Monday, 30 January 2012

history of C#

အရင်ဆုံး C# ဆိုတာ ဘယ်လိုဖြစ်ပေါ်လာလဲ စပြောရအောင်။ ကျွန်တော်သိတာကို ပြောမှာနော်။ အားလုံးမှန်ချင်မှလည်း မှန်လိမ့်မယ်။
ကဲ… စပြီ….။
C# ဆိုတာ Microsoft က ထုတ်လိုက်တဲ့ programming language တစ်ခုပေါ့။ C# ဖြစ်ပေါ်လာရတဲ့ history ကို အရင် ပြောကြည့်မယ်ဗျာ။ programming language တွေ အများကြီး ရှိတဲ့ အထဲမှာ တော်တော်များများ စလုပ်ဖူးတာက C , C++ ထင်ပါတယ်။ C နဲ့ ရေးရင် ကျွန်တော်တို့ Graphic User Interface တွေ ရေးရတာ အဆင်မပြေဘူးဗျ။ နည်းနည်းပင်ပန်းတယ်။ ဒါနဲ့ ပိုလွယ်တဲ့ language တွေ ရှာလာတဲ့ အခါ Microsoft ကထုတ်တဲ့ Visual Basic(VB) ကိုသုံးဖြစ်လာကြတယ်။ VBက microsoft က ထုတ်တဲ့ Visual Studio လို့ခေါ်တဲ့ programming language အစုအဝေးကြီးထဲက Language တစ်ခုပေါ့ဗျာ။ အဲ့ဒီ Visual Studio ထဲမှာ VB, VC++, Visual Foxpro, စသည်ဖြင့်ဗျာ ရွေးချယ်လို့ ရတဲ့ language တွေပါပါတယ်။ VB ရဲ့ အားသာချက်က Design အပိုင်းမှာ တော်တော်လေးကို လွယ်တာပါပဲ။ ဒါပေမယ့် အားနည်းချက်ကတော့ Object-Oriented Technology ကို သုံးလို့ မရဘူး။ OOP မဟုတ်ဘူးပေါ့ဗျာ။ ဒီတော့ တကယ့် Enterprise Application ကြီးတွေ ရေးလို့ အဆင်မပြေဘူးလို့ ပြောကြတယ်။ VC++ နဲ့ ရေးဖို့ကလည်း တော်တော်လေးကို ခက်တယ်လို့ ပြောကြတယ်ဗျ။ (ကျွန်တော်တော့ မရေးဖူးပါ)။ ဒါကြောင့် နောက်ပိုင်းမှာ programmer တွေက Java လိုင်းကို ပြောင်းကြတယ်။ ဒီတော့ Microsoft က java ကို fightဖို့ အကြံထုတ်ရပြီပေါ့။ တခြားprogramming language တွေရဲ့ အားသာချက်တွေကို ၅နှစ်လောက်လေ့လာပြီးမှ ၂၀၀၁၊၂၀၀၂ မှာ Visual Studio .NET ဆိုတာကြီးကို ထုတ်လိုက်တယ်ဗျ။ အဲ့ဒီ Visual Studio .NET ထဲမှာ နဂို VS တွေထဲက ပါနေကြဖြစ်တဲ့ VB, VC++ စတာတွေ အပြင် Visual J# ဆိုတာနဲ့ Visual C# ဆိုတဲ့ language အသစ် ၂ ခုကို မိတ်ဆက်ပေးလိုက်တယ်ဗျ။ java သမားတွေအတွက် J# နဲ့ C သမားတွေ အတွက် C# ဆိုပါတော့ဗျာ။ အဲ့ဒီ language ၂ ခုမှာ C# ကတော့ တော်တော်လေးကို အောင်မြင်သွားတယ်။(ပေါက်သွားတယ်ပေါ့ဗျာ)။ Microsoft ကလည်း C#ကို တော်တော်ညွှန်းတယ်ဗျ။ တခြားlanguage တွေ အားလုံးရဲ့ အားသာချက်တွေကို ယူထားတဲ့ language ဆိုပဲဗျ။ VB လိုမျိုး design ကို အလွယ်တကူရေးနိုင်တယ်။ Java လိုမျိုး OO ရဲ့ feature တွေကို သုံးနိုင်တယ်။(java ထက်တောင်မှ OO ပိုစစ်သေးတယ်ဆိုပဲဗျ)(ဥပမာဗျာ java မှာဆိုရင် data type တွေက keyword အဆင်မှာပဲ ရှိတယ်၊ C# မှာတော့ datatype တွေကိုယ်တိုင်က classတွေ အဖြစ်ရှိတယ်ဗျာ၊ class မဟုတ်တာဆိုလို့ operator တွေပဲ ကျန်တော့တယ်တဲ့)။
ကဲ ဒါကတော့ C# language မွေးဖွားလာပုံပေါ့ဗျာ။

.NET Framework

C# language စပြီးပါလာတဲ့ Visual Studio .NET 2002 မှာပဲ Microsoft က .NET Framework ဆိုတာကြီးကိုပါ မိတ်ဆက်ပေးခဲ့တယ်ဗျ။ အဲ့ဒီ .NET Frameworkကြီးထဲမှာ အဓိကကတော့ အပိုင်း ၂ပိုင်းပါတယ်ဗျ။ Common Language Runtime (CLR) နဲ့ Framework Class Library(FCL) ဆိုပြီးတော့။
CLR က ကျွန်တော်တို့ .NET Platform မှာ ရေးတဲ့ ဘယ်language codeကိုမဆို Microsoft Intermediate Language အဖြစ်ပြောင်းပေးပြီး Run လို့ ရအောင်လုပ်ပေးတယ်ပေါ့ဗျာ။ FCL ကတော့ predefined class library အစုအဝေးကြီးလို့ပဲ နားလည်ထားတယ်ဗျ။ .NET Framework အလုပ်လုပ်ပုံ လေးကြည့်ကြည့်ရအောင်ဗျာ။
အရင်ဆုံးကျွန်တော်တို့ Programတစ်ခုရေးလိုက်တယ်ဗျာ။ အဲ့ဒါကို source code လို့ ခေါ်တယ်။ source code ကို ကျွန်တော်တို့ ကွန်ပျူတာကြီးက နားမလည်ပါဘူး။ ဒီတော့ ကွန်ပျူတာနားလည်မယ့် machine code အဖြစ်ကို ပြောင်းဖို့လိုပါတယ်။ ဒီအလုပ်ကို .NET Framework အတွင်းမှာ ရှိတဲ့ သက်ဆိုင်ရာ Language အလိုက် compiler တွေက ဘာသာပြန်အလုပ်လုပ်ပါတယ်။ ဒီနေရာမှာ သိထားရမှာက .NET Framework ကိုသုံးပြီးရေးထားတဲ့ code တွေကို compile လုပ်ရင် machine code တန်းမထွက်ပါဘူး။ .NET Framework ကပဲနားလည်နိုင်တဲ့ MSIL လို့ခေါ်တဲ့ Microsoft Intermediate Language Code အဖြစ်ပဲထွက်ပါတယ်။ အဲ့ဒီ code ကိုမှတဖန် CLR ထဲမှာ ရှိတဲ့ Jet In-time Compilier (JIT) လေးက ထပ်ပြီး Compile လုပ်ပါတယ်။ ဒီလိုလုပ်လိုက်မှ Operating System ကနားလည်တဲ့ code အဖြစ်ကိုရောက်ရှိပါတယ်။ ဆိုလိုတာကတော့ဗျာ .NET Framework မရှိရင် .NET program တွေ run လိုတောင်မရဘူးပေါ့။ နောက်ပိုင်း Microsoft က ထုတ်တဲ့ OS တွေမှာ .NET Framework ကို build-in ထည့်ပေးပါတယ်။ ဒါမှမဟုတ်လည်း internet ကနေ framework ကို အလကားပေးပါတယ်။ Visual Studio .NET ကြီးတစ်ခုလုံး ၀ယ်မယ်ဆိုရင်တော့ ဈေးတော်တော်ကြီးတယ်ကြားတယ်ဗျ။ (ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပေါပါတယ် ) FCL အကြောင်းတောင် မေ့တော့မလို့။ ဒီလိုဗျ Framework Class Library ဆိုတာ ကျွန်တော်တို့ program ထဲမှာ user monitor ပေါ် 'hello' ဆိုပြီး ရိုက်ထုတ်ပြချင်တယ်ဆိုပါတော့။ အဲ့ဒါကို C နဲ့ ရေးရင်
printf("hello");
ဆိုပြီး ရိုက်တယ်ဗျာ။ အဲ့ဒီကုဒ်ထဲမှာ ရေးလိုက်တဲ့ printf ဆိုတဲ့ဟာလေးကို function လို့ခေါ်တယ်ဗျ။ အဲ့ဒီ function က ကျွန်တော်တို့ကိုယ်တိုင်ရေးတာမဟုတ်ဘူးဗျာ၊ library ထဲကနေခေါ်သုံးတာပေါ့။ အဲ့ဒီလို predefined function တွေရေးပြီး သိမ်းထားတဲ့ class အစုအဝေးကြီးကို Framework Class Library လို့ ခေါ်ကြောင်းပါဗျား။
ကဲ ဒီဇယားလေးကတော့ .NET Framework version history ပါဗျာ။
Version .... Release ... Visual Studio ................... Default in Window
1.0 ............ 2002 ....... Visual Studio .NET .............................-
1.1 ............ 2003 ....... Visual Studio .NET 2003 .......... Window Server 2003
2.0 ............ 2005 ....... Visual Studio 2005 ............................-
3.0 ............ 2006 ..................- .............................. Window Vista, Window Server 2008
3.5 ............ 2007 ....... Visual Studio 2008 .................. Window 7, Window Server 2008 RC2
4.0 Beta1 .... 2009 ....... Visual Studio 2010

hello world from C#

ကဲ အခုကျွန်တော်တို့ C# programming language နဲ့ program တစ်ခုလောက် စရေးကြရအောင်ဗျာ။ programming language တိုင်းရဲ့ first time program လေး helloworld နဲ့ပဲ စလိုက်ရအောင်။ C# program စရေးဖို့အတွက် ခင်ဗျားတို့ စက်မှာ .NET Framework install လုပ်ထားပြီးသားဖြစ်ဖို့တော့ လိုတယ်ဗျ။ Visual Studio install လုပ်ထားပြီးသားဆိုရင် framework ထပ်သွင်းစရာမလိုတော့ဘူးနော်။ မသွင်းရသေးဘူးဆိုရင်တော့ ဒီမှာသွားပြီး download လုပ်ပြီးသွင်းလိုက်ဗျာ။ framework သွင်းပြီးရင်တော့ ကျွန်တော်တို့ program စရေးလို့ ရပြီ။ java လိုပဲဗျ C# program ကိုလည်း Visual Studio IDE မသုံးပဲရေးလို့ ရတယ်။ အခု အဲ့ဒီလိုရေးကြရအောင်။ program ရေးဖို့အတွက် Text Editor တစ်ခုတော့လိုတယ်ဗျ။ ခင်ဗျားတို့စက်မှာ Notepad တော့ ရှိပြီးသား ဖြစ်မှာပါ။ ကဲ Notepad ဖွင့်ဗျာ။
window key + R နှိပ်ပြီး Run Box ကိုခေါ်လိုက်ဗျာ ပြီးရင် အဲ့ဒီ Box ထဲမှာ notepad လို့သာရိုက်ထည့်လိုက်၊ ဒါဆို Notepad ပွင့်လာလိမ့်မယ်။ ဟုတ်ပြီ… program စရေးရအောင်။ ဒီအတိုင်းရေးလိုက်ဗျာ ပြီးမှ ပြန်ရှင်းမယ်။
class Hello
{
static void Main()
{
System.Console.Write("Hello World");
}
}
ရေးပြီးပြီနော်… အိုကေ ပြန်ရှင်းရအောင်။ C တို့ java တို့လိုပဲ C# program တွေကလည်း Main function ကနေစပြီး အလုပ်လုပ်တယ်ဗျ။ ဒါပေမယ့် C# မှာတော့ Main ကို M အကြီးနဲ့ ရေးရတယ်နော်။ ပြီးတော့ static ဆိုတဲ့ keyword လည်းထည့်ရတယ်။ အိုကေ ကျွန်တော်တို့ ဒီအတိုင်းရေးလိုက်ပြီ static void Main() ပေါ့။
အဲ့ဒီ Main function ရဲ့ scope ကိုသက်မှတ်ဖို့ { နဲ့ } ကို သုံးတယ်။ ဒါလည်း C တို့ java တို့နဲ့ တူတူပဲ။ အဲ့ဒီ scope ထဲမှာမှ ကျွန်တော်တို့ computer ကို ခိုင်းစေချင်တဲ့ statement တွေကို ရေးရမယ်။ statement တစ်ကြောင်း ပြီးပြီဆိုတိုင်းမှာ semicomar( ပိတ်ဖို့လည်း မမေ့နဲ့ဦးနော်။
monitor မှာ စာရိုက်ခိုင်းဖို့ အတွက် C# မှာ Write or WriteLine function ကို သုံးရတယ်ဗျ။ အဲ့ဒီ Write function ကိုလည်း ဒီတိုင်းခေါ်ခွင့်မရှိဘူးဗျ၊ function ရှိနေတဲ့ class name နဲ့ တဆင့်ခေါ်ရတယ်။ Write function က Console class ထဲမှာ ရှိတယ်လေ၊ ဒါကြောင့် ရေးတဲ့အခါ Console.Write လို့ရေးမှမှန်မယ်။ ဟုတ်ပြီ ဒါဆို ရှေမှာ ဘာလို့ System ဆိုတာကြီးပါရတာလဲ။ ဒါက ဒီလိုရှိတယ်ဗျ အဲ့ဒီ System ဆိုတာကို Namespace လို့ ခေါ်တယ်။ Namespace ဆိုတာ class တွေ စုထားတဲ့ class အစုအဝေးကြီး class library ပေါ့ဗျာ။ Console class က System namespace ထဲမှာ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က System.Console.Write လို့ ရေးရတာဗျ။ ဒီလိုမျိုး class name ရဲ့ ရှေ့မှာ ထည့်မရေးချင်ဘူး ဆိုလည်း နောက်တစ်နည်းရှိသေးတယ်။ class မဆောက်ခင်မှာ library file အနေနဲ့ ကြိုပြီး ကြေငြာပေးထားလို့ ရတယ်။ C မှာ #include၊ java မှာ import ဆိုပြီး ကြေငြာသလို C# မှာလည်း using ဆိုပြီး ကြေငြာရတယ်။ ဒီလိုမျိုးဗျာ…
using System;
class Hello
{
static void Main()
{
Console.Write("Hello World");
}
}
ခုလို့ class အပေါ်မှာ System namespace ကို using လုပ်လိုက်ရင်။ ဒီ class အတွင်းမှာ အဲ့ဒီ System namespace ထဲက class တွေကို စိတ်ကြိုက်ခေါ်သုံးလို့ ရပြီ။ နောက်ထပ်ထပ်ရေးနေစရာ မလိုတော့ဘူး။ မဟုတ်ရင် Console.Write တစ်ခါရိုက်ချင်တိုင်း ရှေ့မှာ System ဆိုတာကြီးကို ပြန်ပြန်ထည့်ပေးနေရလိမ့်မယ်။
ကဲ Main function ရေးပြီတော့ ပြီးရောလားဆိုတော့ မပြီးသေးဘူးဗျ။ C# က OOP language လေ။ ဒီတော့ ဒီfunction ကိုလည်း class တစ်ခုခုအထဲမှာပဲ ထည့်ရေးခွင့်ရှိတယ်ဗျ။ function ကြီးပဲ ဒီတိုင်းရေးလို့ မရဘူး။ ဒါကြောင့် ကျွန်တော်က Hello ဆိုတဲ့ class ထဲမှာ ထည့်ရေးလိုက်တာ။ class name က ကိုယ်ကြိုက်တာပေးခွင့်ရှိပါတယ်။ java မှာလိုမျိုး file name နဲ့ class name နဲ့ တူစရာ မလိုဘူး။
ဒီလောက်ဆိုရင် အပေါ်က program ထဲမှာ ရေးထားတဲ့ coding တွေကို နားလည်ပြီထင်တယ်နော်။ အဓိကနားလည်စေချင်တာကတော့ ဘာလုပ်ချင်လို့ ဘယ်ကုဒ်ကိုရေးရတယ် ဆိုတာကို နားလည်စေချင်တာ။ ကဲ ကျွန်တော်တို့ ရေးလို့ ပြီးပြီဆိုတော့ ဒီ source code တွေကို သိမ်းရမယ်။ Ctrl + S နှိပ်ပြီး C: Drive အောက်မှာ ခင်ဗျားတို့ ကြိုက်တဲ့ နာမည်နဲ့ သိမ်းဗျာ၊ အဲ file extension ကတော့ (.cs) ဖြစ်ရမယ်နော်။ ဥပမာ ကျွန်တော်က filename ကို Test1 လို့ ပေးချင်တယ်ဆိုရင် Test1.cs ဆိုပြီးပေးရမယ်။ ရတယ်နော်… အိုကေ အခုကျွန်တော်တို့ ဒီ C# source file လေးကို compile လုပ်ပြီး run ကြည့်ရအောင်။ compile လုပ်ဖို့ အတွက် command prompt ထဲသွားဖို့လိုတယ်။ ကဲ့ Run Box ကိုခေါ်ပြီး cmd လို့ ရိုက်လိုက်ဗျာ ဒါဆို command prompt ပေါ်လာမယ်။ command prompt ထဲမှာ လက်ရှိ cursor location က C: အောက်က document and setting အောက်က login ၀င်ထားတဲ့ username အောက်ကို ရောက်နေလိမ့်မယ်ထင်တယ်။ ဒါဆိုအဆင်မပြေဘူး ကျွန်တော်တို့ Root Directory အောက်ကို ပြန်သွားရအောင်။ CD\ ရိုက်ပြီး Enter ခေါက်လိုက်။ ဒါဆို C: အောက်ကို ပြန်ရောက်သွားပြီ။ အဲ့ဒီမှာမှ ကျွန်တော်က .NET Framework သွင်းထားတဲ့ location ကို ရှာရအောင်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောဖို့ကျန်သွားတယ်။ အပေါ်ပိုစ့်မှာ ပြောခဲ့တဲ့ အတိုင်း ကျွန်တော်တို့ ရေးထားတဲ့ source file တွေကို သက်ဆိုင်ရာ language ရဲ့ compilier နဲ့ compile လုပ်ရတယ်။ C# အတွက်တော့ C Sharp Compiler (csc.exe) ပေါ့ဗျာ။ ဒါကြောင့် csc.exe file လေးကို ရှာမယ်ဗျာ။ ကဲ command prompt ထဲမှာ ဒီလိုလေးရိုက်လိုက်ပါဦး။
dir csc.exe /s
ခဏတော့ စောင့်ရမယ့်ထင်တယ်။ ရှာလိုတွေ့ပြီဆိုရင် အဲ့ဒီ compiler လေးရှိတဲ့ နေရာကို path ပေးရမယ်ဗျ။ ခက်တာက ကျွန်တော်က path ပေးတာကို မေ့နေပြီ။ ဒါကြောင့် အဲ့ဒီ compiler ရှိတဲ့ location ကိုပဲ CD command သုံးပြီး သွားလိုက်မယ်ဗျာ။ သြော်ဒါနဲ့ ခင်ဗျားစက်မှာ framework version အများကြီးရှိနေတာလဲ ဖြစ်နိုင်တယ်နော်။ ကြိုက်တဲ့ version အောက်ကို ၀င်လိုက်ဗျာ။ ကဲ compile လုပ်ရအောင်။
csc.exe C:\Test1.cs
ခုလို compile လုပ်လိုက်တော့ compiler က exe file ထုတ်ပေးတယ်ဗျ။ ရှာရင် ရှာကြည့်လိုက်ဦး။
dir Test1.exe
တွေ့တယ်မလားဗျ ကျွန်တော်တို့ program ရဲ့ executable file လေး။ အဲ့ဒီ file လေးကို run ရင် ရပြီပေါ့။ တခုတော့ မှတ်ထားဦးနော်၊ ဒီ exe file က .NET Framework ရှိမှ run လို့ ရမှာနော်။ အခု တခါတည်း run ကြည့်ရအောင်ဗျာ။ exe file ဆိုတော့ ဒီတိုင်း filename ရိုက်လိုက်ရုံပါပဲ။
Test1.exe
or
Test1
ကဲ့ ဒါဆိုရင် ခင်ဗျားတို့ရဲ့ ပထမဆုံး C# program ရဲ့ output ကို တွေ့ရပြီပေါ့။
***********
ကျွန်တော် video training လေးပါ တင်ပေးလိုက်တယ်။ ဒီမှာ ယူဗျာ။
Compile လုပ်ရင် program မှာမှားနိုင်တာလေးတွေလည်း ရှိတယ်ဗျ။
၁ - using, class, static, void အဲ့ဒါတွေကို စာလုံး အသေးနဲ့ရေးရမယ်။
၂ - System, Console, Write, Main အဲ့ဒါတွေကိုတော့ အစစာလုံးကို အကြီးနဲ့ ရေးရမယ်။
၃ - write function အဆုံးမှာ ( ; ) ထည့်ရမယ်။
၎ - Hello World ဆိုတဲ့ စာသားကို " နဲ့ " ထဲထည့်ရေးရမယ်။
ဒီလောက်ဆို အားလုံး run လို့ ရကြမှာပါ။

data types of C#

C# data type တွေ အကြောင်းဆက်ပြောရအောင်ဗျာ။ Data type ဆိုတာဘာလဲ။ ကျွန်တော်တို့ user တွေဆီကနေ data အချက်အလက်တွေကို program ထဲမှာ သိမ်းထားဖို့အတွက် ကျွန်တော်တို့ computer ရဲ့ memory ပေါ်မှာ နေရာသွားယူပေးရတယ်ဗျ။ အဲ့ဒီလို နေရာယူတာကို Variable Declaration လုပ်တယ်လို့ ပြောတာပေါ့။ Variable declaration လုပ်တဲ့ အခါ memory ပေါ်မှာ ကိုယ်သိမ်းချင်တဲ့ data ရဲ့ အမျိုးအစား(data type)ကို ကြေငြာပေးရတယ်။ Number သိမ်းမှာလား၊ ဒါမှမဟုတ် စာသားတွေသိမ်းမှာလား စသည်ဖြင့်ပေါ့။
C# မှာ အဓိက data type ၂ မျိုးရှိတယ်ဗျ။ Value Type နဲ့ Reference Type ဆိုပြီးခေါ်တယ်ဗျာ။ Value Type ဆိုတာကတော့ memory ပေါ်က ကျွန်တော်တို့ ကြေငြာထားတဲ့ နေရာမှာ value ကိုတိုက်ရိုက်သိမ်းထားတာဗျာ။ Reference Type ဆိုရင်တော့ value ကို မသိမ်းထားပဲ အဲ့ဒီ value ရှိနေတဲ့ memory address ကိုပဲ ကျွန်တော်တို့ရဲ့ variable ထဲမှာ သိမ်းထားတာကို ဆိုလိုတာပေါ့။
နမူနာက ဒီလိုဗျာ…
int num = 3;
number value data တခုသိမ်းဖို့အတွက် num ဆိုတဲ့ variable တစ်ခုကို memory ပေါ်မှာ နေရာယူလိုက်ပါတယ်။ ပြီး တခါတည်း အဲ့ဒီ နေရာမှာ 3 ဆိုတဲ့ value တစ်ခုကို သိမ်းလိုက်ပါတယ်။ ကြေငြာထားတဲ့ နေရာထဲမှာ value သိမ်းသွားတဲ့ အတွက် int ဟာ value type ဖြစ်ပါတယ်။
string st = “abc”;
ဒီလိုပါပဲ abc ဆိုတဲ့ စာသားကို သိမ်းဖို့အတွက် st ဆိုတဲ့ variable ကို ကြေငြာလိုက်ပါတယ်။ ဒါပေမယ့် st ထဲကိုထည့်လိုက်တဲ့ value ဖြစ်တဲ့ abc ဟာ st ထဲမှာ မရှိပါဘူး။ memory ရဲ့ တခြားတနေရာမှာ ရှိသွားပါတယ်။ အဲ့ဒီ abc ရောက်သွားတဲ့ နေရာရဲ့ address ကသာလျှင် st ထဲကိုရောက်သွားပါတယ်။ ဒါကြောင့် string ဟာဆိုရင်ဖြင့် reference type ထဲမှာ ပါဝင်ပါတယ်။

ဒါဆိုရင် value type နဲ့ reference type ကို ခွဲပြီး နားလည်မယ်ထင်ပါတယ်။ ဟုတ်ပြီ ဒါဆိုရင် value type မှာ ဘာတွေပါလဲ ဆက်ကြည့်ရအောင်။
value type ထဲမှာ integral type တွေ၊
Type .................................... Range ......................................... Size
sbyte ................................ -128 to 127 ...................................... Signed 8-bit integer
byte ..................................... 0 to 255 ........................................Unsigned 8-bit integer
char ..................................... U+0000 to U+ffff ........................... Unicode 16-bit character
short .....................................-32,768 to 32,767 ........................ Signed 16-bit integer
ushort .................................0 to 65,535 ................................... Unsigned 16-bit integer
int ........................-2,147,483,648 to 2,147,483,647 .................... Signed 32-bit integer
uint .............................0 to 4,294,967,295 .................................. Unsigned 32-bit integer
long ......... -9,223,372,036,854,775,808 to 9,223,372,036,854,775,807..... Signed 64-bit integer
ulong ..............0 to 18,446,744,073,709,551,615 ..............................Unsigned 64-bit integer
floating point typeတွေ၊
Type .........................Approximate range ..............Precision
float ..................В±1.5e−45 to В±3.4e38 ............................7 digits
double ...............В±5.0e−324 to В±1.7e308 ....................15-16 digits
decimal type၊
Type .........................Approximate Range .................Precision
decimal ................В±1.0 Г— 10−28 to В±7.9 Г— 1028 ..................28-29 significant digits
boolean data type၊ enumeration data type နဲ့ structure data type တွေပါဝင်ပါတယ်။
reference type ထဲမှာတော့ string type၊ object type၊ array data type၊ class data type၊ interface နဲ့ delegate type တွေပါဝင်ပါတယ်။
variable declaration အပိုင်းမှာ ကျွန်တော်တို့ သိဖို့လိုတာတခုရှိတယ်ဗျ။ ကျွန်တော်တို့ variable name တွေကြေငြာတဲ့နေရာမှာ C# keywords တွေနဲ့ သွားပြီးတူလို့မရဘူးဗျ။ Keywords ဆိုတာကတော့ဗျာ compiler က နားလည်ပြီးသား စကားလုံးတွေပေါ့။ သူတို့ကို reserved words လို့လဲခေါ်သေးတယ်ဗျ။
Code:
abstract  event  new  struct  as  explicit  null  switch  base  extern  object
this bool false operator throw break finally out true byte fixed
override try case float params typeof catch for private uint char

foreach protected ulong checked goto public unchecked class if
readonly unsafe const implicit ref ushort continue in return using

decimal int sbyte virtual default interface sealed volatile delegate
internal short void do is sizeof while double lock stackalloc else

long static enum namespace string
ဒီဇယားထဲက keyword တော်တော်များများကို ကျွန်တော်တို့ သိပြီးသားဖြစ်မှာပါ။ ဒါနဲ့ ခင်ဗျားတို့ စက်မှာ Visual Studio 2008 ဖြစ်ဖြစ်တင်ထားဦးဗျာ။ နောက်program တွေကို VS နဲ့ run ရအောင်။


data types conversation

Data Type တွေနဲ့ ပတ်သက်ပြီး နောက်ထပ်သိထားစရာလေးတွေ ပြောချင်သေးတယ်ဗျ။
ကျွန်တော်တို့ C# ထဲမှာ 3 လို့ ရိုက်လိုက်ရင် အဲ့ဒီ 3 ရဲ့ datatype က default အနေနဲ့ integer type ဗျ။ ကျွန်တော်က long အဖြစ်ရေးချင်တယ်ဆိုရင် 3L လို့ ရေးရမယ်။ ကျန်တာတွေကို အောက်မှာကြည့်လိုက်ပါဦး။
3 => int
3L => long
3.0 or 3.0D => double
3.0F => float
3.0M => decimal
'3' => char
"3" => string
အပေါ်မှာ ပြထားတာကိုကြည့်မယ်ဆိုရင် တကယ့် value က 3 ဖြစ်ပေမယ့် သူ့ကို data type အမျိုးမျိုးမှာ ရေးတဲ့ပုံစံလေးပါ။
အဲ့ဒီထဲမှာ string type ကလွဲပြီး ကျန်တဲ့ type တွေက numeric type တွေပါ။ ဆိုလိုတာက သူတို့ကို ပေါင်းနှုတ်မြှောက်စား လုပ်လို့ရတယ်။ string type ကိုတော့ မရဘူး။ ဥပမာ
Code:
string v1 = "3";
string v2 = "4";
Console.Write(v1+v2);
ဆိုရင် output က
Code:
34
ဆိုပြီး ပြနေလိမ့်မယ်ဗျာ။ ဆိုလိုတာကတော့ဗျာ 3 နဲ့ 4 ကို number အနေနဲ့ မပေါင်းပဲ string အနေနဲ့ ပေါင်းသွားတာပေါ့ဗျာ။ ဒီတော့ ကျွန်တော်တို့က string type အနေနဲ့ ရှိနေတဲ့ value တွေကို ပေါင်းချင်တဲ့ အခါမှာ numeric type အဖြစ်ကို ပြောင်းဖို့လိုလာပြီပေါ့။ ဒီလိုမျိုး datatype တစ်ခုကနေ တစ်ခုကို ပြောင်းဖို့အတွက်ဆိုရင် Data Type Conversation အကြောင်းကို သိဖို့လိုလာပါပြီ။ အဲ့ဒီလို ပြောင်းတဲ့ နေရာမှာ numeric type အချင်းချင်း ပြောင်းတာနဲ့ numeric type နဲ့ string type ပြောင်းတာ ဆိုပြီး ခွဲပြောပါမယ်။

numeric type အချင်းချင်းပြောင်းမယ်ဆိုရင် type conversation မှာ ၂ မျိုးရှိပါတယ်။ အလွယ်မှတ်မယ်ဆိုရင်တော့ ငယ်တဲ့ type ကနေ ကြီးတဲ့ type ကို ပြောင်းတာ (Widening) နဲ့ ကြီးတဲ့ type ကနေ ငယ်တဲ့ type ကို ပြောင်းတာ (Narrowing) ဆိုပြီး ရှိတယ်ဗျ။ ဥပမာ int data type ကနေ long ကို ပြောင်းချင်ရင် widening , long ကနေ int ကို ပြောင်းချင်ရင်တော့ narrowing ပေါ့။
int int_var1 = 123;
long long_var1 = int_var1; // implicit conversation (widening)
long long_var2 = (long) int_var1; // explicit conversation (widening)
int int_var2 = (int) long_var1; // explicit conversation (narrowing)

*** narrowing မှာ implicit မရှိပါဘူး ***
object data type ကနေ numeric type ကိုပြောင်းမယ်ဆိုရင်....
int i = 123;
object o = i; // implicit boxing
object o = (object) i; // explicit boxing
int i = (int) o; // unboxing
string type ကနေပြောင်းချင်တယ်ဆိုရင်တော့ အဲ့ဒီလို type casts လုပ်လို့ မရတော့ပါဘူး။ ဒါဆိုရင် ဘယ်လိုပြောင်းမလဲ? Convert Function တွေကိုသုံးပြီးတော့ ပြောင်းရပါမယ်။ FCL ထဲက Convert class ထဲမှာ data type တစ်ခုကနေ တစ်ခုကို ပြောင်းဖို့ function တွေရှိပါတယ်။ သက်ဆိုင်ရာ Data type class တွေထဲမှာလဲ ရှိပါတယ်။ အဲ့ဒီ function တွေနဲ့ ပြောင်းရပါမယ်။ အောက်မှာ နမူနာကြည့်ပါ။
string st = "123";
int i = Convert.ToInt32(st);
int i = Int32.Parse(st);
string st = Convert.ToString(i);
string st = i.ToString();
ကဲ နားကြဦးစို့....

sample program 1.01

အခု ကျွန်တော်တို့ program လေးတခုလောက် ရေးကြည့်ရအောင်။ ကျွန်တော်က ဘာလုပ်ချင်လဲဆိုရင် user ဆီကနေ number value တစ်ခုတောင်းမယ်ဗျာ။ ပြီးတော့ အဲ့ဒီnumber ရဲ့ square တန်ဖိုးကို ပြန်ပြီး ရိုက်ထုတ်ချင်တယ်။ ဟုတ်ပြီနော် ဒါဆို ရေးကြည့်ရအောင်… အရင်ဆုံး C# မှာ Main function ကနေ စရေးရမယ်ဆိုတော့…
Code:
static void Main()
{
}

ဆိုပြီး ရေးလိုက်မယ်ဗျာ။ ပြီးရင် user ဆီကနေ တောင်းမယ့် number ကို memory ပေါ်မှာ ခဏသိမ်းထားဖို့ အတွက် နေရာယူ(variable declare) ရမယ်။ ဒါကြောင့် Main function ရဲ့ အတွင်းထဲမှာ….
Code:
int num;

ဟုတ်ပြီး ဒါဆိုရင် integer တန်ဖိုးတွေ သိမ်းဖို့အတွက် နေရာလေးရပြီး။ အခု user ကို တန်ဖိုးတစ်ခုထည့်ပေးပါလို့ ပြောချင်တယ်။ user ကို ပြောတယ်ဆိုတာက monitor မှာ output ထုတ်ပြတာပဲလေ။ ဒါကြောင့် ဒီလိုလေးပြောလိုက်မယ်….
Code:
Console.Write("Enter a number : ");

ဒါဆိုရင် user က number တစ်ခုရိုက်ထည့်တေ့မယ်။ အဲ့ဒီ number ကို လက်ခံဖို့ အတွက် C# console application မှာ ReadLine() function ကိုသုံးရမယ်။ အဲ့ဒီ function ကလည်း Console class ထဲမှာရှိတယ်။ ဒါပေမယ့် အဲ့ဒီ ReadLine function က user ဘာရိုက်ထည့်ထည့် string data type ပဲ return ပြန်တယ်။ ဒီတော့ user က 3 ရိုက်ထည့်ရင် “3” ဆိုပြီး string type ဖြစ်သွားမယ်။ ဒါဆိုရင် ကျွန်တော်တို့ memory ပေါ်မှာကြေငြာထားတဲ့ integer variable ထဲကို ဒီတိုင်းတန်းပြီး ထည့်လို့မရတော့ဘူး။ string type ကနေ integer type ကို convert လုပ်ပေးရတော့မယ်….
Code:
string temp = Console.ReadLine();num = Convert.ToInt32(temp);

ဒီလိုရေးလည်း ရပါတယ်။
Code:
num = Convert.ToInt32(Console.ReadLine());

ကဲ… ကျွန်တော်တို့ရဲ့ num variable ထဲမှာ user ထည့်လိုက်တဲ့ တန်ဖိုးလေး ရောက်သွားပါပြီ။ အခု user ကို square result ထုတ်ပြဖို့ပဲကျန်ပါတော့တယ်…
Code:
Console.WriteLine(“Square of {0} is {1}”, num, num*num);

Result ထုတ်ပြလိုက်တဲ့ code လေးကို နည်းနည်းလေး ရှင်းပြပါမယ်။ Write or WriteLine function အတွင်းမှာ parameter ၃ ခု ကျွန်တော်ပေးလိုက်ပါတယ်။ ပထမဆုံးတစ်ခု “Square of {0} is {1}” ဆိုတာမှာ {} အတွင်းထဲမှာ ရေးတဲ့ ဟာ၂ခုကလွဲပြီး ကျန်တာတွေအားလုံးက ဒီအတိုင်းပေါ်ပါမယ်။ အဲ့ဒါကို format string လို့ ခေါ်ပါတယ်။ နောက်က Parameter ၂ ခုကတော့ format string ထဲမှာ ထည့်ပေးလိုက်ချင်တဲ့ value တွေပါ။ num က index 0 ၊ num*num က index 1 နေရာမှာ ရှိပါတယ်။ အဲ့ဒီ value တွေကို format string ထဲမှာ ပြန်ခေါ်ဖို့ အတွက် {} ကိုသုံးပါတယ်။ index 0 နေရာက value ကို ခေါ်ချင်ရင် {0} လို့ခေါ်ရပါမယ်။ ဒီအတိုင်းပဲ index 1 နေရာက ဟာကိုခေါ်ဖို့အတွက်တော့ {1} ပေါ့။ ဒါဆိုရင် နားလည်မယ်ထင်တယ်နော်။ အဲ့ဒီလို မရေးပဲ နောက်တစ်မျိုးလည်း ရေးလို့ရပါသေးတယ်…
Code:
Console.WriteLine(“Square of “+num+” is “+num*num);

အခု နောက်ဆုံးအနေနဲ့ user ကို program ပိတ်ဖို့အတွက် ဒီလိုလေး ရေးပေးလိုက်ပါမယ်…
Code:
Console.Write(“\npress enter to close…”);Console.Read();

\n ကို နောက်တစ်လိုင်းဆင်းဖို့ အတွက်သုံးပြီး။ Console.Read() ကတော့ user enter ခေါက်တာကို စောင့်နေပေးပါတယ်။ ဒီ ပုစ္ဆာလေးထဲမှာ ကျွန်တော် Convert class နဲ့ Console class ၂ ခုကို သုံးထားပါတယ်။ ဒါကြောင့် အပေါ်ဆုံးမှာ ဒီလိုလေးရေးပေးလိုက်တယ်….
Code:
using System;

Code:
using System;class Program

{ static void Main(string[] args)

{ string temp; int num;

Console.Write("Enter a number : "); temp = Console.ReadLine();

num = Convert.ToInt32(temp); Console.WriteLine("Square of {0} is {1}", num, num * num);

Console.Write("\npress enter to close..."); Console.Read();

}}

Output
Code:
Enter a number : 4 Square of 4 is 16
Press enter to close…

4 က user input ပါ။
ဒီ program လေးကို ရေးဖို့အတွက် Visual Studio ထဲမှာ File->New->Project->C# language->Console Application ကိုရွေးပါမယ်။ ဒါဆိုရင် class တွေ Main function နေရာတွေ IDE က auto လုပ်ပေးသွားလိမ့်မယ်။ အဲ့ဒီ ထဲမှာ ရိုက်ရုံပါပဲ။ ပြီးလို့ run မယ်ဆိုရင်တော့ F5 ပါ။ အသေးစိတ်ပြောဖို့လိုရင် ပြန်ပြောပါခင်ဗျာ။