DDOS ကို ကာကွယ်ရန် DDOS shield
DDOS ဆိုတာ Denial Of Service attack ရဲ့ အတိုကောက်ဖြစ်ပြီး သူ အလုပ်လုပ်ပုံကတော့ bots တွေအများကြီး လွှတ်ပြီး web server ရဲ့ ခံနိုင်ရည် ပမာဏကို ကျော်လွန်အောင် request လှမ်းလိုက်ပြီး server down အောင် တိုက်ခိုက်ခြင်းပါပဲ ။
ဥပမာ ။ ။ web server က လူတထောင်ဝင်ကြည့်နိုင်တဲ့ အထိခံနိုင်ရည်ရှိတယ်ဆိုပါတော့ ။ အဲဒါကို attacker က bots တွေ ထောင်သောင်းချီ လွှတ်ပြီး တပြိုင်နက် server ကို request လှမ်းလုပ်တော့ server က request လှမ်းမလုပ်နိုင်ပဲ down တော့တာပါပဲ ။
သူ့ ကို ကာကွယ်ဖို့  DDOS SHIELD လေးတခုကို ပြန်ရှယ်ချင်ပါတယ် ။ သိထားပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ ။ မသိသေးသူတွေသုံးနိုင်အောင်ပါ ။ php ဖိုင်လေးတခုပါ ။ yehg ( yangon ethical hacker group ) က ကိုကြီးတွီင်္ (tweety coaster <mz>) နဲ့ ကိုစေတန် ( admin of mysterizillion <mz> ) တို့လုပ်ထားတာပါ ။ ခွင့်မတောင်းပေမယ့် နည်းပညာ ပြန့်ပွားဖို့  ပြန် shARE လိုက်တာကို ကိုကြီးတွီင်္ နဲ့ ကိုစေတန်တို့ ကလဲ အပြစ်မြင်မယ်လို့ မထင်ပါဘူးခင်ဗျာ ။ ဒီကပဲ ခွင့်ပန်လိုက်ပါတယ်ခင်ဗျား ....

Little Lady Baby DoS Shield လို့  အမည်ပေးထားပါတယ် ။
အထက်က PHP FILE လေးကိုဒေါင်းလုပ်ချလိုက်ပါ ။
အဲဒီ php ဖိုင်လေးကို upload မတင်ခင် notepad နဲ့ ဖွင့်လိုက်ပါ ။ ပြီးရင် အောက်ကနေရာလေးမှာ နဲနဲပြင်ရပါတယ် ။ ဒါက ကိုစေတန် modified လုပ်ထားတဲ့ Add remote IP to Warning messages အတွက် php code တွေပါ ။ ဖိုင်လေးကိုဖွင့်ပြီး အောက်ကနေရာလေးကိုရှာပါ ။
coad
ဲ့ mail နေရာမှာ မိမိမေးလ်ကိုထည့်ပေးပါ ။ ဒါဆို warning massage တွေ မေးလ်ထဲဝင်လာပါလိမ့်မယ်.. ddos တိုက်ခံရရင် သိနိုင်ပါတယ် ။
မိမိ web directory က index.php ရှိတဲ့ နေရာမှာ upload တင်လိုက်ပါ ။ ပြီးရင် index.php ထဲမှာ အောက်က ပြထားတဲ့အတိုင်း
get_header(); ဆိုတာရဲ့ အနောက်မှာ include(”tweety.php”); ဆိုပြီး ထည့်ပေးလိုက်ရင် ရပါပြီ ။
ဒီ file လေးက ဘယ်လိုအလုပ်လုပ်လဲ ဆိုတော့ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ထက် ပိုပြီးတော့ request ၀င်လာရင် အဲဒီ IP ကို ခဏ ban လိုက်ပါတယ် ။ php နားလည်မယ်ဆိုရင်တော့ code တွေကို ဖတ်ပြီး မိမိပြောင်းချင်တဲ့ value တွေကို ပြင်နိုင်ပါတယ် ။ မတတ်ရင်တော့ default အတိုင်းပဲ ထားလိုက်ပါ ။
ဒါဆိုရင် DDOS ကို ကာကွယ်ဖို့  shield တခု အဆင်သင့်ဖြစ်ပါပြီခင်ဗျားးးးး
ဥပမာ ။ ။ web server က လူတထောင်ဝင်ကြည့်နိုင်တဲ့ အထိခံနိုင်ရည်ရှိတယ်ဆိုပါတော့ ။ အဲဒါကို attacker က bots တွေ ထောင်သောင်းချီ လွှတ်ပြီး တပြိုင်နက် server ကို request လှမ်းလုပ်တော့ server က request လှမ်းမလုပ်နိုင်ပဲ down တော့တာပါပဲ ။

Little Lady Baby DoS Shield လို့  အမည်ပေးထားပါတယ် ။
အထက်က PHP FILE လေးကိုဒေါင်းလုပ်ချလိုက်ပါ ။
အဲဒီ php ဖိုင်လေးကို upload မတင်ခင် notepad နဲ့ ဖွင့်လိုက်ပါ ။ ပြီးရင် အောက်ကနေရာလေးမှာ နဲနဲပြင်ရပါတယ် ။ ဒါက ကိုစေတန် modified လုပ်ထားတဲ့ Add remote IP to Warning messages အတွက် php code တွေပါ ။ ဖိုင်လေးကိုဖွင့်ပြီး အောက်ကနေရာလေးကိုရှာပါ ။
coad
// Set ur admin's email address and others as u like
$to = 'tweetycoaster@gmail.com'; //ur admin's email address
$headers = 'From: Little Lady Baby@yehg.net' . "\r\n" . // change as ur wish
'X-Mailer: yehg.net DDoS Attack Shield';
$subject = "Warning of Possible DoS Attack @ $today:$min:$sec";
ဲ့ mail နေရာမှာ မိမိမေးလ်ကိုထည့်ပေးပါ ။ ဒါဆို warning massage တွေ မေးလ်ထဲဝင်လာပါလိမ့်မယ်.. ddos တိုက်ခံရရင် သိနိုင်ပါတယ် ။
မိမိ web directory က index.php ရှိတဲ့ နေရာမှာ upload တင်လိုက်ပါ ။ ပြီးရင် index.php ထဲမှာ အောက်က ပြထားတဲ့အတိုင်း
get_header(); ဆိုတာရဲ့ အနောက်မှာ include(”tweety.php”); ဆိုပြီး ထည့်ပေးလိုက်ရင် ရပါပြီ ။
ဒီ file လေးက ဘယ်လိုအလုပ်လုပ်လဲ ဆိုတော့ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ထက် ပိုပြီးတော့ request ၀င်လာရင် အဲဒီ IP ကို ခဏ ban လိုက်ပါတယ် ။ php နားလည်မယ်ဆိုရင်တော့ code တွေကို ဖတ်ပြီး မိမိပြောင်းချင်တဲ့ value တွေကို ပြင်နိုင်ပါတယ် ။ မတတ်ရင်တော့ default အတိုင်းပဲ ထားလိုက်ပါ ။
ဒါဆိုရင် DDOS ကို ကာကွယ်ဖို့  shield တခု အဆင်သင့်ဖြစ်ပါပြီခင်ဗျားးးးး
You might also like: