် အဲဒီဖိုင် 5ခုကို အပေါ်ကပြထားတဲ့ မူလနေရာမှာပြန်ထည့်ပေးလိုက်ပါ ထည့်တဲ့ အခါ ရင်ရှိနေတဲ့ မကောင်းတဲ့ဖိုင်5ခုကို အရင်ဖျက်ပြီးမှ ထည့်ပါ
ဒီလောက်ဆိုရင် ရပါပြီ 
အစဉ်အားပေးလျှက်ရှိသော ဘလော့မိတ်ဆွေများကို 
ကျေးဇူးတင်လျှက်
အာကာဖြိုး