Tuesday, 31 January 2012

MP3 ရဲ့ ရာဇ၀င်

MP3 ဆိုတာ တေးဂီတအတွက် 'compression system' အသံချုံ့သောစနစ် တစ်ခုပါပဲ။ MP3 format ၏ ရည်မှန်းချက် ပန်းတိုင်က CD အသံ အရည်အသွေး မဆုံးရှုံးပဲ စီဒီ အရည်အသွေးရှိတဲ့ တေး တစ်ပုဒ်ကို ချုံ့ရန် ဖြစ်ပါတယ်။ ဒီ format က MP3 CD တစ်ချပ်ကို သီချင်းအပုဒ်ရေ ၁၀၀မှ ၁၅၀ အထိ သိုလှောင် ဖို့ ခွင့်ပြုတယ်။ Audio CD တစ်ချပ်ကတော့ သီချင်း အပုဒ်ရေ ၁၀ပုဒ် မှ ၁၅ပုဒ်အထိပဲ သိုလှောင်နိုင်ပါတယ်။

MP3 ဆိုတာ MPEG audio Layes - 3၏ အတို ကောက်စာလုံးဖြစ်ပြီး ၄င်းဟာအသံကို (compress) ချုံ့တဲ့ MPEG  compression system တစ်ခုလည်း ဖြစ်ပါတယ်။ MPEG ဆိုတာ Moving Picture Experts Group ၏ အတို ကောက် ဖြစ်ပါတယ်။ ၄င်းအုပ်စုက video data များကို ချုံ့တဲ့ compression system ကို ကောင်းလာအောင် လုပ်တဲ့ အဖွဲ့ဖြစ်တယ်။ VCD နှင့် DVD က video နှင့် movie data များကို CD များအတွင်းသို့ ထည့်သွင်းရန် အတွက် MPEG compression ကို အသုံးပြုတယ်။

CD တစ်ချပ်က တေးသီချင်းတွေကို ဒစ်ဂျစ် တယ် သတင်းအချက်အလက်များအဖြစ် သိုလှောင် ပါတယ်။ audio CD တစ်ချပ်တွင် data များကို သိုလှောင်ပုံမှာ - တေးဂီတများကို တစ်စက္ကန့်လျှင် အကြိမ်ပေါင်း 44,100 နှုန်းဖြင့် (sampled) နမူနာ ယူပါတယ်။ sample တစ်ခုဟာ 2 bytes (16 bits) ရှည်လျားတယ်။ စတီရီယိုစနစ်မှာ ဘယ်ညာ စပီကာ နှစ်လုံးအတွက် သီးခြား samples များ ကို ရယူတယ်။ ထို့ကြောင့် CD တစ်ချပ်ဟာ တေးသီချင်း ၏ စက္ကန့်တစ်ခုစီမှာ အလွန်ကြီးမားသော အရေအတွက် ရှိတဲ့ information အများအပြားကို သိုလှောင်နိုင်ပါတယ်။ တစ်စက္ကန့်လျှင် 1.4 million bits သို့မဟုတ် 176,000 bytes သိုလှောင်နိုင်ပါတယ်။

    အကယ်၍ သာမန်သီချင်းတစ်ပုဒ်က ၅မိနစ် ကြာရင် စီဒီပေါ်မှာ ၄င်းက 52 million bytes (MB) သုံးစွဲ မယ်။ စီဒီတစ်ချပ်ဟာ 700 MB လောက် သိုလှောင်နိုင် သောကြောင့် ၄င်းဟာ သီချင်းဆယ့်သုံးပုဒ် သိုလှောင်နိုင် ပါတယ်။

MP3 format က သီချင်းရဲ့အသံ အရည်အသွေး ကို မထိခိုက်စေပဲ သီချင်းတစ်ပုဒ်မှာ bytes အများအပြား ကို လျှော့ချ ပစ်နိုင်ပါတယ်။ MP3 နှင့်အတူ 52 MB တေး တစ်ပုဒ်ဟာ 5MB သို့ လျှော့ကျ၍ ကျုံ့သွားပါတယ်။ ဒါကြောင့် CD တစ်ချပ်မှာ သီချင်းအပုဒ်ရေ ၁၃၀ မှ ၁၄၀ အထိ သိုလှောင်နိုင်တာဖြစ်တယ်။

လူသားရဲ့ နား၏ထူးခြားတဲ့ စရိုက်လက္ခဏာ တွေကိုယူပြီး MP3 format မှာ သီချင်းတွေကိုချုံ့ဖို့ အသုံး ချထားတယ်။ ယ်လူသားရဲ့ နား၏ထူးခြားတဲ့ စရိုက်လက္ခ ဏာ အချို့မှာ -

(၁) လူနားက မကြားနိုင်တဲ့ အသံအချို့ရှိတယ်

(၂) လူနားက အခြားနားများထက် ပို၍ကောင်းစွာ ကြားနိုင်တဲ့ အသံအချို့ရှိတယ်

အကယ်၍ ဒီအသံနှစ်ခုကို (play) လျှင် ကျွန် တော်တို့ဟာ ပို၍ကျယ်တဲ့အသံ ကိုကြားရပြီး ပို၍ နူးညံ့ ပျော့ပြောင်းတဲ့ အသံကို မကြားနိုင်ပါ။

လူနားနှင့်ပတ်သက်တဲ့ ဒီအကြောင်းအရာများ နှင့်တူသော စစ်မှန်တဲ့အချက်များကို အသုံးပြုလျက် တေး သီချင်းတစ်ပုဒ်၏ အစိတ်အပိုင်းအချို့ကို နားဆင်သူ အတွက် အသံ၏ အရည်အသွေးအား သိသာထင်ရှားစွာ မထိခိုက်စေပဲ ဖယ်ထုတ် ပစ်နိုင်ပါတယ်။ တေးသီချင်း၏ ကျန်တဲ့အပိုင်းကို compression techniques များဖြင့် ချုံ့ ပစ်လိုက်ပါတယ်။ MP3 file များဟာ CD နီးပါး အရည် အသွေးရှိတာ လူသိများပါတယ်။

MP3 player ရဲ့ အလုပ်က ရိုးရိုးစင်းစင်းကလေး ပါပဲ။ သီချင်းတစ်ပုဒ်ကို play တဲ့အခါ player က

-   အဲဒီသီချင်းကို ၄င်း၏ memory မှတ်ဥာဏ်မှ byte by byte ဆွဲယူတယ်။

-   MP3 encoding ကို decompress လုပ်တယ်။

-   decompress လုပ်ထားတဲ့ bytes တွေကို digital  မှ analog သို့ ပြောင်းပေးတဲ့ converter ဖြင့် run လိုက်တယ်။

-   ရလာတဲ့ analog audio signals တွေကို (amplify) ချဲ့ပေးလိုက်တဲ့အခါ သင်က အဲဒီသီချင်းကို ကြား နိုင်တယ်။



MP3 Memory



MP3 file တွေကို player ၏ memory ထဲမှာ (saved) သိမ်းထားပါတယ်။ MP3 memory အမျိုးအစား တွေက -

    (၁) Internal flash memory

    (၂) Compact flash cards

    (၃) Smart media cards

    (၄) Memory stick

    (၅) Internal microdrive တို့ ဖြစ်ကြပါတယ်။

    နောက်ဆုံးတစ်ခုမှလွဲရင် အမျိုးအစားအားလုံး ဟာ solid state memory များ ဖြစ်ကြပါတယ်။ solid state memory ရဲ့ အကျိုးကျေးဇူးက moving parts ရွေ့လျား နေသော အပိုင်းများ မရှိခြင်းပါပဲ။ ဆိုလိုတာက moving parts များမရှိတာ ပို၍ စိတ်ချရပြီး တေးဂီတများတွင် (skips) ကျော်သွားခြင်းများ မဖြစ်ပါဘူး။

သင်က MP3 file များကို သင့်ရဲ့ portable MP3 player ထဲသို့ download လုပ်ပြီးတာနှင့် သင်ဟာ သင့်ရဲ့ သီချင်းကို ဘယ်နေရာမှာမဆို နားထောင်ရဖို့ အဆင်သင့် ဖြစ်နေပြီ။ Portable MP3 player တွေဟာ ဘယ်နေရာမှာ မဆို play နိုင်တဲ့အတွက် ပိုပြီးလူကြိုက် များလာပါတယ်။ Portable MP3 player တစ်ခုကိုဝယ်တဲ့အခါ သင်စဉ်းစား ရမယ့် အချက်တွေက -

    - type of connection ( parallel or USB)

    - total memory

    - memory type

    - controls

    - head phones or ear phones

    - LCD display size

    - p0wer supply

    - size (typically less than 7.5 cm x 11.5 cm)

    - operating system support

    - software

    - unusual features

    - options

    - price တို့ ဖြစ်ကြပါတယ်။



Operating system



portable MP3 player တစ်ခုဟာ ၄င်း၏ တေးဂီတ ကို ရဖို့အတွက် ပီစီတစ်လုံးနှင့် တုန့်ပြန် အလုပ်လုပ်သော ကြောင့် ၄င်း၏ software က သင့်ကွန်ပျူတာရဲ့ operating system နှင့် အံဝင်ခွင်ကျ တွဲဖက်သုံးနိုင်ဖို့ လိုအပ် ပါတယ်။ လောလောဆယ် MP3 player အားလုံး ဟာ Windows 95 / 98 နှင့်အထက်ကို supports လုပ်ပြီး အများစုကတော့ Windows 2000, Apple Mac တို့နှင့် လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။ အကယ်၍ သင်က Windows 95/98 နဲ့အထက် အသုံးပြု မနေဘူးဆိုလျှင် player ရဲ့ software ကို သင့်စက်မှာ တွဲဖက်သုံးလို့ ရမရ သေချာအောင် လုပ်ဖို့လိုပါတယ်။



Software Option (Not Sure)



Portable MP3 player အချို့ဟာ သင့် ကွန်ပျူတာမှ MP3 file များကို player ထဲသို့ Load သွင်းဖို့ software လိုလာပါတယ် (i Tune/i Pod/ Sony)။ ဒါ့အပြင် အချို့ model တွေမှာ CD များမှ သီချင်းများကို format ပြောင်းလဲပြီး သွင်းယူနိုင်တဲ့ software တွေရှိတယ်။ (encoder, ripper ... စသဖြင့်)

အချို့ model တွေမှာပါတဲ့ software က သင့်ကို ရွေးစရာများအား ရွေးချယ်ခွင့်ပြုပြီး သင့်ရဲ့ play list ကို edit လုပ်ခွင့်ပေးတယ်။

MP3 နှင့် ပတ်သက်တဲ့

အဖြစ်မှန်အချို့



၁၉၈၇ ခုနှစ်တွင် ဂျာမဏီ ကုမ္ပဏီ Fraun-hofer Gesellschaft ကစ၍ MP3 မှာ အသုံးပြုတဲ့ alogorithm ကို (developed) လုပ်ခဲ့တယ်။

၁၉၈၉ တွင် သူတို့က ဂျာမဏီ၌ ဒီနည်းပညာကို မှတ်ပုံတင်မူပိုင်ခွင့် လုပ်ခဲ့ပြီး ၁၉၉၆တွင် အမေရိကန်နိုင်ငံ ၌ ၄င်းကို မှတ်ပုံတင် မူပိုင်ခွင့်လုပ်ပါတယ်။

The Moving Pictures Experts Group (MPEG) ကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့တယ်။

MP3 က Moving Picture Experts Group Audio Layer3 အတွက် အတိုကောက်ဖြစ်ပါတယ်။

MP3 format ကို မူလက HDTV Systems များမှာ အသုံးပြု ရန် ရည်ရွယ်ခဲ့တယ်။

အမှန်စင်စစ်အားဖြင့် MP3 က video format MPEG-2၏ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ MPEG - 3 မဟုတ်ပါ။

ကြိုတင်စီစဉ်ဆောင်ရွက်ထားတဲ့ MPEG - 3 format ၏ key features များကို MPEG - 2 သို့ ပေါင်းစပ် လိုက်တယ်။

    Next gemeration နောက် တိုးတက်လာမှု အဆင့်က MPEG - 4 ဖြစ်လာလိမ့်မယ်။

၅မိနစ်ကြာတဲ့ သာမန် CD တစ်ပုဒ်က 52 MB of space ယူတယ်။ ၅မိနစ်ကြာတဲ့ MP3 သီချင်းတစ်ပုဒ် 5MB လောက်ယူတယ်။ ဆိုလိုတာက ခန့်မှန်းခြေအားဖြင့် MP3 သီချင်း ၁၀ပုဒ်ကို CD သီချင်းတစ်ပုဒ်ကယူတဲ့ တူညီတဲ့ space ထဲမှာ ထည့်သွင်းနိုင်တယ်။

၁၉၉၇ ခုနှစ် နိုဝင်ဘာလတွင် Michael Robertson ထူထောင်သော MP3.com ဟာ အင်တာနက်မှာ အကြီးဆုံး MP3 site တစ်ခုဖြစ်တယ်။

MP3.com မှာ အနုပညာရှင် ၉၀,၀၀၀ ထက်မနည်း သီစဉ်ထားသော တေးသီချင်းပေါင်း ၆၀၀,၀၀၀ ကျော် ရှိတယ်။

ပထမဆုံး portable MP3 player က MP Man from Saehan ဖြစ်တယ်။

၁၉၉၈ အောက်တိုဘာလတွင် Diamond Rio PMP3000 Player များအား ဖြန့်ချိမှုဟာ portable MP3 players များ၏ လူကြိုက်များမှု မြင့်တက်လာခြင်းရဲ့ အစကို အမှတ်အသား ပြုပါတယ်။

လက်တွေ့စမ်းသပ်ချင်တယ် ဆိုရင်တော့ ffsetup software ကို ကိုယ့်စက်မှာတင်ပြီး စမ်းသပ်ဖို့ ညွှန်းဆို လိုက်ပါတယ်။ Download ဆွဲချင်ရင် brothersoft. com/ download-jossmatfactory/formatfactory-98431.html မှာ သွားရောက်ရယူနိုင်ပါတယ်။